Showing posts with label About. Show all posts
Showing posts with label About. Show all posts

Friday, 1 December 2017

“Now, most Arakan people know less about Arakan history. After they come to Thailand, they start to have a chance to study Arakan history and language.”

Maung Maung Thet is from the Arakan state in Myanmar, but currently lives in Mae Sot, Thailand. He volunteers for Arakan Generation Youths Organization (AGYO) in Mae Sot and is passionate about preserving Arakan culture. Maung Maung Thet’s story is one of many that explain the flow of migrants from Myanmar to Thailand.
1 year ago
Credit: Mae Sot Labor Law Clinic

Sunday, 31 January 2016

Arakan Generation Youths Organization



 Arakan Generation Youths Organization
ရခိုင် မျိုးဆက်သစ် လူငယ်များအစည်းအရုံး
อาระกัน องค์กรเยาวชน คนรุ่นใหม่


အဖွဲ့ဝင် အသစ်နှင့် (AGYO) အစည်းအရုံးသားများ သိထားသင့်သော အကြောင်းအရာများ






 (AGYO) အဖွဲ့ဝင်များ သိထားသင့်သော အကြောင်းအရာ
ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (AGYO)မှာ အဖွဲ့ ဝင်လိုတဲ့ ရခိုင်မျိုးဆက် လူငယ် အပေါင်းတို့သည် ပရဟိတ စိတ်ကို အရင်းခံပြီး မိမိနှင့် ဘဝတူ ရွှေ့ပြောင်းတွေ အပေါ်မှာ ကြောသား ရင်သား မခွဲခြားပဲ ကူညီလိုစိတ် ရှိရပါမည်။ လူမျိုး ၊ ဘာသာ ၊ အဖြူ ၊ အမဲ မခွဲခြားပဲ ရိုင်းပင်း ကူညီလိုစိတ် ရှိရပါမည်။ ထို့သို့ (AGYO) ရဲ့ အဖွဲ့ဝင် တစ်ယေက် ဖြစ်လာခဲ့ပြီဆိုပါက ပရဟိတ လုပ်ငန်းများကို လူအင်အား ၊ ငွေအင်အား တို့ဖြင့် မပါဝင်နိုင်ခဲ့သည် ဆိုပါက အကြံဥာဏ် အင်အားတို့ဖြင့် ပါဝင်နိုင်စွမ်း ရှိရပါမည်။ထိုသို့သူမှသည် (AGYO) ရဲ့ မူဝါဒ လမ်းစဉ်နှင့် ကိုက်ညီမည် ဖြစ်ပါသည်။ ဒါမှသာ ၎င်း ထိုသူကို (AGYO) ၏ အဖွဲ့အဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။
မှတ်ချက် --- (AGYO)တွင် ရခိုင်တိုင်ရင်းသားများသာ အဖွဲ့ဝင်ရပါမည်။
(AGYO) အဖွဲ့ဝင်များ သိထားသင့်သော စည်းကမ်းချက်များ
1)    (AGYO) အဖွဲ့ နာမည်ကို အလွဲသုံးစားပြုလုပ်ကာ ရွှေ့ပြောင်း အလုပ်သမားများကို ခြိမ်းခြောက် ၊ အနိုင်ကျင့်၊ မတရား ပြုလုပ်ခြင်း ၊ ဥပဒေနန့် မလွတ်ကင်းသော အလုပ်များကို အထူး ရှောင်ကြည်ရပါမည်။
2)    (AGYO) အဖွဲ့သားအချင်းချင်း ရိုင်းပင်း ကူညီမှုများရှိစေကာ ရိုသေ  လေးစားခြင်း အလေးထားခြင်းများ ရှိစေရပါမည်။
3)    (AGYO) အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါက ကိုယ်ကျိုးကို မကြည့်ပဲ အများ အကျိုးကို ဆောင်ရွက်လိုစိတ် ရှိသူ ဖြစ်ရပါမည်။
4)    (AGYO)တွင် စတင်ပြီး အဖွဲ့ဝင်သူသည် (၂၀၀) ဘတ် ပေးဆောင်ရပြီး လစဉ် အဖွဲ့ ရံပုံငွေမှာ တစ်လကို (၁၀၀) ဘတ်ဖြစ်ပါသည်။
5)    (AGYO) အဖွဲ့ဝင်တစ်ယောက်သည် လစဉ် ရံပုံငွေထည့်သွင်းရာမှာ (၁၀၀) ဘတ်မဟုတ်ပဲ အနည်းဆုံး (၅၀၀) ဘတ်အထိ ထည့်နိုင်သည်။
မှတ်ချက် --- လစဉ် ရံပုံငွေကို (၁၀၀)ဘတ် မထည့်နိုင်သူသည်  အနည်းဆုံး (၅၀)ဘတ် အထိ ထည့်နိုင်သည်။ လစဉ် ရံပုံငွေကို (၁)ဘတ်မှ မထည့်နိုင်ရင်လည်း (AGYO) အဖွဲ့မှ ထုတ်ပယ်ခြင်း မရှိပါ။ အထက်ပါ စည်းကမ်းချက်များကို ချိုးဖေါက်သူသာလျှင် (AGYO) အဖွဲ့မှ အလိုအလျှောက် ထုတ်ပယ်သွားမှာ ဖြစ်သည်။


(AGYO) အဖွဲ့ဝင်တစ်ယေက်၏ အကျိုးခံစားခွင့်
(AGYO) အဖွဲ့ဝင်တစ်ယောက်သည် လစဉ် ထည့်သွင်းသော ရံပုံငွေ၏ ၃၀% ကို ထို (AGYO) အဖွဲ့ဝင်၏ ကျန်းမာရေး လူမှုရေး ပညာရေး သာရေး နာရေးတို့အတွက် စုဆောင်းထားမည်ဖြစ်သည်။ ဥပမာအားဖြင့် ဘတ်(၁၀၀) ဆိုပါက (၁၀၀)ဘတ်ရဲ့ ၃၀% ကို (AGYO) အဖွဲ့ဝင်အတွက် စုဆောင်းထားမည်ဖြစ်သည်။ ကျန်ရှိတဲ့ ၇၀%ကို (AGYO) အဖွဲ့တွင် လိုအပ်နေသော ကွက်လပ် များတွင် ဖြည့်ဆည်းသွားမည်ဖြစ်သည်။ ထိုသို့ အဖွဲ့ဝင် တစ်ယောက်သည် အဖွဲ့ထဲတွင် လစဉ် မပျက်မကွက်ပဲ ရံပုံငွေကို နှစ်နဲ့ ချီပြီး ထည့်သွင်းထားသူ  ဖြစ်ပါက သို့မဟုတ် ရုံပုံငွေ မထည့်ပဲ အကြံဥာဏ်အား လူအင်အားတို့ဖြင့် လိုက်ပါဆောင်ရွက်သောသူ တစ်ယောက်ဖြစ်ပါက (AGYO) အစည်းအရုံး၏ သင့်တော်သော  နေရာတွင် ချမှတ်သွားမည် ဖြစ်ပါသည်။ အကယ်၍ နှစ်ရှည်လများ (AGYO) အစည်းအရုံးတွင် လုပ်ဆောင်ခဲ့သော အဖွဲ့သားသည် အကြောင်းအမျိုး မျိုးကြောင့် မိမိ ရပ်ရွာ ပြန်သွားခဲ့သည် ရှိသော် ထို အဖွဲ့ဝင်၏ နေရပ် လိမ်စာ အတိုင်း ရုံပုံငွေ စုဆောင်း ထားသော ၃၀% ကို လွှဲပေးသွားမည် ဖြစ်သည်။ (AGYO) အစည်းအရုံးသား မှန်သမျှတို့သည် ကိစ္စ အမျိုးမျိုးတို့ဖြင့် ကိုယ့်ပြည် ကိုယ့်ရွာကို ပြန်ရမည် ဆိုပါက မပြန်ခင် တစ်ပါတ် အလိုတွင် (သို့မဟုတ်) ၃ရက် အလိုတွင် တာဝန်ရှိသူ တစ်ဦး တစ်ယောက်ကို ကြိုတင်၍ အကြောင်းကြားထားရပါမည်။ ဒါမှသာလျှင် တာဝန် ရှိသူများမှ (AGYO) အစည်းအရုံး၏ ဗဟိုလ် ကော်မတီသို့ အကြောင်းကြားပြီး အဖွဲ့ဝင် အသစ် ဖြစ်စေ အဟောင်းဖြစ်စေ ထို အဖွဲ့ဝင်အား တတ် နိုင်သည့် အကူအညီများအား ပေးသွားမည် ဖြစ်သည်။




ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (AGYO) ရည်ရွယ်ချက်
1)          ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး ။
2)          ရခိုင်တမျိုးသားလုံးရဲ့ ကိုယ်စား ရိုးရာယဉ်ကျေးမှုများကို (AGYO) မှ ရခိုင်သူ ရခိုင်သားများ သိသင့် သိထိုက်သော ရခိုင်ရိုးရာ ယဉ်ကျေးမှုများ ၊ ရခိုင်တမျိုးသားလုံး မမေ့အပ်သော ရက်များကို မတိမ်ကော မပျောက်ကွယ်ရအောင် ဖေါ်ထုတ်ပေးရေး။
3)          ရခိုင်ပြည်တွင်းနှင့် မြန်မာ တနိုင်ငံလုံး သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့လာခဲလျှင် ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးရေး။
4)          ရခိုင်လူမျိုးတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုများ ၊ သမိုင်း ဖြစ်ရပ်များအား (AGYO) မှ လက်လှမ်းတမှီ Radio မှသော် လည်းကောင်း၊ လက်ကမ်း စာစောင်များဖြင့်  ဖြန့်ဝေ၍သော် လည်းကောင်းပြုလုပ်ပေးရေး။

ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (AGYO) လုပ်ဆောင်ချက်
ထိုင်းနိုင်ငံ အတွင်းကို ရောက်ရှိလာကြတဲ့ မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်းများ ကွယ်ယက်သည်…
လုပ်အားခ ပြဿနာ ခေါင်းပုံဖြတ်ခံရခြင်း ၊ အလုပ်သမားတစ်ဦးမှ မိမိ၏ လုပ်အားခများကို တောင်ဆို၍ မရရှိခြင်း ၊ လူကုန်ကူးမှု ၊ မုဒိန်းမှု ၊ လုပ်ငန်းခွင် ထိခိုက်ဒါဏရာမှု၊ သာရေး  နာရေး  ၊ ကျန်းမာရေ ၊ ပညာရေး၊ ရိုးရာ ယဉ်ကျေးဖေါ်ထုတ်ပေးရေး တို့ကို (AGYO) မှ လက်လှမ်းတမှီ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ၊ NGO, CBO များ ၊ ရခိုင် လူမှု အဖွဲ့အစည်းများ (ရခိုင်မျိုးဆက်သစ် လူငယ်များအစည်းအရုံး) တို့နှင့် ပူးပေင်းကာ လုပ်ဆောင်သွားမည်ဖြစ်သည်။

ရခိုင်မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (AGYO)စတင် ဖြစ်ပေါ်လာပုံ (အကျင်း)
ရခိုင် မျိုးဆက်သစ် လူငယ်များအစည်းအရုံးသည် (၃၁.၂၁.၂၀၁၄)ခုနှစ်တွင် ကျော်ဖြူမြို့နယ်မှ ဇင်မျို တစ်ဦးအပါအဝင် အမ်းမြို့နယ် ဒါးလတ်မှ သုံးဦးတို့ဖြင့် ကျား (၃)ဦး မ(၁)ဦးတို့ဖြင့် စတင် ဖွဲ့စည်းလိုက်သည်။ ဖွဲ့စည်းရခြင်း၏ အကြောင်း အရင်းမှာ မြန်မာနိုင်ငံအတွင်းမှနေ့စဉ်နေ့တိုင်း ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် နှင့် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာ ကြသူ ဦးရေတို့မှာ များပြားလာသည်ထက် များပြားလာသည်ကိုတွေ့မြင်ရသည်။ ထိုသို့ ဝင်ရောက်လာကြသူတို့မှာ မတရား အလုပ်ခိုင်းစေခိုင်ရခြင်း ၊ လင်ကျေးကျွန်အဖြစ် ရောင်းစားခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြစ်ခံရခြင်း တို့အပါအဝင် ရွှေ့ပြောင်း အလုပ်သမား အများအပြားတို့သည် အမျိုးမျိုးသော ဥပဒေမဲ လုပ်ရပ်များကို ချိုးနှိမ့်ခံစားနေရခြင်းတို့ကို အကြောင်းပြု၍ ထိုင်းနိုင်ငံရောက် မြန်မာ့ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရန် (AGYO) ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးကို စတင် ဖွဲ့စည်းလိုက်ဖြင်း ဖြစ်သည်။
....

Tuesday, 12 January 2016

(၂၃၁) နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်ခြာအာဏာကျယှုံးခြင်း ဝမ်းနည်းဘွယ်အခမ်းအနားကျင်းပ





(၂၃၁) နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်ခြာအာဏာကျယှုံးခြင်း ဝမ်းနည်းဘွယ်အခမ်းအနားကျင်းပ ================================================
ထိုင်းနိုင်ငံ မဲဆောက်မြို့ - ဒီဇင်ဘာ ၃၁. ၂၀၁၅
(၂၃၁)နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်ခြာအာဏာကျယှုံးရေနိကို ၂၀၁၅.၁၂.ဒီဇင်ဘာ ၃၁ နိမှာ ကြီးကြယ်ခန်းနားရေ အခမ်းအနားကြီးမဟုတ်ကေလည်း မိမိရို့ တပိုင်တနိုင် တတ်နိုင်ရေခွန်အားချေနန့်ကျင်းပ ပြုလုပ်လားပါရေ…. (၂၃၁)နှစ်မြောက် ရက္ခိုင်ဘုရင့်နိုင်ငံတော် အချုပ်ခြာအာဏာကျယှုံးခြင်း ဝမ်းနည်းဘွယ်အထိမ်းအမှတ်တွင် ရခိုင်နိုင်ငံတော်အတွက် အသက်ပီးတိုက်ပွဲဝင်လားခကတ်တေ ရခိုင့်အာဇာနီခေါင်းဆောင်တိအား ရည်စူးဗြီး ရီစက်ချ အမျှဝီဗြီးနောက် .. ရခိုင်နိုင်ငံတော် အလံအား အလေးပြုခြင်း . ရခိုင်နိုင်ငံတော် အတွက် အသက်ပီးလားခကတ်တေ အာဇာနီ ခေါင်းဆောင်တိအား အလေးပြုခြင်းတိနဲ့ ပြုလုပ်ကာ
၁.သဘာပတိအဖြိုက် ရခိုင်ပြည်တပ်မတော် ARAKAN ARMY မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်း
၂.အရံ သဘာပတိ (၁) ရခိုင်မျိုးဆက်သက်လူငယ်များအစည်း (AGYO)မှ နာယက . ဦးလူမော်
၃.အရံသဘာပတိ (၂) ရခိုင်ပြည် အမျိုသားကောင်စီ (ANC) မှ ဦးကျော်မြင့်
၎.အကျိုးဆောင် ရခိုင်လူ့အခွင်းအရေးနှင့်သဘာဝပါတ်ဝန်းကျင်လှုပ်ခြားမှုအဖွဲ့(AHREM)မှဦးအောင်သန်း
၅.တွဲဖက် အကျိုးဆောင် ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး(AGYO)မှ ဦးဇင်မျိုး ၆.ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)ဦးမင်းခန်း တို့မှ မိန်းခွန်းစကားတိကို ပြောကြားပြီး .. အခမ်းအနား တက်ရောက်လာကြသောရခိုင်သူ ရခိုင်သားတိကလည်း မိမိတို့ဧ့ ရင်ထဲတွင် ဖြိုက်ပျက်နီရေ ခံစားချက်တိကို ဆွေးနွေးဖလှယ်လားကဗြီးကေ (၂၃၁)နှစ်မြောက် ရက္ခိုင်ဘုရင့်နိုင်ငံတော် အချုပ်ခြာအာဏာကျယှုံးခြင်း ဝမ်းနည်းဘွယ်အထိမ်းအမှတ်အား နိကုံးချုပ်လိုက်ပါရေ.. ရခိုင်သူရခိုင်သား စက်ရုံ အလုပ်သမား ၅၀ ခန့်လောက် တက်ရောက်ကဗြီးကေ အဂုပိုင် မိမိနိုင်ငံ ကျဆုံးလားခရေ ဝမ်းနည်းဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံ မတည်ငြိမ်မှု အဖမ်းအဆီးများနီရေ အချိန်မှာ ပြုလုပ်စော် ဖြိုက်ကေလည်း တက်ရောက်ကတေ ရခိုင့် တော်လှန်ရေး နိုင်ငံရေး လူမှုရေး ပညာရေ အလုပ်သမားရေး နဲ့ ရခိုင့် လူထုတိကို ကျေးဇူးတင်ဟိပါကြောင်း. အခမ်းအနား ဖြိုက်မြောက်ရေးအတွက် အဖက်ဖက်ကနီလို့ ဝိုင်းကူညီပီးကတေ ငွေ အင်အား လူအင်အား ကျရေနီရာက တာဝန်ယူ လုပ်ဆောင်ဂတ်တေ ရခိုင်လူထုနဲ့ ထိုင်းနိုင်ငံ နီရာအနှံ့မှာဟိကတေ ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ထောက်ပန့်ပီးရေးအဖွဲ့တိကိုလည်း ကျနော်ရို့
ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှအထူးပင်ကျေးဇူးတင်ဟိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။..
https://www.youtube.com/watch?v=0lsmYTZ_SyM

Arakan Generation Youths Organization




ရုပ်သံဆက်ကြည့်ရန် အောက်မှာလားပါ.....
---------------------------------------------------------------------------------------------------------

--------------------------------------------------------------------------------------------------------

Sunday, 13 December 2015

AGYO ARAKAN


ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံးသည် ၃၁.၁၂.၂၀၁၄ ရက်နေ့တွင် အောက်ပါ လူအင်အားတို့ဖြင့် စတင်တည်ထောင်သည်။
စုစည်းမှု့ လူအင်အား... ၅ ဦး..
ညွှန်ကြားရေးမှု့ နာယက............... ဒေါ်လှသိန်း
ဦးစီးခေါင်းဆောင်... ကိုဇင်မျိုး
စည်းရုံးရေမှုး တာဝန်ခံ ... (1) ကိုဝေယံ
(2) ကိုသက်ထွန်းအောင်

Tuesday, 8 December 2015

ဒီဇင်ဘာ ၃၁ ရက်နေ့


 ဒီဇင်ဘာ ၃၁ ရက်နေ့ ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး တစ်နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ရခိုင် အင်္ဂလိပ် မြန်မာ သုံးဘာသာဖြင့် ၂၀၁၆ ပြက္ခဒိန်ထုတ်ဝေသွားမည်ဖြစ်သည်။ အဆိုပါ ပြက္ခဒိန်သည် AGYO တစ်နှစ်ပြည့် အထိမ်းအမှတ် ၊ ဒီဇင်ဘာ ၃၁ နေ့အတွက်ထုပ်လုပ်ထားသော်လည်း ၎င်းအား တစ်ခြားသော တိုင်ရင်းသားများလည်း အသုံးပြုနိုင်ရန် မြန်မာ့နေ့ကြီး ရက်ကြီး ရက်ရာဇာ ပြသဒါးကအစ ထည့်သွင်းလုပ်ဆောင်ထားသည်။ထိုအထဲတွင် ရခိုင်လူမျိုးတို့ရဲ့ နေ့ကြီးရက်ကြီးများကိုပါ အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းကာ ထည့်သွင်းထားပါသည်။

Monday, 1 June 2015

AGYO . About



Arakan generation youth Organization
Ø  ဦးတည်ချက်...
Ø  ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်ရေးများ အပြည့်အဝ ရရှိစေရမည်။
ü  ရည်မှန်းချက် လုပ်ဆောင်ချက်
1.    ရွှေ့ပြောင်းအလုပ်သမားများ အခွင့်ရေး တန်းတူ ရရှိရေး။
2.    ရွှေ့ပြောင်းအလုပ်သမားများ၏ သာရေးနာရေး ကိစ္စများ ကူညီဆောင်ရွက်ပေးရေး။
3.    ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ပညာရေး ကိစ္စများ ကူညီဆောင်ရွက်ပေးရေး။­­­­
4.    ရွှေ့ပြောင်းအလုပ်သမား၏ အလုပ်သမား ကာကွယ်ရေး ဥပဒေ အကြောင်း သိရှိနားလည်နိုင်ရန်

Thursday, 30 April 2015

Donations visit

Donations visit

---------------------------------------------------------

25.4.2015

Try its social recognition from two Arakan rice (1) bag helps donations.

သူ့ရဲ့ ကြိုးစားမှု့ကို အသိအမှတ် ပြုသည့်အနေဖြင့် မဲဆောက်မြို့မှ ရခိုင်လူငယ် နှစ်ဦး  ဆန်(၁) အိတ်ကို လာရောက် ကူညီ လှူတန်းသွား...

လာရောက် လှူတန်းသူများ

 နိုင်လင်း- ပေါက်တော့ မြို့နယ်

ခိုင်ရာဇာ -ရမ်းဗြဲ့

Monday, 2 February 2015

Arakan generation youth Organization

 
ကျနော်တို့ ပထမ ပြုလုပ်ထားတဲ့ Logo အား ပြုပြင်ရန် မဲဆောက်မြို့ ရွှေ့ပြောင်းကလေးများ ပညာတတ်မြောက်ရေး လုပ်ဆောင်နေသူ ရခိုင်မျိုးသား ဦးလူမော် မှ အကြံပြုချက်အရ ဒီထက် ပြီးပြည့်စုံစေရန် ပြုပြင်ပြောင်းလဲလိုက်ပါသည်...အောက်မှာတွေ့ရသည့်ပုံအတိုင်းဖြစ်ပါသည်..

                                                                                                                                                                   
                                                                                                 

ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး

Facebook .... Page

Phone.. +66888170843

                                                                        

(ရန်ကုန်)

ရခိုင်မျိုးဆက်ဆက်လူငယ်များအစုအဝေး

Arakan generation youth group .Ye' Htun Aung..Facebook

ရန်ကုန်..Phone ...09421748167

 

                                                                                       

                                                         

Rakhine culture to improve social action.
Workers equal rights must be made available..
ရခိုင်မျိုးဆက်သစ် လူငယ်များအစည်းအရုံးကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ အခြီစိုက်ထားပါယေ..အဓိကအားဖြောင့် မဲဆောက်မြို့မှာဟိကတေ ရခိုင်သူ/သားရို့ နဲ့ မြန်မာ့ရွှ့ပြောင်းရို့ အလုပ်ကိစ္စနန့် တစ်ခြား လူမှု့ရီး ။ အလုပ်ရှာဖွီပီးရီး စက်ချုပ်သမတိ ကိုစက်ချုပ် သင်ပီးဖို့ အစီစိုင်တိပါဝင်ပါယေ...

ရခိုင်မျိုးဆက်သစ် လူငယ်အစည်းအရုံး.စော် ရခိုင့်ယိုင်ကျေးမှု့တိကို တတ်နိုင်ယေဖက်က ဖေါ်ထုပ်ဖို့အတွက် မဲဆောက်ရေဒီယို ဖြိုက်တေ (မက်) မှာ ရခိုင်တိုင်ရင်းသားဘာသာ အသံ အလွှင့် အစီစိုင် ပါဝင်ထားပါယေ..

Wednesday, 21 January 2015

Tuesday, 13 January 2015

ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး (ဆက်သွယ်ရန်)

________________________________________________

Donations visit

---------------------------------------------------------

25.4.2015

Try its social recognition from two Arakan rice (1) bag helps donations.

 

=====================================

ကျနော်ရို့ ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး ထဲကို စိတ်ပါဝင်စားလို့ ဆက်သွယ်ချင်ကေ...

ရခိုင်မျိုးဆက်ဆက်လူငယ်အစည်းအရုံး  

ထိုင်း . မဲဆောက်.. ( AGYO ) ရုံးထိုင်နေရာ

                                                                                                                                                                   

                                                                                                 

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate