Showing posts with label ရှမ်း သတင်း. Show all posts
Showing posts with label ရှမ်း သတင်း. Show all posts

Tuesday, 2 October 2018

တောင်ကြီးမြို့တွင် ရုတ်တရက်ရေကြီး လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီး

  

   By နန်းမြနဒီ  2 October2018  

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မနေ့ ညနေပိုင်းက မိုးသည်းထန်စွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံတာကြောင့် လူနေအိမ်၊ စာသင်ကျောင်းနဲ့ အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။
မနေ့မွန်းလွဲ ၁ နာရီက မိုးတွေစရွာလာပြီး အချိန် ၁ နာရီခွဲလောက် ကြာမြင့် လာတော့ အနိမ့်ပိုင်းရပ်ကွက်ထဲရေတွေ စ၀င်လာကာ ချမ်းမြသာစည်၊ စိန်ပန်း၊ ရွှေတောင်၊ စ၀်စံထွန်း၊ အေးသာယာ (၁) စတဲ့ ရပ်ကွက် ၅ ခုက အိမ်ခြေအလုံး ၆၀ ထဲ ရေတွေ ၀င်ရောက်လို့ အိမ်ထောင်စု ၁၈ စုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရှမ်းပြည်နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။“မိုးကတစ်နာရီခွဲကြာရွာပြီး ညနေ ၃ နာရီကျော်ကျော်လောက်မှာတော့ ရပ်ကွက်ထဲ ရေတွေစပြီး ၀င်လာပါတယ်။ အမြင့်ပိုင်းရပ်ကွက်က ရေတွေ အနိမ့်ပိုင်းကိုစီးတဲ့အခါမှာ ဒယ်အိုး လိုပုံစံဖြစ်ပြီးတော့ နိမ့်တဲ့နေရာတွေမှာ ရေ၀ပ်သွားတာပါ။ ရေ၀င်တဲ့ရပ်ကွက် ၅ ခုရှိတယ်။ ရွှေ့ပြောင်းရတဲ့အိမ်က ၁၈ လုံး၊ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ရပါဘူးခင်ဗျ။ အမြင့်ပိုင်းက နီးစပ်ရာဆွေမျိုးသားချင်းအိမ်ဆီ ခဏရွှေ့နေကြတာပါ။ ညနေ ၆ နာရီလောက်တော့ ရေက တဖြည်းဖြည်းပြန်ကျတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ အားလုံးနီးပါး ပြန်ကျသွားပါပြီ။ ဒါပေမယ့် အပျက်အစီးတော့ရှိတယ်ပေါ့နော်။”
ရေကြီးမှုကြောင့် အ.ထ.က ၇ ကျောင်း အုတ်တံတိုင်းနဲ့  စ၀်စံထွန်း ရပ်ကွက်ထဲက အိမ် ၂ အိမ်လည်း အုတ်နံရံ ပြိုကျခဲ့ပြီး အေးသာယာမြို့သစ်မှာ အိမ်မှာ မွေးထားတဲ့ ကြက်နဲ့ ၀က်တွေ၊ အိမ်အသုံးအဆောင်ပရိဘောဂတွေလည်း ရေထဲမျှောသွားပါတယ်။
တန်ဖိုး ကျပ် ၅ သိန်းလောက် ဆုံးရှုံးမယ်လို့ ခန့်မှန်းပြီး တောင်ကြီးတမြို့လုံးက အပျက်အစီးအနေနဲ့တော့ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးမယ်လို့ ခန့်မှန်းပါတယ်။
အေးသာယာမြို့ကနေ တောင်ကြီးသို့အတက်အဆင်း တောင်ပေါ်လမ်းမှာလည်း တောင်ကျရေတွေစီးပြီး သစ်ကိုင်းတွေ ကျိးကျတာကြောင့် အချိန်တစ်နာရီကျော် ယာဉ်ကြော ပိတ်ဆို့ခဲ့တယ်လို့  ခရီးသွားတဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ ယခင်နှစ်တွေကလည်း မိုးကြီးရေလျှံတာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီတခေါက်တော့ အခြေအနေပိုဆိုးလာကြောင်း၊ မိုးဆက်တိုက်ရွာသွန်းပြီး စီးလာတဲ့ရေက များကာ ပြန်ထွက်တဲ့ရေက နည်းတာကြောင့် ရေ၀ပ်ခြင်းဖြစ်ကြောင်း၊ အဓိကမှာ ရေနှုတ်မြောင်း တွေ ကျဉ်းမြောင်းခြင်း၊ မြေအောက်ပိုက်လိုင်း၊ ရေစီးရေလာစနစ် အားနည်းခြင်းတွေကြောင့် ဖြစ်ကြောင်း၊ လောလောဆယ် အဲဒီအခြေအနေတွေကို ကွင်းဆင်းစစ်ဆေးနေပြီး သက်ဆိုင်ရာ ကိုတင်ပြကာ အမြန်ဆုံးပြုပြင်ဆောက်လုပ်သွားမယ်လို့  ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြော ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံး မှုစာရင်း အစီရင်ခံစာတော့ တက်မလာသေးဘူးလို့ ရှမ်းပြည်နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ပြောပါတယ်။
ဓာတ်ပုံ – နီလာဝင်းထွန်း

Wednesday, 22 June 2016

လားရှိုးက ဆီစက်ရုံတွေကို ရပ်ဆိုင်းခိုင်းထား


လားရှိုးမြို့မှာ စားသုံးသူရေးရာဦးစီးဌာနက စားသုံးဆီတွေကို လိုက်လံစစ်ဆေးစဉ်။ ဓါတ်ပုံ - စားသုံးသူရေးရာ လားရှိုး - Facebook
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီစက်ရုံတွေက ရောနှောဆီတွေနဲ့ မသန့်တဲ့စားသုံးဆီတွေကို ထုတ်လုပ်ရောင်းချနေကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန က စစ်ဆေးတွေ့ရှိထားပါတယ်။

လားရှိုးမြို့က ဆီထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ ဈေးတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို စစ်ဆေးရာ မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ရောနှောဆီတွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေကို ရပ်ဆိုင်းခိုင်းထားတယ်လို့ လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှုး ဦးဇော်မင်းသန်း က ပြောပါတယ်။

ရွှေမန္တလေး၊ ချမ်းငြိမ်း၊ စူပါ၊ ချမ်းသာ၊ ဇာမဏီ စတဲ့ အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ စားသုံးဆီတွေ မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လားရှိုးမြို့က ဆီစက်တွေကနေ ထုတ်လုပ်တဲ့ စားသုံးဆီတွေကို ရှမ်းပြည်မြောက်ပိုင်းထဲက သီပေါ၊ မိုင်းရယ်၊ ကျောက်မဲ စတဲ့ မြို့နယ်တွေအထိ ဖြန့်ဖြူးရောင်းချကြတာဖြစ်ပါတယ်။

Monday, 23 May 2016

သီပေါမြို့မှာ စစ်ဘေးဒုက္ခသည် ဦးရေ တိုးပွားလာနေ

 shan-refugees-620.jpg အစိုးရတပ်မတော်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ရောက်ရှိ လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်လောက်ထိ တိုးလာနေပါတယ်။

မနေ့ကစပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးလာကြတာဖြစ်ပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ် လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းအေး က ပြောပါတယ်။

"၈ဝဝ ကျော်ရယ် အခု ၄ဝ ရယ်၊ နောက်ထပ် ၁ဝဝ လောက်လာမယ်၊ ဆိုတော့ ၉ဝဝ၊ ၁ဝဝဝ နီးပါးလောက်ရှိတယ်၊ အခုထပ်တိုးလာမယ့်လူတွေကို လက်ရှိ ရှိနေတဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းကို ထပ်ဖြည့်မယ်၊ တကယ်လို့ မဆန့်ဘူးဆိုရင်တော့ တခြားကျောင်းတွေကို လျှောက်တင်ကြည့်မယ်ပေါ့၊ ဒီနေ့တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတယ်လို့ကြားတယ်၊ အခုလောလောဆယ် လိုအပ်တာက အဓိက စားနပ်ရိက္ခာပေါ့"

Tuesday, 10 November 2015

ရွေးကောက်ပွဲအပြီး ၂ ရက်အတွင်း ရှမ်းတောင်ပိုင်း၌ တိုက်ပွဲတချို့ ဖြစ်ပွား

ရှမ်းပြည်နယ်, ရွေးကောက်ပွဲ, တပ်မတော်, SSPP/SSA

ရွေးကောက်ပွဲ ကျင်းပပြီး ၂ ရက်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်(SSPP/SSA)၏ ရှမ်းပြည်နယ် တောင် ပိုင်းရှိ ၀မ်ဟိုင်း (ဗဟို)ဋ္ဌာန ချုပ်ကို အစိုးရ တပ်မတော်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ကြောင်း SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီသို့ ပြောသည်။

လေကြောင်းဖြင့် တပ်မတော်က တိုက်ခိုက်လာခြင်းသည် တပ်မတော်စခန်း တခုအား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့က လာရောက် တိုက်ခိုက် ခဲ့သဖြင့် နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းနောင်မြို့နယ်တ၀ိုက်သို့ တပ်မတော်က လက်နက်ကြီးများ ပစ်ခတ်မှုနှင့် အတူ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း SSPP/SSA က ပြောသည်။

တိုက်ခိုက်ခံရမှုတွင် ၀မ်ဟိုင်းဌာနချုပ်အတွင်း စစ်ဘေးဒုက္ခသည်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်း ထိမှန်ခဲ့ပြီး ပျက်စီးမှုများ ရှိခဲ့ ကြောင်း၊ SSPP/SSA အနေဖြင့် တပ်မတော်စခန်းသို့ သွားရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆက် ပြောသည်။

Wednesday, 7 October 2015

ရှမ်းတပ်မတော်ကို အစိုးရတပ် ဆက်လက်ထိုးစစ်ဆင်ဟုဆို

==================================
10/07/2015
ချင်းမိုင်၊ အောက်တိုဘာ ၇ ။ ။ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ၏ တပ်မဟာ ၇၂ အခြေစိုက်ထားသည့် နယ်မြေအတွင်း အစိုးရ စစ်တပ်များ အောက်တိုဘာ ၆ ရက်က ထိုးစစ်ဆင်လာခဲ့ပြီး ယနေ့ အောက်တိုဘာ ၇ရက်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
SSPP/SSA တပ်မဟာ ၇၂ ထိန်းချုပ်နယ်မြေ မိုင်ရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စု တာ့ဆမ်ပူးကျေးရွာအနီး တဝိုက်သို့ အစိုးရ စစ်တပ်၏ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၁၇ နှင့် ၅၂၀ တပ် အင်အား ၃၀၀ ကျော် ထိုးစစ်ဆင် ဝင်ရောက်လာသဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ ၆ နာရီမှာ တကြိမ်၊ နောက် ၁၁ နာရီလောက်မှာ တကြိမ် တိုက်ပွဲ ဖြစ်နေသေးတယ်။ ဟိုက်းပါအုပ်စု တာဆမ်ပူးရွာအငယ်လေးပဲလေ။ အဲဒီမှာ ကတို့ဆိပ်ရှိတယ်။ အဲဒီတဝိုက်မှာ ဖြစ်တာ။ ကျနော်တို့ ရှိတဲ့ တောင်ကိုတက်လာတယ်။ ကျနော်တို့ရှိတဲ့ တောင်ကုန်းကို ဝိုင်းပတ်ပြီးတော့ တိုက်နေတယ်။ ခမရ ၁၁၇ နဲ့ ခမရ ၅၂၀ အင်အား ၃၀၀ ကျော်ပေါ့။ အခုက ၁၀၀ ထပ်ပို့သေးတယ်လို့ သိရတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။

Monday, 14 September 2015

ဝါတွင်းအလှူပွဲအတွင်း အစိုးရတပ် လက်နက်စုံဖြင့် ပစ်ခတ် ၁ ဦးသေ ၆ ဦးဒဏ်ရာရ

ဓါတ်ပုံ- ကျည်ထိမှန်သဖြင့် တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံ သို့ရောက်ရှိလာ သည့်ဒေသခံတဦး
 စက်တင်ဘာလ ၁၃ ရက် ၂၀၁၅

 စက်တင်ဘာ ၁၃ ရက်တွင်ကျရောက်မည့် ဝါခေါင်လကွယ်နေ့ ဥပုပ်နေ့ အလှူအတွက် လွယ်လင်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းတွင် ဆွမ်းဟင်း ချက်ရန် ဝိုင်းကူနေကြသောရွာသား များထံ အစိုးရစစ်ကြောင်းမှ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ၁ ဦးသေကာ ၆ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ဒေ သတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က လွယ်လင်မြို့နယ် မိုင်းပွန်တောင်ဘက် ၁၈ မိုင်ခန့်အကွာရှိ နောင်လိုင် အုပ်စု နောင်ပါတက်ရွာဘုန်းကြီးကျောင်းအတွင်း ဆွမ်းဟင်းချက်ရန်ရောက်ရှိ နေ ကြသော ရွာသားများထံသို့ လှုပ်ရှားသွား လာနေသော အစိုးရစစ်တပ်က လက် နက်ကြီးငယ် မျိုးစုံဖြင့်ပစ်ခတ်သဖြင့် ရွာသူတဦး ပွဲချင်းပြီးသေကာ ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း ဒေ သခံ စိုင်းလုံ ကပြောသည်။

“၁၂ ရက်နေ့ မနက် ၁၁ နာရီလောက်ကပါ။ ရွာသားတွေ ဆွမ်းဟင်းချက်ဖို့ပြင် ဆင်နေတုန်း လက်နက်ကြီးကျည်ကျလာတယ်။ သေနတ်တွေနဲ့ပစ်ခတ်ခံရလို့ ပါကြာ ဆိုတဲ့ အသက် ၆၀ အရွယ်အဖွားကြီး လက်နက်ကြီးကျည်ထိပြီး ပွဲချင်းပြီးသေတယ်။ ” - ဟု ဆိုပါသည်။

Thursday, 18 June 2015

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲသို့ အမျိုးသမီးငယ် (၂၅)ဦး စာရင်းပေးသွင်းထား

 
ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲနှင့် ပဒေသာကပွဲကို ဇွန်လ(၃၀)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် စာရင်းပေးသွင်းထားသည့် အသက် (၂၅)နှစ်အောက် အမျိုးသမီး (၂၅)ဦးရှိပြီဖြစ်ပြီး ကြိုတင်လေ့ကျင့်မှုများကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ နေ့စဉ် ညနေ(၃)နာရီ အချိန်တွင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Saturday, 13 June 2015

မိုင်းဖုန်းကျေးရွာအုပ်စု၌ ဘိန်းစိမ်းဖမ်းမိ


တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် အမျိုးသမီးတစ်ဦးထံမှ ဘိန်းစိမ်းများကို ယနေ့ ဇွန်လ(၁၂)ရက် နံနက်(၇း၄၅)နာရီ အချိန်ခန့်က ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့ထံ မှ သိရသည်။
မူးယစ်တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ အပါအ၀င် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဟိုနား(အာခါ)ရွာရှိ ဒေါ်ရှိန်ရှု၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာမှ ၎င်းအိပ်သည့် အိပ်ယာခြေရင်းဘက်ရှိ နှီးခြင်းတောင်းအတွင်းမှ ဘိန်းစိမ်း(အမဲရောင်အစေး)များကို ရှာဖွေရရှိတာဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

Wednesday, 3 June 2015

ရှမ်းတိုင်းရင်းသားတို့ အမြတ်တနိုး တန်ဖိုးထားစားသုံးသော ပဲပုပ်စိုက်ပျိုး ၀င်ငွေတိုး

paepout
ရမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင် မှီတင်းနေထိုင် ကြသော ဒေသခံရှမ်းတိုင်းရင်းသား များ၏ အဓိက အသက်မွေး ဝမ်း ကျောင်းလုပ်ငန်းမှာ လယ်ယာစိုက်ပျိုး ရေးနှင့် ခြံလုပ်ငန်း လုပ်ကိုင်ခြင်း ဖြစ်သည်။ တောင်သူလယ်သမား များမှာ လယ်ယာလုပ်ငန်းပြီးစီးချိန် တွင် နားနေခြင်းမရှိဘဲ ခြံလုပ်ငန်း ဆီသို့ ဦးတည်လှုပ်ရှားရပြန်သည်။
စပါးရိတ်သိမ်း နယ်လှေ့ပြီး လျှင် အပိုဝင်ငွေရရှိရေးအတွက် ပဲ ပုပ်သီးနှံစိုက်ပျိုးရန် တာစူကြရသည်။ ရှမ်းတိုင်း ရင်းသားများသည် ပဲပုပ် ကို အမြတ်တနိုးတန်ဖိုးထားကာ စားသုံးကြသည်။ ထမင်းဝိုင်းတွင် မည်သည့် ဟင်းလျာမရှိစေကာမူ ပဲပုပ် ထောင်းတစ်ခွက်ရှိရုံနှင့်ပင် စားသုံး နိုင်ကြပေသည်။
မြန်မာနိုင်ငံတွင် ပဲပုပ်အမြောက် အမြား စိုက်ပျိုးသော ဒေသများမှာ မန္တလေး၊ မိတ္ထီလာ၊ မြင်းခြံ၊ မုံရွာ ကျောက်ဆည်နှင့် စစ်ကိုင်းတို့ဖြစ် ပြီး တောင်ပေါ်ဒေသများမှာလည်း ပဲပုပ်ကို အဓိကထား၍ စိုက်ပျိုးကြ သည်။ အောက်မြန်မာနိုင်ငံတွင် ဟင်္သာတ၊ သာယာဝတီ၊ ပြည်နှင့် မအူပင်တို့တွင်လည်း စိုက်ပျိုးကြ ကြောင်း သိရသည်။

Friday, 22 May 2015

ရှမ်းအမျိုးသမီးအဆိုတော် ထိုင်းတွင် ကားမတော်တဆတိုက်မှုဖြင့် ကွယ်လွန်




ရှမ်းတေးဂီတလောကကြား ရေပန်းစားတဲ့ ရှမ်းအမျိုးသမီး အဆိုတော် နန်းနွမ်ခမ်းလှိုင်း အသက် ၃၈ နှစ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲမှာ ကားမတော်တဆ ထိခိုက်မှု ဖြစ်ပွားပြီး သေဆုံးခဲ့ပါတယ်။

နန်းနွမ်ခမ်းလှိုင်းဟာ မေ ၂၀ ရက် ညနေ ၄ နာရီအချိန်က ကိုယ်တိုင်ကားမောင်းနှင်ပြီး ချင်းမိုင်ကနေ မြန်မာနယ်စပ် မယ်ဆိုင်အပြန် လမ်းချော်ပြီး လမ်းဘေးထိုးကျသွားတဲ့အတွက် လမ်းဘေးမှာရပ်ပြီး အကူအညီရဖို့ ဖုန်းဆက်နေစဉ် နောက်ကားတစီးပါ လမ်းထပ်ချော်ပြီး ၀င်တိုက်ရာက သေဆုံးခဲ့တာလို့ ခင်ပွန်းဖြစ်သူ စိုင်းတွိက ဒီဗွီဘီကို ပြောပါတယ်။

Thursday, 21 May 2015

ထိုင်းနိုင်ငံသား နှင့် မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါးများနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများထံမှ ကျပ်သိန်းပေါင်း (၁၆၂.၇၅)သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအပြင် ဆက်စပ်ပစ္စည်းများကို မေလ(၂၀)ရက်နေ့ ညနေ(၅း၃၀)နာရီအချိန်ခန့်က တာချီလိတ်၌ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်ဆေးဝါးသတင်းများအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ ပါဝင်ပြီး ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(အပြင်)ရှိ နေအိမ်အား ၀င်ရောက် စီးနင်းရှာဖွေရာ နေအိမ်အတွင်း၌  မြန်မာနိုင်ငံသားများဖြစ်သည့် စိုင်းနော်ခမ်း၊ နန်းရှဲန်ရွက်၊ နန်းဝိုးဟွမ် နှင့် ထိုင်းနိုင်ငံသားများဖြစ်သော အာလေလောမေ(ကျား)၊ မာဖိန်းယားမာ(ကျား)၊

Sunday, 17 May 2015

အစိုးရတပ်ကျည်ဆံ တရုတ်မြေထိမှန်ခဲ့ဟု ကိုးကန့်စွပ်စွဲ

ကိုးကန့်တပ်ဖွဲ့ဝင်များ
 တရုတ်-မြန်မာနယ်စပ်နားက လင်ချန်းမြို့ကိုကျခဲ့တဲ့ လက်နက်ကျည်ဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ လက်နက်ကျည် မဟုတ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ လင်ချန်းမြို့မှာကျတဲ့ လက်နက်ကျည်ကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာကို စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အစိုးရကိုအကြောင်းပြန်ထားချိန်မှာ ကိုးကန့်တပ်ဖွဲ့က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

Friday, 15 May 2015

ကိုးကန့်စစ်ပွဲတွင် အရပ်သား ၅ ဦး ဒဏ်ရာရမှု တရုတ်ကန့်ကွက်


တရုတ်-မြန်မာနယ်စပ်မှာ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာမှာ မေ ၁၄ ရက်က တရုတ်နယ်မြေထဲ လက်နက်တွေကျလို့ အရပ်သား ၅ ဦး ဒဏ်ရာရရှိသွားတာကို တရုတ်အစိုးရ က ကန့်ကွက်လိုက်ပါတယ်။

ဘယ်အဖွဲ့လက်ချက်လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် မြန်မာ စစ်တပ်က အမြောက်တွေ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဟွာချွန်ရင်းက ဒီဖြစ်ရပ်အတွက် မကျေမနပ် ဖြစ်ရတယ်လို့  မေ ၁၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြေကွက်ရောင်းရငွေအပေါ် ကျေနပ်မှုမရှိသဖြင့် အဖနှင့်ညီကို သတ်ဖြတ်


လင်းခေး မေ ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့၌ မေ ၁၁ ရက်ည ၁ဝ နာရီက သားအဖနှစ်ဦးကို သတ်ဖြတ်ခဲ့သည့် အမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ လင်းခေးမြို့ ဝမ်လွိုင်ရပ်ကွက် အိမ်အမှတ်( ၂၂) နေထိုင်သူ စိုင်းလံ (၄၂နှစ်) သည် မေ ၁၁ ရက် ည ၁ဝ နာရီက ၎င်း၏ညီအရင်း စိုင်းခမ်းပန်နှင့် စကားများ ရန်ဖြစ်ကြရာ တစ်ဦးနှင့်တစ်ဦး လုံးထွေးထိုးကြိတ်၍ ညီဖြစ်သူ စိုင်းခမ်းပန် လဲကျသွားစဉ် စိုင်းလံက မီးဖိုချောင်အတွင်းရှိ ဓားဦးချွန်ဖြင့် ၎င်း၏လည်ပင်းနှင့် ဝဲဘက်လက်ပြင် တို့ကို ထိုးခုတ်သတ်ဖြတ်ခဲ့ပြီးနောက် အိပ်ရာ၌ အိပ်ပျော်လျက်ရှိသည့် ဖခင်လုံးကောတ ( ၆၅ နှစ်) ကိုလည်း လည်ပင်းနှင့်ဦးခေါင်းတို့ကို ဆက် လက်ထိုးခုတ်သတ်ဖြတ်ခဲ့ရာ စိုင်းခမ်း ပန်နှင့်

Thursday, 14 May 2015

ကျပ်သိန်းပေါင်း (၂၁၂၅)သိန်း တန်ဖိုးရှိ အိုက်စ်များ တာလေ၌ ဖမ်းဆီးရမိ

ထိုင်း - မြန်မာနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် ကျပ်သိန်းပေါင်း (၂၁၂၅)သိန်း တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို မေလ(၁၃)ရက်နေ့ ညနေပိုင်းက မူးယစ်တပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၏ နားယောင်းကျေးရွာအုပ်စု တောင်သုံးလုံး (အလယ်)ရွာအနီး တာချီလိတ် - ကျိုင်းတုံသွားကားလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စု(၁၀၄) နေပြည်တော် မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် တာချီလိတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ တာလေဘက်မှ တာချီလိတ်ဘက်သို့ စိုင်းတစ် မောင်းနှင်လာသည့် မော်တော်ယာဉ်အား  မေလ(၁၃)ရက်နေ့ (၁၇း၂၀) နာရီ အချိန်က

Sunday, 10 May 2015

နေအိမ်အား ကားဝင်တိုက်မိရာ အိပ်နေသူမှ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမရောက်မီ ကွယ်လွန်

ကားတစ်စီးသည် အကွေ့၌ အရှိန်မထိန်းနိုင်ဘဲ နေအိမ်အား ၀င်တိုက်မိရာမှ အိမ်ထဲတွင် အိပ်ပျော်နေသည့် လူတစ်ဦး ဒဏ်ရာများရရှိကာ ဆေးရုံမရောက်မီ လမ်း၌ ကွယ်လွန်သွားသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့တွင် ယနေ့ မေလ(၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၅ခုနှစ် မေလ(၉)ရက် ညနေ(၃)နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၂)ရွာ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ်တွင် တာလေမြို့ဘက်မှ တာချီလိတ်မြို့သို့

Saturday, 9 May 2015

လားရှိုး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ လူကြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ မှာရှိတဲ့ ကုန်တင်ယာဉ်ကြီးများ ရပ်နား စခန်းဝင်းအတွင်းက လူနေတိုက်ခန်းတခုမှာ မေ ၉ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူကြီး ၂ ဦး ဒဏ်ရာရပြီး ကလေး ၁ ဦးသေဆုံးသွားပါတယ်။

၃ နှစ် ကလေးငယ်က လျက်ဆား ပုလင်းနဲ့ ပုံစံတူတဲ့ ပစ္စည်းတခုကို ကောက်ယူလာပြီး ဖခင်နဲ့ အတူ ဆော့ကစားရာက   ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate