Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Wednesday, 31 October 2018

ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ရရှိထားသူတွေကို လူမျိုး စိစစ်နေ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ ကမန်လူမျိုးဆိုပြီး နိုင်ငံသားစိစစ်ရေးကတ်ရရှိထားတဲ့ မွတ်စလင် ၃ထောင်ကျော်ကို ကမန်လူမျိုး စစ် မစစ် စိစစ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။

နေပြည်တော်က M Galley ဟိုတယ်မှာ အလုပ်သမားဝန်ကြီးဌာနနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO တို့ ပူးပေါင်းကျင်းပတဲ့ လုပ်ငန်းခွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အလုပ်ရုံဆွေးနွေးပွဲ ယာယီနားချိန်မှာ RFA ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကျောက်နီမော်ကျေးရွာအုပ်စုက နိုင်ငံသားစိစစ်ရေးကတ် ရထားသူ မွတ်ဆလင် ၃ထောင်ကျော်ဟာ နိုင်ငံသားဖြစ်ခွင့် အရည်အချင်း ပြည့်မီသူတွေဖြစ်ကြောင်းနဲ့ ကမန်လူမျိုး စစ်သလား၊ သွေးနှောသလားဆိုတာ မျိုးရိုးစဉ်ဆက် အထောက်အထားတွေကို စိစစ်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လ၀က ဌာနအနေနဲ့ နိုင်ငံသားဖြစ်ခွင့် မရှိသူတွေကို ထုတ်ပေးမှာမဟုတ်ဘဲ ဥပဒေအရသာ ဆောင်ရွက် မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ မွတ်စလင် ၃ထောင်ကျော်ကို ကမန်လူမျိုးအမည်နဲ့ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားတဲ့အပေါ် ပြန်လည်စိစစ်ပေးဖို့ နဲ့ ကမန် မဟုတ်သူတွေကို ထုတ်ပေးထားတာကိုလည်း ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုထားတာဖြစ်ပါတယ်။

အဲဒီနောက် ရမ်းဗြဲမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေတဲ့လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားပြီး ပြန်လည်စိစစ်နေတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

Tuesday, 2 October 2018

ရခိုင်တွင် ၅ရက်အတွင်း မိုးကြိုးထိမှန်၍ လူ 5 ဦးသေဆုံး

(ကြောက်မက်ဖွယ်ရာ မိုးကြိုးပစ်သည့် မြင်ကွင်းတစ်ခု)
နိရဉ္စရာ၊ အောက်တိုဘာ ၂

ရခိုင်ပြည်နယ်တွင် မိုးကြိုးထိမှန်၍ ၅ရက်အတွင်း မြို့နယ် ၃ ခုမှ လူ ၅ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ ကျောက်တော်မြို့နယ်မှ တစ်ဦး၊ တောင်ကုတ်မြို့နယ်မှ တစ်ဦးနှင့် မြောက်ဦးမြို့နယ်မှ သုံးဦးတို့ဖြစ်ကြသည်။

ကျောက်တော်မြို့နယ် သံပြင်ကျေးရွာမှ ဦမောင်ထွန်းကြိုင် (၄၉) နှစ်သည် အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် လယ်ပြင်တွင် မြက်ရိတ်သွားရာမှ မိုးကြိုးထိမှန်သေဆုံးခဲ့သည်။

အပေါက်ဝကျေးရွာစခန်းမှူးက သေဆုံးကြောင်းကို အတည်ပြုပြီး အပေါက်ဝဆေးရုံတွင် ဆေးစစ်ရန် ယူဆောင်လာခဲ့ကြောင်း၊ ယခုသဂြိင်္ုလ်ရန် အလောင်းကို ရွာသို့ ပြန်လည် ယူဆောင်သွားခဲ့ပြီဖြစ်ကြောင်း ယနေ့နံနက်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲတိုက်နယ်၊ ရွာမအုပ်စု၊ ရွာသစ်ကျေးရွာမှ စတုတ္ထတန်းကျောင်းသား မောင်ဝင်းဗိုလ်ဗိုလ်မြင့် (၁၁) နှစ်သည် စက်တင်ဘာ ၂၉ ရက်နေ့ ည ၆ နာရီခန့်က အိမ်တွင် မိသားစုနှင့် အတူရှိနေစဉ် မိုးကြိုးထိမှန်သေဆုံးသွားခဲ့သည်။

၎င်းပြင် သေဆုံးသူ မောင်ဝင်းဗိုလ်ဗိုလ်မြင့်၏ မိခင် ဒေါ်စိုးစိုးနွယ်(၃၆) နှစ် နှင့် ညီဖြစ်သူ မောင်ကောင်းခန့်လှိုင်( ၁၀) နှစ်တို့တွင်လည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘာညို ကျေးရွာတွင်လည်း စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီ ခွဲခန့် အချိန်က မိုးရွာ၍ အနီးအနားရှိ လယ်တဲကို ၀င်ပြေးရာမှ တဲထဲတွင် မိုးကြိုးပစ်ခံရ၍ လူ ၃ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ သုံးဦးမှာ ဦးကျော်တင်ဝင်း(ဘ) ဦးအောင်ကျော်ဇော (၂၉) နှစ်၊ ဦးဘလိုင် (ဘ) ဦးစိန်သာလှ (၂၇) နှစ်နှင့် ဒေါ်ဆန်းမြရီ (ဘ) ဦးငိုကြူးအောင် (၂၅) နှစ်တို့ ဖြစ်ကြသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြု ပြောကြားသည်။

Narinjara

အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ပြော

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ တွေ့ရစဉ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၁၈၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှောင်ရှားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်တဲ့ ၅၄ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုခဲ့တာဖြစ်ပါတယ်။
မှုခင်းဒဏ်ခံရသူတွေကို ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့၊ ရဲလုပ်ငန်းတွေ အကောင်အထည်ဆောင်ရွက်ရာမှာ ဥပဒေက ပေးထားတဲ့အကာအကွယ်အတိုင်း ဆောင်ရွက်ကြဖို့ကိုလည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းရေးဆောင်ရွက်ရာမှာ ပြည်တွင်းဥပဒေတွေ နဲ့ ကျင့်ဝတ်တွေအပြင် လူ့အခွင့်အရေး၊ နိုင်ငံတကာစံချိန်စံညွှန်းတွေ၊ ဒီမိုကရေစီမူဘောင်နဲ့ လျော်ညီအောင် ကြိုးပမ်းကြဖို့ကိုလည်း ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ်မှာ အများပြည်သူ ယုံကြည်ကိုးစားလာနိုင်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေနဲ့ ဆက်ဆံပြောဆိုပုံတွေကိုလည်း ပြောင်းလဲဖို့ လိုအပ်တဲ့အပြင် ရဲလုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိတဲ့အမှုပေါင်း ၁၂၀ ကျော်အထိရှိခဲ့ပြီး အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိတော့ မူးယစ်ဆေးဝါး အမှုပေါင်း ၁၅၀ ကျော်အထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးညီပု က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှု အခြေအနေတွေကို အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန် ထားတဲ့ အချက်အလက်တွေမရှိသလို လူမှုအဖွဲ့အစည်းတွေကလည်း အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်လို့ စာရင်းတွေ ထုတ်ပြန်ထားတာမရှိပါဘူ။
www.rfa.org/burmese

Tuesday, 3 July 2018

မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်အချို့ ဖြိုဖျက်

လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး နံရံများ ပြိုကျလာနေသည်ကို ဇူလိုင်လ ပထမသီတင်းပတ်တွင် မြင်တွေ့ရစဉ် [ဓာတ်ပုံ - မင်းပြားမြို့မစာကြည့်တိုက်]

မင်းပြား၊ ဇူလိုင်လ ၂ ရက်။           ။ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျခဲ့ပြီး လူနေအိမ်အချို့ကို ဖြိုဖျက်လိုက်ရသည်။
ကမ်းပါးပြိုကျမှုကြောင့် ဖြိုဖျက်လိုက်ရသည့် လူနေအိမ်များမှာ ဦးစောတင့်ရပ်ကွက်နှင့် ပြည်တော်လှ ရပ်ကွက်တို့ရှိ မြစ်ကမ်းဘေးမှနေအိမ် (၅) လုံး ဖြစ်ပြီး မြေပြိုကျမှုမှာ ၇ ပေနှင့် ၈ ပေခန့်ထိ အကွက်လိုက် ပြိုကျလာနေခြင်းလည်း ဖြစ်သည်။
“ ဦးတို့အိမ်အပါဝင် အိမ်သုံးဆောင်ကို မနေ့က အနောက်တခြမ်း ဖြိုချလိုက်ရတယ်။ တခြားအိမ်တွေကလည်း ကမ်းနဲ့ ကပ်နေကြပြီ။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့မြစ် ရေစီးရေလာ ပြင်းထန်လာပါက ကမ်းပါးပြိုကျမှုများ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး ပြည်တော်လှရပ်ကွက် မြစ်ကမ်းဘေးရှိ နောက်ထပ် နေအိမ် ၂၀ နီးပါးမှာလည်း ကမ်းပါးပြိုကျမှုတွင် ပါဝင်နိုင်သည့် အခြေနေရှိ၍ ဒေသခံများက စိုးရိမ်နေကြသည်။
နေအိမ်ကို ဖြိုဖျက်လိုက်ရသည့် မိသားစုများအနေဖြင့် နေအိမ် ဆုံးရှုံးနစ်နာမှုများနှင့် နေထိုင်စားသောက်ရေးအတွက် လက်ရှိတွင် ၎င်းတို့၏ မိသားစု ဆွေမျိုးများအိမ်၌ ယာယီ တည်းခိုနေထိုင်လျှက် ရှိကြသည်။
“သူတို့မှာက အိမ်တစ်ခြမ်းကို ဖြိုချလိုက်ရတာဆိုတော့ နောက်တစ်ခြမ်းမှာ နေကြတယ်။ လောလောဆယ်တော့ ရွှေ့ပြောင်းနေထိုင်ကြတာ မရှိသေးဘူး။ ကမ်းပါး အခြေနေကို ကြည့်နေကြတယ်ပေါ့။ အိမ်တစ်ဆောင်လုံး ဖြိုလိုက်ရမယ် ဆိုတော့ သူတို့က လက်လုပ်လက်စားတွေဆိုတော့ အခက်ခဲရှိတာပေါ့။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဆက်ပြောသည်။
ဦးစောတင့် ရပ်ကွက်တွင်ကမ်းပါးပြိုကျမှုကြောင့် အိမ်တစ်ခြမ်း ဖြိုဖျက်လိုက်ရသည့် မိသားစုကို ငွေငါးသောင်းကျပ်နှင့် နေအိမ် တစ်ဆောင်လုံး ဖြိုဖျက်လိုက်ရသည့် မိသားစုတစ်စုကို ငွေတစ်သိန်းကျပ်နှုန်းဖြင့် မင်းပြားမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနမှ လာရောက် ထောက်ပံ့ခဲ့သည် ဟု ဦးစောတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ ဦးစောတင့် ရပ်ကွက်မှာ နောက်ထပ် စိုးရိမ်ရတဲ့ အိမ်တွေလဲ ခြောက်ဆောင်လောက် ရှိပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထက်ကို တင်ပြထားပါတယ်။” ဦးစောတင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက ဆိုသည်။
လက်ရှိမှာလည်း မင်းပြားမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းလျှက် ရှိနေသည်။
မင်းပြားမြို့နယ်တွင် မိုးရာသီ ရောက်တိုင်း လေးမြို့မြစ်ရေ တိုက်စားမှုနှင့် မြစ်ကမ်းပါး နံရံများ ပြိုကျမှုဒဏ်ကို ဒေသခံများက နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရခြင်းဖြစ်ပြီး အစိုးရ တာဝန်ရှိသူများက ယင်းနေရာများတွင် ကမ်းထိန်းနံရံများ ပြုလုပ် ပေးစေလိုကြောင်းလည်း ဒေသခံများက ဆိုသည်။
ဒေသခံများ၏ စိုးရိမ်နေမှုနှင့် ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအစီစဉ် လုပ်ငန်းများကို သိရှိနိုင်ရန် မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ၎င်း၏ ဖုန်းမှာ စက်ပိတ်ထားသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးဦးရာသီ စတင်ချိန်၌ ရက်သတ္တပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းရှိ နေရာ တချို့တွင် မြေပြိုမှုများရှိခဲ့ကာ (၈) ဦးထက်မနည်း လူသေဆုံးမှုများလည်းရှိခဲ့သည်။
mizzimaburmese

Friday, 15 June 2018

မင်းပြားမြို့နယ်မှ ရေလွှမ်းမိုးခံနေရသော ကျေးရွားများအတွက် စက်လှေနှင့် အစားအသောက်များလိုအပ်နေ












Credit: Narinjara

#Unicode Version#
ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားမြို့နှင့် ကျေးရွာများ ရေလွှမ်းမိုးခံနေရပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာများမှ လူများ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေရပြီး သောက်ရေများလိုအပ်နေသည့်အပြင် တစ်ချို့ကျေးရွာများတွင် ရွှေ့ပြောင်းရန် စက်လှေများလည်း လိုအပ်နေသည်ဟု သိရသည်။

မင်းပြားတစ်မြို့လုံး ရေလွှမ်းမိုးခံနေရပြီး၊ ရေနိမ့်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များမှ လူများ ရွှေ့ပြောင်း နေရသည်ဟုဆိုသည်။

“ကျနော်တို့ မင်းပြားမှာ ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ မင်းဗာကြီး၊ အောင်သာယာနဲ့ သပြေညို ရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုပိုများပြီး အိမ်တွေငယ်တော့ အိမ်ကြီးတွေကို ရွှေ့ကြတယ်၊ တစ်ချို့က ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့နေကြပါတယ်”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ်တွင် ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ကျေးရွာပေါင်း ၃၀ ကျော်၌ ရေလွှမ်းမိုးမှု အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

“ပန်းမြောင်းကြီးချောင်း အနီးတဝိုက် ကျေးရွာတွေက လူတွေက ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်လို့ ပြောပါတယ်။ တစ်ချို့ရွာတွေမှာ လူတစ်ရပ်ကျော်လောက် မြုပ်နေပြီးတော့ ဖုံသာချောင်းတစ်လျှောက်မှာလေ့ ရေမြုပ်နေပါတယ်။ အခြေအနေ ဆိုးရွာတာကတော့ ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးနဲ့ အသေကာလ ကျေးရွာတွေမှာ အိမ်တွေအားလုံး မြုပ်နေပါတယ်”ဟု ဦးသိန်းစံကပြောသည်။

ရေလွှမ်းမိုးမှုကြောင့် ရေကန်များပါ နစ်မြုပ်နေပြီး သောက်ရေများ လိုအပ်နေသည်ဟု သိရသည်။

“ရေကတော့ ကျေးရွာတွေမှာ အနည်းဆုံး ၄ ပေလောက် တက်နေပါတယ်။ နိမ့်တဲ့ ကျေးရွာတွေမှာဆိုရင် ၅ ပေလောက်ရှိပါတယ်။ လူတွေကတော့ အိမ်တစ်ဆောင်မှာ တစ်ယောက်လောက် ကျန်နေခဲ့ပြီးတော့ ကျန်တဲ့လူတွေက အိမ်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောင်ခြေရင်းတွေကို ပြောင်းရွှေ့နေရပါတယ်။ အခုလောလောဆယ် အဓိကအခက်အခဲက သောက်ရေပါပဲ”ဟု ရေနစ်မြုပ်နေသည့် ကျေးရွာများဖြစ်သည့် အသေကာလ၊ ကုလားမတောင်၊ ချင်းဆိပ်၊ တောတန်းနှင့် ဒုံကြီးကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

ယင်းအပြင် တစ်ချို့ကျေးရွာများ၌ လူများရွှေ့ပြောင်းရန် စက်လှေများ အခက်အခဲရှိနေသည်ဟု သိရသည်။

“ပွဲရကန်ဆိပ်ကျေးရွာကလူတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အိမ်ကြီးတွေကို ရွှေ့ပြောင်းနေရပါတယ်။ အခု အခက်အခဲတစ်ခု ရှိနေတာကတော့ လူတွေရွှေ့ပြောင်းဖို့အတွက် စက်လှေတွေ လိုအပ်နေပါတယ်”ဟု ပွဲရကန်ဆိပ်ကျေးရွာမှ ဦးမောင်သိန်းရွှေကပြောသည်။

ပန်းမြောင်းကြီးချောင်းအနီးရှိ ကပ်ပဲကျေးရွာတွင်လည်း ရေ ၁၀ ပေခန့်နစ်မြုပ်နေသည့်အတွက် ကျေးရွာသားများ ကျေးရွာကို စွန့်ခွာ၍ တောင်ခြေရင်းသို့ ထွက်ပြေးသွားခဲ့ကြရပြီး၊ ဘုန်ကြီးကျောင်းလည်း နောက်တစ်ပေလောက် ရေတက်လျှင် ရေနစ်မြုပ်တော့မည်ဖြစ်ကြောင်း၊ သိရသည်။

(ဓာတ်ပုံ- ကိုအမ်းသားကြီး)

Credit: Narinjara
https://www.facebook.com/Narinjara

Thursday, 14 June 2018

မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်

Min Byar water float 1
မြန်မာပြည် ဒေသအနှံ့အပြားမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြို့တွေ၊ နယ်တွေ အသီးသီးမှာ ရေကြီးမှုတွေနဲ့ တွေ့ကြုံနေရသလို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာလည်း  ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပါတယ်။
မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “မနေ့က ရေစတက်နေတယ်။ ဒီကနေ့မှာ လေးမြို့မြစ်ရဲ့ စိုးရိမ်အမှတ်ကို ရောက်နေပြီခင်ဗျ။ ရွာကတော့ ၂၀ ကျော် ရေနစ်မြုပ်နေပြီ။ မင်းပြားမြို့ ရပ်ကွက်တချို့တွေနဲ့ ကျေးရွာတွေမှာ နစ်မြုပ်နေတာပါ။ မင်းပြားမြို့ထဲမှာဆိုရင် ရေ ၂ ပေကနေ ၃ ပေအထိ တက်နေတယ်။ မင်းပြားမြို့နယ်၊ လေးမြို့ချောင်းနဲ့ ပန်းမြောင်းကြီးချောင်းဘက်တွေမှာ ဆိုရင် ရေ ၄ ပေအထိ တက်နေတယ်” လို့ ပြောပါတယ်။
မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း ကျေးရွာတွေဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၄ ပေအထိ တက်နေတာပါ။
ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာလည်း မင်းတမ်းမ၊ လက်ခုပ်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေမှာလည်း ရေ ၄ ပေကျော်ထိ တက်နေတယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ မင်းပြားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ သက်ဆိုင်ရာကတဆင့် ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားစာ ပို့ထားပြီးပြီ၊ အဲဒီမှာ ကျေးရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ထားဖို့ ပြောထားပါတယ်။ အဲ့ဒီမှာ တောင်ကုန်းထက်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ စာသင်ကျောင်းတွေ ရှိတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်း ရေကြီးမှုတွေကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာလည်း စာသင်ကျောင်းတချို့ကို ပိတ်ထားရပါတယ်။
ဝဏ္ဏခွာညို

Wednesday, 13 June 2018

တောင်ကုတ်တွင် ဟွန်ဒါစက်လှေနစ်မြုပ်၍ လူ၂ ဦး ပျောက်ဆုံးနေ



၎င်းစက်လှေသည် တောင်ကုတ်မြို့ သဲဆိပ်မှ ပန်တင်းကျွန်းသို့ ထွက်ခွါလာစဉ် လိုင်းလေကြမ်း သဖြင့် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း လှေနစ်မြုပ်ရာသို့ သွားရောက်ပြီး ကယ်ဆယ်ခဲ့သူ ပန်းတင်းကျွန်းရွာနေ ဦးချစ်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။


အဆိုပါ ဟွန်ဒါစက်လှေငယ်မှာ တောင်ကုတ်မြို့သဲဆိပ်နေ ကိုတူး၏ စက်လှေဖြစ်ပြီး ၄င်းအပါအဝင် ခရီးသည် ၅ ဦးတင်ဆောင်ခဲ့ပြီး ပန်တင်းကျွန်းသိုက မောင်းလာခဲ့ရာ နေ့လယ် ၁၂ နာရီ ခန့်တွင် ကုလားရောင်မြစ်ကိုဖြတ် အကူးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။





#Unicode Version#
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က ဟွန်ဒါစက်လှေ တစ်စီး နစ်မြုပ်သွားခဲ့ရာ လူ ၃ ဦးအသက်ရှင်ပြီး ၂ ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

၎င်းစက်လှေသည် တောင်ကုတ်မြို့ သဲဆိပ်မှ ပန်တင်းကျွန်းသို့ ထွက်ခွါလာစဉ် လိူင်းလေကြမ်း သဖြင့် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း လှေနစ်မြုပ်ရာသို့ သွားရောက်ပြီး ကယ်ဆယ်ခဲ့သူ ပန်းတင်းကျွန်းရွာနေ ဦးချစ်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

"စက်လှေ နစ်မြုပ်တာ သိသိချင်းပဲ ကျွန်တော်တို့ ပန်းတင်းကစက်လှေ ၇ စီးနဲ့ သွားပြီးရှာဖွေ ခဲ့ပါတယ်။ နေ့လယ် တစ်နာရီကျော်ကတည်း ရှာဖွေနေတာ ၂ ဦးကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ၅ ဦးမှာ ၃ ဦးကတော့ ငတောက်တူပေါက် ကမ်းကိုပြန်လည် ကူးခတ်လာပြီးလွတ်မြောက်လာပါတယ်။ ကျန်နှစ်ဦးကို ညနေ ၆ နာရီဝန်းကျင်ထိ ရှာဖွေပေမယ့် မတွေ့ပါဘူး။ ညဘက် ရာသီဥတု ဆိုးဝါးလာတာနဲ့ ကျွန်တော်တို့လည်း အိမ်ကို ပြန်လာကြပါတယ်" ဟု ဦးချစ်ကျော်က ပြောကြားသည်။

အဆိုပါ ဟွန်ဒါစက်လှေငယ်မှာ တောင်ကုတ်မြို့သဲဆိပ်နေ ကိုတူး၏ စက်လှေဖြစ်ပြီး ၎င်းအပါအဝင် ခရီးသည် ၅ ဦးတင်ဆောင်ခဲ့ပြီး ပန်တင်းကျွန်းသိုက မောင်းလာခဲ့ရာ နေ့လယ် ၁၂ နာရီ ခန့်တွင် ကုလားရောင်မြစ်ကိုဖြတ် အကူးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဟွန်ဒါစက်လှေပိုင်ရှင် ကိုတူး(သဲဆိပ်)နှင့် ဦးမြင့်နိုင် (ဆိပ်ကမ်းသစ်)တို့ ဖြစ်ကြောင်းသိရသည်။

အသက်ဘေးမှ လွတ်မြောက်လာသူ သုံးဦးမှာ ကိုညီလေး (ပန်းတင်း)၊ ကိုဝင်းဇော်(မှိုဟင်းတော)၊ ဖိုးသောကြာ(ပန်းတင်း) တို့ ဖြစ်ကြသည်။

အဆိုပါစက်လှေငယ်မှာ တောင်ကုတ်မြို့မှ ထွက်ခွါခဲ့ရာတွင် ရာသီဥတု လှိုင်းလေအခြေအနေအရ လမ်းကြောင်းပြောင်းပြီး ရွာမချောင်းဘက်မှ ထွက်ခွါခဲ့သော်လည်း ကုလားရောင်မြစ်ကို ဖြတ်အကူးတွင် လှိုင်းပုတ်ပြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများကို ကိုးကားပြီး ဦးချစ်ကျော်က ပြောကြား သည်။

နစ်မြုပ်သွားသည့် စက်လှေငယ်အား နစ်မြုပ်သည့်နေရာမှ ကိုက် ၁၀၀၀ ခန့်အကွာမှ ဆယ်ယူရရှိလာခဲ့ပြီး ကံဆိပ်တောင်ဆိပ်ကမ်းတစ်နေရာတွင် သိမ်းဆည်းထားကြောင်း သိရသည်။
Credit: စိုးဇံအောင်(တောင်ကုတ်)

တောင်ကုတ်မြို့နယ် မြို့တောင်နှင့် နန်းရွာကုန်းတွင် လေဆင်နှာမောင်းကျ၍ အိမ်ပေါင်း ၄၀ ကျော်ပျက်စီး


နိရဉ္စရာ၊ ဇွန် ၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ရွာမတိုက်နယ် မြို့တောင်ရွာနှင့် နန်းရွာကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နှစ်ရွာပေါင်း အိမ်ခြေ ၄၀ ကျော် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ရွာမရဲစခန်းမှ တပ်ကြပ်ဇော်ဇော်ထွန်းက “ မြို့တောင်နဲ့ နန်းရွာကုန်းမှာဖြစ်တာပါ။ လေဆင်နှာမောင်းတိုက်တာပေါ့ ။ မြို့တောင်မှာ အိမ် ၃၄ လုံးပျက်စီးတယ်။ ဘုန်းကြီးကျောင်းရယ်၊ ကျေးရွာဆေးပေးခန်း၊ စာသင်းကျောင်းတို့ပါ ပျက်စီးသွားပါတယ်။ စုစုပေါင်း ၃၇ လုံး” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အလားတူ နန်းရွာကုန်းရွာတွင်လည်း ဓမ္မာရုံနဲ့ အိမ်နှစ်လုံး၊ ရေတွင်း တစ်ခု ပျက်စီးသွားခဲ့သည်ဟု သူက ဆက်လက် ပြောဆိုသည်။

၎င်းရွာနှစ်ရွာ၏ အဆောက်အဦးပျက်စီးမှုမှာ ၄၁ လုံးရှိကြောင်း သိရသည်။

“ ဒီကနေ့ နေ့လယ် ၂ နာရီလောက်မှာ ဖြစ်တာပါ။ လူတွေကတော့ နည်းနည်းပါး ဒဏ်ရာရတာတွေတော့ရှိပါတယ်။ အိမ်တွေကလည်း ခေါင်းမိုးလန်တာတော့၊ ပြိုပျက်တာတို့ ဖြစ်သွားတာပေါ့။ လူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ အိမ်မှာနေထိုင်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

တောင်ကုတ်မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမြသန်း ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင် ၂၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသူက ပြောကြားသည်။

Photo from Rakhine fire force
Narinjara

(၃)ရက်သားအရွယ် ကလေးငယ် ခိုးယူသွားသူကို အမြန်လမ်းမှာ ဖမ်းမိ


မြင်းခြံပြည်သူ့ဆေးရုံမှာ ပျောက်သွားတဲ့ (၃)ရက်သားကလေးငယ် ခိုးယူသွားသူကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

 ဇွန်လ (၁၀)ရက် ညနေ(၃)နာရီက မြင်းခြံမြို့နယ် သိမ်ရွာကျေးရွာက ဦးခင်မောင်ဆင့်နဲ့ ဒေါ်ဝင်းစန္ဒာတို့ရဲ့ သားဖြစ်သူ အသက်(၃)ရက်အရွယ် မွေးကင်းစ ကလေးငယ်ဟာ အသားရောင်အသားဝါ ရောဂါကို ကာကွယ်ဖို့ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေရာက အမျိုးသမီးတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။


 ဒီဖြစ်စဉ်ကို မြင်းခြံမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး လိုက်လံစုံစမ်းရာ ဇွန်လ(၁၁)ရက် မနက် (၁)နာရီခန့်မှာ မသင်္ကာတဲ့ အမျိုးသမီးကို မြင်းခြံကနေ ရန်ကုန်ကို သွားတဲ့ ရွှေမန်းသူကားပေါ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။ မနက်(၈)နာရီ မှာတော့ ခိုးယူခဲ့သူအမျိုးသမီးနဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူကိုခေါ်ပြပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။


 ကလေးငယ်ကို ခိုးယူခဲ့သူဟာ မြင်းခြံမြို့ မီးရထားဝန်း အမှတ်(၁၇)မှာနေတဲ့ အသက်(၄၂)နှစ်အရွယ် ဒေါ်မြင့်မြင့်မော်ဆိုသူဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြင်းခြံမြို့မရဲစခန်းက ဥပဒေအရ ဆက်လက်ဆောင်ရွက်နေပါတယ်။

သတင်း - ဘိုဘို(မလှိုင်)(5 Plus News)
https://www.facebook.com/5plusnews/

Tuesday, 29 May 2018

မုန်တိုင်းငယ် ကျောက်ဖြူနှင့် မာန်အောင်အကြား ဖြတ်ကျော်ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့ မေ ၂၉ ရက် ညနေပိုင်းမှာ  ရခိုင်ပြည်နယ် အလယ်ပိုင်းကမ်းခြေကို မာန်အောင်မြို့နဲ့ ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော် ဝင်ရောက်သွားနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ဒီမနက် ၉ နာရီကျော်လောက်က ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မုန်တိုင်း ဗဟိုချက်အနီးမှာ လေတိုက်နှုန်းအများဆုံး တနာရီ ၄၅ မိုင်လောက်နဲ့ တခါတရံ တနာရီ မိုင် ၅၀ နှုန်းလောက်နဲ့ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းထောင့်ကြီး၊ မအီ၊ ကျောက်ဖြူ၊ မာန်အောင်၊ ငပလီ၊ ကျိန္တလီ စတဲ့ မြို့နယ်တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး လေပြင်း တနာရီ မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်  အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးဇလဌာနကလည်း ဒီမနက် ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဒေါက်တာထွန်းလွင်

Wednesday, 23 May 2018

ပေါက်တောက ရွာ ၂၀ လောက် ရေရှားပါးနေ

ပေါက်တောမြို့နယ် ဖဒူချေကျေးရွာမှာ ရေခပ်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ် / Photo: Kyaw Kyaw Lin's Facebook
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ လောက်ဟာ လတ်တလောရေရှားပါး မှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေရှားပါးမှုပြဿနာအတွက် ကျေးလက်ဒေသဖံွ့ဖြိုးမှုဦးစီးဌာနကို အကြောင်းကြားမှာဖြစ်သလို အစိုးရကိုလည်း တွန်းအားပေးသွားမယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။

ပေါက်တောမြို့နယ် တောင်ဘက်ပိုင်း ဖရုံကာကျွန်းသုံးကျွန်းထဲက ကြံခင်း၊ ငါးရီချိုင်၊ ငါးရပတ်ချိုင်၊ ဖဒူချေ၊ သဘောက်ချိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ ရေကန်တွေ ခန်းခြောက်နေတာကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ဆိုပါတယ်။

ပေါက်တောမြို့နယ်မှာရှိတဲ့ ဖရုံကာကျွန်းသုံးကျွန်းထဲက ကျေးရွာတွေဟာနှစ်စဉ်ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေ ရတာဖြစ်ပြီး တဖက်ပိတ်ဆည်တည်ဆောက်ပြီးရေပေးဝေဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပေမယ့် ဒေသအနေ အထားအရ ဆည်တည်ဆောက်ဖို့မဖြစ်နိုင်ကြောင်း အစိုးရကပြန်လည်အကြောင်းပြန်ထားတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

လက်ရှိရေအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ကျေးရွာတွေကို အစိုးရဌာနဆိုင်ရာတွေဘက်က  ရေဖြန့်ဝေပေးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

Sunday, 20 May 2018

ဝဘော်ကြီးကျေးရွာ မီးလောင်မှုအခြေအနေ

CR - Than Shwe
(ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွန်ယက်။
https://www.agyo.org/
https://www.facebook.com/agyoarakan/
https://twitter.com/agyo_arakan
email : agyo.arakan@gmail.com
Phone / +66836643107

Wednesday, 16 May 2018

စစ်တွေ မီးလောင်မှု လူနေအိမ် ၁၇ လုံး ဆုံးရှုံး


နိရဉ္စရာ၊ မေ ၁၅

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ကယ်ဆယ်ရေးစခန်းတွင် ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ် ၁၇ လုံး၊ စုစုပေါင်း တန်ဖိုး ၅၁ သိန်းကျပ်ခန့်ဖိုး ဆုံးရှုံးခဲ့သည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးက ပြောသည်။

“မီးစလောင်တာ ၁၁ နာရီ ၂၀ မိနစ်ကလို့ သိရပြီး ကျနော်တို့ ၁၁ နာရီ ၃၀ မိနစ်မှာ သတင်း ရရှိပါတယ်။ ၁၁ နာရီ ၅၀ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး၊ ၁၂ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးထဲ လူနေအိမ် ၁၅ လုံး ပါသွားပြီးတော့ ၂ လုံးကို မီးမကူးအောင် ဖြိုဖျက်လိုက်ရပါတယ်။ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးကတော့ ၅၁ သိန်းကျပ်ခန့်ရှိပါတယ်”ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးသော်ဒါက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါမီးကို မီးသတ်ကား ၆ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ အရံ ၂၀ ဦး၊ ဒကစမှူး ဗိုလ်မှူးချုပ် နိုင်ဦး ဦးဆောင်သည့် မြန်မာတပ်မတော်သား ၁၂၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁၀ ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြ သည်ဟု သူက ဆက်လက်ပြောဆိုသည်။

မီးကြွင်းမီးကျန်များကို နေ့နယ် ၁ နာရီကျော်ထိ ၀ိုင်းဝန်းငြိမ်းသတ်နေကြသည်ကို တွေ့ရှိရသည်။

မီးစတင်လောင်ကျွမ်းသော အိမ်မှာ အိမ်အမှတ် ၁၅၁ ဖြစ်ပြီး၊ မီးလောင်ရခြင်း အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးသော်ဒါပြောပြချက် အရ သိရသည်။

အဆိုမီးလောင်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara

မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တိမ်ညိုရွာခံ ၃ဦး လွတ်မြောက်

 လွတ်မြောက်လာသူ ၃ ဦးအားတွေ့ရစဉ်။ Photo - ဒေါ်အေးနုစိန် facebook
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ တိမ်ညိုရွာခံ ၃ ဦးကို မြောက်ဦး မြို့နယ်တရားရုံးက ဒီနေ့ တရားသေ လွှတ်လိုက်ပါတယ်။

မြောက်ဦးမြို့နယ် တရားရုံးကို မြင်ရစဉ်/Photo: Min Thein Aung/RFA
တရားလိုပြသက်သေတွေကိုစစ်ဆေးပြီး နှစ်ဘက်လျှောက်လဲချက်တွေကိုကြားနာပြီးတဲ့နောက် စွဲချက်မတင်သင့်ဘူးဆိုပြီး တရားရုံးကအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒီနေ့လွတ်မြောက်လာတဲ့ တိမ်ညိုရွာခံသုံးဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်က မြောက်ဦးမြို့ကနေ စစ်တွေမြို့ကိုလာရာလမ်းမှာ ကားပေါ်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တိမ်ညိုကျေးရွာက ဦးကျော်မြင့်အပါအဝင်မိသားစု ၄ ဦးကို ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်အရ ဒီနေ့တရားရုံးက လွှတ်ပေးလိုက်တဲ့ အခြားနာမည်တူ ဦးကျော်မြင့် အပါအဝင်သုံးဦးဟာ AA ရက္ခိုင့်တပ်မတော်နဲ့ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ဦးကျော်မြင့် အပါအဝင် မိသားစုဝင် ၄ ဦးကိုတော့ စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese

Monday, 7 May 2018

ဘင်္ဂါလီများအား တန်းတူအခွင့်အရေးမပေးရန် ကြံ့ခိုင်ရေးပါတီဝင်များ တောင်းဆို


ဘင်္ဂါလီတွေကို တိုင်းရင်းသားတွေနဲ့တန်းတူ အခွင့်အရေးမပေးဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေက ဒီကနေ့ ပျဉ်းမနားမြို့မှာ ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ် တောင်းဆိုလိုက်ပါတယ်။
အဲဒီလို ရှုတ်ချပွဲကို နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဒီကနေ့ မေလ ၇ ရက်မနက်က ကျင်းပခဲ့တာဖြစ်ပါတယ်။
 ပျဉ်းမနားမြို့နယ် ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီက “မြန်မာနိုင်ငံမှာ လက်ရှိ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီတွေအရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေနဲ့အတူ တန်းတူအခွင့်အရေးမပေးဖို့ ကိစ္စတွေ နိုင်ငံတော်အစိုးရကို တောင်းဆိုရင်းနဲ့ အဲဒီလိုလုပ်ရပ်တွေ ရှိလာရင် ရှုတ်ချသွားမှာဖြစ်တယ်”လို့ ပြောပါတယ်။
ရှုတ်ချပွဲကို ပါတီဝင် အင်အား ၅၀ ကျော် တက်ရောက်ခဲ့ပြီး အလားတူပွဲမျိုးတွေကို တခြားမြို့နယ်တွေမှာ ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/268451

Saturday, 5 May 2018

မြန်မာနိုင်ငံကို OIC ဆက်လက်ဖိအားပေးမည်


ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးဖို့ ကြိုးစားသွားမယ်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Hashmi Yousuf က ပြောပါတယ်။

“သူတို့ရဲ့နေရာဒေသဆီ ပြန်နိုင်ရေး ငြိမ်းချမ်းမှုတည်ဆောက်ဖို့ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ မြန်မာအစိုးရကို နောက်ထပ် ဖိအားဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ အကြောင်းမလှစွာဘဲ အခက်အခဲမျိုးစုံနဲ့ ကျနော်တို့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲတွေရှိနေတာကြောင့်တော့ ကျနော်တို့ ကြိုးပမ်းမှုတွေကို ရပ်ပစ်လိုက်မှာမဟုတ်ပါ ဘူး။” လို့ OIC အတွင်းရေးမှူးချုပ်ကပြောပါတယ်။

OIC ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သောကြာနေ့က သွားရောက်ကြည့်ရှုပြီးတဲ့နောက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ Hashmi Yousuf က အဲဒီလိုပြောသွားတာပါ။

ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ OIC အဖွဲ့ဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေအပါအဝင် အဖွဲ့ဝင် ၆၈ ဦးပါပြီး ဒုက္ခသည်စခန်းထဲက နေရာအသီးသီးကို အမျိုးသမီး၊ အမျိုးသား ခွဲသွားကြပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ပြောဆို မေးမြန်းကြ တာပါ။

OIC နိုင်ငံခြားရေးဝန်ကြီးများကောင်စီ ၄၅ ကြိမ်မြောက်အစည်းအဝေးကို မေလ ၅ ရက်၊ စနေနေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ Dhaka မြို့တော်မှာ ကျင်းပဖို့ရှိပါတယ်။

OIC အဖွဲ့ကို ၁၉၆၉ ခုနှစ်က စတင်တည်ထောင်တာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ကမ္ဘာပေါ်က မွတ်ဆလင်နိုင်ငံ ၅၇ နိုင်ငံပါဝင်ပြီး တော့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂ EU တို့မှာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တွေ ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

အိန္ဒိယ-မြန်မာ နယ်စပ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြန်ဖြစ်

အိန္ဒိယ-မြန်မာ နယ်စပ် ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က ဧရာဝတီသို့ ပြောသည်။
စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ – ၉) လက်အောက်ခံ မင်းပြားအခြေစိုက် ခလရ ၅၄၁ တပ်ရင်း နှင့် AA တပ်ဖွဲ့ဝင်များ အကြား မေလ ၃ ရက်နေ့ မနက်ပိုင်းက ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာ မြောက်ဘက် ၂ ကီလိုမီတာ အကွာ အဝေးရှိ ကုလားတန်မြစ်ကြောင်း အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခိုင်သုခ က “ကုလားတန်မြစ်ထဲမှာပဲဖြစ်တာ။ သူတို့က ကုလားတန်မြစ် အထက်ပိုင်းကို စက်လှေနဲ့ တက်ကြတာ။ မြေပြင် ကလည်း တက်တယ်။ စက်လှေနဲ့လည်း လာတယ်။ အဲဒီလိုတက်လာတဲ့ အချိန်မှာ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ဆုံပြီး ဖြစ်ကြတာ။ ဖြစ်ပြီး ၂ နာရီလောက်ထိ သူတို့ဘက်က အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရမ်းပစ်တာပေါ့ဗျာ” ဟု ပြောသည်။
နှစ်ဘက်တပ်များအကြား တကြော့ပြန်ဖြစ်ပွားခဲ့သောတိုက်ပွဲသည် မေလ ၃ ရက်နေ့ မနက် ၉ နာရီကျော်မှ ၁၀ နာရီခန့် ထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် တပ်မတော်စစ်ကြောင်းမှ ၄ ဦးကျဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရရှိသည်ကို မြေပြင်သတင်းများ အရ သိရကြောင်း ခိုင်သုခက ပြောသည်။
သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ခိုင်သုခ က “မနေ့ကတော့ ညနေပိုင်းအထိ ကျဆုံးတဲ့သူတွေကို အလောင်းပြန်မကောက်နိုင်သေးဘူး။ အဲဒီမှာ သူတို့ အင်အားတွေ ထပ်ပြီးဖြည့်လာတာလဲရှိတယ်။ သူတို့ဘက်က ထပ်တိုးလာမယ်ဆိုရင်တော့ တိုက်ပွဲတွေက ဖြစ်လာနိုင်မယ့် အနေအထား အများကြီးရှိတယ်” ဟုဆိုသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူများကို ဧရာဝတီက ဆက်သွယ်ခဲ့သောလည်း တာဝန် ဖြေကြားပေးခြင်း မရှိပေ။
ပလက်ဝမြို့နယ် အတွင်း တပ်မတော်နှင့် AA တို့အကား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာလ အထိ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ၄ လ အကြာရပ်တန့်နေခဲ့ရာမှ နယ်မြေစိုးမိုးရေး လှုပ်ရှားနေသည့် တပ်မတော် စစ်ကြောင်းများနှင့် ယခုကဲ့သို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
AA သည် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပြီး လက်ရှိအချိန်တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FCNCC) တွင် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ ရပ်တည်နေလျှက်ရှိပြီး ရခိုင်ပြည်နယ်တွင်လည်း စစ်ရေး လှုပ်ရှားမှုများရှိနေသည်။
အစိုးရဘက်ကတော့ တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် မူဝါဒ ထားရှိထားကြောင်း၊ သို့သော်လည်း လက်တလော တွေ့ဆုံ ဆွေးနွေးနိုင်မည့် အခြေအနေကို ပြောရန် ခက်နေသေးကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်စိုး က ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် AA တို့အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံများသည် ကုလားတန်မြစ်အနီးက ရှင်းလက်ဝ ကျေးရွာတွင် သွားရောက်ခိုလှုံခဲ့ကြရသလို ရခိုင်ပြည်နယ်မှ နယ်စပ်ကိုဖြတ်ကျော်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်တွင်လည်း ဒုက္ခသည် ၁ ထောင်ကျော် သွားရောက် ခိုလှုံခဲ့ကြရသည်။
https://burma.irrawaddy.com/news/2018/05/04/157766.html

Sunday, 29 April 2018

ရိုဟင်ဂျာပြန်ခေါ်ရေး ဆက်လက်ဖိအားပေးမယ်လို့ သြစတြေးလျ ပြောကြား


သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull မဲလ်ကမ် တန်းဘူးလ် က ဆစ်ဒနီမြို့ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် sheik Hasina ရှိတ် ဟာစီနာနဲ့ စနေနေ့ ညနေက တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာအစိုးရကို သူတို့နိုင်ငံက ဆက်လက်ဖိအားပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ကိုင်ဆောင်ရွက်နေတာတွေကို သြစတြေးလျနိုင်ငံက ထောက်ခံပြီး ဒုက္ခသည်စခန်းတွေကို အကူအညီတွေ ပိုမိုထောက်ပံ့မယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဒီအတောအတွင်း အာဆီယံညီလာခံက စနေနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ သူတို့နေရပ်ကို ဆန္ဒအလျှောက် လွတ်လပ်စွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

၂၀၂၀ ခုနှစ် အထည်ချုပ် ကဏ္ဍတွင် အလုပ်သမား ၁ သန်းမှ ၁.၅ သန်းထိ အလုပ် လုပ်ကိုင် နိုင်မည့် အခွင့် အလမ်းများ ပေါ်ပေါက် လာမည်ဟု ခန့်မှန်း

အထည်ချုပ်လုပ်ငန်း အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် စာစောင် အသိပေးရှင်းလင်းပွဲ ကျင်းပစဉ်(ဓါတ်ပုံ MOI) Social
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)
လာမည့် ၂၀၂၀ ခုနှစ် အထည်ချုပ် ကဏ္ဍတွင် အလုပ်သမား ၁ သန်း မှ  ၁.၅ သန်းထိ အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း များ ပေါ်ပေါက် လာမည်ဟု ခန့်မှန်းထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။
အထည်ချုပ်လုပ်ငန်း အတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် စာစောင် အသိပေးရှင်းလင်းပွဲအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံရုံးတို့ ပူးပေါင်း၍ ရန်ကုန်မြို့၌ ဧပြီ ၂၈ ရက်တွင် ကျင်းပခဲ့ရာတွင် ပြည်ထောင်စု ၀န်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ အတူ ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ မှ ၁၀ ဘီလီယံထိ တိုးလာမည်ဟု ခန့်မှန်း ထားပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အပါအဝင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် အလေ့အထကောင်းများ အတိုင်း ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ် စွမ်းအားနှင့် အရည်အသွေး မြင့်တက် လာပြီး ဥရောပ၊ အမေရိကကဲ့သို့ နိုင်ငံတကာ ဈေးကွက်ကြီးများသို့ တိုးမြှင့် တင်ပို့နိုင်မည် ဖြစ်ကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။
အထည်ချုပ် လုပ်ငန်းများအတွက် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန် စာစောင်တွင် အထည်ချုပ် လုပ်ငန်းများ၌ အဓိကဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ၊ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမား များအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သင့်သည့် အချက်များ ဖော်ပြထားကြောင်း၊ အထည်ချုပ် လုပ်ငန်းများ သာမက အခြားလုပ်ငန်းများရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများပါ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ကိုးကားအသုံးပြုနိုင်သည့် လမ်းညွှန်စာစောင်ဖြစ်၍ များစွာ အကျိုးရှိစေမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။အထည်ချုပ် ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက် အကူပြုနေသည့် လုပ်ငန်း တစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနေသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။(Xinhua)

Thursday, 18 January 2018

မြောက်ဦးအကြမ်းဖက်မှုဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်


၁၇. ၁.၂၀၁၈ U.S. Embassy Rangoon

ယမန်နေ့ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းအပါအဝင် ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်းကိုလည်း ပြောကြားလိုပါသည်။

တရားဥပဒေစိုးမိုးမှုကိုလေးစားသည်နှင့်အညီ ပြည်သူများငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာနားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။

The U.S. Embassy wishes to express its distress at reports of violence last night in Mrauk-U and its deep concern for all innocent people affected by the violence, including condolences to the families of those killed. The right of a people to peacefully assemble is a cornerstone of any democracy, as is respect for the rule of law. We hope that reason and restraint will prevail and that, with a better understanding of these tragic events and how they unfolded, future incidents of violence can be prevented.

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate