Author: Unknown |
19:57:00 |
|
ဇန်န၀ါရီ - ၂၃ - ၂၀၁၅ သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
ဒုတိယမြောက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားစီမံကိန်းကို ထိုင်းနိုင်ငံဘက်မှ တည်ဆောက်မည့် အစီအစဉ်ဖြစ်မဖြစ်ကို ယနေ့ညနေတွင် သိရှိရမည်ဖြစ်သည်။
အဆိုပါတံတားသစ် တည်ဆောက်မည့်နေရာကို ယနေ့တွင် ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ် လာရောက်ကြည့်ရှုစစ်ဆေးမည်ဖြစ်ပြီး စီမံကိန်းနှင့်ပတ်သက်၍ ယနေ့ညနေ ၄ နာရီတွင် မဲဆောက်မြို့ ၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်မည်ဖြစ်သည်။
အာရှအဝေးပြေးလမ်းမကြီးနှင့်ချိတ်ဆက်မည့် ဒုတိယမြောက် နယ်ခြားသောင်းရင်းမြစ်ဖြစ်ကျော် ချစ်ကြည်ရေးတံတားကို လက်ရှိချစ်ကြည်ရေးတံတား၏ မြောက်ဖက်တွင်တည်ဆောက်ရန်အတွက် မြန်မာနှင့်ထိုင်းအစိုးရ သဘောတူညီထားသော်လည်း ထိုင်းဖက်မှယနေ့အထိ တည်ဆောက်နိုင်ခြင်းမရှိသေးဟုသိရသည်။
လက်ရှိအသုံးပြုနေသည့် မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားမှာ ၂၀၀၆ ခုနှစ်ကစတင်ကာ တံတားကြံခိုင်မှု ကျဆင်းသွားသောကြောင့် ဒုတိယမြောက်ချစ်ကြည်ရေးတံတားသစ်ကို တည်ဆောက်မည့် အစီအစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ယခင်အစိုးရလက်ထက်တွင် တည်ဆောက်နိုင်ခြင်းမရှိသည့်အတွက် လက်ရှိထိုင်းအစိုးရက တည်ဆောက်နိုင်ရန်အတွက် လုံးပမ်းနေခြင်းဖြစ်သည်ဟု ထိုင်းကုန်သည်များက ဆိုသည်။
လက်ရှိချစ်ကြည်ရေးတံတားကို ၁၉၉၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်မှာ မီတာ ၄၂၀ ရှည်ပြီး တံတားအကျယ်မှာ ၁၃ မီတာ ဖြစ်သည်။
ထိုင်း-မြန်မာနယ်စက်ကုန်သွယ်ရေး၏ အဓိကကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် ထိုင်းကုန်စည်များတင်ပို့မှုမှာ တလလျှင်ထိုင်းဘတ်ငွေသန်း(၃) ထောင် အထက်တွင်ရှိပြီး လက်ရှိပမာဏထက် ထက်မံတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ထိုင်းအစိုးရမှ လုပ်ငန်းစဉ်များတိုးချဲ့ ဆောက်ရွက်လျှက်ရှိသည်။
ပုံစာ - လက်ရှိအသုံးပြုနေသည့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား။
နောက်ဆက်တွဲသတင်း -------
==========================================================
ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မဲဆောက်သို့ ယနေ့ညနေပိုင်းကျမှသာ ရောက်ရှိလာသဖြင့် ယနေ့အစီအစဉ်ကို
မနက်ဖြန်တွင် ပြောင်းရွှေ့ ပြုလုပ်မည်ဟုသတင်းရရှိသည်။
0 comments:
Post a Comment