Showing posts with label မူးရစ်ဆေးဝါး. Show all posts
Showing posts with label မူးရစ်ဆေးဝါး. Show all posts

Wednesday, 16 May 2018



~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)ပေါ် တာချီလိတ်အလွန် မယ်ဆိုင်အဝင် စစ်ဆေးရေးဂိတ်တွင် ခြေအိတ်ကြားထဲ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ထိုင်းအမျိုးသမီးအား ဖမ်းဆီးရမိ
========================================
မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား တာချီလိတ်အထွက် မယ်ဆိုင်အဝင် ထိုင်းဘက် ဂိတ်တွင် ခြေအိတ်အတွင်း မူးယစ်ဆေးဝါး သိုဝှက်သယ်ဆောင်လာသူ ထိုင်းနိုင်ငံသူ အမျိုးသမီးတစ်ဦးအား မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့ထံက သိရသည်။
"အဲ့ဒီ အမျိုးသမီး လမ်းလျှောက်လာတဲ့ ပုံစံက ပုံမှန်အတိုင်း မဟုတ်ဘဲ မသင်္ကာစရာဖြစ်လို့ ခေါ်စစ် လိုက်ရာကနေ သူ့ရဲ့ ခြေအိတ်ထဲက ရာမတွေကို မိတာ၊ ဒီမူးယစ်ဆေးဝါးတွေကို ဘယ်က ယူလာတာလဲ ဆိုတာကိုလည်း သိဖို့အတွက် ကျွန်တော်တို့ မြန်မာဘက်နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနေပါတယ်"ဟု မယ်ဆိုင်ဘက်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့ နံနက်(၈)နာရီကျော် ဝန်းကျင်အချိန်က တာချီလိတ်ဘက်မှ မယ်ဆိုင်ဘက်သို့ လမ်းလျှောက်ကာ ပြန်လည် ဝင်ရောက်လာသူ ထိုင်းနိုင်ငံသူ မူနီးမာကုသည် လမ်းလျှောက်လာသည်နေမှာ ပုံမှန်အတိုင်းမဟုတ်ဘဲ မသင်္ကာဖွယ်ဖြစ်နေသည့်အတွက်၎င်းအား Body Scan စက်ဖြင့် စစ်ဆေးရာမှ၎င်းစီးလာသည့် ဖိနစ်နှင့်ခြေအိတ်အတွင်းက စိတ်ကြွဆေးပြား စုစုပေါင်း (၈၀၀)ပြားကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသူသည် ထိုင်းနိုင်ငံ မယ်ကျန့်မြို့ မယ်လိုက်ရပ်ကွက်တွင် နေထိုင်သူ ထိုင်းနိုင်ငံသူ အသက်(၂၅)နှစ်ရှိ မူနီးမာကု(မ)ဖြစ်ပြီး၎င်းအား မယ်ဆိုင်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tuesday, 21 November 2017

ဘူးသီးတောင်မြို့နယ်၌ WYစိတ်ကြွဆေးပြား ၉ သိန်းကျော် သိမ်းဆည်း ရမိ


သိမ်းဆည်းရမိသည့် WY စိတ်ကြွဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ဘူးသီးတောင်မြို့နယ်၌ WYစိတ်ကြွဆေးပြား(၉၆၅,၂၅၀)ပြား သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ ၁၆း၄၀ နာရီ အချိန် ဘူးသီးတောင်မြို့၊ သပြေကုန်းရပ်ကွက်နေ၊ စိုးပိုင်(၄၂)နှစ် ၏ နေအိမ်တွင် တစ်ရပ်ကွက်တည်းနေ ဘသိန်းမောင်(၃၅)နှစ် မှ မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း သတင်းအရ စိုးပိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိုးပိုင်အား ဖမ်းဆီးရမိခဲ့ပြီး အိမ်နောက်ဖေးခန်းရှိ သံသေတ္တာ(၂)လုံးအတွင်းမှ WY စိတ်ကြွဆေးပြား(၉၇၅,၀၀၀)ပြား သိမ်းဆည်းရမိခဲ့သည့် အမှုမှ  တရားခံ စိုးပိုင်၏ဖော်ထုတ်ချက်အရ ထွက်ပြေးတိမ်းရှောင်နေသော ဘသိန်းမောင်သည် မူးယစ်ဆေးဝါးများအား ဘူးသီးတောင်မြို့နယ် အိုးသည်ရွာအနီး တောင်ကြောလမ်း ခြုံကြားအတွင်း၌လည်း  သိုဝှက်ထားကြောင်း သိရှိရ၍ နိုဝင်ဘာလ ၂၀ ရက်နေ့ ၁၅း၀၀နာရီ  အချိန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သွားရောက် ရှာဖွေရာ ဆာလာအိတ် (၅)အိတ် အတွင်းမှ WY စိတ်ကြွဆေးပြား (၉၉)ထုပ် (၁)ထုပ်လျှင် (၉၇၅၀)ပြားပါ စုစုပေါင်း စိတ်ကြွဆေးပြား ၉၆၅,၂၅၀ ပြားသိမ်းဆည်းရမိခဲ့ပြီး ဘသိန်းမောင်(ရှာဖွေဆဲ) အား ဘူးသီးတောင် မြို့မရဲစခန်း မယ(ပ)၈/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှု ဖွင့်စုံစမ်းလျက် ရှိကြောင်း  သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။  (Xinhua)

Wednesday, 22 June 2016

ထိုင်းတွင် အီး-စီးကရက် သုံးစွဲရောင်းချပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်မည်



ထိုင်းနိုင်ငံမှာ အီး-စီးကရက် လက်ဝယ် ပိုင်ဆိုင် ထားရှိ သူတွေကို ထောင်ဒဏ် ၅ နှစ်ထိ ပြစ်ဒဏ် ချမှတ် မယ်လို့ အွန်လိုင်း နာမည်ကျော် ရဲဌာန စာမျက်နှာ တခုဖြစ်တဲ့ “မာ့တ်ကာ” က အတည်ပြု လိုက်ပါတယ်။

ဥပဒေကို ချိုးဖောက်တဲ့ အီး-စီးကရက် အသုံးပြု သူတွေကို ထောင်ဒဏ် ၅ နှစ်နဲ့ ထုတ်လုပ် သူတွေကို ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနရဲ့ တားမြစ်မူးယစ်ဆေးဝါးစာရင်းထဲမှာ အက်ဖီတမင်း ပါဝင်လာခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံရှိ “မာ့တ်ကာ” အမည်ရ အွန်လိုင်းရဲဌာနမှ ရဲအရာရှိ ဆီရီ ရတ် ပီရန်ကူရဲ့ အကြံပြုချက်အနေနဲ့ ခုလို အရေးယူဖို့ ထွက်ပေါ်လာခဲ့တာပါ။

Tuesday, 10 May 2016

ရန်ကုန်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်နဲ့ဖမ်းဆီးနေ

...
မေလ ၁ရက်မှ မေလ ၇ ရက်အထိ မူးယစ်ဆေးဝါးအမှုမျိုးစုံ ၅၀ ဖမ်းဆီးထားနိုင်တယ်လို့လည်း သိရပါတယ်။

ယခုလနဲ့ ရှေ့လအတွင်း ရန်ကုန်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းဖို့ စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ သတင်းရရှိပါတယ်။
ဒဂုံစစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စီမံချက်နဲ့ မေလ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ ဖမ်းဆီးမယ့်အကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ခွဲ - ၃ မှ အရာရှိတစ်ဦးက 7Day Daily ကို

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate