Showing posts with label ထူးထွေဆန်းပြားသတင်းများ. Show all posts
Showing posts with label ထူးထွေဆန်းပြားသတင်းများ. Show all posts

Wednesday, 3 May 2017

ရခိုင်ပြည်နယ်မှ ထူးခြားအံ့ဖွယ် ဆရာတော်ကြီး နှစ်ပါး၏ ရုပ်ကလာပ်တော်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဇလွန် မဒေကျေးရွာ ဓမ္မသစ္စာကျောင်းတိုက်မှာ ဆရာတော်ကြီး ၂ ပါးရဲ့ ရုပ်ကလာပ်တော်ကို မပုပ်မသိုးဘဲ ထူးခြားအံ့ဖွယ်စွာ ဒီနေ့ထိတိုင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ဆရာတော်ကြီး ၂ ပါးမှ တပါးဖြစ်တဲ့ ဦးသုဇတ ရုပ်ကလာပ်တော်ဟာ ပျံလွန်တော်မူသွားတာ နှစ်ပေါင်း ၃၀ ကျော်တောင် ကြာလွန်ခဲ့ပေမယ့် ဒီနေ့အချိန်အထိ မပုပ်မသိုးဘဲ ခန္ဓာကိုယ်တခုလုံးမှာ ကြေးနီးရောင်အဆင့်နဲ့ ဖုံးလွှမ်းနေပါတယ်။
ဆရာတော် မပျံလွန်ခင်ရဲ့ သုံးလအလို ၁၃၄၆ ဝါခေါင်လကွယ်နေ့ ဥပုသ်နေ့မှာ တပည့်ဒကာ၊ ဒကာမတွေကို ခန္ဓာဝန်ချမယ် ဖြစ်တာကြောင့် ရုပ်ကလာပ်ထည့်နေရာ၊ မပုပ်မသိုးမယ့်အကြောင်းကို မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

Sunday, 8 May 2016

ခြေထောက်ဖြတ်ရခြင်းကနေ ကာကွယ်နိုင်ဖို့ သမီးငယ်ရဲ့ခြေထောက်အရိုးကို အကြိမ်၃၆၀ကျော်ချိုးခဲ့တဲ့မိဘများ

..


တစ်ခါတစ်လေမှာ မိဘလုပ်ရတယ်ဆိုတာကလည်း ပြင်းထန်ကြမ်းတမ်းလှပါတယ်။ ကိုယ့်ရဲ့ သားသမီးလာမယ့် အနာဂတ်မှာ အကောင်းဆုံးဖြစ်စေနိုင်ဖို့အတွက် စွန့်လွှတ်မှု အနစ်နာခံမှုတွေကို ပြုလုပ်ကြရပါတယ်။ ဒီတစ်ခါ ဗြိတိန်က ဆယ်ကျော်သက်မိဘတွေကတော့ သမီးငယ်လေး ခြေထောက်ဖြတ်ရတဲ့ အခြေအနေကနေ ကင်းဝေးစေဖို့အတွက် တစ်နေ့ကို ခြေထောက်ရိုး သုံးခါကျိုးပြီး ခြေထောက်အရိုးတွေပိုရှည်ထွက်လာအောင် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

အယ်လ်စီလို့အမည်ရတဲ့ သမီးဖြစ်သူလေးဟာ မွေးဖွားလာပြီးနောက်ပိုင်းမှာ မသန်မစွမ်းရောဂါနဲ့ ကြုံတွေ့ခဲ့ရပြီး သူမရဲ့ ဘယ်ဘယ်ခြေထောက်လေးဟာ ညာဘက်ခြေထောက်ထက် သိမ်နေခဲ့တာပါ။ ဒီလိုဘယ်ဘက်ခြေထောက်တစ်ဖက်တည်း သိမ်နေမှုကိုတော့ ဆရာဝန်တွေက ဖြတ်တောက်ဖို့နဲ့ ခြေထောက်တု အစားထိုးတဲ့ နည်းနှစ်မျိုးကိုသာအကြံပေးခဲ့ကြတာပါ။

Saturday, 7 May 2016

မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းများစာရင်း

..
ဒီလောက်များတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေဆိုတာ လက်ရှိကမ္ဘာမှာ မြန်မာတစ်နိုင်ငံပဲရှိလိမ့်မယ်ထင်တယ်။
မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့
အဖွဲ့အစည်းများစာရင်း တဲ့။
_______________________________
ဖတ်သာကြည့်ကြပါ။
_______________________________
(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ
(၁၀)PNLO ပအိုဝ်း
(၁၁)SSA/SSPP ထူး ၃ ရှမ်းမြောက်
(၁၂)SSA/RCSS ရှမ်းတောင်
(၁၃)UWSA/P ဝပြည်
(၁၄)KIO/A ကချင် ထူး ၂
(၁၅)ABSDF
(၁၆)AA ရခိုင်
(၁၇)TNLA တအောင်း(န်)
(၁၈)NDA-K ကချင် ထူး ၁
(၁၉)KNPLF ကယား ထူး ၂
(၂၀)KNPDP ကယားနီ
(၂၁)KNDP/A ကယားနဂါး
(၂၂)KNUSO ကယားကြယ်ဖြူ
(၂၃)MNDAA ရှမ်းမြောက် ထူး ၁
(၂၄)Ja Pikwe လားဟူ
(၂၅)Jakuni လားဟူ
(၂၆)လားဟူ ပြည်သူ့စစ်
(၂၇)မက်ခ်မန်း ပြည်သူ့စစ်
(၂၈)DKBA ကရင်
(၂၉)KPF ကရင်
(၃၀)RRF ကချင်
(၃၁)KDA ကချင်
(၃၂)SSA-N ရင်း ၃
(၃၃)SSA-N ရင်း ၇
(၃၄)SSA-S ရင်း ၇၅၈
(၃၅)KNG ကယန်း
(၃၆)PSLP ပလောင်
(၃၇)KNLP ကယန်း
(၃၈)MPDF မွန်
(၃၉)MMA မွန်
(၄၀)WNO/A ဝပြည်
(၄၁)NUPA ရခိုင်
(၄၂)LDU လားဟူ
(၄၃)ASA ရခိုင်
(၄၄)MTUF မြိတ်
(၄၅)ZRO ဇိုမီး
(၄၆)KNO ကချင်
(၄၇)MNDAA ကိုးကန့် ထူး ၁
(၄၈)MNDA မွန်
(၄၉)HRP မွန်
(၅၀)PNO ပအိုဝ်း ထူး ၆
(၅၁)လဝါးယန်ပြည်သူ့စစ်
(၅၂)ရဝမ်ပြည်သူ့စစ်
(၅၃)ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
(၅၄)စိန်ကျောက်ပြည်သူ့စစ် ၁ ၂
(၅၅)မိန်းခေးပြည်သူ့စစ်
(၅၆)ကာလိပြည်သူ့စစ်
(၅၇)ဝမ့်ပန်ပြည်သူ့စစ်
(၅၈)နားပွဲပြည်သူ့စစ်
(၅၉)မန်ပန်အဖွဲ့
(၆၀)မုံးဟင်အဖွဲ့
(၆၁)နောင်မိုအဖွဲ့
(၆၂)မိုင်းကောင်းအဖွဲ့
(၆၃)နားကော်အဖွဲ့
(၆၄)မိုင်းယုအဖွဲ့
(၆၅)ကြူကုတ်အဖွဲ့
(၆၆)မုံးကိုးအဖွဲ့
(၆၇)မုံးပေါ်အဖွဲ့
(၆၈)ရှောက်ဟော်အဖွဲ့
(၆၉)လုံခန်းအဖွဲ့
(၇၀)ပန်စိန်းအဖွဲ့
(၇၁)ကွတ်ကိုင်အထူးပြည်သူ့စစ်
(၇၂)ဖွန်းဆိုင်အဖွဲ့
(၇၃)ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
(၇၄)တာမိုးညဲအဖွဲ့
(၇၅)ပန်ဆေးအဖွဲ့
(၇၆)လုံထန်အဖွဲ့
(၇၇)နမ္မတူအဖွဲ့
(၇၈)မန်တုံအဖွဲ့
(၇၉)ဂန့်ဂွမ်း ချီဗွေအဖွဲ့
(၈၀)လူဖီအဖွဲ့
(၈၁)စင်းကြိုင်အဖွဲ့
(၈၂)ကန်ပိုက်တီးအဖွဲ့
(၈၃)ပန်တိန်အဖွဲ့
(၈၄)ဆော့ပိုင်အဖွဲ့
(၈၅)လောက်ကိုင်အဖွဲ့
(၈၆)ပုံပါကျင် လားဟူအဖွဲ့
(၈၇)မိုင်းယု လားဟူအဖွဲ့
(၈၈)တာလေ ဂျာကူနီအဖွဲ့
(၈၉)တာချီလိတ် ပြည်သူ့စစ်
(၉၀)မက်မန်း ပြည်သူ့စစ်
(၉၁)ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
(၉၂)ကျုံထော်အဖွဲ့
(၉၃)ကတိုင်တိအဖွဲ့
(၉၄)ဖာပွန်အဖွဲ့
(၉၅)ပိုင်ကျုံအဖွဲ့
(၉၆)ဒေါ်လန်းအဖွဲ့
(၉၇)မဲပုလဲအဖွဲ့
(၉၈)ရွှေကုက္ကိုအဖွဲ့
(၉၉)မြဝတီအဖွဲ့
(၁၀၀)ထီးဝါးကလေးအဖွဲ့
(၁၀၁)ထီးဟူသန်အဖွဲ့
(၁၀၂)အတွင်းကွင်းကလေးအဖွဲ့
(၁၀၃)ကျိုက်ဒုံအဖွဲ့
(၁၀၄)ဦးမဟာဂျာရဲ့ မကျန်းဒေသအဖွဲ့၊နားရိုင်းဒေသအဖွဲ့
(၁၀၅)ဦးမိန်းစင်ရဲ့ တပ်မဟာ ၇၅၈ဝမ်ယိမ်းအဖွဲ့
(၁၀၆)SNPLO ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည့်သူ့လွတ်မြောက်ရေအဖွဲ့(ရလလဖ)
တို့ဖြစ်ပါတယ်...

မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ သိရှိထားသင့်ကြောင်း မျှဝေလိုက်ပါတယ်။
__________________________
Nann Kyawt Shwe Su's status
..

Friday, 25 March 2016

နှစ်ရက်သာ အသက်ရှင်တော့မည့် ၁၆ လအရွယ်သမီးငယ်ကို လက်ထပ်သည့် ဖခင်

အင်္ဂလန်နိုင်ငံ၊ နောဝစ်ခ်ျမြို့ နှင့် လန်ဒန်မြို့ အကြားရှိ A-11 လမ်းမကြီးပေါ်တွင်ရှိသော သက်ဒ်ဖို့မြို့ တွင် အခြေစိုက်သည့် ဗြိတိန်တော်ဝင်လေတပ်မတော်မှ အသက် ၃၁ နှစ်အရွယ်ရှိ အင်ဒီဘားနတ်ဆိုသူသည် နှစ်ရက်သာ အသက်ရှင်တော့မည့် ၁၆ လအရွယ်သမီးငယ်ကို လက်ထပ်လိုက်ကြောင်း အင်္ဂလန်အခြေစိုက်သတင်းမီဒီယာများတွင် ဖော်ပြသည်။
သမီးငယ်ကလေး၏ အမည်မှာ ပေါ်ပီမိုင်ဖြစ်ပြီး သမီးဖြစ်သူလက်ထပ်ပါက ခမ်းခမ်းနားနားလက်ထပ်ပွဲကျင်းပပေးမည်ဟု အင်ဒီဘားနတ်က ကတိပြုခဲ့ဖူးသည်။
ယင်းနောက်ပိုင်းတွင် ပေါ်ပီမိုင်၌ ခွဲစိတ်ကုသ၍ မရနိုင်သော ဦးနှောက်ကျိတ်ကင်ဆာဖြစ်နေသည်ကို သိရှိခဲ့ရပြီး ရက်ပိုင်းသာ အသက်ရှင်သန်နိုင်တော့မည်ဖြစ်ကြောင်း သိလာကြရသည်။
ရက်ပိုင်းအတွင်း သမီးငယ်သေဆုံးတော့မည့် အခြေအနေကို သိရှိလာသော ဖခင်သည် သူ၏ကတိအတိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မင်္ဂလာပွဲကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Saturday, 30 January 2016

အပေါ်ပိုင်းဗလာဖြင့် အမျိုးသမီး တက်ကြွလှုပ်ရှားသူတဦး ပါရီတံတားပေါ်မှ ကြိုးဆွဲချပုံ ပြသ (ရုပ်သံ)

နိုင်ငံတကာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အုပ်စုထဲက အပေါ်ပိုင်း ဗလာကျင်းထားတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ အုပ်စုဝင် တဦးဟာ ဇန်န၀ါရီ ၂၈ ရက်နေ့က ပြင်သစ်မြို့တော် ပါရီ တံတားပေါ်ကနေ ကြိုးဆွဲချတဲ့ပုံ တန်းလန်း ချိတ်ဆွဲပြခဲ့ပါတယ်။
အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီ ပြင်သစ်မြို့တော် လာရောက်လည်ပတ်မှုကို ဆန္ဒပြတာလို့ ဆိုပါတယ်။
သူ့ရင်ဘတ်မှာ အီရန်အလံကို ဆေးခြယ်ထားပြီး သူ့ခေါင်းပေါ်က တံတားပေါ်မှာတော့ လွတ်လပ်ခြင်းကို ကွပ်မျက်သူ ရောင်ဟာနီကို ကြိုဆိုပါတယ်လို့ ရေးထားတဲ့ စာတန်းကို ချိတ်ဆွဲထားပါတယ်။
အီရန်မှာ နှစ်တိုင်း လူအယောက် ၈၀၀ ကျော် သေဒဏ်ပေးခံနေရတယ်ဆိုတဲ့ အချက်ကို အများပြည်သူကို အသိပေးတဲ့အနေနဲ့ ဒီလို အခင်းအကျင်းကို ပြသတာလို့ ဖီးမန်းဖရန့်စ်အဖွဲ့ ပြောခွင့်ရက ရှင်းပြပါတယ်။
အီရန်မှာ သေဒဏ်ပေးခံရတဲ့ လူတွေထဲ အမျိုးသမီးတွေ၊ အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ လိင်တူချင်း

Wednesday, 14 October 2015

ဇီဝဗေဒဆရာမတဦးရဲ့ ထူးခြားတဲ့ သင်ထောက်ကူဝတ်စုံ


နယ်သာလန်နိုင်ငံက ဇီဝဗေဒဆရာမတဦးဟာ လူသားတဦးမှာ ရှိလေ့ရှိထဖြစ်သော ခန္ဓာဗေဒဆိုင်ရာ       ပုံသဏ္ဌာန်မျိုးပြုလုပ်ထားတဲ့ ၀တ်စုံကို ကိုယ်တိုင်ဝတ်ဆင်ပြီး စာသင်ကြားခြင်းမှာ အထောက်အကူအဖြစ်  အသုံးပြုခဲ့ပါတယ်။

Groene Hart Rijnwoude ဆိုတဲ့ကျောင်းမှ န၀မတန်းကျောင်းသားတွေဟာ သူတို့ရဲ့ဆရာမက စာသင်နေရင်း ရုတ်တရတ် အပေါ်ဝတ်ကို ချွတ်ချလိုက်ပြီး သူ့ကိုယ်မှာ ၀တ်ဆင်ထားတဲ့ အဲ့ဒီခန္ဓာဗေဒပုံစံ ၀တ်စုံကို     မြင်တွေ့လိုက်ချိန်မှာ အံ့အားသင့်ခဲ့ကြပါတော့တယ်။

Wednesday, 7 October 2015

ဘီလူးလေးမွေးတာ ဟုတ်မဟုတ်( နယ်တွေဘက်ကအယူအဆအတွက် )

 
~၉-၈-၂၀၁၅ ရက်နေ့ လွိုင်ကော်ဆေးရုံမှာ မွေးဖွားခဲ့တဲ့ ကလေးအကြောင်း ဆေးပညာရှုထောင့်မှ လေ့လာခြင်း
(ကြောက်တတ်သူများအတွက် ပုံကို အချို့နေရာ ဖျက်ထားပါသည်)
၁~ဒါ အရုပ်မပာုတ်ပါဘူး လိမ်ဇာတ်လည်းမပာုတ်ပါဘူး!!
၂~ဘာသာရေးအရ ဆို လူကြီးမင်းတို့ပြောသလိုပါပဲ ဒီကလေးကံမကောင်ရှာပါဘူး မိဘနှစ်ပါးလည်းကံမကောင်းရှာပါဘူး
၃~ဆေးပညာအရ နိုင်ငံသကာမှာ မှတ်တမ်းတွေအများကြီးရှိခဲ့ပါတယ်!! Congenital Ichthyosisလို့လည်းခေါ်ပါတယ်!Gene Mutationကြောင်အစပြုသွားနိုင်သလိုမျိုးရိုးဗီဇကြောင့်လဲရနိုင်ပါတယ်။AnySex Any Age Any population!! ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်ယောကျာ်းမိန်မမရွေးပါ !!
အရမ်းကိုရှားပါးလွန်းပါတယ်!!ဒါကြောင့် ထူးဆန်းအံ့ဖွယ်လိုဖြစ်နေတာပါ။
ဖြေချက်~ မျိုးရိုးဗီဇလိုက်လား?? လိုက်ပါတယ်!!
ဒါဆိုဘာလို့ အဖြစ်မများလည်း??? Autosomal Recessive လို့ခေါ်တဲ့မျိုးရိုးအလိုက်ပါတာပါ!! ဒါမျိုးဖြစ်ဖို့ဆိုတာ အဖေ နဲ့အမေ နှစ်ဖက်လုံးနဲ့ဆိုင်ပါတယ် !! (အမျိုးအချင်းချင်းယူတာနောက်မှဆက်ရှင်းပြမယ်)
အဖေဘက်ကမျိုးရိုးကလည်း Carrier (geneသယ်ဆောင်သူ/ငုတ်gene)အမေဘက်ကလည်း သယ်ဆောင်သူ(ငုတ်gene) ဒီနှစ်ဦးလုံးမှာမှ ရနိုင်တာပါ ကလေး၎ယောက်မွေးရင် ၁ယောက်ဖြစ်တတ်တယ်!
ဒါကိုရှင်းအောင်ပြန်ပြောရရင် Carrier ဆိုတာ သူ့မှာ ဒီဗီဇရှိတဲ့geneနဲ့ ကောင်းတဲ့ သာမန်Gene ၂ခု အမြဲရှိပါတယ်! ကောင်းတဲ့gene ရှိနေသရွေ့ ဘာမှမဖြစ်ပါဘူး ! Carrier ရှိတဲ့လူ

Friday, 2 October 2015

မျိုးရိုးဗီဇရောဂါကြောင့် နှာခေါင်းနှစ်ခုနဲ့ မွေးဖွားလာတဲ့ကလေးငယ်

အလွန့် အလွန်ရှားပါးလှတဲ့ မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ပီရူးနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ နှာခေါင်းနှစ်ခုနဲ့ မွေးဖွားလာခဲ့ပါတယ်။

Baby Angelito ( နတ်သားလေး) လို့ မိဘတွေက နာမည်ပေးထားတဲ့ အဆိုပါကလေးငယ်ကို Peru နိုင်ငံ၊ Chimbote မြို့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ကလေးအထူးကုဆရာဝန် Jose Castillo က Patau Syndrome လို့ ခေါ်တဲ့ အဆိုပါ ကိုယ်အင်္ဂါမူမမှန်တဲ့ရောဂါဟာ အလွန်တရာ ရှားပါးလှတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး မီးဖွားမှု ၁၀၀၀၀ ကနေ ၁၅၀၀၀ မှာမှ တစ်ကြိမ်သာ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ကလေးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိပဲ တိုက်ကျွေးထားတဲ့ အာဟာရကို ပုံမှန် စားနိုင်တာကြောင့် သူ့ ရဲ့ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းကလည်း ကောင်းမွန်စွာအလုပ်လုပ်တယ်လို့ ဆိုပါတယ်။

စတိုးဆိုင်ကနေ ကွန်ဒုံးခိုးတဲ့သမီးကို အရှက်ပြေသတ်ခဲ့တဲ့ ဖခင်တစ်ဦး

ရည်းစားနဲ့ ချစ်တင်းနှောဖို့အတွက် စတိုးဆိုင်ကနေ ကွန်ဒုံးခိုးခဲ့တဲ့ ၁၉နှစ်အရွယ် သမီးအကြောင်းကို ကြားပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူက သမီးကို လည်ပင်းညှစ်သတ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ကောင်မလေးရဲ့ ရည်းစားဆိုတာကလည်း မိဘတွေက မတွေ့ရဘူးလို့ တားမြစ်ထားတဲ့သူ ဖြစ်တော့ ပိုဆိုးကုန်တာပေါ့။

သမီးဖြစ်သူ Lareebကို လည်ပင်းညှစ်သတ်ပြီးတဲ့နောက် Asdullah နဲ့ သူ့ရဲ့ဇနီး Shazia တို့ဟာ အလောင်းကို ဘီးတပ်ကုလားထိုင်ပေါ်တင်၊ ကားထဲထည့်ပြီး တောအုပ်ထဲကို မောင်းနှင်ခဲ့ပါတယ်။ ပြီးတော့ အလောင်းကို ဖျောက်ခဲ့ကြတော့တာပါပဲ။ နောက်ရက်များအကြာမှာ ဖြတ်သွားဖြတ်လာတွေက အလောင်းကို ရှာတွေ့ခဲ့ပါတယ်။

Friday, 18 September 2015

သားအမိနှစ်ဦး မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံး

ဓါတ်ပုံ -  Naing Linn Aung (FB) 

ဓါတ်ပုံ -  Naing Linn Aung (FB) 

  မြိုင်မြို့နယ်၊ ဖောင်းကွဲအုပ်စု၊ တဲပင်ကျေးရွာမှ ဦးမောင်ရီ၊ ဒေါ်ဝင်းနှင့်သမီးဖြစ်သူ မဖြိုးအိစံတို့ ယာမြေအတွင် နှမ်းစိုက်ပျိုးနေစဉ် မိုးကြိုးပစ်ရာ ဒေါ်ဝင်းနှင့်သမီး ဖြစ်သူမဖြိုးအိစံ {၂၀၁၄ပညာသင်နှစ်တွင် နှစ်ဘာသာဂုဏ်ထူးနှင့် အောင်မြင်သူ) မှာ နေရာတွင် သေဆုံးသွားသဖြင့် မြိုင်အသင်းမှသွားရောက် ကောက်ယူခဲ့ပါသည်။ ၁၆၊၉၊၂၀၁၅ ညနေ၁း၃၀နာရီ / သတင်း - ဓါတ်ပုံ -  Naing Linn Aung (FB)

Friday, 24 July 2015

ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တလုံးတွေ့ရှိ

Earth 2.0 လို့ခေါ်တဲ့ ကမ္ဘာနဲ့ အနီးစပ်ဆုံး ဂြိုဟ်။
 ကမ္ဘာဂြိုဟ်နဲ့ ထူးထူးခြားခြားကို ဆင်တူတဲ့ ဂြိုဟ်တလုံးကို ရှာတွေ့လိုက်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ကြာသပတေး နေ့မှာ ပြောပါတယ်။ အဲဒီဂြိုဟ်ဟာ နေနဲ့တူတဲ့ ကြယ်တလုံးကို လှည့်ပတ်နေတယ်လို့ဆိုပါတယ်။

ဒီဂြိုဟ်ဟာ သက်ရှိတွေနေထိုင်ဖွယ်ရှိတဲ့၊ တခြားတနေရာမှာတွေ့ရတဲ့ ကမ္ဘာနဲ့အနီးစပ်ဆုံး ဂြိုဟ်ပါပဲလို့ အမေရိကန်အာကာသ အေဂျင်စီ NASA ရဲ့ ကာလီဖိုးနီးယားအခြေစိုက် Ames သုတေသနဌာနက Jon Jenkins ကပြောပါတယ်။

Wednesday, 10 June 2015

ပျားတစ်ကောင်ကြောင့် Flybe လေယာဉ် ၂ နာရီ ကြန့်ကြာ



ရေနွေးငွေ့ တာဘိုင်းတွေအနက် တစ်ခုမှာ ပျားတစ်ကောင် ပိတ်မိပြီးနောက် Flybe လေယာဉ် ပြသနာတက်နေခဲ့ပါတယ်။

စနေနေ့က Southampton ကနေ Dublin သို့ထွက်ခွာမယ့် Flight BE384 လေယာဉ်ဟာ အဲဒီ ထိခိုက်စေနိုင်တဲ့ အရာကြောင့် ၂ နာရီနောက်ကျခဲ့ပါတယ်။

အမျိုးသားတစ်ဦး ချစ်သူရဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး မိန်းမယောင်ဆောင်ကာ ကိုယ်စား စာမေးပွဲ ဝင်ဖြေပေးလို့ ဒဏ်ငွေရိုက်ခံရ



အမျိုးသားတစ်ဦးဟာ သူ့ချစ်သူ ကိုယ်စား စာမေးပွဲဖြေဆိုပေးဖို့ သူ့ချစ်သူအင်္ကျီတွေ ဝတ်ဆင်ခဲ့တာကြောင့် ပေါင် ၁၄,၀၀ ဒဏ်ရိုက်ခံရပါတယ်။ ဒါပေမယ့် တခြားအမျိုးသမီးတွေကတော့ သူ့ပုံစံလေးက ချစ်စရာကောင်းကြောင်း ချီးမွမ်းပြောဆိုကြပါတယ်။

Ayan Zhademov အသက် ၂၀ နှစ်ဟာ စာမေးပွဲခန်းစောင့်တွေ သူ့အသံသြသြကြီးကြားပြီး အမျိုးသားတစ်ယောက်ဖြစ်မှန်းသိသွားတော့ အဖမ်းခံရပါတယ်။

Zhahemov က သူ့ချစ်သူဟာ စာမေးပွဲဖြေဖို့ စိတ်လှုပ်ရှားလွန်ဖြစ်ပြီးနောက် အခုလို ကြံစည်ခဲ့တာဖြစ်ပါတယ်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate