Showing posts with label အလုပ်သမား အသိပညာပေး. Show all posts
Showing posts with label အလုပ်သမား အသိပညာပေး. Show all posts

Friday, 18 May 2018

ထိုင်းရောက်မြန်မာအလုပ်သမားများ မဖြစ် မနေ သိမှတ်ထားသင့်သော ပကန်ဆာခွန် (လူမှုဖူလုံရေး) ประกันสังคม အကြောင်းပါ

ပကန်ဆာခွန် (လူမှုဖူလုံရေး) ประกันสังคม
လုပ်ငန်းခွင်ပြင်ပတွင်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဒုက္ခိ တဖြစ်ခြင်း၊ သေဆုံးခြင်း၊ ကလေးမွေးဖွားခြင်း၊ ကလေးစာရိတ်ရရှိခြင်း၊ (ပင်စင်စားစာရိတ်ရရှိခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်း ရွှေ့ပြောင်းအလုပ်သမားများမရနိုင်သေး) တို့တွင်ခံစားခွင့်များရရှိစေရန် စီစဉ်ဆောင် ရွက်ပေးသည့်အာမခံရန်ပုံငွေတစ်ခုဖြစ်သည်။ လူမှုဖူလုံရေးရန်ပုံငွေ(ပကန်ဆာခုမ်အားဥပဒေတစ်ရပ်အဖြစ်ပြဌာန်းထားပြီး အလုပ်ရှင်နှင့်တကွထိုင်းနိုင်ငံ အတွင်းအလုပ်လုပ်ကြသောမည်သည့်အလုပ်သမားများအားလုံးအတွက်လူမျိုး ဘာသာမခွဲခြားပဲလိုက်နာ လုပ်ဆောင် ရန်ရှိသည်။လိုက်နာဆောင်ရွက်ခြင်းမရှိသောအလုပ်ရှင်များအား ငွေဒဏ် ထောင်ဒဏ် အထိ အပြစ်ပေးနိုင်သည်။ 
 အာမခံရန်ပုံငွေစုဆောင်းရမည့်စည်းကမ်း
အာမခံရန်ပုံငွေအလုပ်ရှင်နှင့် အလုပ်သမားတို့က လစဉ်ဝင်ငွေကိုတွက်ချက်ပြီးလစဉ်တိုင်းပေးသွင်းရမည်။ ထိုသို့တွက်ချက်ရာတွင် အနိမ့်ဆုံးဝင်ငွေ ၁၆၅၀ ဘတ်မှ အမြင့်ဆုံး ၁၅၀၀၀ ဘတ်ကို မူတည်၍ တွက်ချက် မည်ဖြစ်ပြီး အစိုးရကလည်း တစ်စိတ်တစ်ပိုင်းထည့်ဝင်ရမည်ဖြစ်သည်။
ထိုရန်ပုံငွေကိုထိုင်းအလုပ်သမားနှင့် ပတ်စ်ပို့်ရှိသော ရွှေ့ပြောင်းအလုပ်သမားတိုင်း မဖြစ်မနေထည့်ဝင် ရမည်ဟု အလုပ်သမားဥပဒေကပြဌာန်းထားရှိရမည်။
ဘယ်သူတွေက ဘယ်လို ဘယ်လောက်ထည့်ဝင်ရမလဲ….?
အလုပ်ရှင်အလုပ်သမားအစိုးရတို့က သုံးပွင့်ဆိုင်ထည့်ဝင်ရမည်ဖြစ်ပြီး အလုပ်သမားရရှိသော ဝင်ငွေ၏ ၅%ကိုအလုပ်ရှင်နှင့်အလုပ်သမားတို့က ညီတူညီမျှထည့်ဝင်ရမည်ဖြစ်ပြီး အစိုးရက ၂.၇၅%ကိုထည့်ဝင်ရ မည်ဖြစ် သည်။
လူမှုဖူလုံရေး အာမခံရံပုံငွေ( ပကန်ဆာခုမ်) ကိုဘယ်လိုထည့်သွင်းရမလဲ…?
အလုပ်ရှင် အလုပ်သမား လုပ်အားခရှင်းပေးသည့်အခါ သတ်မှတ်ထားသောရာခိုင်နှုံးအတိုင်း လုပ်အားခထဲမှဖြတ်တောက်ပြီး အလုပ်ရှင်သည်လည်း အလုပ်သမားထည့်ဝင်သည့် ငွေပမာဏအတိုင်း ထပ်မံပေါင်းထည့်ကာ နယ်မြေ ခရိုင် ဌာနခွဲများသို့ လစဉ်(၁၅)ရက်နေ့နောက်ဆုံးထားပြီး ကိုယ်တိုင်ဖြစ်စေ စာတိုက်မှဖြစ်စေ ပို့ဆောင်ပေးသွင်းရမှာဖြစ်သည်။
အကယ်၍များသတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမပြုဘဲပျက်ကွက်ပါက ပျက်ကွက်သည့်ငွေပမာဏအား တစ်လလျှင်၂ % အတိုးပေါင်းကာ သက်ဆိုင်ရာ ပကန်ဆာခုမ်ရုံးတွင်သွားရောက်ပေးသွင်းရမည်။ အကယ်၍များ လူမှုဖူလုံရေးအာမခံရန်ပုံငွေ(ပကန်ဆာခုမ်)အား(၆)လအထိဆက်တိုက်မသွင်းပါက လူမှုဖူ လုံရေး အာမခံရန်ပုံငွေ မှ အကျိုးခံစားခွင့်ရရှိတော့မှာမဟုတ်ပါ။
မှတ်ချက်// // အလုပ်ရှင်များက သူ့တို့အတွက်ပေးသွင်းထားသော်လည်း အလုပ်သမားများအတွက်မပေး သွင်းလိုသဖြင့် ပကန်ဆာခုမ်ပြုပေးခြင်းမရှိသလို အလုပ်သမားများကလည်း ငါနေကောင်းနေတာပဲ ဘာမှ မဖြစ်ဘူး ပကန်ဆာခုမ်သွင်းတာ ငွေသတ်သတ်ကုန်တာပဲဆိုပြီး မသွင်းခြင်ကြခြင်းကြောင့် အမှန်တကယ် တစ်စုံတစ်ခုဖြစ်ပွားလာပါက အလုပ်ရှင်ကလည်းတာဝန်မယူ ပကန်ဆာခုမ်လည်းမရှိ အတိဒုက္ခရောက်ရ သူမှာ အလုပ်သမားသာဖြစ်ခြင်းကြောင့် လူမှုဖူလုံရေး(ပကန်ဆာခုမ်)ကို မဖြစ်မနေလုပ်ထားသင့်သည်။
လူမှုဖူလုံရေး (ပကန်ဆာခုမ်)မှရရှိသောခံစားခွင့်များ
 (၁)လုပ်ငန်းခွင်အတွင်းမဟုတ်သောထိခိုက်ဒဏ်ရာရရှိခြင်း ရောဂါဖြစ်ခြင်းများအတွက် ဆေးကုမှု လုပ်အားခခံစားခွင့် ဖျားနာ သွားနှုတ် သွားဖာ သွားချေးချွတ် သွားတုတပ် ခန္ဒာကိုယ်အစိတ် အပိုင်းအစားထိုး ခြင်းနှင့်ကုသခြင်း ကျောက်ကပ်တုဖြင့် ကျောက်ကပ်ဆေးခြင်း အူလမ်းကြောင်းဆေးခြင်း နှင့် ကျော်ပ်ပက် ဆီးချူခြင်း ရိုးတွင်းချဉ်ဆီလဲခြင်း မျက်ကြည်လွှာခွဲစိတ်ကုသခြင်းများကို လုပ်ဆောင်နိုင်ပြီး ထိုခံစားမှုများအတွက် လူမှုဖူလုံရေး ရန်ပုံငွေ (ပကန်ဆာခုမ်)သို့ အနည်းဆုံး(၃)လပေးသွင်းပြီးမှသာလျှင်ခံစားခွင့်ရှိသည်။
(၂) ဒုက္ခိတဖြစ်ခြင်းအတွက် ဆေးကုသခြင်းနှင့် ဝန်ဆောင်မှုစာရိတ်ဝင်လျှော့ခြင်းအတွက် နစ်နာကြေး ခန္ဒွာ ကိုယ်အစားထိုးတပ်ဆင်ခြင်း ခန္ဒာကိုယ်ပြန်လည်ကြံ့ခိုင်နိုင်ရေး လေ့ကျင့်ခြင်း အသက်ဆုံးရှုံးသွားပါက အသုဘစာရိတ်နှင့်ထောက်ပံ့ကြေးပေးအပ်ခြင်းတို့ကိုပကန်ဆာခုမ် သို့အနည်းဆုံး (၃)လပေးသွင့်းပြီးမှ ခံစားခွင့်ရှိသည်။
ဒုက္ခိတဖြစ်သူသည် ဝင်ငွေဆုံးရှုံးခြင်းကြောင့် နစ်နာကြေးအဖြစ် လုပ်အားခ၏ ၅၀%ကိုလစဉ်လတိုင်း ခံစား ခွင့်ရှိပြီး တစ်သက်စာရရှိမည်ဖြစ်သည်။ ဆေးကုသစာရိတ် အဖြစ်အမှန်တကယ်ကုန်ကျသည့် အတိုင်းတစ် ကြိမ်လျှင် ၂၀၀၀ ဘတ်ထက်မကျော်သော ငွေခံစားခွင့်ရရှိမည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာကြံ့ခိုင်မှုလေ့ကျင့်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူခြင်းတို့ အတွက် လူမှုဖူလုံရေး ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လေ့ကျင့်ရေးစာရိတ်ကို အမှန်တ ကယ် ကုန်သည့် အတိုင်း တစ်ဦးလျှင် (၄၀၀၀၀)ဘတ်ထက် မကျော်သော ခံစားခွင့်ရရှိမည်ဖြစ်သည်။
(၃)သေဆုံးခြင်းအတွက် အသုဘစာရိတ်နှင့်ထောက်ပံ့ကြေးအဖြစ် ၄၀၀၀၀ ကိုရရှိမည်ဖြစ်ပြီး ပကန်ဆာခုမ် ကိုအနည်းဆုံး(၁)လပေးသွင်းပြီးမှသာလျှင် ခံစားခွင့်ရရှိမည်ဖြစ်သည်။
(၄)မီးဖွားခြင်းများအတွက် ဆေးကုသခြင်းနှင့်ဝန်ဆောင်မှုစာရိတ်အဖြစ် ၁၃၀၀၀ ကိုရရှိမည်ဖြစ်ပြီး အနည်း ဆုံး (၇)လပေးသွင်းပြီးမှသာလျှင်ယခင် ဥပဒေ (ယခုလက်ရှိဥပဒေအရ ) အနည်းဆုံး ငါးလ ပေးသွင်း ထားပြီးမှသာခံစားခွင့်ရရှိမည်ဖြစ်သည်။
(၅) အသက် ၆ နှစ်ထက်မကျော်သေးသည့် တရားဝင်သားသမီးများအတွက် တစ်လလျှင် ၄၀၀ ဘတ်ကိုလည်း ရရှိမည်ဖြစ်ပြီး လူမှုဖူလုံရေး ပကန်ဆာခုမ်သို့အနည်းဆုံး(၁)နှစ်ပေးသွင့်းပြီးမှသာလျှင် ခံစားခွင့်ရရှိမည်ဖြစ် သည်။
(၆) အလုပ်လက်မဲ့ ထောက်ပံ့ကြေး အလုပ်ထုတ်ခံရပါက ထောက်ပံ့ကြေးအဖြစ်လစာ၏ ၅၀%ကိုတစ်ကြိမ် လျှင် ရက်ပေါင်း ၁၈၀ ထက်မကျော်ပဲခံစားခွင့်ရရှိမည်ဖြစ်သည်၊ အလုပ်မှနှုတ်ထွက်ခြင်း(သို့) စာချုပ်သက် တမ်းပြည့်၍ အလုပ်မှရပ်စဲခြင်းများအတွက် လစာ၏ ၃၀%ကိုရက်ပေါင်း (၉၀)ထက်မကျော်သောကာလ အထိရရှိမည်ဖြစ်ပြီး ပကန်ဆာခုမ်သို့အနည်းဆုံး(၆)လပေးသွင့်ပြီးမှသာလျှင်ခံစားခွင့်ရရှိမည်ဖြစ်သည်။
(၇) အသက်ကြီးပင်စင်အတွက် ပင်စင်စာရိတ်ကို အသက်(၅၅)နှစ်ပြည့်ပြီးလူမှုဖူလုံရေး ပကန်ဆာခုမ်သို့ အနည်းဆုံးလပေါင်း၁၈၀(၁၅)နှစ် ပေးသွင်းထားမှသာ ရရှိမည်ဖြစ်သည်၊ သက်ကြီးပင်စင် စာရိတ်အဖြစ်
နောက်ဆုံးလစာ လပေါင်း ၆၀ ၏ ၂၀%ရရှိမည်ဖြစ်ပြီး လူမှုဖူလုံရေးရန်ပုံငွေသို့ ငွေးပေးသွင်းသူ အဖြစ် ရပ်ဆိုင်းထားသူဖြစ်ရမည်။ လပေါင်း၁၈၀ အထက်ကျော်သည်အထိငွေပေးသွင်းထားသူဖြစ်ပါက အထက်
ဖော်ပြပါ ၂၀%အပြင်တစ်ရာလျှင် ၁.၅%ကိုတစ်နှစ်ပြည့်တိုင်း ထပ်ပေါင်းထောက်ပံ့ကြေး ရရှိမည်ဖြစ်ပြီး မိမိပေးသွင်းသောကာလ အလိုက် လစဉ်အငြိမ်းစား လခခံစားခွင့်ရရှိမည်ဖြစ်သည်။မှတ်ချက်.......
အလုပ်လက်မဲ့ဖြစ်သည်နောက် ရက်ပေါင်း(၃၀)အတွင်း အလုပ်လက်မဲ့မှတ်ပုံတင်ကို အလုပ်သမားရှာဖွေရေးဌာနတွင်သွားရောက်ပြုလုပ်ထားမှသာ ထောက်ပံကြေးတောင်းခံနိုင်မှာဖြစ်သည်။
****” အထူးမှတ်ချက် ” ********
အမှတ်စဉ် (၆-၇)တို့တွင်ရွှေ့ပြောင်းအလုပ်သမားများအတွက်ခံစားခွင့်ရရှိရန်မလွယ်ကူသေးပါအကြောင်း မှာ ရွှေ့ပြောင်းအလုပ်သမားအများစုသည် နေရာဌာနတစ်ခုသို့ပြောင်းရွှေ့ကြသလို အသက်ကြီးပင်စင်စား သည့်အထိလည်း အလုပ်မလုပ်လိုကြပေ။
မှတ်ချက်........ 
အလုပ်လက်မဲ့ဖြစ်သည့်နောက်မှစပြီး ရက်ပေါင်း(၃၀)အတွင်းအလုပ်လက်မဲ့မှတ်ပုံတင်ကို အလုပ်သမားရှာဖွေရေးဌာနသို့သွားရောက်ပြုလုပ်ထားမှသာထောက်ပံ့ကြေးများကိုခံစားခွင့်ရရှိမည်ဖြစ်သည်။
MWRN

Friday, 11 May 2018

အလုပ်ထွက်ခြင်းနှင့် အလုပ်စာချုပ်ဖျက်သိမ်းခြင်း


  1. 1️⃣အလုပ်ရှင်ဘက်မှ မည်သည့်အကြောင်းပြချက်ဖြင့်မဆို အလုပ်ဆက်မခန့်လိုလျှင်၊
  2. 2️⃣️အလုပ်သမားဘက်မှ ထိုအလုပ်ရှင်ဆီ အလုပ်ဆက်မလုပ်လိုလျှင်၊
  3. 3️⃣️အလုပ်သမားဘက်မှ မည်သည့်အကြောင်းပြချက်ဖြင့်မဆို အလုပ်ထွက်လိုလျှင်၊

(၂-၅လပိုင်း-၂၀၁၈) တွင် အတည်ပြုလိုက်သော ထိုင်းနိုင်ငံနိုင်ငံခြားအလုပ်သမား ဥပဒေအသစ်အရအစမ်းခန့်ကာလ (၇) ရက် အတွင်း အလုပ်စာချုပ်ဖျက်သိမ်းခွင့်ရှိသည်။
×××××××××××××××××××××××××××××××××××××××××××××××××

‼️အလုပ်ထွက်ပြီးလျှင်‼️

⚠️(၁၅) ရက်အတွင်း အလုပ်ရှင်မှ ထိုင်းအလုပ်သမားရုံးကို အကြောင်းကြားရမည်
⚠️ရက် (၃၀) အတွင်း ထိုင်းအလုပ်သမားရုံးတွင် အလုပ်ရှင်သစ်ပြောင်းနိုင်သည်။ အလုပ်သမားခန့်အပ်ရန် ကျခံထားသည့် စာရိတ်အတွက် အလုပ်ရှင်အသစ်မှ အလုပ်ရှင်ဟောင်းထံ လျော်ကြေးငွေပေးရမည်။
⚠️အလုပ်သမားမှ စာချုပ်ဖျက်သိမ်းပါက အလုပ်သမားအားခန့်အပ်ရန် ကျခံထားသည့် စာရိတ်ကို အလုပ်ရှင်ဟောင်းထံ ပြန်လျော်ပေးရမည်။
⚠️အလုပ်ထွက်ပြီး (၃၀) ရက်အတွင်း အလုပ်ရှင်သစ်မရှိပါက ထိုင်းနိုင်ငံအတွင်း တာဝန် ယူခေါ်ဆောင်လာသူမှ အလုပ်သမားကို နေရပ်ပြန်ရန် စီစဉ်ပေးရမည်။ သတ်မှတ် ထားသည့်ရက်အတွင်း ပြန်လည်ပို့ဆောင်နိုင်ခြင်းမရှိပါက အလုပ်သမားရုံးကို (၃) ရက်အတွင်း အကြောင်းကြားရမည်။ အလုပ်သမားရုံးမှ အလုပ်သမားအား နေရပ်ပြန် ရန် စီစဉ်ပေးသွားမည်။

လေးစားစွာဖြင့်
အစ်ဆာရာ
📳အခမဲ့ဆက်သွယ်ရန် ဖုန်းဘေမစားတဲ့ဖုန်းနံပါတ် (1800010180)

ထိုင်းအစိုးရက အလုပ်ရှင်လိပ်စာနဲ့လုပ်ငန်းတည်နေရာကန့်သတ်မှု

ကို ဖြေလျော့ပေးလိုက်ပြီ။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရေကြည်ရာကနေ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(CTUM) ရွှေ့ပြောင်းအလုပ်သမားဌာနက ထိုင်းတာဝန်ခံ ကိုကျော်မြင့်ကို မေးမြန်းထားပါတယ်။
သူ့အနေနဲ့ ထိုင်းမှာရှိတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေကို အသိပညာမြှင့်တင်ပေးဖို့နဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့တာဝန်ယူထား
တာဖြစ်ပါတယ်။
မေး-ထိုင်းနိုင်ငံမှာ အလုပ်ရှင်လိပ်စာနဲ့လုပ်ငန်းတည်နေရာကန့်သတ်မှုကို ထိုင်းအစိုးရဖြေလျော့ပေး လိုက်ပြီလို့သိရတယ်။ အဲဒါက ဟုတ်ပါသလား။
ဖြေ- ဟုတ်ပါတယ်။
မေး - အဲဒါကမြန်မာရွှေ့ပြောင်းအလုပ်သမားတွေကော အကျုံးဝင်ပါသလား။ ဘယ်နေ့က ထုတ်ပြန်လိုက်တာပါလဲ။
ဖြေ - အကျုံးဝင်ပါတယ်။ မေလ(၂)ရက်နေ့က ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
မေး - အဲဒီဖြေလျော့မှုကို အလုပ်သမားတွေအနေနဲ့ ဘယ်နေ့ရက်ကစပြီးခံစားခွင့်ရမှာလဲ။
ဖြေ - ဇူလိုင်လ (၁) ရက်နေ့ကစပြီးခံစားခွင့်ရမှာဖြစ်ပါတယ်။
မေး - အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ ဒီကိစ္စက ဘယ်လောက်ထိအရေးပါသလဲ။
ဖြေ - ဒီဖြေလျော့မှုက အလုပ်ရှင်အလုပ်သမား ၂ ဘက်လုံးအတွက် အရေးပါပါတယ်။ ယခင်က အရေးယူမှုအပိုင်းတွေက ပြင်ထန်းပါတယ် ယခုကလျော့ပေါ့ပေးလိုက်တာတွေ့တယ်။
မေး - ဒီဖြေလျော့မှုကို ဘယ်လိုအလုပ်သမားတွေ ခံစားခွင့်ရှိတာလဲ။ အားလုံးလား ဒါမှမဟုတ် ဘယ်လိုလုပ်ငန်းခွင်အမျိုးအစားက အလုပ်သမားကပဲ ခံစားခွင့်ရှိတယ်ဆိုတာမျိုးကန့်သတ်ထား တာရှိသလား။
ဖြေ - အလုပ်သမားအားလုံး ခံစားခွင့်ရှိပါတယ်။
မေး- ဒီလိုလုပ် ပေးလိုက်တာက အလုပ်သမားတွေအတွက် အရင်ကထက် ဘာတွေကောင်းသွားသလဲ။
ဖြေ - ယခင်က ၀ပ်ပါမစ်ပါ လိပ်စာမှာဘဲနေထိုင်ရတယ်၊ ဇူလိုင်လ(၁)ရက်နေ့ကစပြီး မိမိနှစ် သက်ရာ နေရပ်လိပ်စာမှာနေထိုင်ပြီး အလုပ်ရှင်ထံသွားရောက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ နောက် တချက်ကတော့ အလုပ်ရှင်ရဲ့ဘယ်လုပ်ငန်းခွင်မဆို အလုပ်သမားက သွားရောက် လုပ်ကိုင်နိုင်မှာဖြစ်တယ်။ ဆိုလိုတာက အလုပ်ရုံက ခရိုင်မတူလဲရတယ် ဒါပေမဲ့ အလုပ်ရှင် နာမည်တော့တူရပါမယ်။ နောက်တချက်က အလုပ်ရှင်က အလုပ်သမားများထံမှ မလိုအပ် ဘဲ ငွေ ကြေးပိုမိုကောက်ခံခွင်မရှိတော့ပါဘူး။
မေး - အေဂျင်စီတွေနဲ့တရားဝင်သွားတဲ့အလုပ်သမားတွေကော ဒါကို ခံစားခွင့်ရှိပါသလား။
ဖြေ - ဟုတ်ကဲ့ရှိပါတယ်။ ထိုင်းနိုင်ငံကိုရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားအားလုံးဟာ တန်းတူ အခွင့်အရေးခံစားခွင့်ရှိပါတယ်။
မေး - သူတို့တွေကော ကိုယ်ကြိုက်တဲ့အလုပ်ရှင် ၊ နေရာတွေကို ပြောင်းလို့ရပါသလား။
ဖြေ - အလုပ်ရှင်ပြောင်းလဲလုပ်ကိုင်လိုပါက အောက်ပါ သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် ကိုက်ညီမှသာ ပြောင်းလဲ လုပ်ကိုင်နိုင်ပါတယ်။
- လုပ်ငန်းပိတ်သိမ်းခြင်း။
- အလုပ်ရှင်ကွယ်လွန်ခြင်း။
- အလုပ်ရှင်က အလုပ်ပြောင်းခွင့်ပြုခြင်း။
- အလုပ်ရှင်မှ ဥပဒေကို မလိုက်နာခြင်း။
- လုပ်ငန်းခွင်သည် အလုပ်သမား၏ ကျန်းမာရေးကို ထိခိုက်ခြင်း (စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ)
မေး-ဒီခံစားခွင့်ပြဌာန်းချက်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရက ပြစ်ဒဏ်တွေဘာတွေသတ်မှတ်ထားတာ မျိုးရှိပါသလား။
ဖြေ - အလုပ်သမားအနေနဲ့ ဥပဒေကို ချိုးဖောက်ခဲ့ရင် ငွေဒဏ် ၅ ထောင်မှ ၅ သောင်းဘတ် ထက်မကျော်တဲ့ ပြစ်ဒဏ်နဲ့
- အလုပ်ရှင်အနေနဲ့ ခွင့်ပြုချက်မရှိဘဲ အလုပ်သမားတစ်ဦးဦးကို အလုပ်ခန့်ခဲ့ရင် ဘတ် ၁ သောင်းမှ ၁ သိန်းထက်မကျော်တဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ အကြိမ်ကြိမ်ကျူးလွန်တဲ့ အလုပ်ရှင်အနေနဲ့ကတော့ အလုပ်သမားတစ်ဦးအတွက် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်က ဘတ်ငွေ ၅ သောင်းမှ ၂ သိန်းထက်မပိုတဲ့ ပြစ်ဒဏ်ဖြစ်ပြီး အလုပ်သမားဌားရမ်းခွင့် (၃) နှစ် ပိတ်ခံရမှာဖြစ်ပါတယ်။
မေး - ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခု အကူညီတောင်းခံချင်တာရှိရင် ဘယ်ကိုဆက်သွယ်ရမလဲ။
ဖြေ - အဓိကကတော့ မြန်မာသံရုံး အလုပ်သမားသံအရာရှိရုံးဖြစ်ပါတယ်။
ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်များကတော့ - ၀၉၄၈၈၄၅၄၈၄/ ၀၉၉၀၅၉၂၃၅၂/ ၀၆၅၂၂၀၆၉၅၁ / ၀၆၅၂၂၀၆၉၅၂ / ၀၆၅၂၂၀၆၉၅၃
CTUM အနေနဲ့ကတော့ ကျွန်တော့်ဖုန်းနံပါတ်က - (၀၈၃ ၁၆၀၅ ၁၃၄) ပါ။
မေး - ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တဲ့အရာများရှိပါသလား။
ဖြေ- အလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရက ဥပဒေတွေ အထိုက်အလျောက်လျော့ပေါ့ ပေးတော့မယ် ဆိုပေမဲ့ ကိုယ့်ဘက်က ဥပဒေနဲ့အညီ နေထိုင် လုပ်ကိုင်ဖို့လိုပါတယ်၊ အထောက်အထားစာရွက်စာတမ်းတွေကိုလဲ ပြည့်စုံစွာ လုပ်ထားဖို့ ကိုင်ဆောင်ထား ဖို့လိုပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ အညီနေထိုင် လုပ်ကိုင် မယ်ဆိုရင် မိမိတို့ရဲ့ ရည်းမှန်းချက်တွေ အမြန်ဆုံးပြည်စုံပါလိမ့်မယ်
https://www.facebook.com/LabourHittaimm/posts/454434721655665

Tuesday, 1 May 2018

#အလုပ်သမားနေ့(မေဒေး)ဆိုတာ ဘာလဲ


■အလုပ်သမားနေ့(မေဒေး)■
===============
အလုပ်သမားနေ့(မေဒေး)သည် ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် ကြီးမြတ်ပြီး ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် အထင်ရှားဆုံးသော မှတ်တိုင်ကြီးဖြစ်သည်။
၁၈၉၀ခုနှစ် မေလ (၁)ရက်နေ့မှ စတင်၍ ကမ္ဘာနှင့် နိုင်ငံများစွာတွင် အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ်ပွဲကြီးများ ကျင်းပကြသည်။ သို့သော် မြန်မာနိုင်ငံတွင်မူကား ၁၉၃၈ခုနှစ် မေလ (၁)ရက်နေ့မှ ပထမအကြိမ်ကျင်းပနိုင်ခဲ့၏။ (၄၈)နှစ် နောက်ကျ၍ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၈ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့(မေဒေး)သည် (၁၂၈)ကြိမ်မြောက်ဖြစ်သည်။
မေဒေးနေ့ အလုပ်သမားတိုက်ပွဲကို အမေရိကန် အလုပ်သမားများက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် "မေဒေးအစ အမေရိကန်က"ဟု ပြောဆိုခဲ့ကြသည်။
၁၈၈၆ခုနှစ်၊ မေလ (၁)ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ကို ဗဟိုပြု၍ နယူးယောက်၊ ဗယ်တိမို၊
ဝါရှင်တန်၊ ပီဂူရီ၊ စင်စင်တီ၊ စိန့်လူးဝစ်၊ ပစ်ဗတ်နှင့် ဒက်ထရိုက်မြို့ကြီးများတွင် အလုပ်ချိန်(၈)နာရီသတ်မှတ်ပေးရေး ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။
ချီတာဂိုမြို့၌ မေလ (၃)ရက်နေ့တွင် ငြိမ်းချမ်းစွာ စည်းကမ်းတကျ ဆန္ဒပြပွဲများကို အစိုးရနှင့် အရင်းရှင်ကြီးများက ရက်စက်စွာ လက်နက်များနှင့် ပစ်ခတ်နှိမ်နင်းခဲ့သည်။ ထို့ကြောင့် အလုပ်သမား (၆)ယောက် သေဆုံးရပြီး ရာပေါင်းများစွာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။ ယင်းဖြစ်စဉ်ကို မခံမရပ်နိုင်ကြသော အလုပ်သမား ထောင်ပေါင်းများစွာတို့သည် မေလ (၄)ရက်နေ့၌ ဟေးမတ်ကက်ကွင်းပြင်တွင် စုဝေး၍ အေးချမ်းစွာ လူထုအစည်းအဝေးကြီး ကျင်းပခဲ့သည်။ ထိုအချိန်တွင် ထပ်မံ၍ လက်နက်ကိုင် စစ်တပ်နှင့် ပုလိပ်များက ပစ်ခတ်နှိမ်နင်းပြန်ရာ အလုပ်သမား (၄)ယောက်နှင့် ပုလိပ်(၇)ယောက် သေဆုံးရသည်။ ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလုပ်သမား ခေါင်းဆောင်များဖြစ်ကြသော (၁)ပါဆင်၊ (၂)စပိုင်၊ (၃)ဖစ်ချာ နှင့် (၄)အိန်ဂျယ် တို့အား ဆူပူမှု ဖန်တီးကြသည်ဟူသော လုပ်ကြံစွပ်စွဲချက်ဖြင့် သေဒဏ်အပြစ်ပေးလိုက်သည်။ ကျန် အလုပ်သမားခေါင်းဆောင်များကိုလည်း အစိုးရက ထောင်ဒဏ်၊ ငွေဒဏ်၊ ပြည်နှင်ဒဏ်စသော
အပြစ်ဒဏ်များ ပေးလိုက်သည်။
အလုပ်သမားတို့၏ သွေးမြေကျ တိုက်ပွဲများကို အကြောင်းပြု၍ ၁၈၈၈ခုနှစ် စိန့်လူးဝစ်မြို့တွင် ကျင်းပသည့် အမေရိကန် အလုပ်သမားအဖွဲ့ချုပ် ညီလာခံတွင် ထပ်မံ၍ အလုပ်ချိန် (၈)နာရီ တိုက်ပွဲကို စနစ်တကျ ပြင်ဆင်မှုများဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်း ညီလာခံ၌ပင် ၁၈၉၀ခုနှစ်မှ အစပြု၍ မေလ (၁)ရက်နေ့ကို အလုပ်သမားတိုက်ပွဲနေ့(မေဒေး)အဖြစ် သတ်မှတ်ကျင်းပရန် ဆုံးဖြတ်ပြဋ္ဌာန်းလိုက်ကြသည်။ ထို့ကြောင့် ကမ္ဘာတွင် "မေဒေးအစ အမေရိကန်က"ဟု သမိုင်းစဉ်တွင် ဥဒါန်းတင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်သမားနေ့(မေဒေး)ကို ၁၉၃၈ခုနှစ်တွင်မှ စတင်ကျင်းပနိုင်ခဲ့ခြင်းကြောင့်
၂၀၁၈ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့(မေဒေး)သည် မြန်မာနိုင်ငံအနေဖြင့်ဆိုလျှင် (၈၀)ကြိမ်မြောက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အလုပ်သမားထုနှင့်အတူ တချိန်တည်းတရက်တည်း ကျင်းပနိုင်သော အကြောင်းအချက်များမှာ ဤသို့ပင်တည်း။
အချိန်ကား ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက် ရောက်ရှိနေသော ကာလ။ ဗြိတိသျှနယ်ချဲ့ အရင်းရှင်ကြီးများအား သပိတ်လက်နက်ဖြင့် တုန့်ပြန်တိုက်ခိုက်နေသည့် အချိန် ဖြစ်သည်။
အရင်းရှင်အလုပ်ရှင်များသည် မြန်မာအလုပ်သမားများအပေါ် ဖိနှိပ်ချုပ်ချယ်၍ သွေးစုပ်အမြတ်ထုတ်နေကြ၏။
ထို့ကြောင့် ကျောမွဲလူတန်းစား ဆင်းရဲသား အခြေခံအလုပ်သမားများ၏ ပစ္စည်းမဲ့ဒေါသများသည် အထွတ်အထိပ်သို့ ရောက်ရှိနေကြ၏။ "ဖိလျှင်ကြွ ထိလျှင်ထ" ဟူသော ကြွေးကြော်သံနှင့်အညီ သွေးဆူနေသော အလုပ်သမားများသည် ယမ်းပုံမီးကျ ဒေါသူပုန်ထကာ မခံမရပ်နိုင်အောင် ဆူပူလှုပ်ရှားကြလေတော့သည်။
သပိတ် သပိတ် မှောက် မှောက်
မီးတုတ် မီးတုတ် ရှို့ ရှို့
သူပုန် သူပုန် ထ ထ
သခင်မျိုးဟေ့ ဒို့ဗမာ
ဓနရှင်တွေ ပျက်စီးပါစေ
အရေးတော်ပုံ အောင်ရစေ
ဟူသော ကြွေးကြော်သံများသည် ချောက်ရေနံမြေတွင် ပဲ့တင်ထပ် ဆူညံသွားသည်။ သုံးရောင်ချယ် တူတံစဉ်အလံကြီးကို ဝင့်ကြွားစွာ လွှင့်ထူလျက် သပိတ်မှောက်အလုပ်သမားများသည် လက်သီး၊ လက်မောင်းများကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အရင်းရှင်းအလုပ်ရှင်များကို အံတုဖက်ပြိုင်ကြသည်။
မြန်မာနိုင်ငံ၏ အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် အထင်ရှားဆုံးသော မှတ်တိုင်ကြီးကို ၁၉၃၈ခုနှစ်၊ ဇန်နဝါရီလ၊ (၈)ရက် (၁၂၉၉ခုနှစ်၊ ပြာဆိုလဆန်း (၈)ရက် စနေနေ့)တွင် ချောက်ရေနံမြေသပိတ်ကြီးမှ စတင်ခဲ့သည်။
ချောက်အလုပ်သမား အစည်းအရုံးမှ အမှုဆောင်(အလုပ်သမား) သခင်ခင်သည် အစည်းအရုံးကိစ္စတစ်ခုအတွက် ရေနံချောင်းသို့ သွားရောက်ရန် ကုမ္ပဏီအာဏာပိုင်များထံသို့ စည်းကမ်းတကျ ခွင့်(၂)ရက် တောင်းဆိုရာ ခွင့်(၁)ရက် ရရှိခဲ့သည်။ သို့ရာတွင် သခင်ခင်သည် အလုပ်ပြန်ဆင်းရမည့် (၇.၁.၁၉၃၈)ရက်နေ့တွင် အချိန်မှီ
ပြန်လည်မရောက်ရှိခြင်းကြောင့် အလုပ်(၁)ရက် ပျက်ကွက်သည်။ ထို့ကြောင့် (၈.၁.၁၉၃၈)ရက်နေ့ အလုပ်ခွင်သို့ ဝင်ရောက်သည့်နေ့တွင် ခွင့်မရဘဲ အလုပ်(၁)ရက် ပျက်သည်ဟူသော အကြောင်းပြချက်ဖြင့် ကုမ္ပဏီမှ စာနီပေးကာ အလုပ်မှ လုံးဝထုတ်ပယ်လိုက်သည်။
ထိုသို့ ကုမ္ပဏီက သခင်အား အလုပ်မှ ထုတ်ပယ်
လိုက်သည့် သတင်းသည် တစ်မဟုတ်ချင်း
ချောက်ရေနံမြေ အလုပ်သမားအားလုံးသို့ ပျံ့နှံ့သွားသည်။ အလုပ်သမားများသည် မကျေမနပ်ဖြစ်ကာ
ချောက် ဘီအိုစီ ဗဟိုရုံးကြီးဆီသို့ ချီတက်၍ သပိတ်စတင်မှောက်လိုက်ကြသည်။
တစ်ပြိုင်တည်း လိုလိုလည်း ကြိုတင်စီစဉ်ထားမှု လုံးဝမရှိဘဲနှင့် တစ်နာရီအတွင်း ချောက်ရေနံမြေ အလုပ်ဌာန အသီးသီးမှ သပိတ်မှောက် အလုပ်သမား (၅၀၀၀)ကျော်တို့သည် ညောင်ဖြူပင်ရပ်ရှိ ဘောလုံးကွင်းကြီးထဲတွင် စုရုံးမိကြလေသည်။
ထို့နောက် ယင်း(၈.၁.၁၉၃၈)ရက်နေ့ သပိတ်မှောက် လူထုအစည်းအဝေးကြီးက အလုပ်သမားများ ဆုံးရှုံးနစ်နာနေသည့် အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။ ဘီအိုစီအမှူးပြုသော အရင်းရှင်ကြီးများသည် အစိုးရအကူအညီဖြင့်
လက်နက်ကိုင် ပုလိပ်များကို စေလွှတ်၍ အလုပ်သမား သပိတ်တိုက်ပွဲများကို အပြင်းအထန် နှိမ်နင်းချေမှုန်းပစ်ရန် စီမံခဲ့ကြသည်။
ပထမဦးစွာ ချောက်ရေနံမြေ အလုပ်သမားအစည်းအရှုံး၏ ဒုတိယဥက္ကဋ္ဌ သခင်သင် နှင့် စည်းရုံးရေး အတွင်းရေးမှူး သခင်ထွန်းခင်တို့အား ပုဒ်မ-၁၀၇၊ ၁၀၈ အရ ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ်(၆)လချမှတ်လိုက်သည်။ သပိတ်မှောက် အလုပ်သမား အိမ်ထောင်စု ရာပေါင်းများစွာတို့အား ကုမ္ပဏီတန်းလျား(နေအိမ်)များမှ အဓမ္မမောင်းနှင်ချခြင်း၊
ရေ မီး လုံးဝမပေးဘဲ ဖြတ်တောက်ပစ်ခြင်း၊ အလုပ်သမားတန်းလျားများကို လက်နက်ကိုင် စစ်ပုလိပ်တပ်များ ဝိုင်းရံချထား၍ ခြိမ်းခြောက်ခြင်း၊ ရာဇာဝတ်မှုခင်းများနှင့် သွေးထွက်သံယိုမှုများ
ဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် ယုတ်မာခဲ့ကြသည်။
နယ်ချဲ့အရင်းရှင်များနှင့် အစိုးရသည် သပိတ်မှောက်အလုပ်သမားထုအပေါ်မီးကုန်ယမ်း
ကုန်အောင် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာစွာ ဖြိုဖွဲဖျက်ဆီးသော်လည်း ညီညွှတ်နေသော သပိတ်ကြီးမှာ မပြိုကွဲမပျက်စီးဘဲ မြန်မာ့အလုပ်သမား လှုပ်ရှားမှု
သမိုင်းတွင် မော်ကွန်းတိုင်တစ်ခုအဖြစ် ပထမဆုံးမေဒေးကို ကျင်းပခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သော မေဒေး၏ ဘူမိနက်သန်အရပ်မှာ ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက်ရှိလည်ပေါ်ကျောင်းတန်ဆောင်းကြီး
ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၁၉၃၈ခုနှစ်မှ စတင်၍ အလုပ်သမားနေ့(မေဒေး)ကို ကျင်းပနိုင်ခဲ့ပြီး ၁၉၄၈ခုနှစ် မြန်မာနိုင်ငံအား လွပ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာသော အခါတွင် မြန်မာနိုင်ငံက မေဒေးနေ့ကို ဂေဇက်ဝင်ရုံးပိတ်ရက်အဖြစ် ပြဋ္ဌာန်းခဲ့သည်။
မေဒေးနေ့ အခမ်းအနားကို ကျင်းပရခြင်းသည် အငြိမ့်ကပြဖျော်ဖြေပေးသည့် အဆင့်မျှသာ မဟုတ်ဘဲ အရေးကြီးသော ရည်ရွယ်ချက်များပါဝင်ပါသည်။ ယင်း ရည်ရွယ်ချက်များမှာဆိုလျှင်
(၁)မေဒေးကို မွေးဖွားပေးလိုက်တဲ့ နိုင်ငံတကာက အလုပ်သမား ရဲဘော်များနဲ့ ကိုယ့်တိုင်းပြည်အတွင်းရှိ အလုပ်သမား ရဲဘော်များရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို အလေးအမြတ်ထား ဂုဏ်ပြုကြရန်။
(၂)နိုင်ငံတကာအလုပ်သမားတွေနဲ့ မိမိတို့ တသွေးတည်းတသားတည်း တည်ရှိကြောင်း ပြသရန်။
(၃)အလုပ်သမားတွေရဲ့ သွေးစည်းညီညွတ်မှု အင်အားကို ထုတ်ဖော်ပြသရန်။
(၄)မျက်မှောက်ခေတ် အလုပ်သမားတွေရဲ့ လူမှုဘဝတိုးတက်မြင့်မားရေး တိုက်ပွဲစဉ်အဆင့်ဆင့်ကို ရှေ့သို့တစ်ဆင့်တိုးမြှင့်၊ တွန်းဆော်ပေးရန်။ စသည့်အချက်များဖြစ်သည်။
အလုပ်သမားနေ့(မေဒေး)သည် အလုပ်သမားထုရဲ့ အသက်၊ သွေး၊ ချွေးများနှင့် ရင်းနှီးပေးဆပ်ခဲ့ပြီးမှ ဖြစ်ဖော်လာသော သမိုင်းဝင်နေ့ဖြစ်သည်။
ထို့ကြောင့် "အလုပ်သမားများ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ကြဖို့ မြန်မာပြည်အလုပ်သမားထုတရပ်လုံး သွေးစည်းညီညွတ်ကြပါစို့"ဟု နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ကိုးကားမှီငြိမ်း>>>
(၁)မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း(သခင်လွင်)။
(၂)အလုပ်သမားဂျာနယ်ပါ ဆောင်းပါးများ။
ဟိန်းမင်း(မြန်အောင်ရေနံမြေ)
မူးရင်းရေးသူ Thanks you
credit








#အလုပ်သမားနေ့…May Day


အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။
မေဒေးခေါ် အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအဖို့ နိုင်ငံရေး သဘောတရားအရ လွန်စွာအရေးပါသော နေ့ကြီးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ဟု ဆိုထိုက်ပေသည်။
မေဒေးပေါ်ပေါက်လာအောင် ဖန်တီးလိုက်သော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခမှုမှာ ၁၉ ရာစုဆန်းစမှစ၍ အမေရိကန်ပြည်ထောင်စုတွင် နိဒါန်းပျိုးခဲ့သည်။ ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ သူတို့၏ ဘဝမှာ များစွာအောက်ကျ၍ လူစဉ်မမှီချေ။ သူတို့၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။
ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ အရေးဆိုကြသည်။
၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ပင် ကူးစက်သွားသည်။
၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမား အဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့လေသည်။ အလုပ်သမားပေါင်း များစွာတို့သည် ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။
၁၈၈၉ ခုနှစ် ပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမား ခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်း စသည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။
ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာ၌ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားလေသည်။
crd: SK Myanmar Company

မေလ 1 ရက် အလုပ်သမားနေ့တွင် အလုပ်သမားဝန်ထမ်းများကို အလုပ်နားခွင့်မပြုသောအလုပ်ရှင်များအား ထောင်ဒဏ် 6 လ နှင့် ဒဏ်ငွေ 100‚000 ဘတ်ထိ အရေးယူခံရနိုင်ကြောင်း ထပ်လောင်းပြောကြား

မေလ 1 ရက်နေ့ဆိုတာ လူမှုရေးပတ်ဝန်းကျင်အသိုင်းအဝိုင်းများက အလုပ်သမားများရဲ့ အခန်းကဏ္ဍအရေးပါရှိမှုကိုသိရှိနိုင်စေရန်နှင့် အလုပ်သမားများက အလုပ်သမားနေ့တွင် အနားယူအပန်းဖြေပြီး ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်စေရန်အတွက် အလုပ်ရှင်များအား ထုံးတမ်းစဉ်လာနေ့ရက်များအတိုင်း အားလပ်ရက်အဖြစ်ကြေညာရန် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေက ပြဌာန်းထားပါတယ် ဒီထဲတွင် အလုပ်သမားနေ့အပါအဝင်ဖြစ်ပြီး ၎င်းနေ့ကို အလုပ်ရှင်များက အလုပ်သမားများနားရက်အတွက် ပုံမှန်အလုပ်ဆင်းရက်အတိုင်း လုပ်အားခပေးရမည် ဖြစ်ပါတယ်။
.
အလုပ်သမားနေ့တွင် အဆက်မပြတ်လုပ်ငန်းလည်ပတ်မှုစနစ်ကို မထိခိုက်စေလိုရန်အတွက် အလုပ်သမားများကို ရပ်နားခွင့်မပြုနိုင်သည့် အလုပ်ရှင်များအနေဖြင့် ဤကိစ္စဟာ အလုပ်ရှင်နှင့်အလုပ်သမားများအကြား နားရက်ခွင့်ပြုခြင်းကို ပြန်အစားထိုးပေးခြင်း (သို့) လုပ်အားခပေးဆောင်ခြင်းကို နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရယူရမည်ဖြစ်ပါတယ် 
.
အလုပ်သမားများ၏ နေ့စဉ်ပုံမှန်လုပ်အားခအတိုင်း အလုပ်နားရက်နေ့အတွက် 1 ဆထက်မလျှော့သော လုပ်အားခသော်၎င်း ပုံမှန်နားရက်နေ့တွင် လုပ်အားခရခွင့်ရှိသော အလုပ်သမားများအတွက် နေ့စဉ်ပုံမှန်လုပ်အားခအတိုင်း အလုပ်နားရက်နေ့အတွက် 2 ဆထက်မလျှော့သော လုပ်အားခသော်၎င်း အကယ်၍ အချိန်ပိုအလုပ်ဆင်းပါက နေ့စဉ်ပုံမှန်လုပ်အားခအတိုင်း တစ်နာရီလျှင် 3 ဆထက်မလျှော့သော လုပ်အားခများကို အလုပ်သမားများအတွက် အလုပ်ရှင်များမှ လုပ်အားခပေးဆောင်ရမည် ဖြစ်ပါတယ်။
.
ဥပဒေအတိုင်းမလိုက်နာပဲ ချိုးဖောက်သည့်အလုပ်ရှင်များအတွက် 6 လထက်မပိုသောထောင်ဒဏ် ဘတ် 100‚000 ထက်မပိုသောဒဏ်ငွေများ (သို့) နှစ်မျိုးစလုံး အရေးယူခံရနိုင်ပါတယ် အလုပ်သမားများအနေဖြင့် အကယ်၍ ရှင်းလင်းမှုမရှိသေးပါက ဘန်ကောက်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးရုံးအမှတ် 1-10 နှင့် ခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးရုံးတွင် စုံစမ်းမေးမြန်းနိုင်ပြီး hotline 1506 ဖုန်းသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
.
အချက်အလက်နှင့်ဓါတ်ပုံများအတွက်ကျေးဇူးတင်ပါသည်: Ministry of Labour
.
#Myanmarlivenews #Myanmarlive #Myanmar #Thailand #journal#freecopy #mahachai #samutsakorn #betterlife #news

Thursday, 18 January 2018

အနိမ့်ဆုံးလုပ်အားခ 5 -22 ဘတ် တိုးရန်ဆုံးဖြတ်ချက်ကျပြီ၊ သို့သော် ဧပြီလ ၁ရက်နေ့မှ စတင်ခံစားရမည်။





 ယမန်နေ့ ၁၇ ဇန်နဝါရီ ကပြုလုပ်သော အနိမ့်ဆုံးလုပ်အားခကော်မတီ အစည်းအဝေးသည် ညနေ ၄နာရီမှ ည၁၀နာရီခွဲကျော်အထိ ကြာမြင့်ခဲ့ပြီး ည၁၀နာရီ ၄၅မိနစ်တွင် မှ နှုန်းထားများ သတ်မှတ်နိုင်ခဲ့သည်။ ဤသို့ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အနိမ့်ဆုံးလုပ်အားခကို ၅ဘတ်မှ ၂၂ဘတ်အထိ ခရိုင်အလိုက်တိုးမြှင့်ပေးနိုင်ရန် နှုန်းထားသတ်မှတ်ခဲ့ပြီး ယခုသတ်မှတ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးမှတဆင့် အပတ်စဉ် အင်္ဂါနေ့တိုင်းပြုလုပ်သော ထိုင်းအစိုးရကက်ဘိနက်အစည်းအဝေးသို့ အတည်ပြုနိုင်ရန် ဆက်လက်တင်သွင်းသွားမည်ဖြစ်သည်။ ယခုသတ်မှတ်နှုန်းထားကို ဧပြီလ ၁ရက်နေ့မှ စတင်ခံစားရရှိနိုင်မည်ဖြစ်သည်။ ယခုသတ်မှတ်ချက်အရ ဖူးကတ်၊ ချွန်ဘူရီ၊ လယောင်း ခရိုင်တို့တွင် တစ်နေ့၃၃၀ ဘတ် အမြင့်ဆုံးရရှိကြမည်ဖြစ်သည်။ ဘန်ကောက်၊ နွန်ထဘူရီ၊ နခေါ်ပထုမ် ၊ ပထုမ်ထာနီ၊ စမွတ်ပရာကန်၊ စမွတ်စာခွန်နှင့် ချချင်းဆောင် ခရိုင်တို့တွက် ၃၂၅ ဘတ် ဖြင့် ဒုတိယလိုက်ပြီး အခြားခရိုင်များတွင် ၃၂၀၊ ၃၁၈၊ ၃၁၅၊ ၃၁၀၊ ၃၀၈ စသဖြင့်အသီးသီး ရရှိကြမည်ဖြစ်သည်။ ခရိုင်အလိုက်အသေးစိတ်ကို ပူးတွဲပုံပါအတိုင်း ကြည့်ရှုနိုင်ပါသည်။ အနိမ့်ဆုံးလုပ်အားခတိုးသဖြင့် အချိန်ပို အိုတီကြေးပါ တက်ရမည်ဖြစ်ရာ၊ အိုတီကြေးမှာ (လုပ်အားခ ÷ 8 × 1.5 = အိုတီကြေး) ဖြစ်သည်။ ဥပမာ စမွတ်စာခွန်လုပ်အားခ ဖြစ်သော 325÷8×1.5= 60.9 ဘတ် သည် အိုတီကြေး တစ်နာရီစာ ဖြစ်သည်။
@FED

Saturday, 24 June 2017

[ပကန်စန်ခုမ်း] ထိုင်းလူမှုဖူလုံရေးအာမခံရန်ပုံငွေ ဆိုသည်မှာ


[ပကန်စန်ခုမ်း] လူမှုဖူလုံရေးအာမခံရန်ပုံငွေသည် လုပ်ငန်းခွင့်၌၎င်း၊ လုပ်ငန်းခွင်ပြင်ပ၌၎င်း အကြောင်းအမျိုးမျိုးကြောင့် ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်း၊ ကလေးမွေးခြင်း၊ ကလေးစရိတ်ရရှိခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ သက်ကြီးပင်စင်ရရှိခြင်း အာမခံချက်အတွက် ရန်ပုံငွေ ဖြစ်သည်။
ပကန်စန်ခုမ်းရန်ပုံငွေကို ထိုင်းအလုပ်သမား၊ အလုပ်ရှင်၊ အစိုးရအပါအ၀င် ထိုင်းနိုင်ငံတွင် တရားဝင်နိုင်ငံခြားအလုပ်သမားအားလုံး ထည့်သွင်းကြရန် ဥပဒေပြဌာန်းထားသည်။
အလုပ်သမားဝင်ငွေ၏ ၅ %ကို အလုပ်ရှင်နှင့် အလုပ်သမားတို့မှ ညီတူ ညီမျှထည့်ဝင်ရသည်။ အစိုးရမှလည်း ၂.၇၅ % ထည့်ဝင်ပေးသည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၁ လ ပေးသွင်းပြီးသော အလုပ်သမားသည်
လုပ်ငန်းခွင်ကြောင့် မဟုတ်သည့်
၁) သေဆုံးခြင်းအတွက် ခံစားခွင့် ရှိမည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၃ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
လုပ်ငန်းခွင်ကြောင့် မဟုတ်သည့်
၁) ဖျားနာခြင်းအတွက် ဆေးကုသမှု
၂) ထိခိုက်ဒဏ်ရာရခြင်းအတွက် ဆေးကုသသစရိတ်
၃) ဒုက္ခိတ ဖြစ်ခြင်းအတွက် ခံစားခွင့်
#ပကန်ရန်ပုံငွေ အနည်းဆုံး ၆ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
၁) အလုပ်လက်မဲ့ထောက်ပံ့ကြေး ခံစားခွင့်ရှိမည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၇ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
၁) မီးဖွားစရိတ် ခံစားခွင့်ရှိမည်။
#ပကန်ရန်ပုံငွေ အနည်းဆုံး ၁၂ လ ငွေသွင်းပြီှးသော အလုပ်သမားသည်
၁) သားသမီးထောက်ပံ့ကြေး ခံစားခွင့်ရှိမည်။
အသက် ၅၅ နှစ် ပြည့်ပြီးသည့်နောက် ရန်ပုံငွေ ထည့်သွင်းခြင်း ရပ်စဲပြီး သက်ကြီးပင်စင် ထောက်ပံ့ကြေး ခံစားခွင့်ရှိမည်။

Friday, 23 June 2017

အလုပ်သမား ပညာပေး ရုပ်သံဖိုင်

This animation is made possible with the generous support of the Ministry of Foreign Affairs of the Kingdom of Thailand under the project "Bay of Bengal: Regional Information Campaign to Tackle Irregular Migration and Promote Safe Migration Practices."
ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
 https://www.agyoarakan.org/
 https://www.facebook.com/agyoarakan/
email : agyo.arakan@gmail.com
Phone / +66836643107
 VDO By: IOM Thailand  Published on May 17, 2017

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate