Showing posts with label ရေဘေး သတင်း. Show all posts
Showing posts with label ရေဘေး သတင်း. Show all posts

Friday, 15 June 2018

မင်းပြားမြို့နယ်မှ ရေလွှမ်းမိုးခံနေရသော ကျေးရွားများအတွက် စက်လှေနှင့် အစားအသောက်များလိုအပ်နေ












Credit: Narinjara

#Unicode Version#
ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားမြို့နှင့် ကျေးရွာများ ရေလွှမ်းမိုးခံနေရပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာများမှ လူများ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေရပြီး သောက်ရေများလိုအပ်နေသည့်အပြင် တစ်ချို့ကျေးရွာများတွင် ရွှေ့ပြောင်းရန် စက်လှေများလည်း လိုအပ်နေသည်ဟု သိရသည်။

မင်းပြားတစ်မြို့လုံး ရေလွှမ်းမိုးခံနေရပြီး၊ ရေနိမ့်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များမှ လူများ ရွှေ့ပြောင်း နေရသည်ဟုဆိုသည်။

“ကျနော်တို့ မင်းပြားမှာ ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ မင်းဗာကြီး၊ အောင်သာယာနဲ့ သပြေညို ရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုပိုများပြီး အိမ်တွေငယ်တော့ အိမ်ကြီးတွေကို ရွှေ့ကြတယ်၊ တစ်ချို့က ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့နေကြပါတယ်”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ်တွင် ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ကျေးရွာပေါင်း ၃၀ ကျော်၌ ရေလွှမ်းမိုးမှု အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

“ပန်းမြောင်းကြီးချောင်း အနီးတဝိုက် ကျေးရွာတွေက လူတွေက ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်လို့ ပြောပါတယ်။ တစ်ချို့ရွာတွေမှာ လူတစ်ရပ်ကျော်လောက် မြုပ်နေပြီးတော့ ဖုံသာချောင်းတစ်လျှောက်မှာလေ့ ရေမြုပ်နေပါတယ်။ အခြေအနေ ဆိုးရွာတာကတော့ ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးနဲ့ အသေကာလ ကျေးရွာတွေမှာ အိမ်တွေအားလုံး မြုပ်နေပါတယ်”ဟု ဦးသိန်းစံကပြောသည်။

ရေလွှမ်းမိုးမှုကြောင့် ရေကန်များပါ နစ်မြုပ်နေပြီး သောက်ရေများ လိုအပ်နေသည်ဟု သိရသည်။

“ရေကတော့ ကျေးရွာတွေမှာ အနည်းဆုံး ၄ ပေလောက် တက်နေပါတယ်။ နိမ့်တဲ့ ကျေးရွာတွေမှာဆိုရင် ၅ ပေလောက်ရှိပါတယ်။ လူတွေကတော့ အိမ်တစ်ဆောင်မှာ တစ်ယောက်လောက် ကျန်နေခဲ့ပြီးတော့ ကျန်တဲ့လူတွေက အိမ်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောင်ခြေရင်းတွေကို ပြောင်းရွှေ့နေရပါတယ်။ အခုလောလောဆယ် အဓိကအခက်အခဲက သောက်ရေပါပဲ”ဟု ရေနစ်မြုပ်နေသည့် ကျေးရွာများဖြစ်သည့် အသေကာလ၊ ကုလားမတောင်၊ ချင်းဆိပ်၊ တောတန်းနှင့် ဒုံကြီးကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

ယင်းအပြင် တစ်ချို့ကျေးရွာများ၌ လူများရွှေ့ပြောင်းရန် စက်လှေများ အခက်အခဲရှိနေသည်ဟု သိရသည်။

“ပွဲရကန်ဆိပ်ကျေးရွာကလူတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အိမ်ကြီးတွေကို ရွှေ့ပြောင်းနေရပါတယ်။ အခု အခက်အခဲတစ်ခု ရှိနေတာကတော့ လူတွေရွှေ့ပြောင်းဖို့အတွက် စက်လှေတွေ လိုအပ်နေပါတယ်”ဟု ပွဲရကန်ဆိပ်ကျေးရွာမှ ဦးမောင်သိန်းရွှေကပြောသည်။

ပန်းမြောင်းကြီးချောင်းအနီးရှိ ကပ်ပဲကျေးရွာတွင်လည်း ရေ ၁၀ ပေခန့်နစ်မြုပ်နေသည့်အတွက် ကျေးရွာသားများ ကျေးရွာကို စွန့်ခွာ၍ တောင်ခြေရင်းသို့ ထွက်ပြေးသွားခဲ့ကြရပြီး၊ ဘုန်ကြီးကျောင်းလည်း နောက်တစ်ပေလောက် ရေတက်လျှင် ရေနစ်မြုပ်တော့မည်ဖြစ်ကြောင်း၊ သိရသည်။

(ဓာတ်ပုံ- ကိုအမ်းသားကြီး)

Credit: Narinjara
https://www.facebook.com/Narinjara

Thursday, 14 June 2018

မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်

Min Byar water float 1
မြန်မာပြည် ဒေသအနှံ့အပြားမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြို့တွေ၊ နယ်တွေ အသီးသီးမှာ ရေကြီးမှုတွေနဲ့ တွေ့ကြုံနေရသလို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာလည်း  ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပါတယ်။
မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “မနေ့က ရေစတက်နေတယ်။ ဒီကနေ့မှာ လေးမြို့မြစ်ရဲ့ စိုးရိမ်အမှတ်ကို ရောက်နေပြီခင်ဗျ။ ရွာကတော့ ၂၀ ကျော် ရေနစ်မြုပ်နေပြီ။ မင်းပြားမြို့ ရပ်ကွက်တချို့တွေနဲ့ ကျေးရွာတွေမှာ နစ်မြုပ်နေတာပါ။ မင်းပြားမြို့ထဲမှာဆိုရင် ရေ ၂ ပေကနေ ၃ ပေအထိ တက်နေတယ်။ မင်းပြားမြို့နယ်၊ လေးမြို့ချောင်းနဲ့ ပန်းမြောင်းကြီးချောင်းဘက်တွေမှာ ဆိုရင် ရေ ၄ ပေအထိ တက်နေတယ်” လို့ ပြောပါတယ်။
မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း ကျေးရွာတွေဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၄ ပေအထိ တက်နေတာပါ။
ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာလည်း မင်းတမ်းမ၊ လက်ခုပ်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေမှာလည်း ရေ ၄ ပေကျော်ထိ တက်နေတယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ မင်းပြားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ သက်ဆိုင်ရာကတဆင့် ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားစာ ပို့ထားပြီးပြီ၊ အဲဒီမှာ ကျေးရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ထားဖို့ ပြောထားပါတယ်။ အဲ့ဒီမှာ တောင်ကုန်းထက်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ စာသင်ကျောင်းတွေ ရှိတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်း ရေကြီးမှုတွေကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာလည်း စာသင်ကျောင်းတချို့ကို ပိတ်ထားရပါတယ်။
ဝဏ္ဏခွာညို

Tuesday, 29 May 2018

မုန်တိုင်းငယ် ကျောက်ဖြူနှင့် မာန်အောင်အကြား ဖြတ်ကျော်ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့ မေ ၂၉ ရက် ညနေပိုင်းမှာ  ရခိုင်ပြည်နယ် အလယ်ပိုင်းကမ်းခြေကို မာန်အောင်မြို့နဲ့ ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော် ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ဒီမနက် ၉ နာရီကျော်လောက်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်း ဗဟိုချက်အနီးမှာ လေတိုက်နှုန်းအများဆုံး တနာရီ ၄၅ မိုင်လောက်နဲ့ တခါတရံ တနာရီ မိုင် ၅၀ နှုန်းလောက်နဲ့ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းထောင့်ကြီး၊ မအီ၊ ကျောက်ဖြူ၊ မာန်အောင်၊ ငပလီ၊ ကျိန္တလီ စတဲ့ မြို့နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး လေပြင်း တနာရီ မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်  အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနကလည်း ဒီမနက် ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဒေါက်တာထွန်းလွင်

Saturday, 19 August 2017

မြန်မာနိုင်ငံရေဘေးကယ်ဆယ်ရေးပစ္စည်းများအား ဝေဠုကျော်ကိုယ်တိုင် လာရောက်လက်ခံ

 ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့အ​ခြေစိုက်​ ရခိုင် မျိုးဆက်သစ် လူငယ်များအစည်းအရုံး(AGYO) နှင့် မယ်တောင်တိုက် လူထုအခြေပြု အဖွဲ့အစည်းတို့ ပူးပေါင်းကာ အလှူကောက်ခံထားသော မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများအား ကိုဝေဠုကျော်မှ လာရောက် လက်ခံနေစဉ်။
မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေအတွက် လှူဒါန်းပေးကြသော မြန်မာရွှေ့ပြောင်း ညီကိုမောင်နှမများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း - 19/8/2017 - AGYO















Thursday, 17 August 2017

စလင်းမြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေပေါင်း ၁၇၅ အိမ် ပြောင်းရွှေ့ရ

salin flood 17082017 E
ဧရာဝတီမြစ်ရေတိုက်စားခဲ့တာကြောင့် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်၊ ဆင်မကျွန်းအုပ်စုက ရေလည်စုကျေးရွာနဲ့ ချင်းပစ်ကျေးရွာက အိမ်ခြေပေါင်း ၁၇၅ အိမ် ပြောင်းရွှေ့ခဲ့ရပါတယ်။
ဧရာဝတီမြစ်ရေ တိုက်စားခဲ့တာကြောင့် မြစ်ကမ်းပါးတွေဟာ ဇူလိုင်လဆန်းပိုင်းကတည်းက ဆက်တိုက်ပြိုကျနေတာပါ။
ဆင်မကျွန်းဟာ မြစ်ကျိုးအင်းတခုလို ဖြစ်နေတာကြောင့် ရေစီးဝင်လာတဲ့နေရာကို ပိတ်ပေးနိုင်ရင် ကမ်းပါးတွေပြိုတာ သက်သာနိုင်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မြစ်ကမ်းပါးတွေပြိုတာ ၅ နှစ်လောက်အတွင်းမှာ နှစ်ခါလောက်ရှိပြီး အိမ်ဝိုင်းမြေနေရာ တကွက်ကို ၁၂ သိန်းပေးရတဲ့ ကိုင်းမြေတွေလည်း ကမ်းပါးပြိုတဲ့အထဲ ပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဒေသမှာ မြစ်ကမ်းပါးပြိုတာ နှစ်စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတခုဖြစ်ပြီး ရေရှည်အတွက် မြစ်ကမ်းပါး ထိန်းသိမ်းရေး သီးသန့်ဘတ်ဂျက်ရရှိဖို့ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စလင်းမြို့နယ် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
မြစ်ကမ်းပါးတွေ စပြိုစဉ်က တအိမ်ထောင်ကို လူ/ကယ်ပြန် ဝန်ကြီးဌာနက  ငွေကျပ် ၁ သိန်းနဲ့ တပတ်စာ ဆန် ထောက်ပံ့ပေးခဲ့ပြီး အခုနောက်ပိုင်းမှ ပြောင်းရွှေ့နေရတဲ့ အိမ်ထောင်စုတွေအတွက် ဆက်လက် တင်ပြထားတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/224503

တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးကြီးနိုင်

ဧရာဝတီမြစ်ရေတက်လာတာကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတာကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၆ ခုတို့မှာ နောက် ၂ ရက်လောက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပင်လယ်ပြင်မှာလည်း မိုးသည်းပြီး လေပြင်းထန်နိုင်တဲ့အတွက် ပင်လယ်ခရီးသွားမယ့်သူတွေအနေနဲ့ သတိထားဖို့ လိုအပ်တယ်လို့လည်း မိုးလေ၀နဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြော ပါတယ်။

"မုတ်သုန်အင်အား ကောင်းနေတယ်။ ကောင်းနေပြီးတော့မှ တိမ်ကတော့ များသောအားဖြင့် ဒီပင်လယ်ထဲ မှာ များတယ်ပေါ့နော်။ ပင်လယ်ပြင်မှာပဲ အဓိက မိုးသည်းထန်နိုင်ပြီးတော့မှ လေပြင်းတိုက်မှုဖြစ်စဉ်တွေ ပင်လယ်မှာတော့ ဖြစ်နိုင်တယ်ပေါ့နော်။ ကုန်းပေါ်မှာတော့ နေရာကွက်မိုးကြီးမှု ဖြစ်စဉ်တွေ ဖြစ်နိုင် တယ်ပေါ့နော်။ အထူးသဖြင့်တော့ မြစ်ဝကျွန်းပေါ်၊ မွန်၊ တနင်္သာရီကမ်းရိုးတစ်လျှောက်သွားနေ တဲ့ ပြည်သူတွေအနေနဲ့ ပင်လယ်ထဲမှာလည်း ခုနကပြောသလို မိုးသက်လေပြင်းကျနိုင်တဲ့ အနေထားလေးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ပင်လယ်ပြင်ခရီးသွားမယ်ဆိုရင်တော့ သတိပြုသွားလာဖို့ လိုပါတယ်"

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ကထုတ်ပြန်ထားတာပါ။

ဒါ့အပြင် မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာလည်း မိုးရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ဧရာဝတီမြစ်ရေဟာ ရွှေကူနဲ့ ကသာမြို့၊ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတယ်လို့ သတိပေးထား ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Sunday, 6 August 2017

မြန်မာနိုင်ငံအတွင်း ရေဘေးဒုက္ခသည်များအတွက် မယ်ပခြေစွပ်စက်ရုံမိသားစုမှ လှူဒါန်း



6.8.2017 – Mae Sot – (AGYO)
ထိုင်းနိုင်ငံ မဲဆောက်မြို့ ပယ်ပရပ်ကွက် ခြေစွပ်စက်ရုံ မှ မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများစုပေါင်းကာ မြန်မာနိုင်ငံအတွင်း ကျရောက်နေသော ရေဘေး ဒုက္ခသည်များအတွက် အခုလို မိမိတို့၏ တလ လုပ်အားခ ချွေးနည်းစာများဖြင့် မိမိတို့ တတ်နိုင်တဲ့ ဘတ်မှ အလှူငွေ ၊ အဝတ်ထည်၊ မာမားထုတ်များတို့ အပါအဝင် ပစ္စည်းများကို ဝိုင်းဝန်း ကူညီ လှူဒါန်းခဲ့ကြပါတယ်။
ထိုင်းဘတ် - ၉၆၆၂ ဘတ်
မြန်မာငွေ - ၄၀၀၀ ကျပ်
တခြား- မာမားထုတ်၊ အဝတ်ထည်များ








Saturday, 22 July 2017

မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအတွက် ဝိုင်းဝန်း ကူညီပေးကြပါစို့




ထိုင်းနိုင်ငံတဝန်းနဲ့ နိုင်ငံခြား နေရာအသီးသီးမှာ ရောက်ရှိနေကြတဲ့ ရွှေမြန်မာများခင်ဗျား အခုဆိုရင် အကျွန်ုပ်တို့ အမိမြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် နဲ့ ကြုံတွေ့နေရပါသဖြင့် မိမိတို့ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြုံနေကြရသူများအတွက် ပရဟိတစိတ်ထားလေးနဲ့ဝိုင်းဝန်းကူညီ လှူဒါန်း  ပေးကြပါရန်  မေတ္တာရပ်ခံအပ်ပါသည်။
ပထမကာလ မြစ်ရေကြီးချိန်မှာ သေဆုံးသူ ၂ဦးရှိခဲ့သလိုမြန်မာပြည်အနှံ့မှာ ရေဘေးသင့်ပြည်သူ ၉သောင်းနီး ပါးလောက်ရှိခဲ့ပြီး ပါတယ်ရေကြီးရေလျံမှု အဓိက ကြုံတွေ့ခဲ့ရတဲ့ဒေသတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့ဖြစ်ပါတယ်။ ချင်းတွင်း၊  ဧရာဝတီနဲ့ သံလွင်မြစ်ရေကြီးတာကြောင့် ဇူလိုင်လဆန်းမှ ဒီနေ့အချိန်ထိ ရေဘေးသင့်ပြည်သူ  ၉သောင်းလောက် ရှိပြီး မကွေးတိုင်းမှာ အဆိုးဝါးဆုံးခံစားရတယ်လို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့  ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနကသိရပါတယ်။
 တနိုင်ငံလုံးအနေအထားမှာ ၉သောင်း ပတ်ဝန်းကျင်လောက်ရှိပါတယ်
 ရေဘေးသင့်တဲ့ နေရာများ
စစ်ကိုင်းတိုင်းဒေသကြီးမှာဆိုရင် ခန္တီး၊ မော်လိုက်၊ မင်းကင်း၊ နောက် မုံရွာတို့ဖြစ်ပြီ ပခုက္ကူက ၃သောင်း ကျော်ပါတယ်။
  န္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်က ရေဘေးရှောင်ပြည်သူတွေ ဘုန်းကြီးကျောင်းတွေနဲ့ လမ်းဘေး ၀ဲယာတွေမှာ ခိုလှုံနေကြရပြီး စားဝတ်နေရေး အခက်ကြုံနေရသလို စာသင်ကျောင်း ၅၀ ခန့်လည်း ယာယီပိတ်ထားရပါတယ
သို့ဖြစ်ပါ၍ ပရဟိတ စိတ်ထားကို အရင်းခံကာ မြန်မာပြည့်အနှံ့ ကြုံတွေ့နေကြရတဲ့ သဘာဝဘေးအန္တရာယ် ခံစားနေကြရတဲ့ မိဘပြည့်သူ ညီကိုမောင်နှမများအတွက် ဝိုင်ဝန်း ကူညီပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
မဲဆောက်မြို့ မယ်တောင်တိုက် (လူထုအဖွဲ့အစည်း) ကိုဝင်းဇော်ဦး ဖုန်းနံပါတ် - +66906812360
ရခိုင်မျိုးဆက်သစ် လူငယ်များအစည်းအရုံး(AGYO) ဖုန်းနံပါတ်များ - ဇင်မျိုး - +66836643107 - ဦးလူမော် +66875347157 တို့ကို ဆက်သွယ်နိုင်ပါတယ်။  
လှူဒါန်းနိုင်သော ပစ္စည်းများ ငွေသား၊ဆံနှင့် အဝတ်ထည်များကို မိမိတို့ တတ်နိုင်သမျှ ကူညီ လလှူဒါန်းပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate