Showing posts with label နေ့စဉ် သတင်း. Show all posts
Showing posts with label နေ့စဉ် သတင်း. Show all posts

Thursday, 1 November 2018

မီးဖွားပြီး ၅ရက်ခန့်ရှိသည့် မြန်မာအလုပ်သမတစ်ဦး အဖမ်းခံထားရ

၁.၁၁.၂၀၁၈၊ ချင်းမိုင် ၊သက်သေခံစာရွက်စာတမ်းများမပြသနိုင်သဖြင့်ချင်မိုင်မြို့မှ
မြန်မာအလုပ်သမား တစ်ဦးသည် မီးဖွားပြီး၅ရက်ခန့်ပဲရှိသေးစဉ် ချင်းမိုင်ရဲစခန်းတွင် အဖမ်းခံထားရကြောင်းသိရသည်။
(ယခုသတင်းအား ယမန်နေ့(၁.၁၁.၂၀၁၈)တွင်တင်ထားသည်ကို ထောက်ဆခြင်းဖြင့် သူမအဖမ်းခံရသည်မှာ ယမန်နေ့၌ဖြစ်နိုင်ကြောင်း)
ဖြစ်စဉ်မှာ သူမမီးဖွားရာ ဆေရုံမှာကတည်းက အလိမ်ခံရကြောင်း သူမ၏ ကလေးကို မွေးစာရင်းသွားလုပ်ပေးမည်ဟု လူတစ်ဦးက မြို့နယ်ရုံးခေါ်သွားရာမြို့နယ်ရုံးသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက သူမထံမှ အထောက်ထား စာရွက်စာတမ်းများတောင်းရာ မပြနိုင်သဖြင့် မြို့နယ်ရုံးမှ ချင်မိုင်ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားသဖြင့် ရဲများရောက်ရှိလာခဲ့ပြီး သူမကို စစ်ဆေးရာ
“သူမထံတွင် ပါတ်စပိုစ့်ရှိကြောင်းနှင့် သူမ၏အိတ်အခိုးခံရသဖြင့် စာရွက်စာတမ်းများပါသွားခဲ့ကြောင်း ” ရှင်းပြသည်ကို မည်သူမှ နားမထောင်ဘဲ ဖမ်းသွားခဲ့ကြောင်းသိရသည်။
လက်ရှိ အချုပ်ခန်းထဲရောက်ရှိနေသည့် သူမအတွက် လိုအပ်နေ သည့် အကူညီများမှာ ရက်သားအရွယ်ကလေးငယ် အတွက် ကလေးအနှီးများ၊ ကလေးငယ်အတွက် နို့မှုန့်နှင့် ဓာတ်ဘူးနှင့်သူမကို မြန်မာနိုင်ငံ၏သို့ ပြန်ပို့မည်ဆိုပါက သူမအသုံးစရိတ်များ လိုအပ်နေကြောင်း သိရသည်။
ယခုသတင်းအား စတင်ရရှိသည့်နှင့်တပြိုက်နက် အလုပ်သမားသံအရာရှိရုံးမှ အဆိုပါအလုပ်သမား သားအမိနှစ်ဦးအတွက် စတင်ဆောင်ရွက်နေကြောင်းသိရသည်။
===================================
คลอดลูกก็จับ
ที่ เชียงใหม่
หญิงสาวแรงงานต่างชาติ ท่านนี้เพิ่งคลอดลูกได้แค่5วัน ถูกตำรวจจับ
ขณะนึ้ถูกคุมขังไว้ที่ สถานีตำรวจช้างเผื่อก อ.เมืองเชียงใหม่
พี่น้องแรงงานต่างานต่างชาติ ท่านใดที่อยู่ในเชียงใหม่ ขอให้ไปเยี่ยมให้กำลังใจเธอด้วยนะครับ
สิ่งที่เธอต้องการก็คือ
(1)ผ้าอ้อมเด็ก , นมผง , ขวดนม , กระติกน้ำร้อนสำหรับชงนม
(2)อาหารสำหรับแม่เด็ก
(3)เงินค่าเดินทางกลับประเทศสหภาพเมียนมาร์
เรื่องก็คือ มีคนหลอกลวงเธอตอนที่อยู่โรงพยาบาล
โดยบอกว่าให้เธอพาลูกไปแจ้งเกิดที่อำเภอสันป่าตอง จ.เชียงใหม่
ทีนี่พอเธอไปแจ้งที่อำเภอกลับถูกข้าราชการที่นั่นโทรแจ้งตำรวจมาจับ
ทั้งๆที่ตัวเธอก็มีหนังสือเดินทาง แต่ถูกขโมยกระเป๋า
ตัวเธอยืนยันว่าถูกกลั่นแกล้ง แต่ไม่มีใครรับฟัง
ดังนั้น พี่น้องแรงงาน่างชาติที่อยู่ในเชียงใหม่ ใครที่อยู่ไม่ไกลจาก สภ.ช้างเผื่อก กรุณาไปเยี่ยมเธอด้วยครับ
เครดิต. ทุกสิ่งทุกอย่าง บนโลกใบนี้ ก็คือของกูคนเดียว
Cd-Jaturong Boonyang

Wednesday, 31 October 2018

ရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်မနေကြပါနှင့် အလုပ်သမားဝန်ကြီးဌာနမှအရေးပေးစောင့်ရှောက်မှုများ ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးမှ ချမှတ်ထားသည့်ဥပဒေရိပ်အောက် စည်းမျည်းစည်းကမ်းအတိုင်းဆောင်ရွက်နေကြောင်း နှင့် လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာများ ကမ္ဘာ့စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်နေလျှက်ရှိနေပါကြောင်း၊ အလုပ်သမားအားလုံးဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ကြစေရန်
နှင့်တန်းတူညီမျှ အခွင့်အရေးများ နှင့် ကာကွယ်မှုများ ရရှိစေရန်ဆောင်ရွက်နေပါကြောင်းထုတ်ပြန်ကြေညာထားတာ
တွေ့ရပါသည်။
.
လူမှုဖူလုံရေးအက်ဥပဒေ 2533 ခုနှစ် ရွှေ့ပြောင်းအလုပ်သမားများ လူမှုဖူလုံရေး(ပကန်စံခုမ်) အသင်းဝင်ရောက်လိုပါက အလုပ်သမားနေထိုင်ခွင့်ဗီဇာ(Passport&Visa) ရှိရပါမည် အလုပ်လုပ်ကိုင်ခွင့်ရ ဝါ့ပါမစ် (workpermit) ရှိသူမှသာလျှင် ဝင်ရောက်နိုင်ခွင့်ရှိကြောင်း နှင့် စက်တင်ဘာလ နောက်ဆုံးထား
သတင်းအရ မြန်မာ၊ လာအို၊ ကမ်ဘော်ဒီးယား၊ နှင့်အခြားသော အလုပ်သမားများ လူမှုဖူရေးအသင်းဝင်ရောက်
ရာမှာ 1,211,894 ဦးရှိနေပြီဖြစ်ကြောင်း သိရပါသည်။
.
ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးဌာနများမှ ရွှေ့ပြောင်းအလုပ်သမားအားလုံးအတွက် ထပ်မံမိန့်ကြားထား သည်မှာ အလုပ်သမားအားလုံးချမှတ်ထားသည့် ဥပဒေဘောင် အတွင်း၌ အလုပ်လုပ်ကိုင်သွားကြရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများဖြစ်ကြသော မြန်မာ၊ လာအို၊ နှင့် ကမ်ဘော်ဒီယား ဥပဒေရိပ်အောက် အလုပ်လုပ်သွားပါက ကာကွယ်မှုများ အပြည့်အဝရမှာဖြစ်ပြီး ရသင့်ရထိုက်သော လူ့အခွင့်အရေးများကိုလဲ တန်းတူညီမျှ ရရှိသွားမှာဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးဌာနမှလဲ ဥပဒေမှ အလုပ်သမားအပေါ် သတ်မှတ်ပေးထားသော အခွင့်အရေးများ ပေးသွားဖြစ်ကြောင်း တင်ပြထားတာ
သိရပါသည်။
.
ประชาชาติธุรกิจ
သတင်းမှ ဆီလျော်အောင်ပြန်ထားပကါသည်။

Ref: https://www.facebook.com/myanmarworkinthailand/

Wednesday, 3 October 2018

သန့် ရှင်း ကာကွယ် စစ်ဆင်ရေးတွင် ထိုင်းမြန်မာနယ်စပ် တရားမ၀င်နေထိုင်နေသည့် မြန်မာနိုင်ငံသား တရာကျော်အဖမ်းခံရ

October 3,2018

ဒီကနေ့ နံနက် (၆)နာရီကစပြီး မဲဆောက်မြို့  မတ်ကစံ ရပ်ကွက်ကို ထိုင်း လ၀က၊ အမှတ် ၁၄ အထူးတပ်ဖွဲ့ ၊ အမှတ် ၃၃၆ နယ်ခြားစောင့်စစ်တပ်အပြင် ရဲနံ အလုပ်အကိုင်နေရာချထားရေး
အဖွဲ့ ဝင် ပါဝင်တဲ့ အင်အား ၁၀၀ နဲ့  ပိတ်ဆိုဖမ်းဆီးခဲ့တာပါ။

အဆိုပါရပ်ကွက်အတွင်းမှာနေထိုင်နေသူတွေတချို့ လည်း ထွက်ပြေး
ခဲ့ကြပါတယ်၊ ပြေးချိန်မရလို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားပေါင်း ၁၃၃ ယောက်မှာ ကျား ၈၇ဦး မ ၃၀နဲ့  ခလေး ၁၆ ယောက်ဖြစ်ကြောင်းသိရပါတယ်။

ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေမှာ ၅၈ ဦးဟာ (၆)ရက်နေ့ ထိုင်
ခွင့်လက်မှတ်နဲ့  ၀င်လာပြီး သက်တမ်းကုန်ဆုံးသွာ သူတွေလို့  ဆိုပါ
တယ်။

ယခုဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်သမားဥပဒေသစ်အရအရေးယူသွားမှာဖြစ်တယ်လို့  သန့် ရှင်း ကာကွယ် စစ်ဆင်ရေးကိုဦးဆောင်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးအသစ် Manatipatip (Big Man) မာနဖါထစ် (လူဝကြီး)ကပြောပါတယ်။

မဲဆောက်မြို့ နယ်အတွင်းမှာ မြန်မာနိုင်ငံသားတွေအများစုနေထိုင်နေတဲ့ ရပ်ကွက်တွေမှာ မှုခင်းတွေ များပြားလာနေတာ၊ လူကုန်ကူးမှုနဲ့  တရားမ၀င်နေထိုင်သူတွေ များပြားနေတာတွေကိုသန့် ရှင်းကာကွယ်
စစ်ဆင်ရေးနဲ့  ဆက်တိုက်လုပ်ဆောင်ပြီး ရှင်းလင်းသွားမှာဖြစ်ကြောင်းသိရပါ တယ်။

Credit; SAW






Tuesday, 2 October 2018

ရခိုင်တွင် ၅ရက်အတွင်း မိုးကြိုးထိမှန်၍ လူ 5 ဦးသေဆုံး

(ကြောက်မက်ဖွယ်ရာ မိုးကြိုးပစ်သည့် မြင်ကွင်းတစ်ခု)
နိရဉ္စရာ၊ အောက်တိုဘာ ၂

ရခိုင်ပြည်နယ်တွင် မိုးကြိုးထိမှန်၍ ၅ရက်အတွင်း မြို့နယ် ၃ ခုမှ လူ ၅ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ ကျောက်တော်မြို့နယ်မှ တစ်ဦး၊ တောင်ကုတ်မြို့နယ်မှ တစ်ဦးနှင့် မြောက်ဦးမြို့နယ်မှ သုံးဦးတို့ဖြစ်ကြသည်။

ကျောက်တော်မြို့နယ် သံပြင်ကျေးရွာမှ ဦမောင်ထွန်းကြိုင် (၄၉) နှစ်သည် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် လယ်ပြင်တွင် မြက်ရိတ်သွားရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သည်။

အပေါက်ဝကျေးရွာစခန်းမှူးက သေဆုံးကြောင်းကို အတည်ပြုပြီး အပေါက်ဝဆေးရုံတွင် ဆေးစစ်ရန် ယူဆောင်လာခဲ့ကြောင်း၊ ယခုသဂြိင်္ုလ်ရန် အလောင်းကို ရွာသို့ ပြန်လည် ယူဆောင်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့နံနက်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲတိုက်နယ်၊ ရွာမအုပ်စု၊ ရွာသစ်ကျေးရွာမှ စတုတ္ထတန်းကျောင်းသား မောင်ဝင်းဗိုလ်ဗိုလ်မြင့် (၁၁) နှစ်သည် စက်တင်ဘာ ၂၉ ရက်နေ့ ည ၆ နာရီခန့်က အိမ်တွင် မိသားစုနှင့် အတူရှိနေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခဲ့သည်။

၎င်းပြင် သေဆုံးသူ မောင်ဝင်းဗိုလ်ဗိုလ်မြင့်၏ မိခင် ဒေါ်စိုးစိုးနွယ်(၃၆) နှစ် နှင့် ညီဖြစ်သူ မောင်ကောင်းခန့်လှိုင်( ၁၀) နှစ်တို့တွင်လည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘာညို ကျေးရွာတွင်လည်း စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီ ခွဲခန့် အချိန်က မိုးရွာ၍ အနီးအနားရှိ လယ်တဲကို ၀င်ပြေးရာမှ တဲထဲတွင် မိုးကြိုးပစ်ခံရ၍ လူ ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ သုံးဦးမှာ ဦးကျော်တင်ဝင်း(ဘ) ဦးအောင်ကျော်ဇော (၂၉) နှစ်၊ ဦးဘလိုင် (ဘ) ဦးစိန်သာလှ (၂၇) နှစ်နှင့် ဒေါ်ဆန်းမြရီ (ဘ) ဦးငိုကြူးအောင် (၂၅) နှစ်တို့ ဖြစ်ကြသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

Narinjara

တောင်ကြီးမြို့တွင် ရုတ်တရက်ရေကြီး လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီး

  

   By နန်းမြနဒီ  2 October2018  

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မနေ့ ညနေပိုင်းက မိုးသည်းထန်စွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံတာကြောင့် လူနေအိမ်၊ စာသင်ကျောင်းနဲ့ အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။
မနေ့မွန်းလွဲ ၁ နာရီက မိုးတွေစရွာလာပြီး အချိန် ၁ နာရီခွဲလောက် ကြာမြင့် လာတော့ အနိမ့်ပိုင်းရပ်ကွက်ထဲရေတွေ စ၀င်လာကာ ချမ်းမြသာစည်၊ စိန်ပန်း၊ ရွှေတောင်၊ စ၀်စံထွန်း၊ အေးသာယာ (၁) စတဲ့ ရပ်ကွက် ၅ ခုက အိမ်ခြေအလုံး ၆၀ ထဲ ရေတွေ ၀င်ရောက်လို့ အိမ်ထောင်စု ၁၈ စုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရှမ်းပြည်နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။“မိုးကတစ်နာရီခွဲကြာရွာပြီး ညနေ ၃ နာရီကျော်ကျော်လောက်မှာတော့ ရပ်ကွက်ထဲ ရေတွေစပြီး ၀င်လာပါတယ်။ အမြင့်ပိုင်းရပ်ကွက်က ရေတွေ အနိမ့်ပိုင်းကိုစီးတဲ့အခါမှာ ဒယ်အိုး လိုပုံစံဖြစ်ပြီးတော့ နိမ့်တဲ့နေရာတွေမှာ ရေ၀ပ်သွားတာပါ။ ရေ၀င်တဲ့ရပ်ကွက် ၅ ခုရှိတယ်။ ရွှေ့ပြောင်းရတဲ့အိမ်က ၁၈ လုံး၊ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ရပါဘူးခင်ဗျ။ အမြင့်ပိုင်းက နီးစပ်ရာဆွေမျိုးသားချင်းအိမ်ဆီ ခဏရွှေ့နေကြတာပါ။ ညနေ ၆ နာရီလောက်တော့ ရေက တဖြည်းဖြည်းပြန်ကျတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ အားလုံးနီးပါး ပြန်ကျသွားပါပြီ။ ဒါပေမယ့် အပျက်အစီးတော့ရှိတယ်ပေါ့နော်။”
ရေကြီးမှုကြောင့် အ.ထ.က ၇ ကျောင်း အုတ်တံတိုင်းနဲ့  စ၀်စံထွန်း ရပ်ကွက်ထဲက အိမ် ၂ အိမ်လည်း အုတ်နံရံ ပြိုကျခဲ့ပြီး အေးသာယာမြို့သစ်မှာ အိမ်မှာ မွေးထားတဲ့ ကြက်နဲ့ ၀က်တွေ၊ အိမ်အသုံးအဆောင်ပရိဘောဂတွေလည်း ရေထဲမျှောသွားပါတယ်။
တန်ဖိုး ကျပ် ၅ သိန်းလောက် ဆုံးရှုံးမယ်လို့ ခန့်မှန်းပြီး တောင်ကြီးတမြို့လုံးက အပျက်အစီးအနေနဲ့တော့ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးမယ်လို့ ခန့်မှန်းပါတယ်။
အေးသာယာမြို့ကနေ တောင်ကြီးသို့အတက်အဆင်း တောင်ပေါ်လမ်းမှာလည်း တောင်ကျရေတွေစီးပြီး သစ်ကိုင်းတွေ ကျိးကျတာကြောင့် အချိန်တစ်နာရီကျော် ယာဉ်ကြော ပိတ်ဆို့ခဲ့တယ်လို့  ခရီးသွားတဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ ယခင်နှစ်တွေကလည်း မိုးကြီးရေလျှံတာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီတခေါက်တော့ အခြေအနေပိုဆိုးလာကြောင်း၊ မိုးဆက်တိုက်ရွာသွန်းပြီး စီးလာတဲ့ရေက များကာ ပြန်ထွက်တဲ့ရေက နည်းတာကြောင့် ရေ၀ပ်ခြင်းဖြစ်ကြောင်း၊ အဓိကမှာ ရေနှုတ်မြောင်း တွေ ကျဉ်းမြောင်းခြင်း၊ မြေအောက်ပိုက်လိုင်း၊ ရေစီးရေလာစနစ် အားနည်းခြင်းတွေကြောင့် ဖြစ်ကြောင်း၊ လောလောဆယ် အဲဒီအခြေအနေတွေကို ကွင်းဆင်းစစ်ဆေးနေပြီး သက်ဆိုင်ရာ ကိုတင်ပြကာ အမြန်ဆုံးပြုပြင်ဆောက်လုပ်သွားမယ်လို့  ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြော ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံး မှုစာရင်း အစီရင်ခံစာတော့ တက်မလာသေးဘူးလို့ ရှမ်းပြည်နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ပြောပါတယ်။
ဓာတ်ပုံ – နီလာဝင်းထွန်း

အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပြော

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ တွေ့ရစဉ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်တဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုခဲ့တာဖြစ်ပါတယ်။
မှုခင်းဒဏ်ခံရသူတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့၊ ရဲလုပ်ငန်းတွေ အကောင်အထည်ဆောင်ရွက်ရာမှာ ဥပဒေက ပေးထားတဲ့အကာအကွယ်အတိုင်း ဆောင်ရွက်ကြဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းရေးဆောင်ရွက်ရာမှာ ပြည်တွင်းဥပဒေတွေ နဲ့ ကျင့်ဝတ်တွေအပြင် လူ့အခွင့်အရေး၊ နိုင်ငံတကာစံချိန်စံညွှန်းတွေ၊ ဒီမိုကရေစီမူဘောင်နဲ့ လျော်ညီအောင် ကြိုးပမ်းကြဖို့ကိုလည်း ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ်မှာ အများပြည်သူ ယုံကြည်ကိုးစားလာနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေနဲ့ ဆက်ဆံပြောဆိုပုံတွေကိုလည်း ပြောင်းလဲဖို့ လိုအပ်တဲ့အပြင် ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိတဲ့အမှုပေါင်း ၁၂၀ ကျော်အထိရှိခဲ့ပြီး အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိတော့ မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၀ ကျော်အထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးညီပု က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှု အခြေအနေတွေကို အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန် ထားတဲ့ အချက်အလက်တွေမရှိသလို လူမှုအဖွဲ့အစည်းတွေကလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်လို့ စာရင်းတွေ ထုတ်ပြန်ထားတာမရှိပါဘူ။
www.rfa.org/burmese

Wednesday, 4 July 2018

တရားမ၀င် မြန်မာလုပ်သား ၁၇၀၀ ကျော်ကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြဝတီ ကျောက်လုံးကြီးစခန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က ရောက်ရှိလာခဲ့စဉ်/ Photo: Kyaw Lwin Oo/ RFA

ထိုင်းအစိုးရရဲ့ စီမံချက်အရ ၃ ရက် အတွင်း ဖမ်းမိတဲ့ တရားမ၀င် မြန်မာအလုပ်သမား ၁၇၀၀ ကျော် ရှိတယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။



ထိုင်းနိုင်ငံကို တရားမ၀င် သွားရောက်နေထိုင်သူတွေရော၊ တရားဝင်သွားရောက်ပြီးမှ နေထိုင်ခွင့်သက်တမ်း မတိုးတာကြောင့် ရက်လွန်သွားတဲ့ အလုပ်သမားတွေလည်း ပါဝင်တယ်လို့ မြ၀တီမြို့နယ် အလုပ်သမားညွှန်ကြား ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင် က ပြောပါတယ်။

"အဓိကကတော့ တဘက်နိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရွာတွေ မြို့တွေကနေ သွားလုပ်နေတဲ့ အမျိုးတွေဆီကပေါ့ဗျာ။ အမျိုးတွေကနေ ချိတ်ဆက်ပြီးတော့ တရားမ၀င်လမ်းကြောင်းကနေ သွားတဲ့သူတွေလည်း ရှိတာပေါ့နော်။ MOU နဲ့သွားတဲ့သူ တချို့တွေက စာအုပ်သက်တမ်း မတိုးတာတို့ ၊ နေထိုင်ခွင့်မတိုးတာတို့ စာရွက်စာတမ်း အထောက် အထား မတိုးမိတာနဲ့ သူက တရားမ၀င်ဖြစ်သွားတာကိုး။ အဲ့လိုအနေထားမျိုးလည်း ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ အထောက်အထားမဲ့ အလုပ်သမားနဲ့ တရားမ၀င်သွားတဲ့ အလုပ်သမားဖြစ်သွားကြတာပါ"

ဇူလိုင် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ဖမ်းမိတဲ့ မြန်မာလုပ်သား ၁၇၀၀ ကျော်ကို ထိုင်းအစိုးရက မြန်မာဘက်ကို ပြန်လွှဲပေးနေတယ်လို့ ဆိုပါတယ်။

တရားမ၀င်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဇူလိုင် ၁ ရက်နေ့ကနေ စပြီး ဖမ်းဆီးနေတာဖြစ်ပါတယ်။

ဇူလိုင် ၁ ရက်မှာ ၇၀၀ ကျော်၊ ဇူလိုင် ၂ ရက်မှာ ၅၀၀ ကျော်နဲ့ ဇူလိုင် ၃ ရက်မှာတော့ ၅၀၀ လောက်ကို မြ၀တီမြို့နယ် အလုပ်သမားလက်ခံရေးစခန်းကို ထိုင်းဘက်က လွှဲပြောင်းပေးတယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ တရားမ၀င် မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းပေးဖို့ နှစ်နိုင်ငံ အစိုးရတွေက သဘောတူထားတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇွန်လကစပြီး ဒီနှစ် ဇူလိုင်လဆန်းအထိဆိုရင် ပြန်ပို့ခံရတဲ့ မြန်မာလုပ်သား ၉ သောင်း နီးပါး ရှိနေပြီလို့ ဦးတင်လှိုင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

RFA Burmese

Tuesday, 3 July 2018

မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်အချို့ ဖြိုဖျက်

လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး နံရံများ ပြိုကျလာနေသည်ကို ဇူလိုင်လ ပထမသီတင်းပတ်တွင် မြင်တွေ့ရစဉ် [ဓာတ်ပုံ - မင်းပြားမြို့မစာကြည့်တိုက်]

မင်းပြား၊ ဇူလိုင်လ ၂ ရက်။           ။ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျခဲ့ပြီး လူနေအိမ်အချို့ကို ဖြိုဖျက်လိုက်ရသည်။
ကမ်းပါးပြိုကျမှုကြောင့် ဖြိုဖျက်လိုက်ရသည့် လူနေအိမ်များမှာ ဦးစောတင့်ရပ်ကွက်နှင့် ပြည်တော်လှ ရပ်ကွက်တို့ရှိ မြစ်ကမ်းဘေးမှနေအိမ် (၅) လုံး ဖြစ်ပြီး မြေပြိုကျမှုမှာ ၇ ပေနှင့် ၈ ပေခန့်ထိ အကွက်လိုက် ပြိုကျလာနေခြင်းလည်း ဖြစ်သည်။
“ ဦးတို့အိမ်အပါဝင် အိမ်သုံးဆောင်ကို မနေ့က အနောက်တခြမ်း ဖြိုချလိုက်ရတယ်။ တခြားအိမ်တွေကလည်း ကမ်းနဲ့ ကပ်နေကြပြီ။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့မြစ် ရေစီးရေလာ ပြင်းထန်လာပါက ကမ်းပါးပြိုကျမှုများ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး ပြည်တော်လှရပ်ကွက် မြစ်ကမ်းဘေးရှိ နောက်ထပ် နေအိမ် ၂၀ နီးပါးမှာလည်း ကမ်းပါးပြိုကျမှုတွင် ပါဝင်နိုင်သည့် အခြေနေရှိ၍ ဒေသခံများက စိုးရိမ်နေကြသည်။
နေအိမ်ကို ဖြိုဖျက်လိုက်ရသည့် မိသားစုများအနေဖြင့် နေအိမ် ဆုံးရှုံးနစ်နာမှုများနှင့် နေထိုင်စားသောက်ရေးအတွက် လက်ရှိတွင် ၎င်းတို့၏ မိသားစု ဆွေမျိုးများအိမ်၌ ယာယီ တည်းခိုနေထိုင်လျှက် ရှိကြသည်။
“သူတို့မှာက အိမ်တစ်ခြမ်းကို ဖြိုချလိုက်ရတာဆိုတော့ နောက်တစ်ခြမ်းမှာ နေကြတယ်။ လောလောဆယ်တော့ ရွှေ့ပြောင်းနေထိုင်ကြတာ မရှိသေးဘူး။ ကမ်းပါး အခြေနေကို ကြည့်နေကြတယ်ပေါ့။ အိမ်တစ်ဆောင်လုံး ဖြိုလိုက်ရမယ် ဆိုတော့ သူတို့က လက်လုပ်လက်စားတွေဆိုတော့ အခက်ခဲရှိတာပေါ့။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဆက်ပြောသည်။
ဦးစောတင့် ရပ်ကွက်တွင်ကမ်းပါးပြိုကျမှုကြောင့် အိမ်တစ်ခြမ်း ဖြိုဖျက်လိုက်ရသည့် မိသားစုကို ငွေငါးသောင်းကျပ်နှင့် နေအိမ် တစ်ဆောင်လုံး ဖြိုဖျက်လိုက်ရသည့် မိသားစုတစ်စုကို ငွေတစ်သိန်းကျပ်နှုန်းဖြင့် မင်းပြားမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနမှ လာရောက် ထောက်ပံ့ခဲ့သည် ဟု ဦးစောတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ ဦးစောတင့် ရပ်ကွက်မှာ နောက်ထပ် စိုးရိမ်ရတဲ့ အိမ်တွေလဲ ခြောက်ဆောင်လောက် ရှိပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထက်ကို တင်ပြထားပါတယ်။” ဦးစောတင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက ဆိုသည်။
လက်ရှိမှာလည်း မင်းပြားမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းလျှက် ရှိနေသည်။
မင်းပြားမြို့နယ်တွင် မိုးရာသီ ရောက်တိုင်း လေးမြို့မြစ်ရေ တိုက်စားမှုနှင့် မြစ်ကမ်းပါး နံရံများ ပြိုကျမှုဒဏ်ကို ဒေသခံများက နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရခြင်းဖြစ်ပြီး အစိုးရ တာဝန်ရှိသူများက ယင်းနေရာများတွင် ကမ်းထိန်းနံရံများ ပြုလုပ် ပေးစေလိုကြောင်းလည်း ဒေသခံများက ဆိုသည်။
ဒေသခံများ၏ စိုးရိမ်နေမှုနှင့် ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအစီစဉ် လုပ်ငန်းများကို သိရှိနိုင်ရန် မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ၎င်း၏ ဖုန်းမှာ စက်ပိတ်ထားသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးဦးရာသီ စတင်ချိန်၌ ရက်သတ္တပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းရှိ နေရာ တချို့တွင် မြေပြိုမှုများရှိခဲ့ကာ (၈) ဦးထက်မနည်း လူသေဆုံးမှုများလည်းရှိခဲ့သည်။
mizzimaburmese

Sunday, 1 July 2018

အထောက်အထားမဲ့ မြန်မာလုပ်သားတွေ ဖမ်းမိရင် မြန်မာသံရုံးထံ လွှဲပြောင်းပေးဖို့ သဘောတူညီမှုရရှိ


■ ထိုင်းနိုင်ငံမှာ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူမယ့်စီမံချက် ဒီနေ့စတင်ပြီဖြစ်တာကြောင့် အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ဖမ်းမိရင် မြန်မာသံရုံးထံ လွှဲပြောင်းပေးဖို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေအကြား သဘောတူညီမှု ရရှိထားပါတယ်။
ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေ ဒီနေ့ အစည်းအဝေးမှာ ညှိနှိုင်းခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။
"ဒီနေ့ပဲ ကျနော်တို့ အစည်းအဝေးလုပ်တယ်ပေါ့နော်၊ ထိုင်းဘက်က တာဝန်ရှိသူတွေ အကုန်လုံးပေါ့၊ လ၀က ရော ရဲရောပေါ့လေ၊ အဲတာတွေ အကုန်လုံးပေါ့၊ ကျနော်တို့ကတော့ ထိုင်းနိုင်ငံ ဥပဒေနဲ့ မညီညွတ်တာပေါ့၊ တစ်ခုခုများ တွေ့ခဲ့လို့ရှိရင်လည်းပဲ ကျနော်တို့နိုင်ငံသားကိုပေါ့၊ ကျနော်တို့ဆီကို ချစ်ကြည်ရေးအရ ပြန်လည်လွှဲပြောင်းပေးဖို့ပေါ့နော်၊ အဲဒါလေးတွေ ကျနော်တို့ဘက်က ပြောတာပေါ့လေ၊ သူတို့ဘက်ကလည်း လက်ခံပါတယ်၊ ကျနော်တို့ စခန်း ၃ ခု လုပ်မယ်ပေါ့၊ အဲမှာ သံအရာရှိ ၃ ယောက်ထား ထားပေးမယ်ပေါ့၊ သူတို့ဘက်ကလည်း အဲစခန်း ၃ ခုမှာ ကျနော်တို့ သံအရာရှိ ၃ ယောက်နဲ့ ပူးပေါင်းပြီးတော့ ဒီဘက်နိုင်ငံကို တရားဝင်ပြန်ပြီးတော့ လွှဲပြောင်းပေးဖို့အတွက်ကို ပူးပေါင်းဆောင်ရွက်ကြဖို့ သူတို့ဘက်ကလည်း သဘောတူတယ်ပေါ့"
မဲဆောက်၊ ရနောင်း နဲ့ မယ်ဆိုင်တို့က အလုပ်သမား သံအရာရှိရုံးတွေမှာလည်း ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်းထားတဲ့ စခန်းတွေ ဖွင့်ဖို့ စီစဉ်ထားပါတယ်။
အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ အခက်အခဲရှိတယ်ဆိုရင် အလုပ်သမားသံအရာရှိတွေဆီ ဆက်သွယ်ပြီး အဲဒီစခန်းတွေကို ရောက်အောင်သွားကြဖို့လည်း မြန်မာသံရုံးက နှိုးဆော်ထားပါတယ်။
ထိုင်းအစိုးရက နိုင်ငံခြားသား အလုပ်သမားတွေကို CI အထောက်အထား လုပ်ဖို့ ကာလသတ်မှတ်ပေးပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ တစ်ကြိမ်၊ ၂၀၁၈ မတ်လမှာ တစ်ကြိမ် ဖမ်းဆီးအရေးယူတာတွေကို ဖြေလျော့ဆောင်ရွက်ပေးခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့မှာ သတ်မှတ်ကာလ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်း တရားမ၀င် လုပ်ကိုင်နေတာ စစ်ဆေးတွေ့ရှိရင် ဒဏ်ငွေ ဘတ်ငါးထောင်ကနေ ငါးသောင်းအထိ ပေးဆောင်ရမှာဖြစ်ပြီး ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်အလုပ်လုပ်ခွင့် နှစ်နှစ် အပိတ်ခံရမှာဖြစ်တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး မဲဆောက်၊ ရနောင်း နဲ့ မယ်ဆိုင်က အလုပ်သမား သံအရာရှိ ရုံးတွေကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လာတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အရင်ကထက် လူဦးရေ ပိုတိုးလာပြီး တစ်ရက်ကို လူဦးရေ ၁၆၀ နီးပါးလောက် ပြန်နေကြတာ ဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်။
RFA

Friday, 15 June 2018

မင်းပြားမြို့နယ်မှ ရေလွှမ်းမိုးခံနေရသော ကျေးရွားများအတွက် စက်လှေနှင့် အစားအသောက်များလိုအပ်နေ












Credit: Narinjara

#Unicode Version#
ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားမြို့နှင့် ကျေးရွာများ ရေလွှမ်းမိုးခံနေရပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာများမှ လူများ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေရပြီး သောက်ရေများလိုအပ်နေသည့်အပြင် တစ်ချို့ကျေးရွာများတွင် ရွှေ့ပြောင်းရန် စက်လှေများလည်း လိုအပ်နေသည်ဟု သိရသည်။

မင်းပြားတစ်မြို့လုံး ရေလွှမ်းမိုးခံနေရပြီး၊ ရေနိမ့်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များမှ လူများ ရွှေ့ပြောင်း နေရသည်ဟုဆိုသည်။

“ကျနော်တို့ မင်းပြားမှာ ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ မင်းဗာကြီး၊ အောင်သာယာနဲ့ သပြေညို ရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုပိုများပြီး အိမ်တွေငယ်တော့ အိမ်ကြီးတွေကို ရွှေ့ကြတယ်၊ တစ်ချို့က ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့နေကြပါတယ်”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ်တွင် ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ကျေးရွာပေါင်း ၃၀ ကျော်၌ ရေလွှမ်းမိုးမှု အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

“ပန်းမြောင်းကြီးချောင်း အနီးတဝိုက် ကျေးရွာတွေက လူတွေက ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်လို့ ပြောပါတယ်။ တစ်ချို့ရွာတွေမှာ လူတစ်ရပ်ကျော်လောက် မြုပ်နေပြီးတော့ ဖုံသာချောင်းတစ်လျှောက်မှာလေ့ ရေမြုပ်နေပါတယ်။ အခြေအနေ ဆိုးရွာတာကတော့ ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးနဲ့ အသေကာလ ကျေးရွာတွေမှာ အိမ်တွေအားလုံး မြုပ်နေပါတယ်”ဟု ဦးသိန်းစံကပြောသည်။

ရေလွှမ်းမိုးမှုကြောင့် ရေကန်များပါ နစ်မြုပ်နေပြီး သောက်ရေများ လိုအပ်နေသည်ဟု သိရသည်။

“ရေကတော့ ကျေးရွာတွေမှာ အနည်းဆုံး ၄ ပေလောက် တက်နေပါတယ်။ နိမ့်တဲ့ ကျေးရွာတွေမှာဆိုရင် ၅ ပေလောက်ရှိပါတယ်။ လူတွေကတော့ အိမ်တစ်ဆောင်မှာ တစ်ယောက်လောက် ကျန်နေခဲ့ပြီးတော့ ကျန်တဲ့လူတွေက အိမ်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောင်ခြေရင်းတွေကို ပြောင်းရွှေ့နေရပါတယ်။ အခုလောလောဆယ် အဓိကအခက်အခဲက သောက်ရေပါပဲ”ဟု ရေနစ်မြုပ်နေသည့် ကျေးရွာများဖြစ်သည့် အသေကာလ၊ ကုလားမတောင်၊ ချင်းဆိပ်၊ တောတန်းနှင့် ဒုံကြီးကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

ယင်းအပြင် တစ်ချို့ကျေးရွာများ၌ လူများရွှေ့ပြောင်းရန် စက်လှေများ အခက်အခဲရှိနေသည်ဟု သိရသည်။

“ပွဲရကန်ဆိပ်ကျေးရွာကလူတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အိမ်ကြီးတွေကို ရွှေ့ပြောင်းနေရပါတယ်။ အခု အခက်အခဲတစ်ခု ရှိနေတာကတော့ လူတွေရွှေ့ပြောင်းဖို့အတွက် စက်လှေတွေ လိုအပ်နေပါတယ်”ဟု ပွဲရကန်ဆိပ်ကျေးရွာမှ ဦးမောင်သိန်းရွှေကပြောသည်။

ပန်းမြောင်းကြီးချောင်းအနီးရှိ ကပ်ပဲကျေးရွာတွင်လည်း ရေ ၁၀ ပေခန့်နစ်မြုပ်နေသည့်အတွက် ကျေးရွာသားများ ကျေးရွာကို စွန့်ခွာ၍ တောင်ခြေရင်းသို့ ထွက်ပြေးသွားခဲ့ကြရပြီး၊ ဘုန်ကြီးကျောင်းလည်း နောက်တစ်ပေလောက် ရေတက်လျှင် ရေနစ်မြုပ်တော့မည်ဖြစ်ကြောင်း၊ သိရသည်။

(ဓာတ်ပုံ- ကိုအမ်းသားကြီး)

Credit: Narinjara
https://www.facebook.com/Narinjara

Wednesday, 13 June 2018

တောင်ကုတ်တွင် ဟွန်ဒါစက်လှေနစ်မြုပ်၍ လူ၂ ဦး ပျောက်ဆုံးနေ



၎င်းစက်လှေသည် တောင်ကုတ်မြို့ သဲဆိပ်မှ ပန်တင်းကျွန်းသို့ ထွက်ခွါလာစဉ် လိုင်းလေကြမ်း သဖြင့် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း လှေနစ်မြုပ်ရာသို့ သွားရောက်ပြီး ကယ်ဆယ်ခဲ့သူ ပန်းတင်းကျွန်းရွာနေ ဦးချစ်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။


အဆိုပါ ဟွန်ဒါစက်လှေငယ်မှာ တောင်ကုတ်မြို့သဲဆိပ်နေ ကိုတူး၏ စက်လှေဖြစ်ပြီး ၄င်းအပါအဝင် ခရီးသည် ၅ ဦးတင်ဆောင်ခဲ့ပြီး ပန်တင်းကျွန်းသိုက မောင်းလာခဲ့ရာ နေ့လယ် ၁၂ နာရီ ခန့်တွင် ကုလားရောင်မြစ်ကိုဖြတ် အကူးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။





#Unicode Version#
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က ဟွန်ဒါစက်လှေ တစ်စီး နစ်မြုပ်သွားခဲ့ရာ လူ ၃ ဦးအသက်ရှင်ပြီး ၂ ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

၎င်းစက်လှေသည် တောင်ကုတ်မြို့ သဲဆိပ်မှ ပန်တင်းကျွန်းသို့ ထွက်ခွါလာစဉ် လိူင်းလေကြမ်း သဖြင့် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း လှေနစ်မြုပ်ရာသို့ သွားရောက်ပြီး ကယ်ဆယ်ခဲ့သူ ပန်းတင်းကျွန်းရွာနေ ဦးချစ်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

"စက်လှေ နစ်မြုပ်တာ သိသိချင်းပဲ ကျွန်တော်တို့ ပန်းတင်းကစက်လှေ ၇ စီးနဲ့ သွားပြီးရှာဖွေ ခဲ့ပါတယ်။ နေ့လယ် တစ်နာရီကျော်ကတည်း ရှာဖွေနေတာ ၂ ဦးကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ၅ ဦးမှာ ၃ ဦးကတော့ ငတောက်တူပေါက် ကမ်းကိုပြန်လည် ကူးခတ်လာပြီးလွတ်မြောက်လာပါတယ်။ ကျန်နှစ်ဦးကို ညနေ ၆ နာရီဝန်းကျင်ထိ ရှာဖွေပေမယ့် မတွေ့ပါဘူး။ ညဘက် ရာသီဥတု ဆိုးဝါးလာတာနဲ့ ကျွန်တော်တို့လည်း အိမ်ကို ပြန်လာကြပါတယ်" ဟု ဦးချစ်ကျော်က ပြောကြားသည်။

အဆိုပါ ဟွန်ဒါစက်လှေငယ်မှာ တောင်ကုတ်မြို့သဲဆိပ်နေ ကိုတူး၏ စက်လှေဖြစ်ပြီး ၎င်းအပါအဝင် ခရီးသည် ၅ ဦးတင်ဆောင်ခဲ့ပြီး ပန်တင်းကျွန်းသိုက မောင်းလာခဲ့ရာ နေ့လယ် ၁၂ နာရီ ခန့်တွင် ကုလားရောင်မြစ်ကိုဖြတ် အကူးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဟွန်ဒါစက်လှေပိုင်ရှင် ကိုတူး(သဲဆိပ်)နှင့် ဦးမြင့်နိုင် (ဆိပ်ကမ်းသစ်)တို့ ဖြစ်ကြောင်းသိရသည်။

အသက်ဘေးမှ လွတ်မြောက်လာသူ သုံးဦးမှာ ကိုညီလေး (ပန်းတင်း)၊ ကိုဝင်းဇော်(မှိုဟင်းတော)၊ ဖိုးသောကြာ(ပန်းတင်း) တို့ ဖြစ်ကြသည်။

အဆိုပါစက်လှေငယ်မှာ တောင်ကုတ်မြို့မှ ထွက်ခွါခဲ့ရာတွင် ရာသီဥတု လှိုင်းလေအခြေအနေအရ လမ်းကြောင်းပြောင်းပြီး ရွာမချောင်းဘက်မှ ထွက်ခွါခဲ့သော်လည်း ကုလားရောင်မြစ်ကို ဖြတ်အကူးတွင် လှိုင်းပုတ်ပြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများကို ကိုးကားပြီး ဦးချစ်ကျော်က ပြောကြား သည်။

နစ်မြုပ်သွားသည့် စက်လှေငယ်အား နစ်မြုပ်သည့်နေရာမှ ကိုက် ၁၀၀၀ ခန့်အကွာမှ ဆယ်ယူရရှိလာခဲ့ပြီး ကံဆိပ်တောင်ဆိပ်ကမ်းတစ်နေရာတွင် သိမ်းဆည်းထားကြောင်း သိရသည်။
Credit: စိုးဇံအောင်(တောင်ကုတ်)

Tuesday, 29 May 2018

မုန်တိုင်းငယ် ကျောက်ဖြူနှင့် မာန်အောင်အကြား ဖြတ်ကျော်ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့ မေ ၂၉ ရက် ညနေပိုင်းမှာ  ရခိုင်ပြည်နယ် အလယ်ပိုင်းကမ်းခြေကို မာန်အောင်မြို့နဲ့ ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော် ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ဒီမနက် ၉ နာရီကျော်လောက်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်း ဗဟိုချက်အနီးမှာ လေတိုက်နှုန်းအများဆုံး တနာရီ ၄၅ မိုင်လောက်နဲ့ တခါတရံ တနာရီ မိုင် ၅၀ နှုန်းလောက်နဲ့ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းထောင့်ကြီး၊ မအီ၊ ကျောက်ဖြူ၊ မာန်အောင်၊ ငပလီ၊ ကျိန္တလီ စတဲ့ မြို့နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး လေပြင်း တနာရီ မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်  အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနကလည်း ဒီမနက် ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဒေါက်တာထွန်းလွင်

Friday, 25 May 2018

ထိုင်းနိုင်ငံတွင် မြန်မာMOUလုပ်သားတစ်ဦးရေခဲသွားပို့စဉ် ကားချင်းတိုက်၍ ပွဲခြင်းပြီးသေဆုံးတစ်ဦးဒဏ်ရာပြင်းထန်


စူရတ်ဌာနီ မေ ၂၄

ထိုင်းတောင်ပိုင်းစူရတ်ဌာနီခရိုင်တွင် မေလ ၂၃ရက်နေ့ညပိုင်းက အလုပ်ချိန်အတွင်းရေခဲစက်ရုံမှရေခဲသွားပို့စဉ်ကားနှစ်စီးတိုက်မိပြီး MoUမြန်မာလုပ်သားနှစ်ဦးထိုင်းလူမျိုးတစ်ဦးပေါင်းသုံးဦးတွင်ထိုင်းလူမျိုးနှင့် မြန်မာမြန်မာတစ်ဦးဒဏ်ရာပြင်းထန်စွာရရှိပြီး မြန်မာတစ်ဦး ကားအောက်ပိမိကာနေရာတွင်သေဆုံးခဲ့ခြင်းဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ မြန်မာအလုပ်သမားသည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်ဝါးနက်ကုန်းကျေးရွာနေအဖဦးပွားအမိဒေါ်စန်းဌေး၏ သားမောင်စိုင်းမောင်မောင်အသက်(၂၀)နှစ်သည် အဆိုပါနေ့ညပိုင်းတွင် စူရတ်ဌာနီမြို့နယ် ကျက်ဝက်ဖက်သလွန်ရပ်ကွက်ရှိ ရေခဲစက်ရုံမှ အခြားနေရာတစ်ခုသို့စက်ရုံမှကားဖြင့် ရေခဲသွားရောက်ပို့ပေးစဉ်လမ်းတွင် ကားနှစ်စီးတိုက်မိရာမှ သေဆုံးခဲ့ခြင်းဖြစ်ပြီးသက်ဆိုင်ရာတာဝန်ယူ ပို့ဆောင်ထားသောအေဂျင်စီတာဝန်ရှိသူများမှ လာရောက်ကူညီ ပေးခြင်းမရှိသေးကြောင်းအဆိုပါယာဉ်တိုက်မှုနှင့်စပ်လျဉ်း၍ ထိုင်းအာဏာပိုင်တို့ မှလိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းထိုင်းနိုင်ငံမှလာသည့်သတင်းများအရသိရသည်။

ကျော်စိုး (ကော့သောင်း)
Myanmaalinn

Wednesday, 23 May 2018

ပေါက်တောက ရွာ ၂၀ လောက် ရေရှားပါးနေ

ပေါက်တောမြို့နယ် ဖဒူချေကျေးရွာမှာ ရေခပ်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ် / Photo: Kyaw Kyaw Lin's Facebook
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ လောက်ဟာ လတ်တလောရေရှားပါး မှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေရှားပါးမှုပြဿနာအတွက် ကျေးလက်ဒေသဖံွ့ဖြိုးမှုဦးစီးဌာနကို အကြောင်းကြားမှာဖြစ်သလို အစိုးရကိုလည်း တွန်းအားပေးသွားမယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။

ပေါက်တောမြို့နယ် တောင်ဘက်ပိုင်း ဖရုံကာကျွန်းသုံးကျွန်းထဲက ကြံခင်း၊ ငါးရီချိုင်၊ ငါးရပတ်ချိုင်၊ ဖဒူချေ၊ သဘောက်ချိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ ရေကန်တွေ ခန်းခြောက်နေတာကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ဆိုပါတယ်။

ပေါက်တောမြို့နယ်မှာရှိတဲ့ ဖရုံကာကျွန်းသုံးကျွန်းထဲက ကျေးရွာတွေဟာနှစ်စဉ်ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေ ရတာဖြစ်ပြီး တဖက်ပိတ်ဆည်တည်ဆောက်ပြီးရေပေးဝေဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပေမယ့် ဒေသအနေ အထားအရ ဆည်တည်ဆောက်ဖို့မဖြစ်နိုင်ကြောင်း အစိုးရကပြန်လည်အကြောင်းပြန်ထားတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

လက်ရှိရေအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ကျေးရွာတွေကို အစိုးရဌာနဆိုင်ရာတွေဘက်က  ရေဖြန့်ဝေပေးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

Wednesday, 16 May 2018



~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)ပေါ် တာချီလိတ်အလွန် မယ်ဆိုင်အဝင် စစ်ဆေးရေးဂိတ်တွင် ခြေအိတ်ကြားထဲ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ထိုင်းအမျိုးသမီးအား ဖမ်းဆီးရမိ
========================================
မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား တာချီလိတ်အထွက် မယ်ဆိုင်အဝင် ထိုင်းဘက် ဂိတ်တွင် ခြေအိတ်အတွင်း မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်လာသူ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးအား မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့ထံက သိရသည်။
"အဲ့ဒီ အမျိုးသမီး လမ်းလျှောက်လာတဲ့ ပုံစံက ပုံမှန်အတိုင်း မဟုတ်ဘဲ မသင်္ကာစရာဖြစ်လို့ ခေါ်စစ် လိုက်ရာကနေ သူ့ရဲ့ ခြေအိတ်ထဲက ရာမတွေကို မိတာ၊ ဒီမူးယစ်ဆေးဝါးတွေကို ဘယ်က ယူလာတာလဲ ဆိုတာကိုလည်း သိဖို့အတွက် ကျွန်တော်တို့ မြန်မာဘက်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနေပါတယ်"ဟု မယ်ဆိုင်ဘက်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့ နံနက်(၈)နာရီကျော် ဝန်းကျင်အချိန်က တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ လမ်းလျှောက်ကာ ပြန်လည် ဝင်ရောက်လာသူ ထိုင်းနိုင်ငံသူ မူနီးမာကုသည် လမ်းလျှောက်လာသည်နေမှာ ပုံမှန်အတိုင်းမဟုတ်ဘဲ မသင်္ကာဖွယ်ဖြစ်နေသည့်အတွက်၎င်းအား Body Scan စက်ဖြင့် စစ်ဆေးရာမှ၎င်းစီးလာသည့် ဖိနစ်နှင့်ခြေအိတ်အတွင်းက စိတ်ကြွဆေးပြား စုစုပေါင်း (၈၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသူသည် ထိုင်းနိုင်ငံ မယ်ကျန့်မြို့ မယ်လိုက်ရပ်ကွက်တွင် နေထိုင်သူ ထိုင်းနိုင်ငံသူ အသက်(၂၅)နှစ်ရှိ မူနီးမာကု(မ)ဖြစ်ပြီး၎င်းအား မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုင်းလုပ်ငန်းရှင် ထံ အထောက်အထားစာအုပ်နှင့်ရရှိမည့်လစာ တောင်းသည့် မြန်မာအလုပ်သမားကို ပစ္စည်းခိုးသည်ဟုစွပ်စွဲကာ ဖမ်းခိုင်း

၁၅.၅.၂၀၁၈၊ ဘန်ကောက် |အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီးရှိ စူခူဝီ ၂၆လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်သူက မြန်မာအလုပ်သမား တစ်ဦး
၏ အထောက်အထားစာရွက်များ၊သိမ်းထားပြီး လုပ်ခလစာမပေးသည့် အတွက် ရရှိမည့် လစာ နှင့်အထောက်အထားများတောင်းရာတွင် ယင်းအလုပ်သမား ကို ထိုင်းလုပ်ငန်းရှင် ပစ္စည်းခိုးယူမှုဖြင့်ရဲစခန်း သို့တိုင်းကြားကာ ဖမ်းခိုင်းခဲ့ကြောင်း သိရသည်။
အလုပ်ရှင်ထံမှ ဘတ်ငွေ၇၀၀၀ခန့်လုပ်အားခမရရှိသလို အလုပ်သမား၏သက်သေခံစာရွက်စာတမ်းကိုလည်း
သက်တမ်းတိုးပေးမည်ဟုပြောဆိုသိမ်းဆည်းထားသဖြင့် အလုပ်သမားက လုပ်အားခပေးမည့်ရက်နှင့်
သက်သေခံစာရွက်စာတမ်းများသက်တမ်းတိုးရန်သွားရောက်ပြော
ဆိုသည့်အခါ အကြောင်းအမျိုးမျိုးပြပြီး မကြာခဏရွှေ့ဆိုင်ကြောင်းကို အလုပ်သမားဖြစ်သူ ကိုဆန်လေကပြောသည်။
“ခရမ်းရောင်စာအုပ်သက်တမ်းကကုန်တော့မယ် နောက်ပြီး လုပ်အားခတွေလည်းမပေးဘူး ဘယ်လိုမှပြောလို့မရတာနဲ့စိတ်ဆိုးပြီး အလုပ်မှာရှိတဲ့ ကားသော့ခတ်တဲ့သော့ကလောက်တစ်ချောင်း
ကျနော်ယူလာခဲ့တယ် ယူလာတယ်ဆိုတာလည်းဖုန်းဆက်ပြော လိုက်တယ်ကျနော်စာအုပ်နဲ့လုပ်အားခပြန်ပေးရင်ကျနော်ဒီသော့ ခလောက်ကိုပြန်ပေးမယ်လို့ပြောတယ် ညကျတော့
ထိုင်းရဲနှစ်ယောက်နဲ့လာဖမ်းခိုင်တယ်”လို့ အဖမ်းခံရသူ ကိုဆန်လေကပြောသည်။
အလုပ်ရှင်ဖြစ်သူက ထိုင်းရဲနှင့်ဖမ်းခိုင်သဖြင့်အချုပ်ထဲ သို့ရောက်ရှိနေသူ ကိုဆန်လေ၏အစ်ကိုတော်စပ်သူမှ ထိုင်းနိုင်ငံဆိုင်ရာဘန်ကောက်မြို့ မြန်မာသံရုံးအလုပ် သမားသံအရာရှိထံသွားရောက်အကူညီတောင်းခံကြောင်းသိရသည်။
“အလုပ်ရှင်ဖြစ်သူကိုဖုန်းဆက်ပြီးအကျိုးကြောင်းပြောဆိုတာ ရဲစခန်းမှာလာရှင်းဆိုတာနဲ့ ကျနော်တို့ရဲစခန်းကိုလိုက်သွားတယ် ရဲစခန်းရောက်တော့ တာဝန်ရှိသူနဲ့ကျနော်တို့တွေ့တဲ့အခါ ကောင်လေးကပစ္စည်းခိုးသွားလို့အမှုဖွင့်ထားတာလွှတ်လို့မရဘူးပေါ့ဗျာ ဒါဆိုလည်း အလုပ်ရှင်ကိုလည်းလုပ်အားခမပေးတာရယ် စာအုပ်သိမ်းဆည်းထားတွေကိုအမှုဖွင့်လိုပါတယ်ပြောမှ ကောင်လေးကို
ချက်ချင်းပြန်လွှတ်ပေးလိုက်တာ”ဖြစ်ကြောင်းအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။
ထိုင်းအစိုးရမှ ယမန်နှစ်က ထုတ်ပြန်ထားသည့် အလုပ်ရှင်အလုပ် သမားဥပဒေသစ်အရ အလုပ်ရှင်ဖြစ်သူကအလုပ်သမားတစ်ဦး ၏ အထောက်ထားစာရွက်စာတမ်းများသိမ်းဆည်းထားပါက ထောင်ဒဏ်၆လနှင့်ငွေဒဏ်၁သိန်းဘတ်ကိုကျခံရမှာဖြစ်ကြောင်းဥပဒေသစ်ထုတ်ပြန်ထားရှိသောလည်း မြန်မာအလုပ်သမားများအနေဖြင့် အထောက်ထားစာရွက်စာတမ်းသိမ်းဆည်းခံထားရခြင်းနှင့်လုပ်အားခလစာပုံမှန်မရရှိမှုများကို ကြုံတွေ့နေကြကြောင်း အလုပ်သမားရေး ရာကူညီမှုအဖွဲ့စည်းများထံကသိရသည်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate