Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Thursday, 13 July 2017

မြန်မာအပါအ၀င် အာဆီယံ ၅ နိုင်ငံက လူနာများကို ထိုင်းက ရက် ၉၀ နေထိုင်ဆေးကုသခွင့်ပေး

c1_1285939_170713040826_620x413
မြန်မာအပါအ၀င် အာဆီယံ ဒေသတွင်း ၅ နိုင်ငံမှ လူနာတွေကို ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ နေထိုင်ဆေးကုသခွင့်ပေးလိုက်ပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံကို ဆေးကုသရေး ခရီးစဉ် လာနိုင်တဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်တဲ့အနေနဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် ဆိုတဲ့ CLMV နိုင်ငံတွေနဲ့  တရုတ်နိုင်ငံတို့က ဆေး လာကုကြတဲ့ လူနာတွေအတွက် အရင် ရက်ပေါင်း ၃၀ ခွင့်ပြုထားရာကနေ အခု ရက်ပေါင်း ၉၀ ထိ နေထိုင် ဆေးကုသခွင့် ပေးလိုက်တာဖြစ်ပါတယ်။
လူနာနဲ့အတူ အဖော် ၄ ယောက်အထိ လိုက်ပါနေထိုင်ခွင့်လည်း ခွင့်ပြုပေးသွားမယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်တာပါ။
အခု ၅ နိုင်ငံဟာ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ နေထိုင်ခွင့်ကို ဒုတိယ အသုတ် သတ်မှတ်ပေးလိုက်တာလို့ ဒုဝန်ကြီးချုပ် အဒ်မ် နာရုန် ပစ်ပါ တာနာဆိုင် ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီပြီး ခေတ်မီစက်ကိရိယာတွေနဲ့ ကျွမ်းကျင်မှုပြည့်ဝတဲ့ ဆေးပညာရှင်တွေကြောင့် ထိုင်းနိုင်ငံကို ဆေးလာကုကြတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ပုံမှန်မြင့်တက်လာတယ်လို့လည်း ဒုဝန်ကြီးချုပ် နာရုန်က ပြောပါတယ်။
ဒါပေမယ့် နိုင်ငံခြားသားလူနာတွေဟာ ဗီဇာခွင့်ပြုချက်ရှိထားတဲ့ ရက်အကန့်အသတ်တွေကြောင့် အခက်အခဲတွေ ကြုံနေကြရလို့ အစိုးရအနေနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ ဆေးလာကုသချိန် ပိုပြီးပေးဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ဆိုပါတယ်။
ဒုဝန်ကြီးချုပ် နောက်တယာက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တာနာဆက် ပါတီမာ ပရာဂွန်ကလည်း  အစိုးရဟာ ထိုင်းနိုင်ငံကို ကမ္ဘာ့ အဆင့်မီ ဆေးကုသတဲ့ နိုင်ငံဖြစ်လာစေဖို့ ရည်မှန်းချက်နဲ့ ကျန်းမာရေး ခရီးသွားလုပ်ငန်းကို မြှင့်တင်နေတာလို့ ဆိုပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ခရီးသွားနဲ့အားကစားဝန်ကြီးဌာနတို့ဟာ ထိုင်းနိုင်ငံကို ဆေးကုသချင်စရာနိုင်ငံအဖြစ်ပြောင်းလဲဖို့ ၂၀၁၇-၂၀၂၆  ဆယ်နှစ်စီမံကိန်းနဲ့ ရှေ့ဆက် အတူလုပ်ဆောင်သွားဖို့ တာဝန်တွေ ခွဲဝေချထားပြီးဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောပါတယ်။

Thursday, 3 November 2016

မိဘတော်တော်များများက တုတ်ကွေး ကာကွယ်ဆေး မလိုအပ်ဘူး လို့ထင်


အမေရိကားက မိဘတော်တော်များများက တုတ်ကွေးအတွက် ကာကွယ်ဆေးထိုးဖို့မလိုအပ်ဘူးလို့ ထင်ကြတာကို လေ့လာတွေ့ရှိရပါတယ်။

မိသားစုအတွင်းမှာ တုန်ကွေးဖြစ်ပွားမှု နည်းတာက ကာကွယ်ဆေးမလိုအပ်ဘူးလို့ ထင်ကြတဲ့ ယေဘူယျ အကြောင်းပြချက်ထဲမှာ ပါဝင်ပါတယ်။

Saturday, 21 May 2016

တိုင်းရင်းသားကျေးလက်ဒေသ အခြေပြု မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ပြီးစီး

DSC_0188

မေလ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၌ ဇန်နဝါရီ ၁၈ရက်မှ မေ ၂၁ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချပေးသော တိုင်းရင်းသားကျေးလက်ဒေသများကို အခြေပြုသည့် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို မေလ ၂၁ရက် နေ့တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။
မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် တိုင်းရင်းသား ကျေးလက်ဒေသများ တွင် ဒေသအခြေပြုသည့် ကျန်းမာရေးလုပ်သားများ ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်သည်ဟု မယ်တော်ဆေးခန်းခေါင်းဆောင် ဒေါက်တာစင်သီယာမောင်က ကေအိုင်စီသို့ ပြောသည်။
“တိုင်းရင်းသားဒေသနဲ့ နယ်စပ်ဒေသတို့မှာက ခရီးသွားလာရေးလမ်းပမ်းဆက်သွယ်ရေးက ခက်ခဲတယ်။ နောက်ပြီး မတူတဲ့ဘာသာစကားတွေ ကွဲပြားမှုတွေ ရှိတယ်။ ဒီ့အတွက် ကိုယ့်ဒေသခံ

Tuesday, 3 May 2016

တနင်္သာရီတိုင်းရှိ ကျေးရွာတချို့ ရေရှားပါးမှု ဆက်တိုက် ကြုံနေရ



တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ် အလိုက် ကျေးရွာ အချို့မှာ ဧပြီလ နှောင်းပိုင်းနဲ့ မေလ ကနေ စတင်ကာ ရေရှားပါးမှု ဆက်တိုက် ကြုံနေ ရတယ်လို့ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တို့ထံက သိရပါတယ်။



ထားဝယ် ခရိုင်တွင် မောင်မယ်ရှောင်၊ ရှင်မုတ္ထီး၊ ကနိုင်ဒါ၊ ကူတို့၊ စော်ဝ၊ ရောင်းမော်၊ ညောင်ဇင်၊ ဝေဒီ၊ ကညုံကျွန်းနှင့် အခြားကျေးရွာများ၊ မြိတ်ခရိုင် ကွမ်းသီးချောင်း၊ ရွာသစ်၊ ကျောက်ဖြူတောင်၊ ကျွဲကူး၊ ပသောင်း၊ တုံးဗျောကျေးရွာအုပ်စုက မွှေ့ရှောင်၊ ချောင်းဝပြင်၊ အင်္ဂမော်ကျေးရွာနှင့် အခြားကျေးရွာတွေမှာ ရေပြတ်လပ်နေတယ်လို့ သိရပါတယ်။

Thursday, 4 February 2016

လက်ကိုင်ဖုန်း နဲ့ ကျန်းမာရေးအန္တရာယ်

  • လက်ကိုင်ဖုန်း နဲ့ ကျန်းမာရေးအန္တရာယ်
ကိုဝင်းမင်း-04.02.2016 12:03-REF: VOA
မြန်မာနိုင်ငံမှာ လက်ကိုင်ဖုန်း အသုံးများလာချိန်မှာ ရေရှည်မှာ ဖြစ်စေနိုင်တဲ့ ဦးနှောက်ကင်ဆာနဲ့ အခြားအန္တရာယ်တွေကို သတိထားဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ အခုလို ဒီ ကျန်းမာရေး အန္တရာယ်တွေ ရှိလာရတာက လက်ကိုင်ဖုန်းကနေ ထုတ်လွှင့်တဲ့ လျှပ်စစ်ရေဒီယို သံလိုက်လှိုင်းတွေကတဆင့် ထိခိုက်လာနိုင်မှုကြောင့်ပါ။ လက်ကိုင်ဖုန်း အကြာကြီးပြောတာ၊ ခန္ဓာကိုယ်နဲ့ အမြဲကပ်ထားတာကြောင့် ဒီဓါတ်လှိုင်းတွေကို ခန္တာကိုယ်က ခံနိုင်တဲ့ အနေအထား ကျော်သွားပြီး ဦးနှောက်၊ မျက်လုံးနဲ့ အခြားအစိတ်အပိုင်းတွေကို ရေရှည်မှာ ထိခိုက်စေနိုင်တာပါ။ နုနယ်သေးတဲ့ ကလေးတွေမှာလည်း လက်ကိုင်ဖုန်း ထိတွေ့တာများရင် ဒီအန္တရာယ်တွေ ပိုရှိတာအပြင်၊ စိတ်မတည်မငြိမ်တဲ့ရောဂါကို ဖြစ်စေဖို့ အန္တရာယ် ပိုများသွားပါတယ်။ နှလုံးထိန်းစက် (Pacemaker) တပ်ထားသူတွေမှာလည်း လက်ကိုင်ဖုန်းလှိုင်းဒဏ်ကြောင့် နှလုံးကို ပိုထိခိုက်စေနိုင်ပါတယ်။
ဒါ့အပြင် လက်ကိုင်ဖုန်း ကြာရှည်ပြောသူတွေမှာ မှတ်ဥာဏ်ထိခိုက်နိုင်တာကို လေ့လာချက်တချို့ မှာ တွေ့ရှိထားပြီး၊ အချို့ လူတွေမှာ အရေပြားပူသလို၊ ထုံသလိုခံစားရတာ၊ မောပန်းတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် မအီမသာ ဖြစ်တာနဲ့ လက်ကိုင်ဖုန်း အနားထားအိပ်ရင် အိပ်ရေးပျက်တာတွေ ဖြစ်နေကြောင်း တွေ့ရှိထားပါတယ်။

Friday, 23 October 2015

ငှက်ပျောခွံစားခြင်းဖြင့် ကိုယ်အလေးချိန်လျော့၍ စိတ်ကြည်လင်



ငှက်ပျောခွံဟာ စူပါအစားအစာ သစ်တစ်ခု ဆိုတာ ဟုတ်ပါသလား။ ငှက်ပျောခွံမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေက ကိုယ်အလေးချိန် လျော့စေဖို့နဲ့ စိတ်ကြည်လင်ဖို့ကို အထောက်အကူ ပြုတယ်လို့ သိရပါတယ်။

ငှက်ပျောခွံဆိုတာ အမှိုက်၊ ပစ်ရမယ်၊ မစားရဘူး ဆိုပြီး ကျွန်တော်တို့ မွေးကတည်းက သိလာတာပါ။
ငှက်ပျောခွံ တက်နင်းရင် ချော်လဲတာကို ကာတွန်းဟာသတွေထဲမှာ ခဏခဏပါပြီး နာမည်ကြီးပေမဲ့ တကယ်တော့လည်း ငှက်ပျောခွံက ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးရှိကြောင်း သက်သေပြနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

Saturday, 17 October 2015

ဒေါ်အောင်ဆန်းစုကြည် ပြည်ပတွင် ဆေးစစ်ဆေးကုသမှုခံယူရန်အစီအစဉ်ရှိ

မဲဆွယ်စည်းရုံးရေး ခရီးစဉ်များမှာ မကြာခဏမူးလဲခြင်းများ ထပ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဆေးစစ်မှု များထပ်မံ ပြုလုပ်ချက်အရ ယခင်ဖြစ်ပွားခဲ့သော သားအိမ်ခေါင်းကင်ဆာ လက္ခဏာ များထပ်မံ တွေ့ရှိရတယ်လို့ သူ့ရဲ့မိသားစုဆရာဝန်ကပြောပါတယ်။ ဒီလိုရောဂါဖြစ်တာကိုကျယ်ကျယ် ပြန့်ပြန့် သတင်း မထွက်အောင်ဖုံးဖိထားဖို့ ဒေါ်အောင်ဆန်းစုကြည်က လည်းလိုလား လျှက်ရှိပါ တယ်။
မဲဆွယ်စည်းရုံးရေး ခရီးစဉ်များမှာ မကြာခဏမူးလဲခြင်းများ ထပ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဆေးစစ်မှု များထပ်မံ ပြုလုပ်ချက်အရ ယခင်ဖြစ်ပွားခဲ့သော သားအိမ်ခေါင်းကင်ဆာ လက္ခဏာ များထပ်မံ တွေ့ရှိရတယ်လို့ သူ့ရဲ့မိသားစုဆရာဝန်ကပြောပါတယ်။

Wednesday, 7 October 2015

ဘီလူးလေးမွေးတာ ဟုတ်မဟုတ်( နယ်တွေဘက်ကအယူအဆအတွက် )

 
~၉-၈-၂၀၁၅ ရက်နေ့ လွိုင်ကော်ဆေးရုံမှာ မွေးဖွားခဲ့တဲ့ ကလေးအကြောင်း ဆေးပညာရှုထောင့်မှ လေ့လာခြင်း
(ကြောက်တတ်သူများအတွက် ပုံကို အချို့နေရာ ဖျက်ထားပါသည်)
၁~ဒါ အရုပ်မပာုတ်ပါဘူး လိမ်ဇာတ်လည်းမပာုတ်ပါဘူး!!
၂~ဘာသာရေးအရ ဆို လူကြီးမင်းတို့ပြောသလိုပါပဲ ဒီကလေးကံမကောင်ရှာပါဘူး မိဘနှစ်ပါးလည်းကံမကောင်းရှာပါဘူး
၃~ဆေးပညာအရ နိုင်ငံသကာမှာ မှတ်တမ်းတွေအများကြီးရှိခဲ့ပါတယ်!! Congenital Ichthyosisလို့လည်းခေါ်ပါတယ်!Gene Mutationကြောင်အစပြုသွားနိုင်သလိုမျိုးရိုးဗီဇကြောင့်လဲရနိုင်ပါတယ်။AnySex Any Age Any population!! ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်ယောကျာ်းမိန်မမရွေးပါ !!
အရမ်းကိုရှားပါးလွန်းပါတယ်!!ဒါကြောင့် ထူးဆန်းအံ့ဖွယ်လိုဖြစ်နေတာပါ။
ဖြေချက်~ မျိုးရိုးဗီဇလိုက်လား?? လိုက်ပါတယ်!!
ဒါဆိုဘာလို့ အဖြစ်မများလည်း??? Autosomal Recessive လို့ခေါ်တဲ့မျိုးရိုးအလိုက်ပါတာပါ!! ဒါမျိုးဖြစ်ဖို့ဆိုတာ အဖေ နဲ့အမေ နှစ်ဖက်လုံးနဲ့ဆိုင်ပါတယ် !! (အမျိုးအချင်းချင်းယူတာနောက်မှဆက်ရှင်းပြမယ်)
အဖေဘက်ကမျိုးရိုးကလည်း Carrier (geneသယ်ဆောင်သူ/ငုတ်gene)အမေဘက်ကလည်း သယ်ဆောင်သူ(ငုတ်gene) ဒီနှစ်ဦးလုံးမှာမှ ရနိုင်တာပါ ကလေး၎ယောက်မွေးရင် ၁ယောက်ဖြစ်တတ်တယ်!
ဒါကိုရှင်းအောင်ပြန်ပြောရရင် Carrier ဆိုတာ သူ့မှာ ဒီဗီဇရှိတဲ့geneနဲ့ ကောင်းတဲ့ သာမန်Gene ၂ခု အမြဲရှိပါတယ်! ကောင်းတဲ့gene ရှိနေသရွေ့ ဘာမှမဖြစ်ပါဘူး ! Carrier ရှိတဲ့လူ

Thursday, 24 September 2015

မြွေအကိုက်ခံရလျှင် အချိန်မီအသက်ကယ်နိုင်ရန် ဒါတွေလုပ်ဆောင်ပေးပါ

(၁) လူနာကိုစိတ်အေးအေးထားဖို့ ပြောပါ။ ငါတို့ဆေးရုံသို့ အချိန်မီပို့ပေးပါ့မယ် စသဖြင့် အားပေးစကားပြောပါ။

(၂) မြွေကိုက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို မလှုပ်ရှားနိုင်အောင် လုပ်ပေးထားပါ။ လှုပ်လှုပ်ရှားရှားလုပ်ခြင်းဖြင့်သွေးလည်ပတ်မှု ပိုမြန်ပြီး ခန္ဓာကိုယ်တွင်း အဆိပ်ပျံ့နှုန်း ပိုမြန်စေသည်။
(၃) ဆွဲကြိုး၊ လက်ကောက်စသည်တို့ဝတ်ထားပါက ချွတ်ထားပေးပါ။ အ၀တ်အစားများ တင်းကျပ်နေပါက ဖြေလျှော့ပေးပါ။
 
(၄) လူနာကိုလှဲထားပါ။ သို့သော် ကိုယ်အထက်ပိုင်း သည် မြွေကိုက်ခံရသောနေရာထက် မြင့်နေပါစေ။
 
(၅) ရေ၊ ဆပ်ပြာတို့ဖြင့် မြွေကိုက်ခံရသောနေရာကို ဆေးကြောပေးပါ။
 
(၆) မြွေကိုက်ခံရသည့်နေရာသို့ ပတ်တီးစည်းပေးထားပါ။ ထိုသို့ပတ်တီးစည်းပေးခြင်းဖြင့် ထိုနေရာမှ သွေးများ အခြားနေရာသို့ စီးဆင်းမှုကို နှေးသွားစေသည်။
 

နာကျင်နေသော ဆီးစပ်များ (၁)

IBS, Middle pain, ဆီးခုံဆီးစပ်, နာကျင်မှု,
ဆီးခုံဆီးစပ် နာကျင်မှုကို အားလုံးခံစားကြမယ် ထင်ပါတယ်။

လူမှန်ရင် ကျားကျား၊ မမ အနည်းနဲ့ အများ ကြုံဖူးကြမယ့် ဝေဒနာတခုက ဆီးခုံ၊ ဆီးစပ် နာကျင်တာပါ။ ဆီးခုံ၊ ဆီးစပ် ဆိုတာ ကတော့ ဝမ်းဗိုက်ကြွက်သားတွေရဲ့အောက်ဘက် (ချက်အောက်ပိုင်း) နဲ့ ခြေထောက် (ပေါင်) တွေရဲ့ အထက်ပိုင်းကို ဆိုလိုတာပါ။ အမျိုးသမီးတွေ သွေးမဆုံးမီ ကာလမှာ ဖြစ်တာ၊ သာမန် လေထိုးတာလောက်က သိပ်မဆိုးလှ ပေမယ့် တချို့ အကြောင်းတွေကျတော့ ဆေးရုံဆေးခန်း သွားကို သွားရမယ့် အရေးပေါ် မီးနီပြ ဥသြဆွဲသံ ဖြစ်နေပြန် ပါတယ်။
အူအတက်ရောင်
ဘယ်ဘက်ဆီးစပ်မှာ စူးရှနာကျင်ပြီး အော့အန်မယ်၊ ဖျားမယ် ဆိုရင်တော့ အူအတက် ရောင်တာ ဖြစ်ဖို့ များပါတယ်။ ဒါတွေ ပူးတွဲ ဖြစ်ရင်တော့ အရေးပေါ်ကို ပြေးရပါလိမ့်မယ်။ ပိုးဝင်ပြီး ရောင်ရမ်းနေတဲ့ အူအတက်က ခွဲစိတ်ဖို့ လိုတတ် ပါတယ်။ ပေါက်ထွက် သွားရင်တော့ တကိုယ်လုံး ရောဂါပိုးတွေ ပျံ့နှံ့ ဝင်ရောက်ရာက အသက်အန္တရာယ် အထိ ဒုက္ခ ပေးပါတယ်။
အူမကြီးမတည်ငြိမ်

Monday, 14 September 2015

ရေဆာချိန်များတွင် ရေသောက်ပေးခြင်းဖြင့် ရောဂါခုနစ်မျိုးကို ကာကွယ်နိုင်

drinking
ရေဆာချိန်များ၌ ရေသောက်ခြင်းဖြင့်ရောဂါခုနစ်မျိုးကို ကာကွယ်သွားနိုင်ကြောင်းလူတစ်ဦးအနေဖြင့် တစ်နေ့လျှင် ရေရှစ်ခွက် နှစ်လီတာခန့် သောက်သုံးရန်လိုအပ် ကြောင်း မြန် မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းမှ သိရသည်။
ယင်းကဲ့သို့သောက်သုံးခြင်းဖြင့် ကျန်းမာရေးညီညွတ်စေမည့်အပြင် အသားအရေလှပစေရန်ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊လန်းဆန်းစွာ အလုပ်ကိုပိုမိုလုပ်ကိုင်နိုင်ခြင်း၊ ဆီးမှန်ဝမ်းမှန်ဖြစ်စေခြင်း၊ ပင်ပန်းနွမ်းနယ်မှု ကိုပြေပျောက်စေခြင်း၊ ခေါင်းကိုက် သက်သာစေခြင်းနှင့် အစာအိမ် အူ လမ်းကြောင်း ဆိုင်ရာ ကင်ဆာ ရောဂါဖြစ်နိုင် ခြေကို လျော့ကျစေခြင်းစသည့်ရောဂါခုနစ်မျိုးအား ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

Thursday, 11 June 2015

ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ


Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။ တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

A 1: ပုံမှန် ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အဝမှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော့တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ကိုယ်ဝန်ကို ပြဿနာ မတက်ပါ။

Wednesday, 10 June 2015

ပြဿသ နာတွေအပေါ် အဆိုးမြင်စိတ်နဲ့ဖြေရှင်းတက်သူတွေ အသက်တိုလေ့ရှိ


ဖိအားကင်းကင်းနေထိုင်ပြီး ဘဝကိုစိတ်အေးလက်အေးဖြတ်သန်းသူတွေဟာ သာမန်ထက်အသက်ပိုရှည်ကြောင်း လေ့လာချက်တစ်ရပ်က ဖော်ထုတ်လိုက်ပါတယ်။ ပြဿနာတစ်ခု ကြုံလာတဲ့အခါ အကောင်းမြင်စိတ်နဲ့ စိတ်အေးအေးထားပြီး ဖြေရှင်းတက်တဲ့သူတွေက ပိုပြီး အသက်ရှည်တယ်လို့ ပန်ဆိုင်လ်ဗာနီးယားပြည်နယ်တက္ကသိုလ်က လေ့လာသူတွေက ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။


လေ့လာချက်အရ အကောင်းမြင်စိတ်ဟာ ခန္ဓာကိုယ်ထဲမှ လောင်ကျွမ်းဓါတ်ပြုစေမှုကို လျှော့ချပေးပါတယ်။ နေ့စဉ်အလုပ်ခွင်နဲ့ လူမှုဘဝတွေမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုနဲ့ ဖိအားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို အဖြေထုတ်ဖို့အတွက် ဒီစစ်တမ်းကို လုပ်ခဲ့ကြတာပါ။ အထူးသဖြင့်တော့ ဖိအားတွေကို စိတ်အေးလက်အေး မဖြေရှင်းနိုင်တဲ့ အမျိုးသမီးတွေဟာ သာမန်ထက်ပိုအသက်တိုလေ့ရှိကြပါတယ်။ နေ့စဉ်သာ ဒီလိုဖြစ်ခဲ့မယ် ဆိုရင်တော့ အဲဒီသူရဲ့ သက်တမ်းဟာ တကယ်ပဲတိုလာမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုသမီး၊ အမျိုးသား ၈၇၂ ဦးကိုစစ်တမ်းကောက်ယူပြီး လေ့လာခဲ့တာဖြစ်ပါတယ်။

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ


ကြွက်နို့ ပေါက်သူများ ဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။
ဆေးနည်း(၁)
ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။
ဆေးနည်း(၂)
ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

Thursday, 22 January 2015

ရခိုင်ရိုးရာ ကျေးလက်ဓလေ့တစ်ခု ဒိုးကစားခြင်း


ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက အထူးနှစ်သက်ကြသည်။
 လသာသောညများတွင်လည်းကောင်း
၊နေ့လည်နေ့ခင်း အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး "ညှို့မေ"ဖြင့် စ,ရသည်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate