Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

Wednesday, 27 March 2019

စစ်ဘေးရှောင်များ အကူအညီလိုအပ်

ပန်းမြောင်း စစ်ဘေးရှောင်စခန်းများနှင့် လူဦးရေ စာရင်း
အောင်မင်္ဂလာစစ်ဘေးရှောင်စခန်း
ကျား(၁၂၆)
မ (၁၃၅)
စုစုပေါင်း( ၂၆၁)
ရွှေဖောင်တင် စစ်ဘေးရှောင် စခန်း
အိမ်ထောင်စု (၁၅၃)
မ(၃၈၄)
ကျား(၃၅၀)
စုစုပေါင်း ( ၇၃၄ )
ပရိယတ္တိ စစ်ဘေးရှောင် စခန်း
အိမ်ထောင်စု ( ၅၃၅)
ကျား ( ၅၅၅ )
မ ( ၆၆၅ )
စုစုပေါင်း ၁၂၂၀
Credit- ရက္ခဘီလူး
-----------------------
အမြောက်သံတွေကြားက မြောက်ဦးစစ်ဘေးရှောင်စခန်းများ
********************************
မြို့ပေါ်စစ်ဘေးရှောင်စခန်း ၆ ခု
---------------------------------------------
၁။ သျှစ်သောင်း ကျောင်းတိုက်
၂။ ဘုရားပေါ်
၃။ အောင်စေတီ
၎။ ရွှေတောင်
၅။ မြတန်ဆောင်း
၆။ လက်ကောက်ဈေး
နယ်ရှိ စခန်း ၆ ခု
-------------------------
၁။ ချောင်းသစ်
၂။ ပန်းမြောင်း
၃။ စင်းဘောကိုင်း
၎။ အောက်သကန်
၅။ စေတီတောင်
၆။ တိမ်ညို
မြို့နယ်ရှိ စခန်းအားလုံး စစ်ဘေးရှောင်လူဦးရေ
* ၆၅၇၉ ဦး


အကူအညီများလိုအပ်လျှက်ရှိပါသည်။
Credit- Htun Aung Kyaw

Sunday, 17 March 2019

ရက္ခိုင်​တပ်​မ​တော်​ AA မှ ထုန်​ပြန်​ချက်

မတ်လ ၁၅ ရက်နေ့၊ ညနေပိုင်းက မြောက်ဦးမြို့၊ကျောက်ရာစ်ကေ ရပ်ကွက် သုဿာန် ကုန်းပတ်ဝန်း ကျင်အနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင် များကို ပစ်ခတ်ခဲ့သည်ဟု တပ်မတော်ပြောဆိုချက် ရက္ခိုင့်တပ်မတော်(AA) တုန့်ပြန်ခဲ့ပါတယ်

Sunday, 16 September 2018

ကမန်နာမည်ခံ မှတ်ပုံတင်ထုတ်ပေးမှု သက်သေခိုင်လုံရင် တိုင်ကြားနိုင်

ကမန်မိခင် ချက်ပြုတ်ပြင်ဆင်နေစဉ် ကစားနေတဲ့ ကလေးများ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ ကမန်လူမျိုးမဟုတ်တဲ့ တခြားမူဆလင်တွေကို သက်ဆိုင်ရာက ကမန် တိုင်းရင်းသားနာမည်ခံပြီး နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးနေတယ်ဆိုတဲ့သတင်းတွေဟာ မမှန်ကန် ကြောင်းနဲ့ ဒီလို လုပ်ဆောင်တယ်ဆိုတဲ့ ဖြစ်ရပ်တွေကို သက်သေအထောက်အထားရှိလို့ တိုင်ကြားနိုင်ရင် အရေးယူမှာဖြစ်ကြောင်း ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသား နည်းနည်းပဲရှိပေမယ့် ထောင်နဲ့ချီလူတွေကို ကမန်တိုင်းရင်းသား နာမည်ခံပြီး နိုင်ငံသားစီစစ်ရေးကဒ်တွေ ထုတ်ပေးနေတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်က ပြောနေတာပါ။ VOA ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ဆိုပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ထုတ်ပေးနေတာကို ရခိုင်ပြည်နယ်နိုင်ငံရေးပါတီတွေကနေ ကန့် ကွက်မှု တွေရှိနေတာပါ။

အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားစိစစ်ရေးကဒ်လုပ်ပေးတယ်ဆိုတဲ့သတင်းမဟုတ်မှန်သလို သက်သေ အထောက်အထားတွေနဲ့တိုင်ကြားနိုင်ကြောင်း ရခိုင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဦးစီးမှူး ညွှန်ကြားရေးမှူး- ဦးအောင်မင်းက ငြင်းဆိုပါတယ်။

“ဘင်္ဂလီလူမျိုးတွေဟာ ကမန်နံမည်ခံပြီး မှတ်ပုံတင်လုပ်နေတာမျိုးကို ကျနော်တို့လုပ်မပေးပါဘူး။ ကမန်မျိုး တိုင်းရင်းသားတွေကိုပဲ ကျနော်တို့လုပ်ပေးတာပါ။ ဘင်္ဂလီလူမျိုးတွေက သပ်သပ် ရှိပါတယ်။ သူတို့မပါပါဘူးဗျ။ လျှောက်ထားသူသည် ကမန်လူမျိုးမဟုတ်ဘူး။ ဘင်္ဂလီဆိုရင် အဲဒီဟာကို သက်သေ အထောက်အထား တွေနဲ့ တိုင်ကြားတယ်ဆိုရင် ကျနော်တို့က ဥပဒေနဲ့အညီ စိစစ်ပြီးတော့လုပ်ပေးသွားမှာဖြစ်ပါတယ်။”

သြဂုတ်လကုန်ပိုင်းတုန်းက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကတာဝန်ရှိသူတွေ ကျောက်နီမော်ကျေးရွာကို ရောက် လာပြီး စုစုပေါင်း ၃,၃၀၀ ကျော်ကို နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် က မေးမြန်းချက်အရ သိရပါတယ်။

ကျောက်နီမော်ရွာထဲမှာနေထိုင်တဲ့ကမန်တိုင်းရင်းသားဟာ ရခိုင်ပြည်နယ်မှာဖြစ်ပွါးတဲ့အရေးအခင်းအလွန် ၂၀၁၇ ခုနှစ်ကစပြီး ရန်ကုန်မြို့နဲ့တခြားနယ်ဘက်တွေမှပြောင်းရွှေ့နေထိုင်လာခဲ့တာပါ။

လက်ရှိကျောက်နီမော်ရွာမှာ ကမန်လူဦးရေ ရာဂဏန်းမပြည့်ပေမဲ့ နိုင်ငံသားစီစစ်ရေးကဒ် (၃၀၀၀) ကျော် ထုတ်ပေးတဲ့အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ကနေ ကန့်ကွက်ခဲ့တယ်လို့ ရမ်းဗြဲမြို့နယ် ALD ဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောပါတယ်။

“နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကိုတော့ ကျနော်တို့မဆိုလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့က ဒေသခံတွေဆိုတော့ဗျာ အဲဒီမှာ ကမန်တိုင်းရင်းသားမဟုတ်တဲ့သူတွေကိုလည်း ကျနော်တို့ဒေသခံတွေအနေနဲ့ သိပါတယ်။ ကမန် မဟုတ်တဲ့၊ တိုင်းရင်းသားမဟုတ်တဲ့ သူတွေကို၊ လိမ်လည်သူတွေကို သူတို့က ကမန်တိုင်းရင်းသားအဖြစ် သတ်မှတ်ပြီးတော့ မှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စအပေါ် ကျနော်တို့က သိသာမြင်သာတဲ့အပေါ်မှာ ဒါ မဖြစ်သင့် ဘူး။ ဒါကို ဥပဒေကြောင်းအရ သေသေချာချာဂဃနဏ စိစစ်ကြည့်ဦး။ အဲဒီတိုင်းရင်းသား အမှန်အကန်ကိုပဲ ဖြစ်စေချင်တယ်။ အဲဒီကြောင့်ပဲ ကျနော်တို့က ကန့်ကွက်စာတွေ သဘောထားလေးတွေ ထုတ်ပြန်ရတာ ဖြစ်ပါတယ်။”

ကမန်လူမျိုးအမည်ခံပြီး နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး ပြန်လည်စိစစ်ပေးဖို့ ရခိုင် ပြည်နယ်နိုင်ငံရေးပါတီတွေကနေ ပြည်နယ်အစိုးရအပါအ၀င် ပြည်ထောင်စုအစိုးရကိုတင်ပြခဲ့ပါတယ်။

ဒီတင်ပြချက်အပေါ်သက်ဆိုင်ရာဝန်ကြီးဌာနကနေစိစစ်နေတယ်ဆိုပြီး ရခိုင်အမျိုးသားပါတီအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“အခုဘင်္ဂလီတွေက ကမန်ဆိုပြီးတော့ သူတို့ကနိုင်ငံသားစီစစ်ရေးကဒ်ပြားကို ရတဲ့နည်းနဲ့ယူထားတယ်။ အဲဒါကို သူတို့ရဲ့အကြောင်းကို ကောင်းစွာနားလည်တဲ့ ကမန်အဖွဲ့အစည်းကနေ တပ်အပ် သေချာသိနေတဲ့ အတွက် အထောက်အထားနဲ့တင်ပြထားတဲ့အတွက်ကြောင့် ဒီကိစ္စကအစိုးရ၀န်ကြီးဌာနနဲ့သက်ဆိုင်ကြတယ်။ သူတို့ဆက်လက်ပြီး လုပ်နေကြတယ်လို့ ကျနော်တို့သိနေရပါတယ်ခင်ဗျ။ ၀န်ကြီးဌာနက စိစစ်နေတယ်ဆိုတာ ကျနော်တို့ ကြား သိရပါတယ်။”

ကမန်လူမျိုးအမည်ခံပြီး နိုင်ငံသား စိစစ်ရေးကဒ်တွေ ထုတ်ပေးခဲ့တဲ့ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနကနေ စိစစ်နေတဲ့အခြေအနေနဲ့ပက်သက်ပြီးသိရှိဖို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန် ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ကျောက်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသားအနည်းစုဟာ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလို့ သူတို့ကိုယ်ကို သူတို့ခေါ်ဝေါ်နေတဲ့သူတွေနေထိုင်နေကြပါတယ်။

ကမန်လူမျိုးအမည်ခံပြီး နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ကမန် အမျိုးသားတိုး တက်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှတိုးက ပြောပါတယ်။

“မဖြစ်သင့်တဲ့ကိစ္စတခုပေါ့နော်။ ဒါအစိုးရကလုပ်ပေးတယ်ဆိုတဲ့ကိစ္စကိုး။”

ကမန်လူမျိုးအမည်ခံ နိုင်ငံသား စိစစ်ရေးကဒ်တွေထုတ်ပေးခဲ့တဲ့ဖြစ်စဉ်အတွက် ပြန်လည်စိစစ်ပေးဖို့ ကမန်အမျိုးသား တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ဒီလပထမအပတ်မှာ သက်ဆိုင်ရာ အစိုးရဌာနထံ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။

ဘင်္ဂလီတွေကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသားစီစစ်ရေး ကဒ်လုပ်ပေးတယ်ဆိုတာ အစိုးရပေါ်လစီမရှိ ဘူးလို့ သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

ကိုနိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com


Wednesday, 16 May 2018

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တိမ်ညိုရွာခံ ၃ဦး လွတ်မြောက်

 လွတ်မြောက်လာသူ ၃ ဦးအားတွေ့ရစဉ်။ Photo - ဒေါ်အေးနုစိန် facebook
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ တိမ်ညိုရွာခံ ၃ ဦးကို မြောက်ဦး မြို့နယ်တရားရုံးက ဒီနေ့ တရားသေ လွှတ်လိုက်ပါတယ်။

မြောက်ဦးမြို့နယ် တရားရုံးကို မြင်ရစဉ်/Photo: Min Thein Aung/RFA
တရားလိုပြသက်သေတွေကိုစစ်ဆေးပြီး နှစ်ဘက်လျှောက်လဲချက်တွေကိုကြားနာပြီးတဲ့နောက် စွဲချက်မတင်သင့်ဘူးဆိုပြီး တရားရုံးကအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒီနေ့လွတ်မြောက်လာတဲ့ တိမ်ညိုရွာခံသုံးဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်က မြောက်ဦးမြို့ကနေ စစ်တွေမြို့ကိုလာရာလမ်းမှာ ကားပေါ်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တိမ်ညိုကျေးရွာက ဦးကျော်မြင့်အပါအဝင်မိသားစု ၄ ဦးကို ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်အရ ဒီနေ့တရားရုံးက လွှတ်ပေးလိုက်တဲ့ အခြားနာမည်တူ ဦးကျော်မြင့် အပါအဝင်သုံးဦးဟာ AA ရက္ခိုင့်တပ်မတော်နဲ့ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ဦးကျော်မြင့် အပါအဝင် မိသားစုဝင် ၄ ဦးကိုတော့ စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

Sunday, 29 April 2018

ရိုဟင်ဂျာပြန်ခေါ်ရေး ဆက်လက်ဖိအားပေးမယ်လို့ သြစတြေးလျ ပြောကြား


သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull မဲလ်ကမ် တန်းဘူးလ် က ဆစ်ဒနီမြို့ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် sheik Hasina ရှိတ် ဟာစီနာနဲ့ စနေနေ့ ညနေက တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာအစိုးရကို သူတို့နိုင်ငံက ဆက်လက်ဖိအားပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ကိုင်ဆောင်ရွက်နေတာတွေကို သြစတြေးလျနိုင်ငံက ထောက်ခံပြီး ဒုက္ခသည်စခန်းတွေကို အကူအညီတွေ ပိုမိုထောက်ပံ့မယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဒီအတောအတွင်း အာဆီယံညီလာခံက စနေနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ သူတို့နေရပ်ကို ဆန္ဒအလျှောက် လွတ်လပ်စွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

Thursday, 18 January 2018

မြောက်ဦးအကြမ်းဖက်မှုဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်


၁၇. ၁.၂၀၁၈ U.S. Embassy Rangoon

ယမန်နေ့ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းအပါအဝင် ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်းကိုလည်း ပြောကြားလိုပါသည်။

တရားဥပဒေစိုးမိုးမှုကိုလေးစားသည်နှင့်အညီ ပြည်သူများငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာနားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။

The U.S. Embassy wishes to express its distress at reports of violence last night in Mrauk-U and its deep concern for all innocent people affected by the violence, including condolences to the families of those killed. The right of a people to peacefully assemble is a cornerstone of any democracy, as is respect for the rule of law. We hope that reason and restraint will prevail and that, with a better understanding of these tragic events and how they unfolded, future incidents of violence can be prevented.

စိန်ဝင်း(MJI) – မြောက်ဦးအရေး၊ ရှင့်မှာလည်း ကလေးတွေနဲ့ ကျွန်မမှာလည်း အကြွေးတွေနဲ့ (မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၈ (သူ့ဖေ့စ်ဘွတ်က ကူးပါတယ်



မြောက်ဦးမှာ ရဲဘက်က ပစ်ခတ်လို့သေတဲ့သူတွေကြည့်တော့ လူငယ်အရွယ်ကောင်းတွေ၊ ပုံတွေမြင်ရတာ စိတ်မချမ်းသာစရာပါပဲ။ လတ်တလောအကြောင်းအရင်းကတော့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ (နားရှင်းအောင် ပြောရရင်တော့ ဗမာက ရခိုင်ကိုသိမ်းပိုက်လိုက်တဲ့နေ့) အခမ်းအနားကို အာဏာပိုင်တွေက လုပ်ခွင့်မပြုတာ၊ ဟောပြောမယ့် ရခိုင် စာရေးဆရာတစ်ယောက်ကို အမှုဖွင့်တာတွေ မကျေနပ်လို့ ညကြီး လှည့်လည်ဆန္ဒပြတာ၊ အဲသလိုကနေ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အုံလာတော့ ရဲနဲ့ထိပ်တိုက်တွေ့တာ။
အရင်းအမြစ် Root cause ကတော့ ရခိုင်မှာလူငယ်တွေ အနာဂတ်ပျောက်တာပါပဲ။ စိတ်တွေရှုတ်ထွေးနေကြတယ်။ ရခိုင်လူငယ်တွေဟာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းက နယ်မြေသစ်ကိုသွားရတာပဲ။ ရန်ကုန်ကိုရွေးမလား၊ ဖားကန့်လား၊ ထိုင်းလား၊ မလေးရှားလား။ ရတဲ့အပေါက်ထိုးထွက်နိုင်မှသာလျှင် အသက်ရှုချောင်ဖို့လမ်းရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းက မွေးရပ်မြေမှာ ရှားပါးတယ်။ အစိုးရ၀န်ထမ်းလုပ်ဖို့ကလည်း ထင်သလောက် မလွယ်။ ဟိုတုံးက ဒီလိုလမ်းမပွင့်တော့ တပ်ထဲဝင်ကြတော့ တပ်မတော်၊ ရဲ ထဲ ရခိုင်အမျိုးသားတွေမနည်းလှဘူး။ ဒီကြားထဲ စိတ်ညစ်လို့ အရက်ကို သောက်တယ်၊ အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်ဖြစ်ရတဲ့အဖြစ်ကလည်း ထပ်ဆောင်းပြန်ရော။
ကိုယ်တွေလည်း ဒီအရွယ်မှာတုံးက ဒီလိုရှုတ်ထွေးခံစားမှုတွေနဲ့ အာဏာပိုင်၊ စစ်ဘက် ရဲဘက်ဆိုရင် မျက်မုန်းကိုကျိုးနေတာ။ နိုင်ငံရေးဆိုတာ လူမှုစီးပွားနဲ့ တွဲနေတာမဟုတ်လား။ ရပ်ကွက်ချင်း ဘောလုံးပွဲရလာဒ်မကျေနပ်လို့ ရဲစခန်းဝိုင်းလည်း ပါချင်တာပဲ။ ကျောင်းသားတွေကိုဖမ်းလို့ သွားဝိုင်းလည်း ပါချင်တာပဲ။ နောက်ဆုံးတော့ ခေါင်းစဉ်တပ်လို့ရတာက အထွေထွေမကျေနပ်မှု။ ငါသာဆိုလည်း ဒီလိုပဲဖြစ်မှာပဲလို့ ကိုယ်ချင်းစာတယ်။
သတင်းအချက်အလက်တွေ စီးဆင်းမှုမြန်ဆန်အားကောင်းလာတဲ့အချိန်မှာ ရခိုင်ဒေသရဲ့ သံယံဇာတအားကောင်းမှု၊ အထူးသဖြင့် ပင်လယ်ရေလုပ်ငန်း၊ သဘာဝဓာတ်ငွေ့သိုက်တွေတည်ရှိကြွယ်ဝမှုတွေနဲ့ ရေနက်ဆိပ်ကမ်းလိုဟာမျိုးတွေနဲ့ အလားအလာကောင်းတွေကို သိမြင်လာကြမှု ကျယ်ပြန့်လာတယ်။ အဲဒီအချိန်မှာ ငါတို့ ဘာလို့ ဆင်းရဲနေတာလည်းဆိုတာ မေးခွန်းထုတ်လာကြတယ်။ သံယံဇာတခွဲဝေမှုကို မြင်လာကြတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဘက်အုပ်ချုပ်ရေးရပ်စဲသွားပြီး အရပ်ဘက်အုပ်ချုပ်ရေး (စပ်ကြားတော့ စပ်ကြားပေါ့) နဲ့ သွားတော့ နိုင်ငံရေးပါတီတွေ space တွေပေါ်လာတယ်။ အရင်တုံးက လက်နက်ကိုင်တော်လှန်မှုပဲ လုပ်ရဲရင်လုပ်ပေါ့ဆိုတာကနေ နိုင်ငံရေးစုဖွဲ့မှု၊ ဟောပြောမှုတွေ (အကန့်အသတ်ရှိတယ်ဆိုဦးတော့)အတွက် space ပေါ်လာတယ်။ အဲဒီမှာ နိုင်ငံရေးသမားကော၊ စာပေနယ်ကော၊ သြဇာတိက္ကမရှိသူတွေ ဦးစီးဦးဆောင်ပြုသူတွေကြားမှာ အမျိုးသားရေးကိုဦးတည်စည်းရုံးမှုတွေ သိသိသာသာတိုးလာခဲ့တယ်။
ကိုယ့်မင်းကိုယ့်ချင်းဆိုတဲ့ ရွှေရောင်နေ့ရက်များ နောက်ခံသမိုင်းကြောင်းကလည်းရှိတော့ သူတို့ အသုံးချတဲ့ space က ထိရောက်လာခဲ့တယ်။ ရခိုင်မှာဟောပြောပွဲတွေကို နားထောင်ကြည့်ရင် ဗမာတစ်ယောက်အတွက် ဗြိတိသျှလက်အောက် ၁၃၀၀ ပြည့်အရေးတော်ပုံကာလတွေနဲ့ ဆင်တူသလို ခံစားရတယ်။ ရခိုင်က စာပေ ယဉ်ကျေးမှုအားကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်တော့ ခံစားချက်တွေလည်း မီးမြင့်တယ်။
ဗဟိုအစိုးရအတွက်၊ တပ်မတော်အတွက် ဒါမှမဟုတ် အုပ်ချုပ်သူအမြင်ဘက်က ကြည့်ပြန်တော့ ရခိုင်ဒေသရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုကို ပြောရရင် ရွံကြောက်ကြီး။ နိုင်ငံ့အချုပ်အခြာအာဏာ ပြိုသွားမှာကို စိုးတယ်။ ဟို ဥရောပ ယူကေ အောက်က ဝေလတို့၊ အိုင်ယာလန်တို့၊ စပိန် ကတ်တလန်တို့မှာတော့ ဒီအရေးကို မဲနဲ့ အဖြေရှာဖို့ ကြိုးစားကြတယ်။ ကိုယ်တွေဆီမှာက သူတို့တွေ ရူးနေလားလို့တောင် ထင်တာ။ ကိုယ့်အခြေအနေ ကိုယ့်မှာလည်း ကိုယ့်အားနည်းချက်နဲ့ကိုယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးမှာ ဒါဟာ ထဲ့မစဉ်းစားလို့ကို မရတဲ့အဖြစ်။ ရခိုင်က ခွဲထွက်ရင် လုံခြုံပ့ါမလားဆိုတာက တကဏ္ဍ။ AA ကော၊ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေကော ဒါကို ဇောင်းတင်နေတာ။ အရင်တုံးက မော်ဒရိတ်ဖြစ်တဲ့ ဦးဦးလှစောဆိုလူတောင် မီးမြင့်လာတာ။ ဒေါက်တာအေးမောင်တော့ မပြောနဲ့တော့၊ အောက်ကိုပြန်မဆင်းတော့ဘူး။
သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူတို့။ ရခိုင်နိုင်ငံရေးသမားလုပ်မယ်ဆိုရင် အခုအခြေအနေက အမျိုးသားရေး ရယ်ဒီကယ်ဖြစ်မှကို ရတဲ့အဖြစ်၊ အဲသလိုမဟုတ်လို့ကတော့ ဒကာမရှိတဲ့ ဘုန်းကြီးလို၊ နောက်လိုက်မရှိတဲ့ ဆရာလိုပဲ။ အဲသလိုနဲ့ကို ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ပဲ။
သံယံဇာတခွဲဝေဖို့အတွက် လိုအပ်တယ်ဆိုတာ ပြည်မ သို့မဟုတ် အများစု ဗမာတွေလည်း သိလာပါတယ်။ ဒါက သီအိုရီ။ တကယ်တန်းအကောင်အထည်ဖော်ဖို့ကြတော့ အာဏာကိုလွှဲအပ်ခြင်းလုပ်ရင်လည်း မထိန်းနိုင်ဘဲ လွတ်ထွက်သွားမှာလည်း စိုးရိမ်ရပြန်။ ဒါ့အပြင် ပြည်မနိုင်ငံရေး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပြဿနာကလည်းရှိသေး။ ကိုယ့်အရှုတ်နဲ့ကိုယ်။ လွှတ်တော်ထဲ ဘတ်ဂျတ်တွေပိုခွဲဖို့ဆိုပြန်တော့လည်း လက်ရှိမှာတောင် ဝေစုမလောက်ဘူး။
ပထ၀ီနိုင်ငံရေးတို့ သမိုင်းနိုင်ငံရေးတို့ကလည်း ပါလာတာပေါ့။
အဲဒီတော့ ရခိုင်နဲ့ ပြည်မအဖြစ်က ရှင့်မှာလည်း ကလေးတွေနဲ့ ကျွန်မမှာလည်း အကြွေးတွေနဲ့ ဖြစ်နေတာ။

Tuesday, 14 November 2017

အစိုးရတပ်နဲ့ AA လက်နက်ကိုင်အဖွဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်

( ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ချင်းပြည်နယ် ပလက်ဝဒေသမှာ အစိုးရတပ်မတော်နဲ့ AAခေါ် ရခိုင်လက်နက်ကိုင်တပ်အကြားတိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေပြီး ဒေသခံပြည်သူတွေ ထပ်မံတိမ်းရှောင်နေပါတယ်။ စစ်ရှောင်ပြည်သူတွေထံကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ဟာလည်း လုံခြုံရေးအခြေအနေကြောင့် မရောက်ရှိနိုင်သေးပါဘူး။ လက်ရှိ ချင်းပြည်နယ်အတွင်းက ဖြစ်ပွားတဲ့တိုက်ပွဲ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Sunday, 12 November 2017

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်မွေးနေ့ မီးပုံးပျံလွှတ်တင်သူ ဖမ်းဆီးခံရ

bd
ရက္ခိုင့်တပ်မတော် (အေအေ) စစ်ဦးစီးချုပ် ၃၉ ပြည့် မွေ့နေ့အမှတ်တရအတွက် မီးပုံးပျံ လွှင့်တင်သူတဦးကို မတရား အသင်းပုဒ်မ၁၇(၁)နဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကျောက်ဖြူမြို့မရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောက “မတရားအသင်းလို့ ကြေညာထားတာကို၊ အဲဒီမှာ Happy birthday General ဆိုပြီးတော့ မီးပုံးပျံလွှင့်တင်တယ်။ အဲ့ဒီမှာ ဓာတ်ပုံတွေကပ်တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ၁၇ (၁)နဲ့ ဖမ်းဆီးလိုက်တာပါ။ ၁၁ ရက်နေ့ ဖမ်းတာပါ။ အမှုဖွင့်ပြီးတော့ ဖမ်းဆီးလိုက်တာ”လို့ဒီဗွီဘီ ကိုပြောပါတယ်။
မတရားအသင်းအက်ဥပဒေပုဒ်မ၁၇ (၁) နဲ့ ဖမ်းဆီးတရားစွဲခံရသူမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးလှထွန်းကျော် ဖြစ်ပြီး လိပ်ခမော်ကျေးရွာနေမှာ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာလို့ ဒုရဲမှူး ကျော်ဇောက ဒီဗွီဘီကိုပြောပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က တပ်မတော်သားတွေ လိုက်ပါလာတဲ့ စက်လှေကို ရက္ခိုင့်တပ်မတော် (အေအေ) က ပစ်ခတ်ခဲ့ကြောင်း အေအေဘက်က အတည်ပြုပြောဆိုပေမယ့် အရပ်သား သေဆုံးဒဏ်ရာရမှုနဲ့ ပတ်သက်လို့တော့ တာဝန်ယူပြောဆိုခြင်း မရှိပါဘူး။
တပ်မတော်နဲ့ အေအေ တို့အကြား နိုဝင်ဘာထဲမှာ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်အဖြစ် ချင်းလက်ဝကျေးရွာကို တိမ်းရှောင်လာသူ မိသားစု ၆၀ ကျော်၊ လူဦးရေ ၃ဝဝ ကျော် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
သတင်း- ဝဏ္ဏခွာညို – ဓာတ်ပုံ လှထွန်းကျော်

Saturday, 11 November 2017

ဘင်္ဂလာဒေ့ရှ်သို့ ထွက်ခွာနေကြသူများမှာ ၎င်းတို့နေရပ်ရင်းသို့ ပြန်သူများသာ ဖြစ်သည်ဟုဆို


နိရဉ္စရာ၊ နိုဝင်ဘာ ၁၁

ယခု မြန်မာနိုင်ငံ မောင်တောဘက်မှနေ ဘင်္ဂလာဒေ့ရှ်သို့ သွားနေကြသည့် ဘင်္ဂလီလူမျိုးများမှာ ၎င်းတို့၏ နေရပ်ရင်းသို့ ၎င်းတို့၏ ဆန္ဒအလျောက် ပြန်နေကြသူများသာဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

Monday, 25 September 2017

ကိုမောင်မြင့်လွင် (ခေတ္တ - မလေးရှားနိုင်ငံ) မှ မြန်မာကျပ် (၁၀၀၀၀၀) တသိန်းကို ကူညီထောက်ပံ့ခဲ့


ထိုင်းနိုင်ငံမဲဆောက်မြို့အခြေစိုက် ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (AGYO) တာဝန်ခံ Mg Zin Myo မှတဆင့် ရခိုင်ပြည် ကျောက်ဖြူခရိုင် စနဲ မြို့ ကိုင်းချောင်းရွာ ကိုမောင်မြင့်လွင် (ခေတ္တ - မလေးရှားနိုင်ငံ) မှ မေယု ဒေသရှိ အကြမ်းဖက်ခံနေရသော ဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲများကို အုတ်ကချ သံတပွင့်မျှ ကူညီပေးနိုင်ရန်အတွက် မြန်မာကျပ် (၁၀၀၀၀၀)တသိန်းကျပ်ကို ကူညီထောက်ပံ့ပေးသည့်ပါသည်။ သို့ဖြစ်ပါ၍ ဒုက္ခရောက် ရခိုင်ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
25-9-2017 - AGYO ARAKAN

Sunday, 17 September 2017

အကြမ်းဖက်​ခံ ပြည်​သူများကိုယ်စား မဲဆောက် အောင်ကျော်လင်း နဲ့ ဘန်ကောက် မနန်းစိုးအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်

 ရခိုင်​ပြည် ​မောင်​​တော ဘူးသီး​တောင်​ ရ​သေ့​တောင်​ အကြမ်းဖက်​ခံ ပြည်​သူများကို ကူညီ​ထောက်​ပံ့​ပေးရန်​အတွက်​ မဲဆောက် အောင်ကျော်လင်း နဲ့ ဘန်ကောက် မနန်းစိုးရို့မှ ထိုင်းဘတ်ငွေ (1300) ထောင်သုံးရာဘတ်ကို အကြမ်းဖက်ခံ ကူညီကယ်​ဆယ်​​ရေး ​ကော်​မတီ တာဝန်​ခံ ဦးလူမော် (AGYO) မှ ကောင်းမွန်စွာ လက်ခံ ရရှိပါသည်​။
သို့ဖြစ်​ပါ၍ ရခိုင်ပြည် အကြမ်းဖက်ခံ ကယ်​ဆယ်​​ရေး ​ကော်​မတီမှ ​ကျေးဇူး အထူး တင်​ရှိပါ​ကြောင်း
ကြမ်းဖက်​ခံ ပြည်​သူများ ကူညီ​ထောက်​ပံ့​ရေး ​ကော်​မတီ - ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့
==================================
အောက်​ပါ ဖုန်းနံပါတ်​သို့ဆက်​သွယ်​လှူဒါန်းနိုင်​ပါသည်​"
အရှင်​ဝီရိယ မြန်​မာဖုန်း 09778885882
ထိုင်းကာစီကွင်​ဘဏ်​ကဒ်​ 9722236081.yekay
ဦးလူ​မော်​ ထိုင်းဖုန်း...... 0875347157
ခိုင်​​ဇော်​​ဇော်​ ထိုင်းဖုန်း .... 0860997613
အောင်​​အောင်​ထိုင်းဖုန်​.....0948342145
မောင်​ဇင်​မျိုး ...........0836643107
သို့ဆက်​သွယ်​လှူဒါန်းနိုင်​ပါသည်​"
-------------------------------------
အရှင်​ဝီရိယ မြန်​မာဖုန်း 09778885882
ထိုင်းကာစီကွင်​ဘဏ်​ကဒ်​ 9722236081.yekay
------------------------------------------
Kyaw zaw myint
ဘန်ကောက်ဘဏ် -3280962428
Kyaw Zaw Mying
ကာစီကွန်ဘဏ် - 0018884852
ဖုန်းနံပါတ် - 0875731281
-----------------------------------------
ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(AGYO) ငွေလွှဲ တာဝန်ခံ
Daw Than Than Oo - KBZ Bank , 052-301-05200721301
မှတ်ပုံတင်နံပါတ် - 11/KATANA(N)103199
Daw Than Than Oo ဖုန်းနံပါတ် ‎+66836643107

အကြမ်းဖက်​ခံ ပြည်​သူများကိုယ်စား မယ်ကု SR စက်ရုံ မိသားစုကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်

15.9.2017 - (AGYO)
 ရခိုင်​ပြည် ​မောင်​​တော ဘူးသီး​တောင်​ ရ​သေ့​တောင်​ အကြမ်းဖက်​ခံ ပြည်​သူများကို ကူညီ​ထောက်​ပံ့​ပေးရန်​အတွက်​ မယ်ကု SR စက်ရုံမှ ထိုင်းဘတ်ငွေ (4344) လေးထောင်သုံးရာလေးဆယ်လေးဘတ်ကို အကြမ်းဖက်ခံ ကူညီကယ်​ဆယ်​​ရေး ​ကော်​မတီ တာဝန်​ခံ ကိုဇင်မျိုး (AGYO) မှ ကောင်းမွန်စွာ လက်ခံ ရရှိပါသည်​။
သို့ဖြစ်​ပါ၍ ရခိုင်ပြည် အကြမ်းဖက်ခံ ကယ်​ဆယ်​​ရေး ​ကော်​မတီမှ ​ကျေးဇူး အထူး တင်​ရှိပါ​ကြောင်း
ကြမ်းဖက်​ခံ ပြည်​သူများ ကူညီ​ထောက်​ပံ့​ရေး ​ကော်​မတီ - ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့
==================================
အောက်​ပါ ဖုန်းနံပါတ်​သို့ဆက်​သွယ်​လှူဒါန်းနိုင်​ပါသည်​"
အရှင်​ဝီရိယ မြန်​မာဖုန်း 09778885882
ထိုင်းကာစီကွင်​ဘဏ်​ကဒ်​ 9722236081.yekay
ဦးလူ​မော်​ ထိုင်းဖုန်း...... 0875347157
ခိုင်​​ဇော်​​ဇော်​ ထိုင်းဖုန်း .... 0860997613
အောင်​​အောင်​ထိုင်းဖုန်​.....0948342145
မောင်​ဇင်​မျိုး ...........0836643107
သို့ဆက်​သွယ်​လှူဒါန်းနိုင်​ပါသည်​"
-------------------------------------
အရှင်​ဝီရိယ မြန်​မာဖုန်း 09778885882
ထိုင်းကာစီကွင်​ဘဏ်​ကဒ်​ 9722236081.yekay
------------------------------------------
Kyaw zaw myint
ဘန်ကောက်ဘဏ် -3280962428
Kyaw Zaw Mying
ကာစီကွန်ဘဏ် - 0018884852
ဖုန်းနံပါတ် - 0875731281
-----------------------------------------
ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(AGYO) ငွေလွှဲ တာဝန်ခံ
Daw Than Than Oo - KBZ Bank , 052-301-05200721301
မှတ်ပုံတင်နံပါတ် - 11/KATANA(N)103199
Daw Than Than Oo ဖုန်းနံပါတ် ‎+66836643107

Thursday, 14 September 2017

အကြမ်းဖက်​ခံ ပြည်​သူများကိုယ်စား TNC စက်ရုံ ရခိုင်လူငယ်များကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်


13.9.2017 - (AGYO)
 ရခိုင်​ပြည် ​မောင်​​တော ဘူးသီး​တောင်​ ရ​သေ့​တောင်​ အကြမ်းဖက်​ခံ ပြည်​သူများကို ကူညီ​ထောက်​ပံ့​ပေးရန်​အတွက်​ TNC စက်ရုံ မဦးသန်းနွယ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရွာမှ ထိုင်းဘတ်ငွေ (4840) လေးထောင်ရှစ်ရာလေးဆယ်ဘတ်ကို အကြမ်းဖက်ခံ ကူညီကယ်​ဆယ်​​ရေး ​ကော်​မတီ တာဝန်​ခံ ကိုဇင်မျိုး (AGYO) မှ ကောင်းမွန်စွာ လက်ခံ ရရှိပါသည်​။
သို့ဖြစ်​ပါ၍ ရခိုင်ပြည် အကြမ်းဖက်ခံ ကယ်​ဆယ်​​ရေး ​ကော်​မတီမှ ​ကျေးဇူး အထူး တင်​ရှိပါ​ကြောင်း
ကြမ်းဖက်​ခံ ပြည်​သူများ ကူညီ​ထောက်​ပံ့​ရေး ​ကော်​မတီ - ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့
==================================
အောက်​ပါ ဖုန်းနံပါတ်​သို့ဆက်​သွယ်​လှူဒါန်းနိုင်​ပါသည်​"
အရှင်​ဝီရိယ မြန်​မာဖုန်း 09778885882
ထိုင်းကာစီကွင်​ဘဏ်​ကဒ်​ 9722236081.yekay
ဦးလူ​မော်​ ထိုင်းဖုန်း...... 0875347157
ခိုင်​​ဇော်​​ဇော်​ ထိုင်းဖုန်း .... 0860997613
အောင်​​အောင်​ထိုင်းဖုန်​.....0948342145
မောင်​ဇင်​မျိုး ...........0836643107
သို့ဆက်​သွယ်​လှူဒါန်းနိုင်​ပါသည်​"
-------------------------------------
အရှင်​ဝီရိယ မြန်​မာဖုန်း 09778885882
ထိုင်းကာစီကွင်​ဘဏ်​ကဒ်​ 9722236081.yekay
------------------------------------------
Kyaw zaw myint
ဘန်ကောက်ဘဏ် -3280962428
Kyaw Zaw Mying
ကာစီကွန်ဘဏ် - 0018884852
ဖုန်းနံပါတ် - 0875731281
-----------------------------------------
ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(AGYO) ငွေလွှဲ တာဝန်ခံ
Daw Than Than Oo - KBZ Bank , 052-301-05200721301
မှတ်ပုံတင်နံပါတ် - 11/KATANA(N)103199
Daw Than Than Oo ဖုန်းနံပါတ် ‎+66836643107



Wednesday, 13 September 2017

အသျှင်ဦးဥတ္တမနိမှာ တက်ရောက်လာရေ ရခိုင်သူမချေရို့ကလေ့ ကဗျာ ဖတ်ယင်း အဂုပိုင် ဝေဖန် ထောက်ပြလားပါရေ

အသျှင်ဦးဥတ္တမနိမှာ တက်ရောက်လာရေ ရခိုင်သူမချေရို့ကလေ့ ကဗျာ ဖတ်ယင်း အဂုပိုင် ဝေဖန် ထောက်ပြလားပါရေ ကောင်း ကောင်းပါရေ နားထောင်ကေ့ပါ
(ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
https://www.agyo.org/
https://www.facebook.com/agyoarakan/
email : agyo.arakan@gmail.com
Phone / +66836643107

Saturday, 2 September 2017

SAVE MYANMAR



I never seen such types of merciless human being in this world. There is a limit for humidity in every terrorism or any religious peoples. Heartless Bengali Muslim terrorist in Myanmar brutally attacked on Buddhism peoples in Arakand. Heartbreaking incident for all over the world.
See here on photos, how the Muslims terrorist brutally killing Buddhist minority peoples in Myanmar.
Posts by: Save Save Save

Friday, 1 September 2017

ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည် Sai Tun Shwe Sunundar ဘန်ကောက်

 
၁၊ ၉ ၊ ၂၀၁၇ ခုနှစ် နယ်​​မြေလု ဘင်္ဂလီကုလားဆိုးများ​ကြောင့်​ ​နေရပ်​စွန့်​ခွာ တိမ်း​ရှောင်​လာကြ​သောအကြမ်းဖက်​ခံရသူပြည်​​သူများအတွက်​ အကြမ်းဖက်​ခံပြည်​သူများကူညီ​ထောက်​ပံ့​ရန် Sai Tun Shwe Sunundar ဘန်ကောက် မှ အလှူငွေ ၁၀၀၀ ဘတ် ကို
အကြမ်းဖက်​ခံပြည်​သူများ​ထောက်​ပံ့​ရေး​ကော်​မတီ ထိုင်းနိုင်​ငံ မဲ​ဆောက်​မြို့ လက်ခံရရှိပါကြောင့် အလှူရှင်မိသားစုကိုလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ မိသားစု နှင့် ကျန်းမာချမ်းသာပြီး ဒီထက်မက လှူမှုရေး လုပ်ဆောင်နိုင်ပါစေ၊
Posts by: ကော်မတီဝင် (ALC) Aung Aung ALC


Thursday, 31 August 2017

ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးနေဆဲ၊ ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများ နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိ


[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း - ၁၇]

ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးနေဆဲ၊ ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများ နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိ

သြဂုတ် ၃၀၊၂၀၁၇

မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြိုတိုင်းရင်းသား အမျိုးသား ၃ ဦး နှင် အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ တို့ ပျောက်ဆုံးလျက်ရှိပြီး ကျန်ကျေးရွာသားများမှာ မေယုတောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မြိုတိုင်းရင်းသား များနေထိုင်သော လောင်းဒုံရွာမှ အိမ်ထောင်စု ၃၉ စု ၊ လူဦးရေ ၁၇၅ ဦးသည် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ခုသို့ ပြောင်းရွှေ့ရောက်ရှိလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တည်းခိုနေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ ရပ်ကွက်(၃)ရှိ နေအိမ်များအား မီးရှိုခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် နေအိမ် ၂၂ လုံး မီးလောင် ကျွမ်းခဲ့သည်။

မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုးအပြင်ဘက်တွင် ယနေ့ ညနေ ၃ နာရီက မသင်္ကာဖွယ် သွားလာလှုပ်ရှားမှု တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်စဉ် မီးကွင်းပစ်ရန် ဓာတ်ဆီဆွတ်ထားသည့် အဝတ်စထုပ်အား ဝါးတုတ်ဖြင့် တွဲချည်ထားသော လောင်စာ ၁ ခုနှင့် ကျွတ်ကျွတ်အိတ်ထဲတွင် ဓာတ်ဆီဆွတ်ထားသည့် အဝတ်စထုပ်တို့အား အကြမ်းဖက်သမား ၁ ဦးက ပစ်ချထွက်ပြေးခဲ့သည်။

ယင်း နေရာ အနီးတဝိုက်ရှိ အိမ် ၁ လုံး၏ အောက်ထပ်တွင် အကျယ် ၈ ပေ၊ အနံ ၄ ပေ၊ အနက် ၃ ပေ ခန့်ရှိ ကတုတ် ကျင်း ၂ ကျင်း၊ ရှော့တိုက်မိုင်းဆွဲရန်အတွက် မြေကြီးအောက်တွင် မြှုပ်နှံထားသော အရှည် ပေ ၂၀၀ ခန့်ရှိ ဝါယာကြိုး ၁ ချောင်း ၊ ပစ်ခတ်ရန် ကြိုတင် စီမံထားသည့် လက်လုပ် ပုလင်းမိုင်း ၃ လုံးအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်း ဆောင်ရွက်ခဲ့ရသည်။

ထို့ပြင် နယ်မြေ ၈ ၊ အလယ်သံကျော်ကျေးရွာအုပ်စု၊ အထက်ကမ်းပိုင်ကြီးကျေးရွာ (ဘင်္ဂါလီရွာ) နှင့် လောင်းဒုံစခန်းရှေ့ စေတီပြင်ရွာ (ဘင်္ဂါလီ) ရွာတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်သည့်ပုံစံမျိုး အထင်အမြင်မှားစေရန် ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ပြီး ထွက်ပြေးသွား ကြောင်း သိရသည်။


ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ်များ ကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများသည် နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိကြောင်းသိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့နယ် အတွင်းရှိ မင်းကြီးရွာ နှင့် တမန်းသားကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး လိုအပ်သော စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံသို့ ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေး တိမ်းရှောင်လာသော ဒိုင်းနက်လူမျိုး ၆၉ ဦးအား အုပ်ချုပ်ရေးမှူး တာဝန်ရှိသူများက သြဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန် ၂၀ အိတ်၊ အဝတ်အထည် ၄ ထုပ်၊ ခြင်ထောင် ၂၂ လုံး ၊ ပုဆိုး၊ ထမီ၊ ပန်းကန်နှင့် မီးဖိုချောင်သုံးပစ္စည်းများအား အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ် ခဲ့သည်။

သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရပြီး ဟိန္ဒူလူမျိုး ၇ ဦး၊ ဒိုင်းနက်လူမျိုး ၅ ဦး သေဆုံးခဲ့သည်။

တပ်မတော်သား ၁ ဦီး နှင့် လက်နက်ငယ် ၁ လက်ပျောက်ဆုံးလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ နေ့စားဝန်ထမ်း ၂ ဦး၊ မြို လူမျိုး ၁ ဦးနှင့် ဒိုင်းနက်လူမျိုး ၂ ဦး စုစု ပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။


ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ဘီအေ-၉၄ သေနတ် ၅ လက် ၊ ၁၂ ဗို့ သေနတ် ၂ လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး ၁ လက်၊ ဘီအေ-၆၃ သေနတ် ၁ လက်၊ အမ်အေ-၁၁ ၁ လက်၊ စုစုပေါင်း လက်နက်ငယ် ၁၀ လက် ၊ ၇.၆၂ ကျည် ၁၄၀၀ တောင့်၊ ၅.၅၆ ကျည် ၂၅ ‌တောင့်၊ ကျည်အိမ် ၁ ခု၊ အီနာဂါဗုံးသီး ၆ လုံး၊ ပလပ်စတစ်ဗုံးသီး ၅ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး နှင့် ကျည်အိမ် ၁ ခုတို့ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အကြမ်းဖက်မှုဖြစ်စဉ်များတွင် မော်တော်ယာဉ် ၂ စီး မီးရှို့ခံခဲ့ရပြီး အကြမ်းဖက်သမားများ၏ လက်လုပ်ဗုံးများ နှင့် မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၅ စီး ပျက်စီးခဲ့ရသည်။

အကြမ်းဖက် တိုက်ခိုက်မှုတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လုပ်သေနတ် ၄ လက်၊ တူမီး သေနတ် ၂ လက်၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၇၇ တောင့်၊ လှံ ၆၄ချောင်း၊ ဓား ၂၇ ချောင်း၊ လက်လုပ်မိုင်း ၇ လုံး၊ ဝါယာကြိုး ၆ ထုပ်၊ ဝါယာကြိုး ၃ ခွေ၊ စိတ်ကြွဆေးပြား ၃၁ ပြား၊ ဆေးဝါးမျိုးစုံ ၇ အိတ်၊ ဆန် ၂ အိတ်နှင့်‌ လက်ကိုင်စကားပြောစက် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်။

ယနေ့တွင် MI 17 ရဟတ်ယာဉ်များဖြင့် ကြိမ်ချောင်း၊ တောင်ပြို၊ ခမောင်းဆိပ်ကျေးရွာများသို့ ရိက္ခာများပေးခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့တွင် အခြားနေရာများသို့ ဆက်လက်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ပြီး ယင်းအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ရည်ရွယ်ချက်မှာ နေအိမ်များ မီးလောင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ပြည်သူများ ငြှိမ်းသတ်ရန် ရောက်ရှိလာချိန်တွင် ကြိုတင်ထောင်ထားသော မိုင်းများကွဲ၍ သေကြေပျက်စီးစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/

မောင်တောမြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် ပျောက်ဆုံးနေကြောင်းနှင့် အချို့အား သတ်ဖြတ်လိုက်ပြီ ဟု သုံးသပ်ကြောင်း မောင်တောမှ ဟိန္ဒူဘာသာဝင်များ ပြောဆို

☆☆☆
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ရာနှင့်ချီပြီး ပျောက်ဆုံးနေကြောင်းနှင့် အချို့အား သတ်ဖြတ်လိုက်ပြီဟု သုံးသပ်ကြောင်း မောင်တောမှ ဟိန္ဒူဘာသာဝင်များက ပြောဆိုကြသည်။
မောင်တောမြို့နယ် သစ်တုံးနားခွဆုံအိုးထိန်းရွာမှ အိမ်ခြေ ၇၀ ကျော်တွင်ရှိသော လူပေါင်း ၄၀၀ ကျော်တို့အား သြဂုတ်လ ၂၅ ရက်နေ့က ဆက်သွယ်၍ ရရှိခဲ့ပြီးနောက် ၂၇ ရက်နေ့တွင် ထွက်ပြေးနေကြပြီဖြစ်ကြောင်း ဖုန်းဖြင့်ဆက်သွယ် ပြောကြားခဲ့သော်လည်း မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ဆက်သွယ်၍ မရနိုင်တော့ကြောင်းနှင့် အနီးအနားရှိ တိုင်းရင်းသား ကျေးရွာများတွင် ရောက်ရှိသည်ကို မတွေ့ရှိရကြောင်းလည်း သိရသည်။
“အစောတုန်းကတော့ ဆက်သွယ်လို့ရတယ်။ သစ်တုံးနားခွဆုံမှာ မြေအိုးလုပ်တဲ့ ဟိန္ဒူရွာ နှစ်ရွာရှိတယ်။ အဲဒီမှာ အိမ်ခြေ ၇၀ ကျော်ရှိပြီး လူပေါင်း ၄၀၀ ကျော်ရှိတယ်။ အခုသူတို့ကို ဆက်သွယ်လို့ မရတော့ဘူး။ ထွက်ပြေးနေရပြီ ဆိုတာကိုသာ အဆက်အသွယ် ရခဲ့ပေမယ့် ဘယ်နေရာကို သွားနေတယ် ဆိုတာကိုလည်း မသိရဘူး။ အခုဆိုရင် သူတို့ဟာ တိုင်းရင်းသား ကျေးရွာတွေဆီကိုလည်း မရောက်တဲ့အတွက် စိုးရိမ်မိပါတယ်။ သူတို့တော့ထဲမှာ ပုန်းအောင်နေသလား၊ ဒါမှမဟုတ် အသတ်ခံလိုက်ရတာလား ဆိုတာကို ပြောဖို့ခက်ပါတယ်” ဟုလည်း အမည်မဖော်လိုသူ မောင်တောမြို့မှ ဟိန္ဒူဘာသာဝင် တစ်ဦးက ပြောကြားခဲ့ပါသည်။
ထို့အပြင် သစ်တုံးနားခွဆုံကျေးရွာ အုပ်စုတွင် ဟိန္ဒူဘာသာဝင်များနှင့် အနီးတွင် မာရမာကြီး တိုင်းရင်းသားအိမ် လေးငါးအိမ်ခန့်ရှိခဲ့ပြီး ယင်းတို့မှာလည်း သတင်းအဆက်အသွယ်မရ ဖြစ်နေကြောင်း၊ အနီးရှိ ရွာများဖြစ်သည့် တမန်းသား၊ မင်းခမောင်းနှင့် ငရန့်ချောင်း စခန်းများသို့လည်း ရောက်ရှိခြင်း မရှိသည့်အတွက် အထူးစိုးရိမ်မိကြောင်း၊ အလားတူစွာပင် ခမောင်းဆိပ် အုပ်စုတွင်လည်း ဟိန္ဒူဘာသာဝင်နေအိမ် ၈ အိမ်ခန့်မှ ဟိန္ဒူဘာသာဝင်များ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။
“တစ်ဘက်ကလည်းလည်း တွေးမိတာရှိတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ထွက်ပြေးသွားနိုင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ်က လက်ခံမှာလည်း မဟုတ်ဘူး။ နောက်တစ်ခုက ခမောင်းဆိပ် တောင်ရွာမှာ ဟိန္ဒူဘာသာဝင် ၁၀ အိမ်လောက်ရှိတယ်။ ရဲဘော်ကျမှာလည်း လေးငါးအိမ်ရှိတယ်။ အဲဒီအိမ်တွေကလူတွေရဲ့ သတင်းကတော့ အစနတောင် ရှာမရဘူး။ ဘာသတင်းမှာလည်း မကြားဘူး။ မင်းခမောင်းကိုလည်း မရောက်ဘူးဆိုတော့ စိုးရိမ်မိပါတယ်” ဟုလည်း ပြောကြားခဲ့ပါသည်။
ရဲဘော်ကျရွာမှ ဟိန္ဒူဘာသာဝင် လေး ငါးအိမ်ခန့်မှ ဟိန္ဒူဘာသာဝင်များအား သတ်ဖြတ်လိုက်ပြီဟုလည်း သတင်းများကြားကို ကြားရသော်လည်း အတိကျပြောရန် ခက်ခဲကြောင်း၊ တစ်ချို့သော ဟိန္ဒူဘာသာဝင် အမျိုးသမီးများကို ဖမ်းဆီးပြီး သားမယားပြုကျင့် နေကြတယ်လို့လည်း အရပ်ဘက်သတင်းများမှာ ပြောဆိုနေကြသည့်တိုင် အတည်ပြုရန် ခက်ခဲကြောင်းနှင့် သွားရောက်ရှာဖွေရန်အတွက် လုံခြုံရေး အခြေအနေအရ မဖြစ်နိုင်သေးကြောင်းလည်း ၄င်းကပြောကြားခဲ့ပါသည်။
“နောက်တစ်ခုက ရိုနယ်စန်းလွင်ဆိုတဲ့ အကောင့်မှာ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၆ ယောက်ရဲ့ အင်တာဗျူး တစ်ခုကိုတွေ့တယ်။ အဲဒီအင်တာဗျူးဟာ ရဲဘော်ကျရွာက ကျွန်တော်တို့ရဲ့အသိ ဟိန္ဒူဘာသာဝင် မိန်ကလေးတွေပါ။ အဲဒီမှာ ရခိုင်တိုင်းရင်းသားတွေ တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ သူတို့ကို မောင်တောမြောက်ပိုင်းမှာ ဖမ်းထားတာ ဖြစ်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာ မဖြစ်နိုင်ဘူး၊ နောက်ပြီး အဲဒီမိန်ကလေးတွေရဲ့ ဆွေမျိုးတွေကို သတ်လိုက်ကြတာ ဖြစ်နိုင်ပါတယ်၊ အဲဒီမိန့်ကလေးတွေက သူတို့ခိုင်းသလို မလုပ်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့တွက် လုပ်ဆောင်ရတာ ဖြစ်ပါလိမ့်မယ်” ဟုလည်း အဆိုပါ အမည်မဖော်လိုသူက ပြောကြားခဲ့ပါသည်။
COPYRIGHT © 2017 ELEVEN MEDIA GROUP CO.,Ltd

Thursday, 17 August 2017

ပြည်သူကရွေးချယ်သည့် ဒီမိုကရေစီစနစ်အောင်မြင်စေလိုကြောင်း ကာချုပ်ပြောကြား

ဓာတ်ပုံ-Cincds ဓာတ်ပုံ-Cincds

တပ်မတော်အနေနဲ့  ပြည်သူကရွေးချယ်တဲ့ ဒီမိုကရေစီစနစ်အောင်မြင်စေလိုအကြောင်းနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုတဲ့အကြောင်း  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။
ဒီကနေ့မနက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး ရိုလန်ကိုဘီယာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံပြောကြားခဲ့ တာလို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံပြုပြင် ပြောင်းလဲမှုတွေမှာ  အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲမှာ ဒီမိုကရေစီ အတွေ့အကြုံအားနည်းပြီး ရင့်ကျက်မှုမရှိသေးတာဖြစ်တယ်၊  ဗဟိုဦးစီးစနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ နှစ် ၅၀ ကျော်၊ ၆၀ နီးပါး ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ပုဂ္ဂိုလ်ရေးအရ ခံစားချက်ရှိခဲ့ကြတဲ့ လူပုဂ္ဂိုလ်တစ်ချို့နဲ့ နိုင်ငံရေးစနစ်နှစ်ခု အားပြိုင်မှုကြောင့်ရရှိလာတဲ့ ခံယူချက်ရှိသူတချို့ဟာ  ယနေ့တိုင် အုပ်ချုပ်သူအစိုးရအပေါ် အတိုက်အခံ လုပ်ဆောင်နေကြတယ်လို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ကိုလိုနီခတ်မှာ   သွေးခွဲအုပ်ချုပ်မှုခံခဲ့ရတဲ့အတွက် လွတ်လပ်ရေးရရှိချိန်ကစပြီး  ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားတွေအကြား အထင်အမြင်လွဲမှားမှု အကျိုးဆက်တွေ  ယနေ့ထက်တိုင်အစိုးရနဲ့  တပ်မတော်အပေါ် သက်ရောက်နေဆဲဖြစ်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးကို မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဒီတွေ့ဆုံရာပွဲမှာ မြန်မာနဲ့ အီးယူ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေတွေနဲ့  မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ တပ်မတော်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြ ပါတယ်။
အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှာ ဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ တပ်မတော်အရာရှိကြီးတွေနဲ့  ဥရောပသမဂ္ဂအဖွဲ့ရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဓာတ်ပုံ-Cincds

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate