Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Wednesday, 31 October 2018

ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ရရှိထားသူတွေကို လူမျိုး စိစစ်နေ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ ကမန်လူမျိုးဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ရရှိထားတဲ့ မွတ်စလင် ၃ထောင်ကျော်ကို ကမန်လူမျိုး စစ် မစစ် စိစစ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။

နေပြည်တော်က M Galley ဟိုတယ်မှာ အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO တို့ ပူးပေါင်းကျင်းပတဲ့ လုပ်ငန်းခွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အလုပ်ရုံဆွေးနွေးပွဲ ယာယီနားချိန်မှာ RFA ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကျောက်နီမော်ကျေးရွာအုပ်စုက နိုင်ငံသားစိစစ်ရေးကတ် ရထားသူ မွတ်ဆလင် ၃ထောင်ကျော်ဟာ နိုင်ငံသားဖြစ်ခွင့် အရည်အချင်း ပြည့်မီသူတွေဖြစ်ကြောင်းနဲ့ ကမန်လူမျိုး စစ်သလား၊ သွေးနှောသလားဆိုတာ မျိုးရိုးစဉ်ဆက် အထောက်အထားတွေကို စိစစ်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လ၀က ဌာနအနေနဲ့ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို ထုတ်ပေးမှာမဟုတ်ဘဲ ဥပဒေအရသာ ဆောင်ရွက် မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ မွတ်စလင် ၃ထောင်ကျော်ကို ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားတဲ့အပေါ် ပြန်လည်စိစစ်ပေးဖို့ နဲ့ ကမန် မဟုတ်သူတွေကို ထုတ်ပေးထားတာကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုထားတာဖြစ်ပါတယ်။

အဲဒီနောက် ရမ်းဗြဲမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေတဲ့လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားပြီး ပြန်လည်စိစစ်နေတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

Saturday, 29 April 2017

သာကေတမြို့ နယ်ကအာရဗီစာသင်ကျောင်း၂ကျောင်းချိတ်ပိတ်ခံရ


သာကေတမြို့ နယ်ကအာရဗီစာသင်ကျောင်း၂ကျောင်းချိတ်ပိတ်ခံရ
၂၈၊ဧပြီ၊ရန်ကုန်။
သည်​က​နေ့ည​နေပိုင်းမှာ​တော့ သာ​ကေတမြို့နယ်​ အ​နော်​မာ ၁၁လမ်း(အ​နောက်​)မှာရှိတဲ့ အာရ​ဗီစာသင်​ကျောင်းတစ်​ခုနဲ့ အ​နော်​မာ(၁၂)လမ်းမှာရှိတဲ့ အာရဗီစာသင်​​ကျောင်း​တွေကို တံခါးချိတ်​ပိတ်​လိုက်​ပြီဖြစ်​ပါတယ်​။

အဲသည်​စာသင်​​ကျောင်း​တွေမှာ မွတ်​စလင်​ဘာသာ​ရေးဝတ်​ပြု​နေတယ်​လို့ အမျိုးသား​ရေးသမား​တွေရဲ့ စွပ်​စွဲချက်​​ကြောင့်​ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးရုံးမှ တာဝန်​ရှိသူ​တွေ ၊ အမျိုးသား​ရေးသမား​တွေ၊ ဘာသာ​ရေး​ခေါင်း​ဆောင်​​တွေအပါအဝင်​ ရဲတပ်​ဖွဲ့မှ တာဝန်​ရှိသူ​တွေ ​အချိန်​ နှစ်​နာရီနီးပါး ​ဆွေး​နွေး​ပြောဆိုပြီးတဲ့​နောက်​မှာ အခုလိုချိတ်​ပိတ်​လိုက်​တာဖြစ်​ပါတယ်​။

လော​လောဆယ်​မှာ​တော့ အဲသည်​ရပ်​ကွက်​​တွေမှာ​နေထိုင်​သူ​တွေက စာသင်​​ကျောင်း​တံခါး​တွေကို ချိတ်​ပိတ်​လိုက်​တာနဲ့ပတ်​သတ်​ပြီး တာဝန်​ရှိသူ​တွေက တစ်​စုံတစ်​ရာ​ပြောဆိုခြင်းမရှိ​သေးတာ​ကြောင့်​ မ​ကျေနပ်​မှု​တွေမြင့်​တက်​​နေပါတယ်​။
သည်​က​နေ့မှာဖြစ်​ပွား​နေတာနဲ့ပတ်​သတ်​ပြီးသာကေတမြို့ နယ် ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်ဒေါက်တာဝေဖြိုး​အောင်​က ​-
“ဌာနဆိုင်​ရာ​တွေက ဆက်​ပြီး​ဆောင်​ရွက်​မှာပါ။သတင်းထုတ်​ပြန်​​ပေးပါ့မယ်​။´´လို့ ​ပြောပါတယ်​။
ချမ်းသာ
http://www.kumudranews.com

Monday, 20 June 2016

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရရေးမှာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲဟု ဆို

မြန်မာနိုင်ငံတွင် ပြည်သူများ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရရေးမှာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု ကတ်သလစ်ကာဒီနယ် (ပုပ်ရဟန်းမင်း အတိုင်ပင်ခံ) ဘုန်းတော်ကြီး ချားလ်မောင်ဘိုက လန်ဒန်မြို့ ယူကေပါလီမန်၌ မေ ၂၅ က ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကာဒီနယ်ဖြစ်သည့် ချားလ်မောင်ဘိုက နိုင်ငံအတွင်း ဘာသာရေး လွတ်လပ်ခွင့်ကို ကာကွယ်ရန်၊ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက် ရန်နှင့် လူမျိုး ဘာသာမရွေး တန်းတူအခွင့်အရေး ရရှိရန် လိုအပ်နေသည် ဟု ပြောကြားခဲ့သည်။ ဘာသာရေး လွတ်လပ်ခွင့်သည် လူသားအားလုံး အတွက် အခြေခံအကျဆုံး အခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု ကာဒီနယ် ချားလ်မောင်ဘိုက ဆိုသည်။

Monday, 13 June 2016

အစိုးရသစ်ကို စိန်ခေါ်နေတဲ့ နိုင်ငံသားစိစစ်မှု လုပ်ငန်း


12 Jun 2016 ဉာဏ်လှိုင်လင်း ရေးသားသည်။
လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများအပြီး ဒီဘက်ခေတ်မှာ မြန်မာသံဃာတော်အတော်များများ တခဲနက် ပါဝင်လှုပ်ရှားနေကြတဲ့ အကြောင်းအရာကတော့ “အမျိုးသားရေး” ဆိုတဲ့ ခေါင်းစဉ်ပါပဲ။
၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်ကစတင်ခဲ့ပြီး နိုင်ငံအတွင်းရှိ မြို့အတော်များများကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေအကြား ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာဖြစ်ပါတယ်။
လူဦးရေသိပ်သည်းဆများပြားတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့နဲ့ မိုင်ထောင်ချီပြီး နယ်နမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ သိပ်များလွန်းတာဟာ နိုင်ငံသား တိုင်းရင်းသားတွေရဲ့ လူမှုဘဝကို စိန်ခေါ်မှုတွေ သက်ရောက်နေပြီလို့ ယူဆလာကြတာလည်း ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာပြည်ရဲ့  အနောက်တံခါးလို့ ညွှန်းဆိုကြတဲ့ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ဝင်ရောက်နေထိုင်နေကြသူ အစ္စလာမ် ဘာသာဝင်တွေအရေးကို ပိုပြီး အာရုံစိုက်ကြတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်က ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြတယ်ဆိုပေမယ့် မပြေလည်ခဲ့ပဲ ပိုပိုဆိုးလာတယ်ဆိုတာကို ပြီးခဲ့တဲ့

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate