ရှမ်း[သျှမ်း]သမိုင်း နှင့် ရှမ်း[သျှမ်း]လူမျိုးအကြောင်းတစ်စေ့တစ်စောင်း
ရှမ်းလူမျိုးများသည် အရှေ့တောင်အာရှဒေသတွင် နေထိုင်ကြသည့် တိုင်းလူမျိုးနွယ် တစ်စုဖြစ်သည်။ ရှမ်းလူမျိုးများသည် အဓိကအားဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် နေထိုင်ကြပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်နှင့် နီးစပ်သည့် တရုတ်၊ ထိုင်းနယ်စပ်များတွင်လည်း ရှမ်းလူမျိုးများကို နည်းများမဆို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သည့် ရှမ်းလူမျိုး ၆ သန်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

