Showing posts with label စစ်ဘေးသတင်း. Show all posts
Showing posts with label စစ်ဘေးသတင်း. Show all posts

Wednesday, 27 March 2019

စစ်ဘေးရှောင်များ အကူအညီလိုအပ်

ပန်းမြောင်း စစ်ဘေးရှောင်စခန်းများနှင့် လူဦးရေ စာရင်း
အောင်မင်္ဂလာစစ်ဘေးရှောင်စခန်း
ကျား(၁၂၆)
မ (၁၃၅)
စုစုပေါင်း( ၂၆၁)
ရွှေဖောင်တင် စစ်ဘေးရှောင် စခန်း
အိမ်ထောင်စု (၁၅၃)
မ(၃၈၄)
ကျား(၃၅၀)
စုစုပေါင်း ( ၇၃၄ )
ပရိယတ္တိ စစ်ဘေးရှောင် စခန်း
အိမ်ထောင်စု ( ၅၃၅)
ကျား ( ၅၅၅ )
မ ( ၆၆၅ )
စုစုပေါင်း ၁၂၂၀
Credit- ရက္ခဘီလူး
-----------------------
အမြောက်သံတွေကြားက မြောက်ဦးစစ်ဘေးရှောင်စခန်းများ
********************************
မြို့ပေါ်စစ်ဘေးရှောင်စခန်း ၆ ခု
---------------------------------------------
၁။ သျှစ်သောင်း ကျောင်းတိုက်
၂။ ဘုရားပေါ်
၃။ အောင်စေတီ
၎။ ရွှေတောင်
၅။ မြတန်ဆောင်း
၆။ လက်ကောက်ဈေး
နယ်ရှိ စခန်း ၆ ခု
-------------------------
၁။ ချောင်းသစ်
၂။ ပန်းမြောင်း
၃။ စင်းဘောကိုင်း
၎။ အောက်သကန်
၅။ စေတီတောင်
၆။ တိမ်ညို
မြို့နယ်ရှိ စခန်းအားလုံး စစ်ဘေးရှောင်လူဦးရေ
* ၆၅၇၉ ဦး


အကူအညီများလိုအပ်လျှက်ရှိပါသည်။
Credit- Htun Aung Kyaw

Saturday, 2 September 2017

စနု့ကုမ္ပဏီ စက်ရုံ မိသားစုမှ ဘတ်ငွေ ၁၀.၈၉၀ ဘတ် လှူဒါန်ခဲ


2/9/2017 ခုနှစ် ထိုင်းနိုင်ငံ မဲဆောက်မြို့ SANUK GARMENT Co.LTD စနု့ကုမ္ပဏီ စက်ရုံ မိသားစုမှ ဘတ်ငွေ ၁၀.၈၉၀ ဘတ် လှူဒါန်ခဲပါသည် အဆိုလှူဒါန်မှုကို အကြမ်းဖက်​ခံပြည်​သူများ​ထောက်​ပံ့​ရေး​ကော်​မတီ
ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့ မှ လက်ခံရရှိပါကြောင့် ပူးပေါင်း ပါဝင်း ကူညီလှူဒါန်းပေးကြသော စနု့ကုမ္ပဏီ ကို
များစွာကျေးဇူးရှိပါသည်။
Posts by: Aung Aung

ကျီးကန်းပြင်ဌာနချုပ်တွင် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည်


ကျီးကန်းပြင်ဌာနချုပ်တွင် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည် ၄ဝဝ ကျော်အား မြင်တွေ့ရသော အခြေအ နေကို သွားရောက်ကူညီပေးနေသည့် ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးပြော ဆိုချက် ...
“မောင်တော မြောက်ပိုင်းရွာတွေမှာ တိမ်းရှောင်ရွာသားတွေ ပိတ်မိနေပြီး ရိက္ခာပြတ်နေတာ ကြာပြီ။ ကျွန်တော် တို့ကယ်ဆယ်ရေးအဖွဲ့တွေလည်း လမ်းကြောင်းမရှင်းလို့ အဲ့ဒီအထိထွက်လို့မရဘူး ။ ဒီနေ့တော့ လမ်းကြောင်း ရှင်းပြီဆိုတာနဲ့ စွတ်စွတ်ရွတ်ရွတ်ထွက်သွားဖြစ်တယ်။ အခုပွင့်တယ်ဆိုတာနဲ့ တော်ကြာပိတ်တဲ့ လမ်းမျိုးတွေ လေ။ ကျီးကန်းပြင်တိမ်းရှောင်စခန်းရောက်တယ်။ ကိုဝေဠုကျော်တို့အဖွဲ့က ဆန၊် အာလူး၊ ငါးခြောက်၊ ပဲ အစုံ လှူဒါန်းတယ် ။ တိမ်းရှောင်ရွာသားတွေနဲ့တွေ့ဆုံပြီး ကိုဝေဠုအားပေးစကားပြောတော့ အတော်များများ ဝမ်းနည်း လို့ငိုကြတယ် ။ သူတို့အားပေးတဲ့မင်းသားအရောက်လာတော့ အရမ်းဝမ်းသာသလို သူတို့ဒုက္ခတွေပြန်တွေးရင်း ဝမ်းနည်းကုန်ကြတာ။ ရွာသူရွာသားအတော်များများက ဒီဘေးအန္တရာယ်ကြီးပြီးတောင် ရင်ဆိုင်ရတဲ့ဒုက္ခတွေ ကြောင့် နေရပ်ပြန်ဖို့အတော်ကြောက်ရွံ့နေကြတယ်”
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ဘက်ရှိ ကျီးကန်းပြင်ဌာနချုပ်တွင် အကြမ်းဖက်သမားများ၏ တိုက် ခိုက်မှုကြောင့် ၉ ရက်ကြာပိတ်မိနေသော ဒုက္ခသည် ၄ဝဝ ကျော်အတွက် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ဖောင်ဒေရှင်းနှင့် စာရေးဆရာ ကိုဝေဟင်အောင်တို့ ပူးပေါင်းအဖွဲ့မှ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင်စား နပ်ရိက္ခာများ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်။
သတင်း - ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ - ဝေဠုကျော် ဖောင်ဒေးရှင်း
Mizzima - News in Burmese




SAVE MYANMAR



I never seen such types of merciless human being in this world. There is a limit for humidity in every terrorism or any religious peoples. Heartless Bengali Muslim terrorist in Myanmar brutally attacked on Buddhism peoples in Arakand. Heartbreaking incident for all over the world.
See here on photos, how the Muslims terrorist brutally killing Buddhist minority peoples in Myanmar.
Posts by: Save Save Save

Friday, 1 September 2017

စစ်တွေမြို့သို့ရောက်ရှိနေသည့် ဒုက္ခသည်များအား ရပ်ကွက်အလိုက် ထမင်းထုတ်ခန့်အပ်ပြီး ကျွေးမွေးနေရကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ပြော

By မင်းမျိုးနွယ် | RiA
စစ်တွေ၊ စက်တင်ဘာ ၁ ရက်။ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ အကြမ်းဖက်မှုများဖြစ်ပွားနေသည့် ဒေသများမှ ကျေးရွာသားများ ထွက်ပြေးရောက်ရှိလာနေကြရာ ယင်းဒုက္ခသည်များအား စစ်တွေမြို့ပေါ်ရပ်ကွက်များမှ ထမင်းထုတ်များခန့်အပ်ပြီး ကျွေးမွေးနေကြ ရကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
အဆိုပါဒုက္ခသည်များမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှ ရောက်ရှိလာနေကြခြင်းဖြစ်ကာ အများဆုံးမှာ မောင်တောမြို့နယ်အတွင်းမှ ဖြစ်ကြောင်းသိရသည်။
“လောလောဆယ်မှာတော့ ဘာအကူအညီမှမရသေးဘူး။ အခုရောက်လာကြတဲ့လူတွေကို နေရေးထိုင်ရေး အဆင်ပြေအောင်အတွက် ဆိုပြီး စစ်တွေမြို့ပေါ်မှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေး အဖွဲ့ဖွဲ့လိုက်တယ်။ သူတို့ကိုနေရာချပေးတယ်။ လိုအပ်တာတွေလုပ်ပေးထားတယ်။ စားဖို့သောက်ဖို့အတွက်တော့ ရပ်ကွက်တွေက ထမင်းထုတ်တွေကောက်ပြီး ကျွေးမွေးထားပါတယ်။ တချို့အလှူရှင်တွေက ကျွေးတာလည်း ရှိပါတယ်။”ဟု ဒေါ်ကျော့မေက ပြောသည်။
လက်ရှိတွင် အကြမ်းဖက်တိုက်ခိုင်မှုများခံနေကြရသည့် ဒေသများမှဒေသခံတိုင်းရင်းသားများမှာ နေ့စဉ်နှင့်အမျှ ရေကြောင်းခရီးဖြင့် ထွက်ပြေးလာရောက်လျှက်ရှိနေကြပြီး စစ်တွေမြို့အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော် စသည့်မြို့နယ်များတွင်လည်း ခိုလှုံလျှက် ရှိနေကြောင်းသိရသည်။
“လူတွေကလည်း ရောက်လာတာများတော့ နေထိုင်ဖို့နေရာ အခက်အခဲဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့တော့ လာကြည့် သွားပါတယ်။ သူတို့က အသစ်ရောက်လာတဲ့သူတွေကို ဓညဝတီ အားကစားကွင်းမှာ နေရာပေးတဲ့အတွက် အဲဒီကိုရွှေ့ပေးထားလိုက် ပါတယ်။ စားရေးသောက်ရေးတော့ အခက်အခဲရှိတာ့ပေါ့။”ဟု ဆက်လက်ပြောကြားသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီး သုံးရက်မြောက်နေ့တွင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ထွက်ပြေးလာခဲ့ကြသည့် တိုင်းရင်းသားအရေအတွက်မှာ သြဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းအထိ စစ်တွေမြို့တစ်မြို့တည်းတွင် တစ်ထောင်ကျော်နေပြီဖြစ်ကာ ကျန်မြို့နယ်များသို့ရောက်ရှိနေကြသူများရှိပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူ စုစုပေါင်းမှာ ခန့်မှန်းခြေအားဖြင့် ၂၀၀၀ ကျော်ခန့်ရှိ မည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – မင်းမျိုးနွယ်/RiA

ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည် Sai Tun Shwe Sunundar ဘန်ကောက်

 
၁၊ ၉ ၊ ၂၀၁၇ ခုနှစ် နယ်​​မြေလု ဘင်္ဂလီကုလားဆိုးများ​ကြောင့်​ ​နေရပ်​စွန့်​ခွာ တိမ်း​ရှောင်​လာကြ​သောအကြမ်းဖက်​ခံရသူပြည်​​သူများအတွက်​ အကြမ်းဖက်​ခံပြည်​သူများကူညီ​ထောက်​ပံ့​ရန် Sai Tun Shwe Sunundar ဘန်ကောက် မှ အလှူငွေ ၁၀၀၀ ဘတ် ကို
အကြမ်းဖက်​ခံပြည်​သူများ​ထောက်​ပံ့​ရေး​ကော်​မတီ ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့ လက်ခံရရှိပါကြောင့် အလှူရှင်မိသားစုကိုလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ မိသားစု နှင့် ကျန်းမာချမ်းသာပြီး ဒီထက်မက လှူမှုရေး လုပ်ဆောင်နိုင်ပါစေ၊
Posts by: ကော်မတီဝင် (ALC) Aung Aung ALC


Saturday, 26 August 2017

#SAVERAKHINE

လက်ရှိစရင်း
သာလီစွပါ။
ရခိုင်ပြည်နယ် မောင်တောမြို့ ဘင်္ဂါလီများရဲ့ အကြမ်းဖက်ခံခဲ့ရပြီး လက်ရှိ ဒုက္ခ ရောက်နေကြတဲ့ ပြည်သူများအတွက် တတ်နိုင်သည့် အင်အားနဲ့ အခုလို ဝိုင်းဝန်း လှူဒါန်းပေးကြပါသည်။
(AGYO) မှလည်း ဆက်လက်ပြီး အလှူခံနေဆဲ ဖြစ်ပါသည်။ ပို့ပေးရန် အဆင်ပြေသည့် ငွေပမာဏ ရရှိမှသာ တစုတစည်းတည်း ပေါင်းစုကာ ဒုက္ခရောက် ရခိုင်သူ ရခိုင်သားတို့ကို လှူဒ်န်းသွားမည်ဖြစ်ပါသည်။
နိုင်ငံခြားအသီးသီးမှာ ရောက်ရှိနေကြတဲ့ အမျိုးတို့အနေနဲ့ မိမိတို့ တတ်နိုင်သည့်အင်အားနဲ့ ဝိုင်းကူပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။
(AGYO) - 0836643107

Friday, 24 June 2016

တိုက်ပွဲ ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၏ သဘောထား ထုတ်ပြန်ချက်


ရက်စွဲ (၂၀၁၆)ခု ဇွန်လ (၂၃)ရက်
၁။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ ALA) အမှတ်(၉) တပ်ရင်းမှ စစ်ကြောင်း တစ်ကြောင်းသည် ဗဟိုဌာန ချုပ်သို့ အပြန်ခရီးတွင် ရက္ခိုင်တပ်မတော် (AA) ဘက်မှ စတင် ပစ်ခတ်မှုကြောင်း နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားရခြင်း ဖြစ်သည်။
၂။ တိုက်ပွဲအတွင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA)မှ ရဲဘော်တစ်ဦး ဖမ်းဆီးခြင်း ခံရပြီး အခြားရဲဘော်တစ်ဦးမှာ ပျောက်ဆုံးနေပါသည်။

Monday, 23 May 2016

သီပေါမြို့မှာ စစ်ဘေးဒုက္ခသည် ဦးရေ တိုးပွားလာနေ

 shan-refugees-620.jpg အစိုးရတပ်မတော်နဲ့ SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ရောက်ရှိ လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သီပေါမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်လောက်ထိ တိုးလာနေပါတယ်။

မနေ့ကစပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးလာကြတာဖြစ်ပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ် လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ သီပေါမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းအေး က ပြောပါတယ်။

"၈ဝဝ ကျော်ရယ် အခု ၄ဝ ရယ်၊ နောက်ထပ် ၁ဝဝ လောက်လာမယ်၊ ဆိုတော့ ၉ဝဝ၊ ၁ဝဝဝ နီးပါးလောက်ရှိတယ်၊ အခုထပ်တိုးလာမယ့်လူတွေကို လက်ရှိ ရှိနေတဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းကို ထပ်ဖြည့်မယ်၊ တကယ်လို့ မဆန့်ဘူးဆိုရင်တော့ တခြားကျောင်းတွေကို လျှောက်တင်ကြည့်မယ်ပေါ့၊ ဒီနေ့တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတယ်လို့ကြားတယ်၊ အခုလောလောဆယ် လိုအပ်တာက အဓိက စားနပ်ရိက္ခာပေါ့"

Thursday, 12 May 2016

ရခိုင်စစ်ဘေးရှောင်ကလေးငယ်လေးတွေ ပညာသင်ကြားခွင့်ရှိရေးအတွက် ဘာတွေလုပ်ကြမှာလဲ

ရခိုင်စစ်ဘေးရှောင်ကလေးငယ်လေးတွေ ပညာသင်ကြားခွင့်ရှိရေးအတွက် ရခိုင်တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဘာတွေလုပ်ကြမှာလဲ....

ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲဖြစ်၊ ရွာသား ၁ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရ







ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်ထဲမှာ အစိုးရ တပ်နဲ့ တအာင်း ပလောင်တပ် (တီအန်အယ်လ်အေ) တပ်တွေ အကြား တိုက်ပွဲ ဖြစ်ပွားပြီး လက်နက်ကြီး ကျည်ကျလို့ ရွာသား ၁ ဦး ဒဏ်ရာ ရကာ နေအိမ် တချို့ မီးလောင် သွားပါတယ်။မေ ၁၁ ရက် မနက်က တော့ဆန် ကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပြီး လက်နက်ကြီးကျည် သင့်တဲ့ အတွက် နေအိမ် ၃ လုံး မီးလောင် သွားတယ်လို့ ကျောက်မဲ လူမှု ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။“မနေ့မနက်က တီအန်အယ်လ်အေတပ်တွေက ကလော့ဝိုင်းရွာကနေ တော့ဆန်ဘက်ကို ထွက်သွားတယ်။ နောက်တခါ အစိုးရတပ်က တော့ဆန်ရွာဘက်ရောက်လာပြန်တယ် ။ အဲဒါနဲ့ တီအန်အယ်လ်အေက သုသာန်ကုန်းမှာနေရာယူပြီး တော့ဆန်ရွာထဲမှာရှိတဲ့ အစိုးရတပ်ကို ပစ်တယ်။ ဘယ်သူ့လက်ချက်လဲတော့ မသိဘူး။ အိမ် ၃ လုံး လက်နက်ကြီးကျပြီး မီးလောင်သွားတယ်။ ဒေါ်အေးထိုက်၊ ဒေါ်အေးစံနဲ့

Wednesday, 11 May 2016

ရခိုင်အမတ် ဒေါ်ခင်စောဝေ သတိပေးခံရ


ဧရာဝတီ၊ မေ ၁၁၊ ၂၀၁၆
ရခိုင် စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းရန် ကြိုးစားခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင် တင်ပြဆွေးနွေးခွင့် မရသဖြင့် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ယင်းကိစ္စကို ပြန်လည်ဖော်ပြခဲ့သဖြင့် လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော ရေးသား ပြောဆိုမှုနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို အထင်အမြင် မှားစေသော ရေးသားပြောဆိုမှုများအတွက် ရှောင်ကြဉ်ကြရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

ရခိုင်စစ်ဘေးရှောင်များကို ပြည်နယ်အစိုးရအဖွဲ့မှ အမြန်ဆုံး အကူအညီပေးရေး လွှတ်တော်မှ ဆုံးဖြတ်

..
နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကို ဦးမောင်မောင်နှင့်အတူ တွေ့ရစဉ် (ကျော်မင်း/မဇ္ဈိမ)
 မေ ၁၁ ရက် ။              ။ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရသော စစ်ဘေးရှောင်ဒုက္ခသည်များအား ရခိုင်ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံး အကူအညီပေးရေး အတွက် ယနေ့ (မေ ၁၁ရက်)က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး တတိယနေ့တွင် အတည်ပြု ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
စစ်ဘေးရှောင်များမှာ တောင်ယာနှင့် တခြားစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကခြေခံကာ လုပ်ကိုင်စားသောက်နေကြရသူများဖြစ်သဖြင့် ယခုကဲ့သို့ စိုက်ပျိုးလုပ်ကိုင်ကြရမည့်ချိန်တွင် နေရပ်စွန့်ခွာ လာခဲ့ရပြီး နေရပ်သို့ပြန်လည်သွားရောက်ရန် အဆင်မပြေသည့်အတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးရန် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ကျော်လွင်က မေလ ၉ ရက်နေ့က အရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ပြီး ယနေ့တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ AA

Tuesday, 10 May 2016

တိုက်ပွဲကြောင့် ရိက္ခာပြတ်လပ်နေသည့် ကျေးရွာသို့ ၀ံလက်ဖေါင်ဒေးရှင်းက သွားရောက်ကူညီ

..
စံမောင်သန်း၊ ရန်ကုန်နိရဉ္စရာ၊ မေ ၉
 ရခိုင်ပြည်နယ်တွင် ရက္ခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ရိက္ခာပြတ်လပ်နေသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာသို့ ၀ံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းမှ မေလ ၈ ရက်နေ့တွင် ဆန်အိတ်နှင့် ငါးခြောက်များ သွားရောက်ကူညီခဲ့သည်ဟု သိရသည်။

“တိုက်ပွဲကြောင့် ရွာသားတွေက တောင်ပေါ်တက်ပြီး တောင်ယာလုပ်တာတို့၊ ၀ါးခုတ်တာတို့ကို တားမြစ်ထားတဲ့အတွက် ရိက္ခာပြတ်လတ်နေပါတယ်။ အဲ့ဒီအခြေအနေကို ၀ံလက်ဖေါင်ဒေးရှင်းသို့ ဖုန်းဆက်ပြီး အကြောင်းကြားလာတဲ့ အတွက် သွားရောက် ကူညီတာပါ။ ဆန်အိတ် ၃၀ နဲ့ ငါးခြောက် အိတ်ကြီး တစ်အိတ် လှူခဲ့ပါတယ်”ဟု အကူညီသွားပေးရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ ဗဂျီးကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

Monday, 9 May 2016

ကချင်တွင် တိုက်ပွဲဖြစ်၊ ဖားကန့်တွင် မိုင်း ၅ လုံး ပေါက်ကွဲ

.
ဖားကန်
အဝေးက မြင်ရသော ကချင်ပြည်နယ် ဖားကန့်မြို့ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ အကြား မေလ ၈ ရက်နေ့က ဖားကန့်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်၊ ဖားကန့်မြို့အတွင်း၌ လက်လုပ်မိုင်း ၅ လုံး ပေါက်ကွဲခဲ့သည်ဟု သတင်း ရရှိသည်။
တိုက်ပွဲမှာ ဖားကန့်မြို့နယ်၊ နမ့်ယား၊ စပေါ်မှော် အနီးတွင် တပ်မတော်နှင့် KIA ၏ တပ်မဟာ (၂) လက် အောက်ခံ တပ်ရင်း (၆) တို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်၍လည်း ဒုဗိုလ်မှူးကြီး နော်ဘူက “ဧပြီ ၂၉ ရက်မှာ မူးယစ်ဆေးဝါး ရောင်းတဲ့ ရှမ်းနီ ၇ ယောက်ကို ကျနော်တို့ ဖမ်းလိုက်တယ်။ ဒီကိစ္စကို မကျေနပ်လို့ ရှမ်းနီပြည်သူ့စစ်တွေနဲ့ တပ်မတော် လာတိုက်တာလို့ သတင်းရထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီး KIA ၏ ရှေ့တန်း ကာကင်းနှစ်ခုကို ဆုတ်ခွာပေးလိုက်ရသည် ဟုလည်း သိရသည်။
မူးယစ်ဆေးဝါး ရောင်းချနေသည့် ရှမ်းနီ ၇ ယောက်မှာ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ပြီး KIA မှ ဧပြီလ ၂၉ ရက်တွင် ရာဘ အလုံး ၅၀၀၊ ဘိန်းဖြူနှင့် အခြားမူးယစ်ဆေးဝါး ပစ္စည်းများနှင့်အတူ လက်ဝယ် ဖမ်းဆီးမိခဲ့ပြီး အဆိုပါ ၇ ဦးကို မတ်လ ၃ ရက်တွင် ပြန်လွှတ်လိုက်ပြီး ဖြစ်သည်ဟုလည်း ဒု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ရခိုင်စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များအတွက် အကူအညီများ လိုအပ်နေ


ကျော်မင်း (စစ်တွေ) ၊ မေ ၈ ရက် . Mizzima - News in Burmese
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ဒုက္ခသည် ၁၈၀၀ အထိ ရှိလာပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်ဒုက္ခသည် ၂၂ ဦးပါရှိလာပါတယ်။ သူတို့တွေအတွက် ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေနဲ့ စားသောက်စရာတွေကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ ရခိုင်ဒေသခံတွေက ကူညီမှုတွေပြုလုပ်နေပေမဲ့ ကိုယ်ဝန်ဆောင်တွေအတွက် အဟာရလုံလောက်မယ့်

လက်နက်ကိုင်ပဋိပက္ခကြား မိုင်းဝီးဒေသက ကျေးရွာတရွာလုံး မီးလောင်

...
ဓာတ်ပုံ - Zaai HomMain ဓာတ်ပုံ - Zaai HomMain
အစိုးရတပ်၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ မိုင်းဝီးဒေသမှာ ဟိုပန်ဆိုတဲ့ရွာ တရွာလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
သူတို့ရွာနားမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ မိုင်းဝီးဘက်ကို တိမ်းရှောင်ထွက်ပြေးနေစဉ် မေလ ၆ ရက် နေ့ခင်းပိုင်းကစ တရွာလုံး မီးရှို့ခံခဲ့ရတယ်လို့ ဟိုပန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်အိုက်က ဒီဗွီဘီကို ပြောပါတယ်။
“မေလ ၆ ရက်နေ့က မိုင်းဝီးကနေ ကျနော်တို့ရွာကို အဝေးကနေလှမ်းကြည့်တာ မီးခိုးတွေ မည်းနေတယ်။ ဒါပေမယ့် ဘယ်သူမှ ရွာပြန်မကြည့်ရဲဘူး။ ရွာနားက ပန်ခါးတို့၊ လွယ်ဟွမ်တို့ ဘက်မှာ တိုက်ပွဲလည်းဖြစ်နေတယ်လေ။ ၇ ရက်နေ့ကျမှ ကျနော်တို့ ရှမ်းပါတီအမတ် ကျားခေါင်း ပါတီ၊ ကျားဖြူပါတီအမတ်တွေနဲ့ အတူတူကွင်းဆင်းစစ်ဆေးကြတယ်။ အစက တအာင်းအမျိုးသား ပါတီလည်းလာတယ်။ ဒါပေမယ့် သူတို့က မိုင်းဝီးဒုက္ခသည်စခန်းမှာ ကျန်ခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့ သွားကြည့်တော့ ရွာမှာ အိမ်ခြေ ၆၂ လုံးရှိတာ ဘာမှ မကျန်တော့ဘူး။ ကြက်ခြံ ၀က်ခြံတွေလည်း လောင်တယ်။ နွားတွေလည်းပျောက်တယ်။ ဆန်စက်လည်း လောင်တယ်။ ရွာသားစုရပ် ဇရပ်လည်း လောင်တယ်။ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာမူလတန်းကျောင်းပဲ ကျန်တယ်။ ရွာမှာကျန်ခဲ့တဲ့ အဖိုးကြီးတယောက်လည်း ၆ ရက်နေ့က အသတ်ခံရတယ်။”

Sunday, 8 May 2016

.မြောက်ဦးမြို့မှာ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုခဲ့

.
-----------------------------------------------------------------------------------------
ပြည်တွင်းစစ်ရပ်စဲရေးအတွက် ယနေ့ မေလ ၈ ရက်နေ့တွင် မြောက်ဦးမြို့မှာ ဒုတိယအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြကာ ဟောပြောပွဲလည်း ပြုလုပ်ခဲ့ကြသည်။

Saturday, 7 May 2016

ရခိုင်ဒုက္ခသည် ၁၇၀၀ အထိတိုးလာ၊ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်

..

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်း ရှောင်လာတဲ့ စစ်ပြေးဒုက္ခသည် ၁၇၀၀ ကျော်အထိရှိနေပြီဖြစ်ပြီး အရေးပေါ် စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေပါတယ်။
စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ကူညီပေးနေတဲ့ ၀ံလက်ဖောင်ဒေးရှင်းမှ လူငယ် စာရေးဆရာဝေဟင်အောင်က တိုက်ပွဲကြောင့် အစာရေစားတွေ ပြတ်လပ်ပြီး ပေါ်တာဆွဲခံရမှာကို စိုးရိမ်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာကြတယ်လို့ ပြောပါတယ်။
“မနေ့ကအချိန်အထိ လက်ရှိစာရင်းဇယားအရဆိုရင် စစ်ပြေးဒုက္ခသည် ၁၇၀၀ ကျော်နေပြီ၊ ဒုက္ခသည် အသစ်တွေတိုးလာနေကြတယ်။ ရေရှည်စားဝတ်နေရေးဖြေရှင်းဖို့ဆိုတာ မလွယ်ဘူး။ ၅ ရက်နေ့ကဆိုရင် ကျနော်တို့မျက်စိရှေ့ပဲ ပုဏ္ဏားကျွန်းမြို့နယ်  ‘ဂင်ပိ’ဆိုတဲ့ ရွာက တရွာလုံး ထွက်ပြေးလာကြတယ်။ ဒီလို အတိုင်းသာဆိုရင် ဒုက္ခသည်တွေ တော်တော်လေးကို ဒုက္ခရောက်ဖို့ အခြေအနေရှိတယ်။”
မေ ၅ ရက်နေ့က တိုက်ပွဲတွေကြောင့် ထပ်မံရောက် ရှိလာတာကတော့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂင်ပိကျေးရွာက အိမ်ထောင်စု ၁၀ စုနဲ့ လူဦးရေ ၃၆ ဦး၊ မေ ၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆယ်တောင်ကျေးရွာက ဒုက္ခသည် ၂၀၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

Saturday, 30 April 2016

ရခိုင်စစ်ပြေး ၁၁၀၀ ကျော်ရှိဟု ကုလထုတ်ပြန်- By ဒီဗွီဘီ


ရန်ကုန်၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံးက ရခိုင်ပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၁၀၀ ကျော် ရှိနေပြီး သူတို့ထဲက အများစုဟာ စာသင်ကျောင်းများမှာ နေထိုင်နေကြရတယ်လို့ သတင်းထုတ်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများဟာ ရခိုင်ပြည်နယ်အတွင်း  ဧပြီလ ၂၅မှ၂၇ ရက်နေ့အထိ  ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်များရှိ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်သူ စခန်း ခြောက်ခုသို့ သွားရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate