Showing posts with label မိုးလေဝါသ. Show all posts
Showing posts with label မိုးလေဝါသ. Show all posts

Tuesday, 2 October 2018

တောင်ကြီးမြို့တွင် ရုတ်တရက်ရေကြီး လူနေအိမ်နှင့် စာသင်ကျောင်းများပျက်စီး

  

   By နန်းမြနဒီ  2 October2018  

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မနေ့ ညနေပိုင်းက မိုးသည်းထန်စွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံတာကြောင့် လူနေအိမ်၊ စာသင်ကျောင်းနဲ့ အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။
မနေ့မွန်းလွဲ ၁ နာရီက မိုးတွေစရွာလာပြီး အချိန် ၁ နာရီခွဲလောက် ကြာမြင့် လာတော့ အနိမ့်ပိုင်းရပ်ကွက်ထဲရေတွေ စ၀င်လာကာ ချမ်းမြသာစည်၊ စိန်ပန်း၊ ရွှေတောင်၊ စ၀်စံထွန်း၊ အေးသာယာ (၁) စတဲ့ ရပ်ကွက် ၅ ခုက အိမ်ခြေအလုံး ၆၀ ထဲ ရေတွေ ၀င်ရောက်လို့ အိမ်ထောင်စု ၁၈ စုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ရှမ်းပြည်နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။“မိုးကတစ်နာရီခွဲကြာရွာပြီး ညနေ ၃ နာရီကျော်ကျော်လောက်မှာတော့ ရပ်ကွက်ထဲ ရေတွေစပြီး ၀င်လာပါတယ်။ အမြင့်ပိုင်းရပ်ကွက်က ရေတွေ အနိမ့်ပိုင်းကိုစီးတဲ့အခါမှာ ဒယ်အိုး လိုပုံစံဖြစ်ပြီးတော့ နိမ့်တဲ့နေရာတွေမှာ ရေ၀ပ်သွားတာပါ။ ရေ၀င်တဲ့ရပ်ကွက် ၅ ခုရှိတယ်။ ရွှေ့ပြောင်းရတဲ့အိမ်က ၁၈ လုံး၊ ကယ်ဆယ်ရေးစခန်းတော့ မဖွင့်ရပါဘူးခင်ဗျ။ အမြင့်ပိုင်းက နီးစပ်ရာဆွေမျိုးသားချင်းအိမ်ဆီ ခဏရွှေ့နေကြတာပါ။ ညနေ ၆ နာရီလောက်တော့ ရေက တဖြည်းဖြည်းပြန်ကျတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ အားလုံးနီးပါး ပြန်ကျသွားပါပြီ။ ဒါပေမယ့် အပျက်အစီးတော့ရှိတယ်ပေါ့နော်။”
ရေကြီးမှုကြောင့် အ.ထ.က ၇ ကျောင်း အုတ်တံတိုင်းနဲ့  စ၀်စံထွန်း ရပ်ကွက်ထဲက အိမ် ၂ အိမ်လည်း အုတ်နံရံ ပြိုကျခဲ့ပြီး အေးသာယာမြို့သစ်မှာ အိမ်မှာ မွေးထားတဲ့ ကြက်နဲ့ ၀က်တွေ၊ အိမ်အသုံးအဆောင်ပရိဘောဂတွေလည်း ရေထဲမျှောသွားပါတယ်။
တန်ဖိုး ကျပ် ၅ သိန်းလောက် ဆုံးရှုံးမယ်လို့ ခန့်မှန်းပြီး တောင်ကြီးတမြို့လုံးက အပျက်အစီးအနေနဲ့တော့ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၀၀ ကျော် ဆုံးရှုံးမယ်လို့ ခန့်မှန်းပါတယ်။
အေးသာယာမြို့ကနေ တောင်ကြီးသို့အတက်အဆင်း တောင်ပေါ်လမ်းမှာလည်း တောင်ကျရေတွေစီးပြီး သစ်ကိုင်းတွေ ကျိးကျတာကြောင့် အချိန်တစ်နာရီကျော် ယာဉ်ကြော ပိတ်ဆို့ခဲ့တယ်လို့  ခရီးသွားတဦးက ပြောပါတယ်။
တောင်ကြီးမြို့မှာ ယခင်နှစ်တွေကလည်း မိုးကြီးရေလျှံတာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီတခေါက်တော့ အခြေအနေပိုဆိုးလာကြောင်း၊ မိုးဆက်တိုက်ရွာသွန်းပြီး စီးလာတဲ့ရေက များကာ ပြန်ထွက်တဲ့ရေက နည်းတာကြောင့် ရေ၀ပ်ခြင်းဖြစ်ကြောင်း၊ အဓိကမှာ ရေနှုတ်မြောင်း တွေ ကျဉ်းမြောင်းခြင်း၊ မြေအောက်ပိုက်လိုင်း၊ ရေစီးရေလာစနစ် အားနည်းခြင်းတွေကြောင့် ဖြစ်ကြောင်း၊ လောလောဆယ် အဲဒီအခြေအနေတွေကို ကွင်းဆင်းစစ်ဆေးနေပြီး သက်ဆိုင်ရာ ကိုတင်ပြကာ အမြန်ဆုံးပြုပြင်ဆောက်လုပ်သွားမယ်လို့  ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြော ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးဆုံးရှုံး မှုစာရင်း အစီရင်ခံစာတော့ တက်မလာသေးဘူးလို့ ရှမ်းပြည်နယ်သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနက ပြောပါတယ်။
ဓာတ်ပုံ – နီလာဝင်းထွန်း

Friday, 20 May 2016

ရွန်နူမုန်တိုင်းအန္တရယ် မြန်မာနိုင်ငံကို သက်ရောက်နိုင်

မုန်တိုင်းရဲ့ အချင်းဟာ မိုင် ၅၀ ကနေ မိုင် ၂၅၀ လောက်ရှိပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူဟာ မြန်မာနိုင်ငံကို သက်ရောက်လာနိုင်တယ်လို့ သိရပါတယ်။
ရွန်နူမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို ဦးတည်နေပေမဲ့ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လေးခုမှာ မုန်တိုင်းအန္တရယ်သက်ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ ရွန်နူဆိုင်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲကို

Thursday, 19 May 2016

ရခိုင်ပြည်နယ်မြောက်ပိုင်း မုန်တိုင်းအဖျားခတ်မည်

13235119_10208207200912284_3290983263219363369_o
ဒီမနက် ၈ နာရီထုတ်ပြန်ချက်မှာ “မေ ၂၁ ရက်ညပိုင်း မုန်တိုင်းကမ်းကိုဖြတ်ကျော်စဉ် မုန်တိုင်းရဲ့ ဗဟိုချက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ၀င်ရောက်မှာဖြစ်ပေမယ့် အန္တရာယ်များတဲ့ မုန်တိုင်း ဟာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းပေါ်မှာ ကျရောက်မှာဖြစ်တဲ့အတွက် လေဒဏ်၊ လှိုင်းဒဏ် မိုးဒဏ် တွေ့ကြုံရမှာဖြစ်ပါတယ်” လို့ ဦးထွန်းလွင်က ရေးသားထား ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်း တနာရီ မိုင် (၄၀ -၅၀) ခန်နဲ့ လှိုင်းအမြင့် (၁၀-၁၄)ပေခန့် ရှိနိုင်တယ်။ မုန်တိုင်းဒီရေ (၁-၂)ပေခန့်သာ တက်နိုင်တယ်လို့ သူက ခန့်မှန်း ပါတယ်။
မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း

Monday, 16 May 2016

ထိုင်းနိုင်ငံဘန်ကောက်မြို့ ယနေ့ ညနေ ၆ နာရီမတိုင်ခင် အမြန်ဆုံး အိမ် အရောက်ပြန်ကြစေရန် သတိပေးခြင်း


 
၁၆.၅.၂၀၁၆ ယနေ့ ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် ပြန်ကြားရေးဌာန၊ သိပ္ပံနှင့် နည်းပညာဌာန တို့မှ ထုတ်ပြန်ချက်အရ ...

ယနေ့ ညနေ ၆ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ မုန်တိုင်းအပြင်းအထန် ၀င်ရောက် တိုက်ခတ်နိုင်မယ်လို့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အနောက်တောင်အရပ်မှ တိုက်ခတ်လာသော မုတ်သုန်လေများနှင့် အရှေ့မြောက်ဘက် အရပ်မှ တိုက်ခတ်လာသော မုတ်သုန်လေများဟာ အားကောင်းပြီး အိန္ဒိယသမုဒ္ဒရာတွင်း အင်အားကြီးဆိုင်ကလုံး

Sunday, 8 May 2016

မြန်မာနိုင်ငံအလယ်ပိုင်း လေပြင်းနှင့်လေဆင်နှာမောင်း တိုက်ခတ်နိုင်

..
ဒီနှစ်မေလအတွင်း မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဖြစ်နိုင်ခြေနည်းပေမယ့် မြန်မာ နိုင်ငံအလယ်ပိုင်းဒေသတွေမှာ လေပြင်းတိုက်ခတ်တာ၊ လေဆင်နှာမောင်းတိုက်ခတ်တာတွေနဲ့ ကြုံရနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က သတိပေး ပြောဆိုလိုက်ပါတယ်။
ဒီနှစ်မေလဟာ အယ်လ်နီညိုရာသီဥတုနဲ့ကြုံရတာကြောင့် မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းဝင်ရောက်နိုင်ခြေနည်းတဲ့အကြောင်း မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က အခုလို ခန်းမှန်းပြောဆိုခဲ့ပါတယ်။
“မေလဟာ မြန်မာနိုင်ငံမှာ မုန်တိုင်းအများဆုံးဝင်တတ်တဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် မေလအတွင်းဖြစ်တဲ့ မုန်တိုင်းတွေ၊ အထူးသဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်လာရင် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မေလက အယ်လ်နီညို မေလ ဖြစ်နေတဲ့အတွက်ကြောင့် ယခင်အတွေ့အကြုံများအရ အယ်လ်နီညိုနှစ်တွေမှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်တတ်တဲ့ အကြိမ်အရေအတွက် များစွာ လျော့နည်းတတ်တဲ့အတွက်၊ ဒီနှစ်မှာတော့

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate