ရေကြီးမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် သေဆုံးမှု ၁၉ ဦးအထိရှိလာ
ဇွန်လ ၁ ရက်နေ့မှစတင်၍ ဇွန်လ ၁၃ ရက်နေ့အထိ နိုင်ငံတ၀န်း သေဆုံး သူ ၁၉ ဦးရှိလာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တွင် ရေကြီးမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး နတ်တလင်းနှင့် ပေါင်းတည် မြို့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပိသေဆုံးသူ ၂ ဦး၊ ကချင်ပြည်နယ် ဖားကန့်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁ ဦး အပါအ၀င် မိုးကြိုးထိမှန်မှုကြောင့် ဘားအံ၊ သေနတ်ပင်၊ ပခုက္ကူ၊ ပဲခူးနှင့် အင်္ဂပူမြို့တို့တွင် စုစုပေါင်းသေဆုံးသူ ၅ ဦးရှိခဲ့ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောသည်။








