တောင်ရိုးတိုင်းရင်းသားလို့ ဆိုလိုက်ရင်
လူတော်တော်များများ ကြားသိကြမယ်ဆိုပေမယ့် သူတို့တွေ ဘယ်လိုဝတ်
စားဆင်ယင်သလဲ၊ သူတို့ရဲ့ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ စာပေတွေက ဘယ်လို ရှိတယ်
ဆိုတာကိုတော့ လက်တွေ့မြင် ဖူးမယ့်သူ ရှားပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ တောင်ရိုးလူ မျိုးစုတွေက ဓနု၊ ပလောင်၊ ပအိုဝ်း စတဲ့ လူမျိုးစုတွေနဲ့ ရောယှဉ်နေထိုင်ကြတဲ့
အတွက် သူတို့ရဲ့ ၀တ်စား ဆင်ရင်မှု ဓလေ့
ထုံးစံတွေ ကွယ်ပျောက်လုနီးနီးဖြစ်ခဲ့ရ
တာ နှစ်ပေါင်း ၉၀ နီးပါး ကြာပါပြီ။
ဒါတွေကို ၂၀၁၀ ပြည့်နှစ်က တောင်ရိုး
တိုင်းရင်းသား
 |
| တောင်ရိုးတိုင်းရင်းသူများကို ရိုးရာပွဲတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ-ယုယုမော် |
ဦးသောင်းရွှေ ခေါင်း
ဆောင်ပြီး တောင်ရိုးတိုင်းရင်းသား ယဉ်ကျေးမှုကို ပြန်လည် ဖော်ထုတ်ခဲ့ပါ
တယ်။
အဲဒီနေ့က သူတို့ရဲ့သမိုင်းမှတ်
တမ်းဝင်တဲ့နေ့ တစ်နေ့ပါပဲ။
"ခေတ်စနစ်တွေ ပြောင်းလာတာနဲ့
အမျှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေ
တဲ့ အချိန်ဖြစ်တဲ့အတွက် ကိုယ်လုပ်ချင်
တာတွေကို ဥပဒေဘောင်အတွင်းကနေ လုပ်လို့ရနေပါပြီ။ အခုကျတော့ လွတ်
လပ်လာပြီး ကိုယ့်ယဉ်ကျေးမှုကို ဖော်
ထုတ်လို့ရလာပါတယ်"လို့ လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ တောင်ရိုး
တိုင်းရင်းသား ဦးသောင်းရွှေက ပြောပါတယ်။
"တောင်ရိုးတိုင်းရင်းသားတွေရဲ့ ကိုယ် ပိုင်ဝတ်စုံဟာလည်း
တိမ်ကောလုနီးပါး ဖြစ်ခဲ့တဲ့အတွက် ရှေးမူမပျက်တဲ့ ခေတ် သစ်တောင်ရိုး
ဝတ်စားဆင်ယင်မှုကို ထပ်မံဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအပြင် တောင်ရိုးစာပေကိုလည်း
ပြန်လည်ဖော် ထုတ်ဖို့ ဘုန်းတော်ကြီးတွေနဲ့ တိုင်ပင် ပြီးပါပြီ"လို့
တောင်ရိုးတိုင်းရင်းသား
ပွဲတော် ဖြစ်မြောက်ရေးကော်မတီက ဒုဥက္ကဋ္ဌဖြစ်တဲ့ ၎င်းကပြောပါတယ်။
အရင်ပုံစံက ဂျပ်ခုတ်အထည်ဖြစ် တဲ့အတွက် တစ်ထည်ကို ကျပ်သုံး သောင်းလောက်
ပေးရပါတယ်။ အခု အချိန်မှာ တောင်ရိုး တိုင်းရင်းသားလူမျိုး စုအဖြစ်
သီးသန့်ရပ်တည်နေနိုင်ဖို့ အစပျိုးရာမှာ စရိတ်နည်းပြီး ရှေးမူမပျက် တဲ့
က္ကတ္တီပါစတောင်ရိုးဝတ်စုံကို သတ်မှတ်
ထားတာကို တွေ့ရပါတယ်။
ခေတ်သစ်တောင်ရိုးတိုင်းရင်းသား
ဝတ်စုံက ကတ္တီပါအနက်ပိတ်စပေါ်မှာ
စီးကွင့်လေးတွေထိုးထားပြီး ခေါင်းပေါ်
မှာ ကတ္တီပါ ခေါင်းပတ်လေးတွေ ပေါင်း
ထားပါတယ်။
ဒါကိုကြည့်ပြန်တော့
တကယ်ရိုးရာဝတ်စုံအစစ် တိမ်ကောနေ
တာကို စိတ်မကောင်းဖြစ်မိပါတယ်။
"ကျွန်တော်တို့ အမေခေတ်က ရှေး
တောင်ရိုးတိုင်းရင်းသားလူမျိုးစုဝတ်စုံ
မြင်ဖူးပါတယ်။ တအားလည်း ရုပ်ဆိုး
တယ်။ ၀တ်စုံက ပေါင်လယ်လောက်ပဲရှိ
ပြီး ပတ်ရတဲ့ ခေါင်းပေါင်းရဲ့အရှည်က
လည်း လေးပေလောက်ရှိတယ်။ နောက်
ပြီး ခြေထောက်မှာ တစ်ရစ်ပြီး တစ်ရစ်
အ၀တ်နဲ့ ပတ်ထားပါသေးတယ်။ အခု
တော့ အဲဒီဟာကို ၀တ်တဲ့သူ တအားရှား
သွားပြီ။ အရင်နှစ်တုန်းက အဲ့ဒါကို ၀တ်
ထားတဲ့ အဘွားအိုညီအစ်မနှစ်ယောက် ဒီတောင်ရိုးပွဲကိုလာသွားတယ်" လို့
တောင်ရိုး ယဉ်ကျေးမှုဖြစ်မြောက်ရေး
ကော်မတီ ဒုဥက္ကဋ္ဌက ပြောပြပါတယ်။
အခုဆိုရင် တောင်ရိုးတိုင်းရင်းသား တွေကို လူဦးရေစာရင်းကောက်ခံနေ ပါပြီ။
တောင်ရိုးလူမျိုးစုတွေဟာ ပအိုဝ်း၊ ပလောင်စတဲ့ လူမျိုးတွေနဲ့ နီးကပ်စွာ
နေထိုင်ရင်း ကိုယ်ပိုင်လူမျိုးစု ယဉ်ကျေးမှု မှေးမှိန်ခဲ့ရပါတယ်။
ဒါကြောင့် လူဦးရေ
စာရင်း တကယ်တမ်းကောက်ခံမယ်ဆို
ရင် တစ်သိန်းနီးပါးလောက်ရနိုင်ပါ
တယ်။ အခုတော့ သုံးသောင်းနီးပါး
လောက် စာရင်းကောက်ခံထားပါ တယ်။ ပင်လောင်းနဲ့ ကလောမြို့နယ်တွေမှာပဲ စာရင်းထပ်မံကောက်ခံဦးမယ်လို့ ဦးသောင်းရွှေက ဆိုပါတယ်။
"အခုအချိန်မှာ ကျွန်တော်က ကလော
မြို့နယ်