Showing posts with label သဘာဝပါတ်ဝန်းကျင်. Show all posts
Showing posts with label သဘာဝပါတ်ဝန်းကျင်. Show all posts

Wednesday, 13 June 2018

တောင်ကုတ်မြို့နယ် မြို့တောင်နှင့် နန်းရွာကုန်းတွင် လေဆင်နှာမောင်းကျ၍ အိမ်ပေါင်း ၄၀ ကျော်ပျက်စီး


နိရဉ္စရာ၊ ဇွန် ၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမတိုက်နယ် မြို့တောင်ရွာနှင့် နန်းရွာကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နှစ်ရွာပေါင်း အိမ်ခြေ ၄၀ ကျော် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ရွာမရဲစခန်းမှ တပ်ကြပ်ဇော်ဇော်ထွန်းက “ မြို့တောင်နဲ့ နန်းရွာကုန်းမှာဖြစ်တာပါ။ လေဆင်နှာမောင်းတိုက်တာပေါ့ ။ မြို့တောင်မှာ အိမ် ၃၄ လုံးပျက်စီးတယ်။ ဘုန်းကြီးကျောင်းရယ်၊ ကျေးရွာဆေးပေးခန်း၊ စာသင်းကျောင်းတို့ပါ ပျက်စီးသွားပါတယ်။ စုစုပေါင်း ၃၇ လုံး” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အလားတူ နန်းရွာကုန်းရွာတွင်လည်း ဓမ္မာရုံနဲ့ အိမ်နှစ်လုံး၊ ရေတွင်း တစ်ခု ပျက်စီးသွားခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းရွာနှစ်ရွာ၏ အဆောက်အဦးပျက်စီးမှုမှာ ၄၁ လုံးရှိကြောင်း သိရသည်။

“ ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ ဖြစ်တာပါ။ လူတွေကတော့ နည်းနည်းပါး ဒဏ်ရာရတာတွေတော့ရှိပါတယ်။ အိမ်တွေကလည်း ခေါင်းမိုးလန်တာတော့၊ ပြိုပျက်တာတို့ ဖြစ်သွားတာပေါ့။ လူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ အိမ်မှာနေထိုင်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမြသန်း ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသူက ပြောကြားသည်။

Photo from Rakhine fire force
Narinjara
https://www.facebook.com/Narinjara

Tuesday, 29 May 2018

မုန်တိုင်းငယ် ကျောက်ဖြူနှင့် မာန်အောင်အကြား ဖြတ်ကျော်ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့ မေ ၂၉ ရက် ညနေပိုင်းမှာ  ရခိုင်ပြည်နယ် အလယ်ပိုင်းကမ်းခြေကို မာန်အောင်မြို့နဲ့ ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော် ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ဒီမနက် ၉ နာရီကျော်လောက်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်း ဗဟိုချက်အနီးမှာ လေတိုက်နှုန်းအများဆုံး တနာရီ ၄၅ မိုင်လောက်နဲ့ တခါတရံ တနာရီ မိုင် ၅၀ နှုန်းလောက်နဲ့ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းထောင့်ကြီး၊ မအီ၊ ကျောက်ဖြူ၊ မာန်အောင်၊ ငပလီ၊ ကျိန္တလီ စတဲ့ မြို့နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး လေပြင်း တနာရီ မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်  အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနကလည်း ဒီမနက် ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဒေါက်တာထွန်းလွင်

Thursday, 13 July 2017

စစ်ကိုင်းတိုင်း၌ ရေဘေးကြောင့် လူတစ်ဦးသေ၊ လူတစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရ

ချင်းတွင်းမြစ်ရေ တက်နေစဉ် (ဓာတ်ပုံ − Khine Khine Oo (FB))
စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ရေဘေးကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ လူတစ်သောင်းကျော်တို့သည် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေရ သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းတွင်းမြစ်ရေမြင့်တက်နေ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင် ၂ ရက်ကစတင်ကာ ရေဘေးရင်ဆိုင်ရခြင်းဖြစ်ပြီး ဇူလိုင် ၁၀ ရက်အထိ စာရင်းများအရ လူဦး ရေ ၁၀,၈၃၀ ဦးသည် ကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံနေရ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးဦးစီး ဌာန ဦးစီးမှူး ဦးစပီလီယမ်ဖရန့် က ပြောသည်။
ခန္တီးမြို့တွင် ဇူလိုင် ၁၀ ရက် က အသက် (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦးသည် နေအိမ် အတွင်း ရေဝင်လာ၍ ပစ္စည်းများကို အရေးပေါ်ရွှေ့ပြောင်းစဉ် ရေထဲပြုတ်ကျရာမှ ဦးခေါင်းဒဏ်ရာ ရကာ သေဆုံးခဲ့ကြောင်း ဦးစဝီလီ ယမ်ဖရန့်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ရေဘေးသင့်ဒေသများအ နက် မုံရွာနှင့် ခန္တီးမြို့နယ်တွင် ရေ လွှမ်းမိုးမှုအများဆုံးရင်ဆိုင်နေရ
ကာ မုံရွာမြို့နယ်၌ လူဦးရေ ငါးထောင်ကျော်နှင့် ခန္တီးမြို့တွင် နှစ်ထောင်ခန့်ရှိကြောင်း လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။
7daydaily.

Tuesday, 18 April 2017

မာရသာမုန်တိုင်းကြောင့် ဆုံးရှုံးမှုတန်​ဖိုး ကျပ်သိန်း ၄၀၀ နီးပါးရှိဟု ကနဦးထုတ်​ပြန်

မဟာသင်္ကြန်အတက်နေ့ ဧပြီ ၁၆ရက် နံနက် ၁၀နာရီခန့်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက်၊ အထက်ပန်းဆိုးတန်းလမ်း၊ ကန်တော်ကြီးထိပ်ရှိ လုံးပတ်(၃)ပေခန့်ရှိ
မဟော်ဂနီပင်မှာ အမြစ်မှကျွတ်၍လမ်းပေါ်သို့လဲကျခဲ့ရာ ဓါတ်ကြိုးပေါ်သို့ ပိမိပြီး ဓါတ်တိုင်(၅)တိုင်ကျိုးကျခဲ့သည်။ (ဓာတ်ပုံ - သူရ/မဇ္ဈိမ)
ရန်ကုန်၊ ဧပြီ ၁၈ ။            ။ ရခိုင်ကမ်းရိုးတန်းဒေသကို ဦးတည်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် အားလုံးအတိုင်းအတာဖြင့် ကျပ်သိန်း ၃၀၀ ကျော် ၄၀၀ နီးပါးထိခိုက်ဆုံးရှုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်​လည်​နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။ “အားလုံးပေါင်း သူတို့မှန်းထားတာ သိန်း ၃၈၉ သိန်းကျော်လားမသိဘူး။ ပျက်စီးတယ်ပေါ့နော်။ ဒါက အားလုံးပျက်စီးတာကို ပြောတာ"ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်​လည်​နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္စျိမသို့ ပြောသည်။

Saturday, 13 August 2016

မြန်မာ့သစ်တောပြုန်းတီးမှု



မြန်မာ ပြည်မှာ သစ်တော ပြုန်းတီးမှု များလွန်တဲ့ အတွက် လက်ရှိ ဘဏ္ဍာရေး နှစ်မှာ သစ်လုံး ထုတ်လုပ် မှုကို တပြည်လုံးမှာ ခေတ္တ ရပ်ဆိုင်းပြီး၊ ပဲခူးရိုးမ မှာတော့ ၁၀ နှစ် ရပ်ဆိုင်းမယ် ဆိုတဲ့ သတင်းကို ဇူလိုင်လက သတင်း မီဒီယာတွေ မှာ ဖော်ပြ ကြပါတယ်။

မေလမှာ ကျင်းပတဲ့ သစ်လုပ်ငန်းဌာန အလုပ်ရုံ ဆွေးနွေး ပွဲမှာ ကျွန်းပင် ၂၀,၀၀၀ နီးပါးသာ ရှိတော့တယ် ဆိုတာမို့ ကျွန်းနဲ့ သစ်မာ ထုတ်လုပ်မှုကို ၁ နှစ် ရပ်ဆိုင်း ခဲ့တာ ဖြစ် ပုံရပါတယ်။

ဒါပေမဲ့ ဒီလို ရပ်ဆိုင်းလိုက်ရုံနဲ့ သစ်တောပြုန်းတီးမှု ကို ဟန့်တားနိုင်ပါ့ မလားဆိုပြီး ဆွေးနွေး ကြပါတယ်။ အရင် ကလဲ ဒီလိုရပ်ဆိုင်းခဲ့ ဖူးပေမယ့် တောပြုန်းမှုကို မဟန့်တား နိုင်ပါဘူး။

၂၀၁၂ က စပြီး ကျွန်းသစ်ထုတ်လုပ်မှုကို ၁၅%၊ သစ်မာကို ၂၀ % လျော့ချနိုင်ဖို့ အစိုးရက ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ ပဲခူးရိုးမ သစ်တောကြိုးဝိုင်းတွေမှာ ကျွန်းသစ်ထုတ်လုပ်မှုကို ၇၀% လျော့ချပြီး သစ်မာကို ၃၀% အထိ လျော့ချတယ်လို့ သိရပါတယ်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate