Showing posts with label ရခိုင့်ယဉ်ကျေးမှု. Show all posts
Showing posts with label ရခိုင့်ယဉ်ကျေးမှု. Show all posts

Saturday, 26 January 2019

တိုင်းရက္ခသာကီနွယ်​ဖွား ဆို သဇင်မိုး​ ​ရေး ကိုကြီး


တိုင်းရက္ခသာကီနွယ်​ဖွား
...............................
ဆို - သဇင်မိုး
ရေး - ကိုကြီး
ရိုက်​ကူး - ခိုင်​မြတ်​ထွန်း . ​မောင်​ခိုင်​ဆန်း
အကအဖွဲ. ထိုင်းနိုင်​ငံ မဲ​ဆေက်​မြို့ ရခိုင်​ရိုးရာအဖွဲ့
(ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
https://www.agyo.org/
https://www.facebook.com/agyoarakan/
https://twitter.com/agyo_arakan
email : agyo.arakan@gmail.com
Phone / +66836643107

တာဝန်​ ​ရေးဆို လွှမ်းမိုးသူ

တာဝန်
.........
ရေးဆို - လွှမ်းမိုးသူ
ကင်​မရာ . ​မောင်​ခိုင်​ဆန်း . ခိုင်​မြတ်​ထွန်း
အကအဖွဲ . ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့ ရခိုင်​ရိုးရာအကအဖွဲ့
(ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
https://www.agyo.org/
https://www.facebook.com/agyoarakan/
https://twitter.com/agyo_arakan
email : agyo.arakan@gmail.com
Phone / +66836643107

မဲ​ဆောက်​ တိုင်းရင်းသား​ပေါင်းစုံ ရိုးရာယဉ်​​ကျေးမှု ထိန်းသိမ်း​ရေး ပွဲက မှတ်​တမ်းဖိုင်

မဲ​ဆောက်​ တိုင်းရင်းသား​ပေါင်းစုံ ရိုးရာယဉ်​​ကျေးမှု ထိန်းသိမ်း​ရေး ပွဲ
(ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
https://www.agyo.org/
https://www.facebook.com/agyoarakan/
https://twitter.com/agyo_arakan
email : agyo.arakan@gmail.com
Phone / +66836643107

ထိုင်း မြန်မာ တိုင်းရင်းပေါင်းပေါင်းစုံ ရိုးရာယဉ်ကျေးမှုပွဲတော်

ထိုင်းနိုင်ငံ မဲဆောက်မြို့ ထိုင်း - မြန်မာ တိုင်းရင်းပေါင်းပေါင်းစုံ ရိုးရာယဉ်ကျေးမှုပွဲတော် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်နေ့ မှာ ရခိုင်တိုင်းရင်းသားများကိုယ်စားပြု မဲဆောက်ရောက် ရခိုင်သူ ရခိုင်သားများ ပါဝင်ဆင်နွဲထားသော လမ်းလျှောက် ချီတက် ရိုးရာယဉ်ကျေးမှုအကအလှများနှင့် ပုံရိပ်တချို့ကိုတင်ပေးလိုက်ပါသည်။ မကြာခင်မှာ မိမိတို့ ရိုးရာယဉ်ကျေးမှုများကို မည်သို့ မည်ဖုံ ပါဝင်ဆင်နွဲခဲ့ကြသည်ကို ဗွီတီယိုခွေများကြည့်ရှုနိုင်ရန် မျှဝေပေးသွားမည်ဖြစ်ပါသည်။ အမျိုးရို့ ပြန်ဗမာ Share ပီးကတ်ပါနန်း ဆက်သွယ်ဖို့ ဖုန်းနံပါတ် - 0836643107 ကင်မရာ - မောင်ခိုင်ဆန်း - ခိုင်မြတ်ထွန်း AGYO ARAKAN www.agyo.org (ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။ https://www.agyo.org/ https://www.facebook.com/agyoarakan/ https://twitter.com/agyo_arakan email : agyo.arakan@gmail.com Phone / +66836643107

Tuesday, 30 October 2018

လေးဝတီ ကိုကိုနိုင်ဗျာလ

လေးဝတီ ကိုကိုနိုင်ဗျာလ
လာမဲ့ ၁.၁.၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးမှ ထိုင်း + မြန်မာ တိုင်းရင်းသားပေါင်းစုံ ရိုးရာ ထိမ်းသိမ်းဖေါ်ထုတ်ပြသ စုံညီပွဲတော်မှာ ရခိုင်တိုင်းရင်းသားများ ကိုယ်စားပြု ပါဝင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်လေ့ကျင်းနေခြင်း
(ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
https://www.agyo.org/
https://www.facebook.com/agyoarakan/
https://twitter.com/agyo_arakan
email : agyo.arakan@gmail.com
Phone / +66836643107

Saturday, 6 January 2018

တိုင်းရင်းသား စုံညီပွဲတော် ရခိုင်​ ​ယောင်္ကျားအက

တိုင်းရင်းသား စုံညီပွဲတော် ရခိုင် ယောင်္ကျားချေအက
ထိုင်းနိုင်ငံ မဲဆောက်မြို့ ထိုင်း မြန်မာ တိုင်းရင်းသား ပေါင်းစုံ ရိုးရာ ထိမ်းသိမ်းဖေါ်ထုတ်ရေး ပွဲတွင် ရခိုင်တိုင်းရင်းသားများကိုယ်စားပြု ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (AGYO) မှ ဦးဆောင်ကာသွားရောက် ပါဝင်ခဲ့ကြပါတယ်။
မင်္ဂလာစည်တော် အဖွဲ့ - AWO - မောင်မောင်သန်း
                              - AHREM - ပြည်သိန်း
မယ်တော်အောက်ရွာ ပန်းထိမ်အဖွဲ - သန်းစိုး - ပိုင်စိုး - ဆန်းစိုး
အကအဖွဲ့ - ဇင်မျိုး - (AGYO) - အဂ္ဂဖြိုး - အာဒန် - ခိုင်ရဲလင်း -ဒီဝန်း - ဇော်မျိုး (AHREM )
Youtube
(ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
https://www.agyo.org/
https://www.facebook.com/agyoarakan/
https://twitter.com/agyo_arakan
email : agyo.arakan@gmail.com
Phone / +66836643107

ရုပ်သံ ကြည့်ရန်

Sunday, 29 October 2017

Arakan Generation Youth Oraganization (AGYO) - Meeting - 29.10.2017


ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(AGYO) မှ လာမည့် ၂၀၁၈ ဇွန်လ ၁၊၂၊ရက်နေ့မှာ ရခိုင်ရိုးရာ ယဉ်ကျေးမှု နဲ့ ရိုးရာ ဝတ်စား ဆင်ယင်မှု ရိုးရာ အကများဖြင့် နှစ်စဉ် ပါဝင်သွားနိုင်ရေးအတွက် အဖွဲ့သားများ စုပေါင်းကာ အစည်းအဝေး တရပ်ကို ပြုလုပ် တိုင်ပင်ခဲ့ကြပါတယ်။
သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံ မဲဆောက်ဒေသမှာရှိကြတဲ့ အမျိုးတို့လည်း ပါဝင်နိုင်ရန် ..
ဖုန်းနံပါတ် - 0836643107 ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်။







Tuesday, 18 April 2017

ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ


၁၇.၄.၂၀၁၇ ရက်၊နေ့လယ်(၁)နာရီ၊ ပြည်တွင်းသတင်း

ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ
MNTV News
....

Friday, 27 January 2017

မြောက်ဦးမြို့ရှိ အနန္ဒစန္ဒြရကျောက်စာကို UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနစ် စာရင်းဝင်ရန် ကြိုးပမ်းမည်


စံမောင်သန်း၊ စစ်တွေ - နိရဉ္စရာ၊ ဇန်န၀ါရီ ၂၆
ရခိုင် ဝေသာလီခေတ်က အနန္ဒစန္ဒြရမင်ရေးထိုးထားခဲ့သော အနန္ဒစန္ဒြရကျောက်စာကို UNESCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မီတီက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ဇန်န၀ါရီလ ၂၅ ရက်နေ့ နံနက်မှ နေ့လယ်ပိုင်း အထိ ပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေးက ယင်းသို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
“ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မတီရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို လုပ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကိုယ်တိုင် တက်ရောက်ပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ UNESCO က တာဝန်ရှိသူဖြစ်တဲ့ ဒေါ်ဥမ္မာမျိုးတို့အဖွဲ့
ရခိုင်ပြည်နယ်ကို လာရောက်ဖို့ ရှိပါတယ်။ သူတို့ လာရောက်ပြီး ဆွေးနွေးတဲ့အခါမှာ ဘယ်ဟာကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းဖို့ တင်သွင်းကြမလဲ ဆိုတာကို ဆွေးနွေးတဲ့အခါမှာ အနန္ဒစန္ဒြကျောက်စာကို တင်ပြကြမယ်လို့တော့ သဘောတူညီထားကြပါတယ်။ အရှေ့တောင်အာရှမှာ အစောဆုံးကျောက်စာကို ပြပါဆိုရင် အနန္ဒစန္ဒြမင်းကျောက်စာဟာ အစောဆုံးပဲလေ”ဟု ရခိုင်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ပြည်နယ်ကော်မတီ၏ အဖွဲ့ဝင် ဒေါ်ခင်သန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ယခင်က မြောက်ဦးမြို့တော်ကို အရှေ့တောင်အာရှ၏ ခံတပ်မြို့အဖြစ် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အောင် ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း မြို့တော်၏ ကျုံးများ၊ မြောင်းများကို ပြန်လည် တူးဖေါ်မှု လုပ်ရမည်ဖြစ်ပြီး လုပ်ရမည့် လုပ်ကွက် ကျယ်ပြန့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြစေတီ ကျောက်စာတစ်ခုတည်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ၀င်သလိုမျိုး အနန္ဒစန္ဒြကျောက်စာကို တင်သွင်းရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်ရိုးရာ ယဉ်ကျေးမှု ဖေါ်ထုတ်ပွဲ - ထိုင်းနိုင်ငံ


ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော် အောက်ရွာ ဘုန်းတော်ကြီးကျောင်းတွင် နှစ်စဉ် နှစ်တိုင်း တိုင်းရင်းသားများ ရိုးရာ ယဉ်ကျေးမှု ဖေါ်ထုတ်ပွဲတွင် ဒုတိယ အကြိမ်မြောက် ရခိုင်တိုင်းရင်းသားများ ကိုယ်စား (AGYO) ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး မှ သွားရောက်ယှဉ်ပြိုင်ခဲ့စဉ်က ရရှိခဲ့သော ကျောက်စိမ်းသီးသန့်ဖြင့် ပြုလုပ်ထားသော ပုံလေးဖြစ်ပါတယ်။
(AGYO) 1.1.2017

Sunday, 15 May 2016

ဘာသာစကားတိ ပျောက်ကွယ်လားနီရခြင်း

အသံဖိုင် နားဆင်ရန်.............
ရခိုင်ဆိုစွာ
--------
ရခိုင်ဆိုစွာ..
တယောက်တည်းထိုင် လဒမှိုင်လို့ ပျင်းရေဆိုပနာ အဖော်ရှာရေ --။
ရခိုင်ဆိုစွာ..
တယောက်က နှစ်ယောက် စုပြီးအဖော် ရပြီးသော်ကား ပျော်ရေဆိုပနာ ပုလင်းကိုင်လို့ ဇာတိနာကို ထုတ်ပြရေ -
ရခိုင်ဆိုစွာ..
အယစ်ရည်ဖတ် ကိုယ့်ခြီထောက်ကို ကိုယ့်မနိုင်ခါ
“ငါ့ဝေး…ရခိုင်” ပုလင်းကိုင်းယင်း အမျိုးချစ်ကြောင်း ဖင်ဟောင်းလောင်းနန့် ခတောင်းမပါ လူတိရှိမှာ ရူးခြင်းပေါ်ရေ --။
ရခိုင်ဆိုစွာ..
ဝိုင်းကာသောက်ကာ ဇာတိနာကို ပုလင်းထောင်ယင်း သောက်နီယင်းမှာ မဆုံးပါသိမ့် ရခိုင်အချင်းချင်း ဓားဆွဲဒုတ်ဆွဲ ကော်ပနာဆဲကေ ထိုးကတ်သတ်ကတ် ခွတ်ကတ်ပြန်ရေ --။
ရခိုင်ဆိုစွာ..
“အမျိုးသီလ နှစ်ဌာနကို စောင့်နိုင်ခ” လို့ ပိုင်ဆိုင်ခရ ဒေနာမကို ဆက်ပြီးကေရာ မထိမ်းပါကေ
နောင်လာနောက်သား ရခိုင်များအတွက် မှတ်တမ်းတင်ခါ ရခိုင်ဆိုစွာ ဟောင်ဖွာ ဟောင်ဖွာ --။
ကျောက်ဖြူသားချေ
(၃၀-၆-၂၀၀၉)

Thursday, 7 April 2016

နှစ်သစ်ကူးသင်္ကြန်ပွဲတော်

Date   3.4.2016
Time : 17:0018:00
DJ  .    Zin Myo
ရခိုင်တို့သည် ဆယ့်နှစ်ရာသီပွဲတော်များအနက် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အနှစ်သာရရှိရှိ တမူထူးခြား စွာ ကျင်းပကြသည်။ သင်္ကြန်မကျမီ ရက်အနည်းငယ်ခန့်ကပင် သက်ဆိုင်ရာ ရပ်ကွက်အသီးသီးမှ ရပ်ကွက် လူကြီးများသည် သင်္ကြန်ပွဲတော် စည်ကားစွာဖြစ်မြောက်ရေးအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ ဘုရားရေ သပ္ပါယ်ရန် အလှူငွေများ ကောက်ခံခြင်း ပြုလုပ်ကြသည်။ သင်္ကြန်အကြိုနေ့တွင် ရပ်ကွက်တိုင်း ရပ်ကွက် တိုင်း၌ မဏ္ဍာပ်ကြီးငယ်များ တည်ဆောက်ပြီး ကရမက်၊ နံသာဖြူ၊ နံသာနီ အစရှိသော အမွှေးတုံးတို့ကို ကလေးငယ်များ၊ အမျိုးသား၊ အမျိုးသမီးတို့ စုပေါင်းလျက် နံသာသွေးကြသည်။ အချို့ကလည်း ဗုံမောင်းများ တီးခတ်၍ သင်္ကြန်သံချပ်များကို သီဆိုကာ ကခုန်မြူးတူးကြသည်။ သင်္ကြန်အကြိုနေ့ကို "နံသာသွီးနိန့်"

Tuesday, 1 March 2016

ရခိုင်စာပီ နန့် ရခိုင်အက္ခရာကွဲပြားပုံ


Date/ 29.2.2016
Time : 18:00:18:00
Dj   . Mg Zin Myo
မောင်္ဂလာပါ အေတစ်ပါတ်မှာ ရခိုင်သားတိ အငြင်းပွားနီဂတ်တေ ရခိုင်စာပီနန့် ရခိုင်အက္ခရာ အကြောင်းကို တစိချေလောက် ယှင်းပြလားဖို့ ဖြိုက်ပါရေ ..အေ ပို့ကိုတော့ internationalarakanesestudentmonks ဘလော့က  က August 12, 2009 နိမှာ တင်ထားရေ ပို့ကို အားပီး နားထောင်နီ ဂတ်တေ ပရိတ်သရို့ကို ပြန်လို့ မျှဝီပီးရခြင်းဖြိုက်ပါရေ… အပြည့်အစုံကိုဒေနိမှာ ပြန်ပြင်တင်ီးလိုက်ပါရေ ..

 ရခိုင်စာပီလို့ ပြောလိုက်ကေ ကွိကွိချေ ကောက်ကောက်ချေ အက္ခရာတိကို ပြီးပနာမြင်တတ်ကတ်စွာက ရခိုင်သားတိ အလေ့အကျင့်ဖြစ်နီယာ။ အက္ခရာနန့် စာပီမတူဆိုစွာကို သတိထားရေလူ က နည်းရေ။ ယင်းအတွက် ဇာမာလဲ ရခိုင်စာပီ ဗမာအက္ခရာနန့်ချည်းဗျယ် ရီးနီကတ်တေဂါးလို့ တစ်ချို့က ပြောကတ်ပန်ယာ။ ယေခါ အရာတစ်တိုင်က မဟုတ်ဝေး ဒေချင့်စွာ ရခိုင်စာလို့ တုန့်ပြန် ကတ်တေ။ ရယ်ဖို့လေ့ကောင်းယင့်။ ဇာပိုင်ပင်ပြောပြော အေဂုရိုက်ပြနီရေ အက္ခရာကို ရခိုင်က ဗမာထက်စောပနာ သုံးနီခစွာဒေါ့ခါ ငြင်းမလွတ် အမှန်။ ယေဒါလေ့ ဇော်ဂျီဖောင့်ကို ဗမာတိက တီထွင်ပစ်ကတ်တေအတွက် ဒေချင့်စွာ ဗမာအက္ခရာဆိုကေလေ့ အကျွန်ုပ် မငြင်းပါ။ အေနီရာမာ ပြောချင်စွာက အက္ခရာနန့် စာပီမတူစွာကို ပြောချင်စွာ။ အိန်းဂလိခ်ျမာ အက္ခရာကို Alphabet (အောက်လ်ဖေလ်ဘက် ) လို့ခေါ်ရေ စာပီကို Literature (လက်တီသျှာ) လို့ခေါ်ရေ။ ဒေချင့်နှစ်ခုက မတူ။ အက္ခရာဆိုစွာ စာပီမဟုတ်၊ စာပီဆိုစွာ အက္ခရာ မဟုတ်။ မတူကေလေ့ ခွဲပစ်လို့မရ၊ ဒေချင့်နှစ်ခုကိုပေါင်းမရာ စာပီတစ်ခု ရုပ်လုံးပေါ်ဖို့။ Alphabet အက္ခရာဆိုစွာ Language (လန်းဂွေ့)ဆိုရေ ဘာသာစကားတစ်ခုက ပေါက်ဖွားလာရေ Literature (လက်တီသျှာ)  စာပီကို မှတ်တမ်းတင်ထားဖို့  အိန်းဂလိခ်ျမာ  ဝေါဟာရနန့် Symbol (ဆင့်(စ်)ဗို)သင်္ကေတတိ ဖြစ်ကတ်တေ။ ယင်းအတွက် လူမျိုးအများကြီး နိုင်ငံတိအများကြီးက အက္ခရာတစ်ခုတည်းကို သုံးနီကတ်ကေလေ့ စာပီကမတူ အခြားအခြားစီရာ။ Latin (လက်တင်) သို့မဟုတ် Roman (ရုံမန်) လို့ခေါ်ရေ အက္ခရာကို

Wednesday, 24 February 2016

မေလတ်ဖြူ (နှင့်) ချီသမင်

အခါတပါးတွင် တော်မြိုင်ကြီးတခုအတွင်း၌ ချီသမင်တကောင်နှင့် ကျီးကန်းငှက်တကောင်သည် အဆွီခင်ပွန်းဖြစ်လျှက်နီ၏။ တောအုပ်ကြီးနှင့်မနီးမ၀ီးသော ကျောက်ထရံကြီးအခုအတွင်းတွင် ဂူခေါင်းဖောက်လျှက် ခဲဝါအိုကြီးတကောင်လည်းဟိ၏။ ထိုခဲဝါအိုကြီးသည် ချီသမင်ငယ်နှင့် ကျီးကန်းငှက် မိတ်ဆွီဖြစ်လျှက်ဟိသည်ကို မနာလို ၀န်တိုဖြစ်လျှက်ဟိ၏။ တနိသောအခါ တောင်ကြောင်းမျှောင်လျှက် ချောင်းကမ်းနဖူး တလင်းပြင်၌ ချီသမင်ငယ်သည် အစာရှာစားလျှက်ဟိစဉ် ခဲဝါအိုကြီးလာလျှက်ပြောသည်မှာ အသင်နှင့် အကျွန်ုပ်သည် ခြီလေးချောင်းသတ္တ၀ါများဖြစ်ပါသည်။ မိတ်ဆွီဖွဲ့လျှင် အသင်နှင့် အကျွန်ုပ်သာလျှင် မိတ်ဆွီဖြစ်သင့်သည်။ ထိုကျီးကန်းမှာမူကား ခြီနှစ်ချောင်းသတ္တ၀ါရာဖြစ်ပါ၏။ ထို့ကြောင့် အဆွီခင်ပွန်းမဖွဲ့သင့်ပါဟုဆို၏။ အကျွန်ုပ်နှင့်မိတ်ဆွီဖြစ်လျှင်မူကား အသင်ချီသမင်မှာ နုနုဖျားဖျားစပါးကောက်ယင်များကို ၀စွာ စားရလိမ့်မည်မချွတ်ဖြစ်သည်ဟုဆို၏။ ချီသမင်ငယ်လည်း ခဲဝါအိုကြီးစကားကိုယုံမှားလျှက် လိုက်သည်တွင် လယ်ကွင်ပြင်၌ အသင့်ထောင်ထားသော ညွှတ်ကွင်းတွင်မိလီ၏။ ထိုအခါ ချီသမင်ငယ်မှာ ခဲဝါအိုကြီးအား ကူပါကယ်ပါပြောလီ၏။ ခဲဝါအိုကြီးပြောသည်မှာ အကျွန်ုပ်သည် အမဲသားမစားသော

Saturday, 2 January 2016

ထိုင်းနိုင်ငံ မဲဆောက်မြို့ နှစ်သစ်ကူးအကြို လမ်းလျှောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ ပဌမအကြိမ်ပါဝင်ခဲ့


ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ရွာတွင် နှစ်စဉ်အနှစ် ၁၀ ကျော်ကျင်းပလာခဲ့သော
နှစ်သစ်ကူးအကြို လမ်းလျှောက်ပွဲတွင် မိမိတို့ရဲ့ တိုင်းရင်းသား ရိုးရာအကတို့ဖြင့် ပါဝင်ခဲ့ရာတွင် ရခိုင်တိုင်းရင်းသားများမှာ ၂၀၁၆ တွင်အစ ပဌမနှစ် ပါဝင်ခဲ့သည်။ ယခုလို မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုများအား ထိုင်းလူထုများနှင့်တစ်ခြားသောတိုင်းရင်သား အများပြည်သူရှေ့မှာချပြနိုင်ရန်အတွက် အဖက်ဖက်မှ အားတက်သရော စိတ်ပင်ပန်း လူပင်ပန်းခံပြီး ပါဝင်းကူညီခဲ့ကြသော ရခိုင့်ဖွဲ့အစည်းများ၊ ရခိုင်မျိုးဆက်သစ် လူငယ် မောင်မယ်များနှင့် ကျင်းပပွဲအတွက် ကုန်ကစရိတ်များကိုလည်း

Friday, 1 January 2016

ထိုင်းနိုင်ငံ မဲဆောက်မြို့ နှစ်သစ်ကူးအကြို လမ်းလျှောက်ပွဲတွင် ရခိုင်တိုင်းရင်းသားများ ပဌမအကြိမ်ပါဝင်ခဲ့

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော
နှစ်သစ်ကူးအကြို လမ်းလျှောက်ပွဲတွင် မိမိတို့ရဲ့ တိုင်းရင်းသား ရိုးရာအကတို့ဖြင့် ပါဝင်ခဲ့ရာတွင် ရခိုင်တိုင်းရင်းသားများမှာ အစ ပဌမနှစ် ဆိုင်းမဆစ် ဗုံမဆစ် ပါဝင် ခဲ့ရသော်လည်း ပဌမဆုနှင့် အကောင်းဆုံးသော နှစ်သိမ့် ဆုတို့ကိုပါချီးမြှင့်ခြင်း ခံခဲ့ရပါသည်။ ယခုလို ပါဝင် ချိန်ပြိန်နိုင်ရန်အတွက် အဖက်ဖက်မှ အားတက်သရော ပါဝင်းခဲ့ကြသော ရခိုင်မျိုးဆက်သစ် လူငယ် မောင်မယ်များအား ကျေးဇူးအထူးတင်ရှိပါကြောင်း.. AGYO.Arakanese

Monday, 16 November 2015

ရခိုင်ပြည်နယ် သမိုင်းနှင့်အနေအထား



 ရခိုင်လူမျိုးတို့ အစဉ်တစ်စိုက် နေထိုင်သော ရခိုင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိတည်ရှိပြီး၊ ရှေးအခါက ရခိုင်ဘုရင်များ အုပ်စိုးရာ တိုင်းပြည်နိုင်ငံ ဖြစ်ခဲ့၏။ အေဒီ ၁၅ ရာစုမှ ၁၇ ရာစုအတွင်း ရှေးရခိုင်ဘုရင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနှင့် အိန္ဒိယနိုင်ငံ တြိပူရဒေသတို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်းနိုင်ခဲ့သည်။ ရခိုင်ဘုရင်များ တန်ခိုး အထွတ်အထိပ်သို့ ရောက်ရှိစဉ် ရခိုင် ဘုရင့်နိုင်ငံ၏ အကျယ်အ၀န်းသည် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှ မော်လမြိုင် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် ကျယ်ပြန့်ခဲ့သည်။ ရခိုင်လူမျိုးတို့၏ မူရင်း ရခိုင်ပြည် သည် ဘင်္ဂလားနယ်စပ် နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်းနယ်မြေ) အထိ ရှည်လျားသော ရခိုင်ကမ်းရိုးတန်းဒေသ ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း
လက်ရှိ ရခိုင်ပြည်နယ်‌သည် ၁၄၂၀၀ စတုရန်းမိုင်ကျယ်ဝန်းသည်။ ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြှောင်ဒေသတွင်တည်ရှိသည်။ မြန်မာပြည်မနှင့် လမ်းပန်းဆက်သွယ်ရေး အားဖြင့်၊ ကုန်းလမ်း၊ လေကြောင်းလမ်းနှင့် ရေလမ်းတို့ဖြင့် ဆက်သွယ်ထားသည်။ ရှေး ရခိုင်လူမျိုးတို့၏ ယာဉ်ကျေးမှု

Friday, 14 August 2015

Monday, 25 May 2015

ရခိုင်တို့၏ ရင်ဘတ်တိုင်းမှာ ရှိနေရမည့် အမှတ်တံဆိပ်


ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ရောက်ရှိနေကြသော ရခိုင်အမျိုးသား၊ အမျိုး သမီးများ အနေဖြင့် နိုင်ငံတကားအခမ်းအနားပွဲ  တက်ရောက်ကြ ရာ တွင်၎င်း ၊ အခြားလူမျိုးများနှင့် တိုင်းရင်းသားတို့၏ ရိုးရာပွဲ များ၊ အခမ်းအနားပွဲ များသို့ တက်ရောက်ကြရာတွင်၎င်း၊၊ INGOs NGOs များမှ  ပြလုပ် သော အခမ်းအနားများ တက်ရောက်ကြရာ တွင်၎င်း၊ရခိုင်လူမျိုးတိုင်း၏ ရင်ဘတ်ပေါ်တွင် ရှိနေသင့်သည့် ရခိုင်အမှတ်တံဆိပ်  

agyo . ရခိုင်ဂေါင်းပေါင်းများ (အုပ်ပေါင်း ) (ရစ်ပေါင်း)

ရခိုင်မူ ရခိုင်ဟန် ဘယ်ချ ဂေါင်းပေါင်း(ရစ်ပေါင်း နှင့် အုပ်ပေါင်း)            ရခိုင်လူမျိုးတို့မှာ ဂေါင်းပေါင်းသုံးမျိုးရှိသည်ဟု မြင်တွေ့ သိရှိရပါ သည်။ ၄င်းတို့မှာ ရစ်၍ပေါင်းရသောဂေါင်းပေါင်း ၊အုပ်၍ ပေါင်းရသောဂေါင်းပေါင်း၊ကြက်သရေဂေါင်းပေါင်း ဟူ၍ ဖြစ်သည်။ ရစ်ပေါင်းကို လူငယ် လူလတ်များက ပေါင်းလေ့ရှိကြပြီး ၊အုပ်ပေါင်း နှင့် ကြက်သရေပေါင်းကို လူလတ်ပိုင်းနှင့် သက်ကြီး ပိုင်းများက လူမှုရေး၊ဘာသာရေး၊နိုင်ငံရေး အခမ်းအနားများ၊ တွင်ပေါင်းကြ သည်ကိုတွေ့မြင်ရပါသည်။ယနေ့ရခိုင်လူမျိုးတို့သည်

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate