Showing posts with label ခိုးမှု. Show all posts
Showing posts with label ခိုးမှု. Show all posts

Wednesday, 13 June 2018

(၃)ရက်သားအရွယ် ကလေးငယ် ခိုးယူသွားသူကို အမြန်လမ်းမှာ ဖမ်းမိ


မြင်းခြံပြည်သူ့ဆေးရုံမှာ ပျောက်သွားတဲ့ (၃)ရက်သားကလေးငယ် ခိုးယူသွားသူကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

 ဇွန်လ (၁၀)ရက် ညနေ(၃)နာရီက မြင်းခြံမြို့နယ် သိမ်ရွာကျေးရွာက ဦးခင်မောင်ဆင့်နဲ့ ဒေါ်ဝင်းစန္ဒာတို့ရဲ့ သားဖြစ်သူ အသက်(၃)ရက်အရွယ် မွေးကင်းစ ကလေးငယ်ဟာ အသားရောင်အသားဝါ ရောဂါကို ကာကွယ်ဖို့ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေရာက အမျိုးသမီးတစ်ဦးက ခိုးယူခဲ့တာဖြစ်ပါတယ်။


 ဒီဖြစ်စဉ်ကို မြင်းခြံမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး လိုက်လံစုံစမ်းရာ ဇွန်လ(၁၁)ရက် မနက် (၁)နာရီခန့်မှာ မသင်္ကာတဲ့ အမျိုးသမီးကို မြင်းခြံကနေ ရန်ကုန်ကို သွားတဲ့ ရွှေမန်းသူကားပေါ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။ မနက်(၈)နာရီ မှာတော့ ခိုးယူခဲ့သူအမျိုးသမီးနဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူကိုခေါ်ပြပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။


 ကလေးငယ်ကို ခိုးယူခဲ့သူဟာ မြင်းခြံမြို့ မီးရထားဝန်း အမှတ်(၁၇)မှာနေတဲ့ အသက်(၄၂)နှစ်အရွယ် ဒေါ်မြင့်မြင့်မော်ဆိုသူဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြင်းခြံမြို့မရဲစခန်းက ဥပဒေအရ ဆက်လက်ဆောင်ရွက်နေပါတယ်။

သတင်း - ဘိုဘို(မလှိုင်)(5 Plus News)
https://www.facebook.com/5plusnews/

Wednesday, 14 December 2016

ထိုင်းဘတ်ငွေ ၇ သန်းတန် လက်ဝတ်ရတနာများ ပျောက်ဆုံး၍ မြန်မာအိမ်ဖော်ကို အပူတပြင်းရှာဖွေ

အခင်းဖြစ်သည့် နေအိမ်အား ထိုင်းရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်။ (ဓာတ်ပုံ - Thanapak Alcotec Facebook) အခင်းဖြစ်သည့် နေအိမ်အား ထိုင်းရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်။ (ဓာတ်ပုံ - Thanapak Alcotec Facebook)
ထိုင်းနိုင်ငံ ဘန်ကောက်အနီး ထွန်းပူးရီးခရိုင် ဘွတ်ခလိုမြို့နယ်ရှိ ထိုင်းအိမ်တအိမ်မှာ စုစုပေါင်း ဘတ်ငွေ ၇ သန်းတန်ဖိုးရှိ စိန်ရွှေရတနာ လက်ဝတ်လက်စားနဲ့ ငွေတွေ ပျောက်ဆုံးသွားတဲ့အတွက် အဲဒီအိမ်မှာ အလုပ်လုပ်သွားတဲ့ မြန်မာအိမ်ဖော်အမျိုးသမီးကို ထိုင်းရဲက အပူတပြင်း ရှာဖွေနေပါတယ်။
အသက် ၃ဝ အရွယ်ရှိ မြန်မာအမျိုးသမီးဟာ သူတို့အိမ်မှာ အိမ်ဖော်လုပ်ဖို့ ပွဲစားကနေတဆင့် ဒီဇင်ဘာ ၁ဝ ရက်က ရောက်ရှိလာကာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အပြင်ထွက်ခွင့်တောင်းပြီး ပြန်မလာတော့ကြောင်း၊ မသင်္ကာလို့ ဗီရိုထဲက လက်ဝတ်လက်စားထားတဲ့ အံဆွဲကို ဖွင့်ကြည့်ရာမှာ ပစ္စည်းတွေ ပျောက်ဆုံးနေတဲ့အတွက် သူ့ကို သံသယအရှိဆုံးဖြစ်ပြီး လူမှုကွန်ရက်ကနေ ကြေညာခဲ့သလို ဘွတ်ခလိုနယ်မြေရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်လို့ အိမ်ရှင် နိုင်းထနဖတ်က ဒီဗွီဘီကို ပြောပါတယ်။

Saturday, 21 November 2015

မြောက်ဦးမြို့မှ ရှေးဟောင်း ဘုရားဆင်းတုတော်များ စမ်းချောင်းမြို့နယ်တွင် ဖမ်းမိ

Arakan State
ရန်ကုန်၊ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ရှေးဟောင်း ရုပ်တုတော် ၅၇ ဆူအား ခိုးယူ သယ်ဆောင်လာသော ရဟန်းတော် တစ်ပါးနှင့် လူနှစ်ဦးအား နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဖမ်းမိခဲ့သည်ဟု ယနေ့ထုတ် Daily Eleven သတင်းစာတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့မှ ရှေးဟောင်း ဘုရားများ ရောင်းချသည်ဟု သတင်း ရရှိသဖြင့် စမ်းချောင်းမြို့နယ်၊ မုန့်လဆောင်းကုန်း (တောင်) ရပ်ကွက်၊ ပြည်သူ့ကွက်သစ် (၁) လမ်း၊

Saturday, 17 October 2015

မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံး ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးနေဟု ဆို

ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးခဲ့သည့် မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံးကို တွေ့ရစဉ်
ကရင်ပြည်နယ် မြ၀တီမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မြို့နယ်​ရုံး ​ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းများ ထည့်ထားသည့်ဖိုင်တွဲ ပျောက်ဆုံးနေကြောင်း မြို့နယ် (NLD) အတွင်းရေးမှူး ဦးသန့်ဇင်အောင်က ပြောကြားသည်။

NLD မြို့နယ်ရုံး ဖောက်ထွင်းခံရသည်ကို အောက်တိုဘာ ၁၂ ရက် နံနက်က သိရှိခဲ့ခြင်းဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ခံနေသည့်အတွက် မည်သည့်အချိန်က ဖြစ်ပွားခဲ့သည်ကို တိတိပပ မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြ၀တီမြို့ NLD  မြို့နယ်ရုံး အနောက်ဘက် အိမ်သာ တံခါးအား ဖောက်ထွင်း ၀င်ရောက်ခဲ့သော်လည်း အပိတ်ဖြစ်နေ၍ နောက်တံခါးပေါက်ကို ဖျက်ဆီးဖောက်ထွင်းခဲ့သည်။ နောက်တံခါးပေါက်အနီး ဗီရိုပေါ်ရှိ စာရွက်စာတမ်းများ ထည့်ထားသည့် ဖိုင်တွဲမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

Monday, 14 September 2015

ဘတ် ၁ဝ သန်းတန်စိန်ကို ခိုးယူသူအမျိုးသမီး၏အူလမ်းကြောင်းအတွင်းမှ ပြန်လည်ရယူ


Thai police use colonoscope to retrieve £180,000 diamond that Chinese thief had hidden up her bottom

 
Clear cut: She finally agreed to the operation after being told that the diamond could cause damage to her insides, and nature and laxatives had failed to do the job

ဗန်ကောက် ၊ ၁၄-၉-၂ဝ၁၅

ဗန်ကောက် စိန်ရွှေလက်ဝတ် ရတနာပြပွဲ အတွင်း ခိုးယူခံခဲ့ ရသည့် ဘတ် ၁ဝ သန်းတန် စိန်ကို ခိုးယူသူ တရုတ်အမျိုးသမီး တစ်ဦး၏ အူလမ်းကြောင်း အတွင်းမှ စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်ရယူ နိုင်ခဲ့ကြောင်း ဗန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate