ထိုင်း-မလေးနယ်စပ်မှာ စွန့်ပစ်ခံရတဲ့ မြန်မာ ၆၀ တွေ့
![]() |
| အရင်နှစ်က ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ် တောထဲမှာ တွေ့ရတဲ့ လူကုန်ကူးခံရသူတွေရဲ့ သင်္ချိုင်း (Credit: ABC) |
ထိုင်းနိုင်ငံနဲ့
မလေးရှားနိုင်ငံ နယ်စပ်အနားမှာ လူကုန်ကူးသူတွေက စွန့်ပစ်ထားတဲ့
မြန်မာနိုင်ငံသား အယောက် ၆၀ ကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။
အဲဒီလူတွေကို တဲစခန်းတစ်ခုမှာ လူကုန်ကူးသူတွေက ချန်ထားပြီး တစ်ပတ်လောက် အကြာမှာ မြန်မာနှစ်ဦးက Padang Besar ကို လာပြီး ရဲတွေကို အကူအညီလာတောင်းတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ အမျိုးတွေ ရှိကြတဲ့အတွက် အားလုံးက မလေးရှားနိုင်ငံကိုပဲ သွားချင်နေကြတယ်လို့ ရဲတွေက ပြောပါတယ်။