Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Saturday, 2 May 2020

အနာဂတ်အတွက် ကြိုးစား အားထုတ်နေသော လူငယ်များ

အနာဂတ်အတွက် ကြိုးစား အားထုတ်နေသော လူငယ်များ
မေလ ၁ - ၂၀၂၀ - AGYO
ယ္ခု (ကျောင်သူ / ကျောင်းသား ) သည် (AHREM) အင်္ဂလိပ်စာနှင့် ကွန်ပျူတာပိုင်း ဆိုင်ရာများကို သင်ကြားပေးနေသော ကျောင်းတွင် ပညာသင်ကြားနေစဉ် အတွင်း ထိုင်းနိုင်ငံရောက်  မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေ့တနာဝန်ထမ်းများကွန်ယက် (AGYO) တွင် ဖေဖေါ်ဝါရီလ (၁၈ရက် ၂၀၂၀ ခုနှစ်က စတင်လို့  မတ်လ (၂၈၂၀၂၀ ခုနှစ်အထိ (6) ပါတ်အတွင်းမှာ အခြေခံ  ဗွီတီယိုတည်းဖြတ်ခြင်း ပညာကို အဆင့် (အထိ တတ်မြောက်သွားခဲ့သူ ဖြစ်သလို Windows တင်ခြင်းနှင့် ဆော့ဝဲလ်များ ထည့်သွင်းခြင်း ပညာကို အဆင့် (အထိ တတ်မြောက်သွားသူများ  ဖြစ်တဲ့အတွက် (AGYO) အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ခြင်း လက်မှတ်အား ထုတ်ပေးခြင်းလိုက်ခြင်း ဖြစ်သည်။
ကျေးဇူးအထူးတင်ပါသည်။ (AHREM)

 Youth people striving for the future May 1 - 2020 - AGYO
Meanwhile, the student has been studying and completing at AHREM, training English and Computer, the certificate is awarded to the student for the achievement of successfully completing Window Install, step 2 of software upgrading and base on Video Editing level 5 (Six Weeks) from 18th February 2020 to 28th March 2020 by AGYO, volunteering network, the organization of helping to migrant workers under the Thai Law.
@Special Thanks (AHREM)
















Wednesday, 6 December 2017

ရခိုင် မျိုးဆက်သက် လူငယ်များ အစည်းအရုံးမှ 2015 ခုနှစ်တွဲ မိုးရာသီသစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့တဲ့ မင်းသုဝဏ် ကျောင်းအားသွားရောက်ခဲ့စဉ်

ဓါတ်ပုံ Mg Zin Myo


ရခိုင် မျိုးဆက်သက် လူငယ်များ အစည်းအရုံးမှ 2015 ခုနှစ်တွဲ မိုးရာသီသစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့တဲ့ မင်းသုဝဏ် ကျောင်းအားသွားရောက်ခဲ့စဉ်
-----------------------------------------------------------------------
ရိုက်ကူး ၊ တည်းဖြတ် ၊ သတင်း ၊ Mg Zin Myo (AGYO)
6-12-2017
Youtube - https://youtu.be/Lj3QX8Xgnow 

    ရုပ်သံ ကြည့်ရန်

 

Friday, 27 January 2017

ဆံတော်ရှင်ဘုရားအတွက် လုံခြုံရေးနှင့် ကျေးရွာအတွက် မူလတန်းကျောင်းလိုအပ်နေ



နိရဉ္စရာ၊ ဇန်န၀ါရီ ၂၆
ရခိုင်ပြည်နယ်မှ နာမည် ကြီးသမိုင်းဝင် ဆံတော်ရှင် ဘုရားအတွက် လုံခြုံရေး လိုအပ်နေပြီး တောင်ခြေရင်းရှိ ကျေးရွာအတွက် မူလတန်းကျောင်း တစ်ကျောင်းကိုလည်း အမြန်လိုအပ်နေသည်ဟု ကျောင်းထိုင်ဆရာတော်နှင့် ရွာသားများက ပြောသည်။
“ ဦးဇင်းတို့ မြင်တာက ဆံတော်ရှင်စေတီဆိုတာက သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်တယ်။ တည်ရှိတာက အနောက်ဖရုံကာကျွန်းရဲ့ တောင်ဖက် အဖျားဆုံးမှာတည်ရှိတယ်။ ဒီမှာ ရွာဆိုတာကလည်း ဟိုနားမှာ တစ်အိမ်၊ ဒီနားမှာ တစ်အိမ် ဖြစ်နေတယ်။ အိမ်တွေကို စုပြီး ရွာလည်း မတည်နိုင်သေးဘူး။ အစောင့်အရှောက်တွေလည်း မရှိတော့ ဒီဘုရား လုံခြုံရေး အတွက် ရဲကင်းလိုမျိုး တစ်ခုရှိရင် ဘုရားအတွက်လည်း လုံခြုံမယ်။ ဘုရားဖူးလာကြသူတွေအတွက်လည်း စိတ်အေး လက်အေးနဲ့ ဘုရားဖူးနိုင်မှာ ဖြစ်ပါတယ်” ဟု ဆံတော်ရှင် တောင်ခြေရင်းကျောင်းတွင် သီတင်းသုံးနေသောဆရာ

Monday, 1 August 2016

စွန့်ပယ်ခံ မြန်မာကလေး ၆၉ ဦးကို ကူညီဖို့ ထိုင်း အဖွဲ့အစည်း တိုက်တွန်း


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက် မြို့မှာ ရှိတဲ့ SAW (Social Action Women) အမျိုးသမီးများ လူမှု လှုပ်ရှားမှု အဖွဲ့က စောင့်ရှောက် ထားတဲ့ စွန့်ပယ်ခံ မြန်မာကလေး ၆၉ ယောက် အတွက် တရားဝင် နေထိုင်ခွင့် ပေးဖို့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် NHRC ဆပ်ကော်မတီ ဥက္ကဌ Surapol က ထိုင်း အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

တိုင်းရင်းသား လူနည်းစု တွေနဲ့ နိုင်ငံမဲ့ သူများ ဆိုင်ရာ NHRC ဆပ်ကော်မတီ ဥက္ကဌနဲ့ အဖွဲ့ဟာ မဲဆောက် မြို့နယ်မှာ SAW အဖွဲ့က ဖွင့်လှစ် ထားတဲ့ ရိပ်သာကို အလည် အပတ် သွားပြီးနောက်မှာ အဲ့ဒီလိုတိုက်တွန်း လိုက်တာပါ။

Friday, 20 May 2016

ပညာမသင်ကြားနိုင်သည့် ကလေးအရေအတွက် စစ်တမ်းကောက်

Children
လှိုင်သာယာမြို့နယ်အတွင်းက ပညာမသင်ကြားနိုင်တဲ့ ကလေးအရေအတွက် စစ်တမ်းကို လူရည်ချွန်အဖွဲ့က ကောက်ယူနေပါတယ်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းနေအရွယ်ကလေး စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ ပညာသင်ကြားဖို့ အခက်အခဲ ကြုံနေရတာပါ။
မိဘမရှိတာ၊ မိဘတွေက ငွေကြေးလုံလောက်အောင် မရှာဖွေနိုင်တာ၊ ကလေးလုပ်သား များပြားနေတာတွေဟာ လှိုင်သာယာမြို့နယ်ထဲက ကျောင်းနေအရွယ် ကလေးအများစု ကျောင်းမတက်နိုင်တဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်နေပါတယ်။
“တမြို့နယ်လုံးက ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို အန်တီတို့က ဖိတ်ခေါ်ထားပါတယ်။ ဖိတ်ခေါ်ပြီးတော့ သူတို့တွေကို စစ်တမ်းကောက်ယူနေပါတယ်။ အကြောင်းမျိုးစုံကြောင့်ပေါ့။ သူတို့ရဲ့ အခက်အခဲတွေ ဘာတွေရှိနေလဲ၊ အခက်အခဲတွေကို ကိုယ့်အဖွဲ့က ဘာတွေ ဖြေရှင်းပေးနိုင်မလဲ၊ သူတို့ကျောင်းနေဖို့ ပညာသင်ကြားဖို့အတွက်ပဲ အန်တီိတို့က အဓိကရည်ရွယ်တယ်”  လို့ ၁၉၄၆-၈၈ လူရည်ချွန်အဖွဲ့ဝင် ဒေါ်ညွန့်တင်ဝင်းက ပြောပါတယ်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate