Showing posts with label လူသတ်မှု. Show all posts
Showing posts with label လူသတ်မှု. Show all posts

Thursday, 28 June 2018

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မျက်မြင်သက်သေ၊ စီစီတီဗွီ မှတ်တမ်း စသည့် ခိုင်မာသော သတင်းအချက်အလက်များ ပေးနိုင်သည့် မည်သူ့ကိုမဆို ဘတ်ငွေ ငါးသိန်း ချီးမြှင့်မည်ဟု အမည်မဖော်လိုသူ တစ်ဦးက ကမ်းလှမ်းဟု ထိုင်းသတင်းစာ တစ်စောင်တွင် ဖော်ပြ

June 28, 2018 by Eleven Media Group
၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ မျက်မြင်သက်သေ၊ စီစီတီဗွီမှတ်တမ်း စသည့် ခိုင်မာသည့် သတင်းအချက်အလက်များ ပေးနိုင်သည့် မည်သူ့ကိုမဆို ဘတ်ငွေ ငါးသိန်း ဆုချီးမြှင့်မည်ဟု အမည်မဖော်လိုသူ တစ်ဦးက ကမ်းလှမ်းခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် သတင်းစာတစ်စောင်ဖြစ်သည့် စမွီတိုင်းမ်သတင်းစာက ဇွန် ၂၇ ရက်က ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ဆုကြေးငွေအဖြစ် ဘတ်ငါးသိန်းပေးရန် ကမ်းလှမ်းခဲ့သည့် အမည်မဖော်လိုသူက ၎င်းအနေဖြင့် အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက သက်သေများ ရှာဖွေခဲ့ပြီး မျက်မြင်သက်သေများ၊ စီစီတီဗွီ မှတ်တမ်းအပါအ၀င် ခိုင်မာသည့် သက်သေများ ထွက်ပေါ်လာခြင်း မရှိ၍ အမှုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ မရှိသည့် လက္ခဏာဖြစ်နေရာ ခိုင်မာသည့်သက်သေ ရရှိထားသူ မည်သူမဆို ထုတ်ဖော် ဖွင့်ဟပါက ဆုကြေးငွေ ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့ကြောင်း စမွီတိုင်းမ်သတင်းစာက ရေးသားသည်။
“ကျွန်တော့်အမြင် ပြောရရင် မျက်မြင်သက်သေတွေက ထုတ်ဖော်ပြောကြားဖို့အတွက် ကြောက်ရွံ့ပြီး ကျွန်းကနေ အဝေးကို ထွက်သွားပြီးလောက်ပါပြီ။ အခုအချိန်အခါမှာတော့ အဲဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ သူတွေ ဒါမှမဟုတ် သူတို့ရဲ့ စိတ်သဘောထားကို ပြောင်းလဲချင်တဲ့ သူအနေနဲ့ အရှေ့ကို ထွက်လာဖို့အတွက် အရမ်းကို နောက်ကျသွားပါပြီ။ ကျွန်တော်ကတော့ ဒီအခြေအနေမှာ ခိုင်မာတဲ့ သက်သေကို ထုတ်ဖော်ဖွင့်ဟဖို့ ပြင်ဆင်လာမယ့် ဘယ်သူမဆို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘတ် ငါးသိန်းကို ပေးအပ်သွားမှာပါ”ဟု အဆိုပါ ကမ်းလှမ်းသူက စမွီတိုင်းမ်သတင်းစာကို ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံများအဖြစ် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးမှာ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးတွင် သေဒဏ်အမိန့်ကို အယူခံ တက်ရောက်ထားဆဲ ဖြစ်ပြီး သက်သေ တစ်စုံတစ်ရာ ထွက်ပေါ်လာပါက ၎င်းတို့အတွက် ကောင်းမွန်သည့် အခြေအနေတစ်ခု ဖြစ်ပြီး ထိုသို့ ခိုင်မာသည့် သက်သေကို ဆုကြေးငွေ ဘတ် ငါးသိန်းအထိ ပေးရန် ကမ်းလှမ်းထားသည့်အတွက် ၀မ်းသာကြောင်း ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
“အစကတည်းက ကိုယ်တို့တွေက အဲဒီဖြစ်စဉ်ကို သိတဲ့သူတွေ ကျွန်းပေါ်မှာ ရှိတယ်ဆိုတာ ယုံကြည်တယ်။ ထိုင်းပဲ ဖြစ်ဖြစ် မြန်မာပဲ ဖြစ်ဖြစ်ပေါ့။ တိကျတဲ့ သက်သေ အထောက်အထား တစ်စုံတစ်ရာ ရှိမယ်ဆိုရင် အခု သေဒဏ်ကျနေရတဲ့ ကလေးတွေအတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်တယ်။ အခု စမွီတိုင်းမ်သတင်းစာမှာ တွေ့တဲ့ သတင်းအရဆိုရင် ဘာပဲဖြစ်ဖြစ် ၀မ်းသာပါတယ်။ အရင်က ကျွန်တော်တို့လည်း ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ အခု ဆုပေးမယ်ဆိုပြီး ကြေညာထားတဲ့သူက အမည်မဖော်တဲ့သူ တစ်ဦးပေါ့။ အစကတည်းက ဒီအမှုနဲ့ပတ်သက်ပြီး ကူညီနေတဲ့သူတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားသားတွေရော၊ ထိုင်းနိုင်ငံသားတွေရောကပါ ဒီလူသတ်မှုမှာ ၀င်းနဲ့ ဇော် မကျူးလွန်ဘူးဆိုတာကို ယုံကြည်တဲ့သူတွေ ရှိပါတယ်။ အခုဆုကြေး ကြေညာတဲ့သူကလည်း အရင်ကတည်းက ဒီအမှုမှာ ကူညီပေးနေတဲ့သူ ဖြစ်နိုင်သလို အခုမှ ကူညီချင်တဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သက်သေတစ်ခုခု ရခဲ့မယ်ဆိုရင် ၀င်းနဲ့ဇော်တို့အတွက် ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်လာမှာပါ” ဟု ၎င်းက ပြောကြားသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်း နှင့် ၀င်းဇော်ထွန်း တို့ကို ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာက သေဒဏ် ချမှတ်ခဲ့သည်။
writer: ဉာဏ်ဝင်းရှိန်

Thursday, 18 January 2018

စိန်ဝင်း(MJI) – မြောက်ဦးအရေး၊ ရှင့်မှာလည်း ကလေးတွေနဲ့ ကျွန်မမှာလည်း အကြွေးတွေနဲ့ (မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၈ (သူ့ဖေ့စ်ဘွတ်က ကူးပါတယ်



မြောက်ဦးမှာ ရဲဘက်က ပစ်ခတ်လို့သေတဲ့သူတွေကြည့်တော့ လူငယ်အရွယ်ကောင်းတွေ၊ ပုံတွေမြင်ရတာ စိတ်မချမ်းသာစရာပါပဲ။ လတ်တလောအကြောင်းအရင်းကတော့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးတဲ့နေ့ (နားရှင်းအောင် ပြောရရင်တော့ ဗမာက ရခိုင်ကိုသိမ်းပိုက်လိုက်တဲ့နေ့) အခမ်းအနားကို အာဏာပိုင်တွေက လုပ်ခွင့်မပြုတာ၊ ဟောပြောမယ့် ရခိုင် စာရေးဆရာတစ်ယောက်ကို အမှုဖွင့်တာတွေ မကျေနပ်လို့ ညကြီး လှည့်လည်ဆန္ဒပြတာ၊ အဲသလိုကနေ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အုံလာတော့ ရဲနဲ့ထိပ်တိုက်တွေ့တာ။
အရင်းအမြစ် Root cause ကတော့ ရခိုင်မှာလူငယ်တွေ အနာဂတ်ပျောက်တာပါပဲ။ စိတ်တွေရှုတ်ထွေးနေကြတယ်။ ရခိုင်လူငယ်တွေဟာ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းက နယ်မြေသစ်ကိုသွားရတာပဲ။ ရန်ကုန်ကိုရွေးမလား၊ ဖားကန့်လား၊ ထိုင်းလား၊ မလေးရှားလား။ ရတဲ့အပေါက်ထိုးထွက်နိုင်မှသာလျှင် အသက်ရှုချောင်ဖို့လမ်းရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းက မွေးရပ်မြေမှာ ရှားပါးတယ်။ အစိုးရ၀န်ထမ်းလုပ်ဖို့ကလည်း ထင်သလောက် မလွယ်။ ဟိုတုံးက ဒီလိုလမ်းမပွင့်တော့ တပ်ထဲဝင်ကြတော့ တပ်မတော်၊ ရဲ ထဲ ရခိုင်အမျိုးသားတွေမနည်းလှဘူး။ ဒီကြားထဲ စိတ်ညစ်လို့ အရက်ကို သောက်တယ်၊ အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်ဖြစ်ရတဲ့အဖြစ်ကလည်း ထပ်ဆောင်းပြန်ရော။
ကိုယ်တွေလည်း ဒီအရွယ်မှာတုံးက ဒီလိုရှုတ်ထွေးခံစားမှုတွေနဲ့ အာဏာပိုင်၊ စစ်ဘက် ရဲဘက်ဆိုရင် မျက်မုန်းကိုကျိုးနေတာ။ နိုင်ငံရေးဆိုတာ လူမှုစီးပွားနဲ့ တွဲနေတာမဟုတ်လား။ ရပ်ကွက်ချင်း ဘောလုံးပွဲရလာဒ်မကျေနပ်လို့ ရဲစခန်းဝိုင်းလည်း ပါချင်တာပဲ။ ကျောင်းသားတွေကိုဖမ်းလို့ သွားဝိုင်းလည်း ပါချင်တာပဲ။ နောက်ဆုံးတော့ ခေါင်းစဉ်တပ်လို့ရတာက အထွေထွေမကျေနပ်မှု။ ငါသာဆိုလည်း ဒီလိုပဲဖြစ်မှာပဲလို့ ကိုယ်ချင်းစာတယ်။
သတင်းအချက်အလက်တွေ စီးဆင်းမှုမြန်ဆန်အားကောင်းလာတဲ့အချိန်မှာ ရခိုင်ဒေသရဲ့ သံယံဇာတအားကောင်းမှု၊ အထူးသဖြင့် ပင်လယ်ရေလုပ်ငန်း၊ သဘာဝဓာတ်ငွေ့သိုက်တွေတည်ရှိကြွယ်ဝမှုတွေနဲ့ ရေနက်ဆိပ်ကမ်းလိုဟာမျိုးတွေနဲ့ အလားအလာကောင်းတွေကို သိမြင်လာကြမှု ကျယ်ပြန့်လာတယ်။ အဲဒီအချိန်မှာ ငါတို့ ဘာလို့ ဆင်းရဲနေတာလည်းဆိုတာ မေးခွန်းထုတ်လာကြတယ်။ သံယံဇာတခွဲဝေမှုကို မြင်လာကြတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဘက်အုပ်ချုပ်ရေးရပ်စဲသွားပြီး အရပ်ဘက်အုပ်ချုပ်ရေး (စပ်ကြားတော့ စပ်ကြားပေါ့) နဲ့ သွားတော့ နိုင်ငံရေးပါတီတွေ space တွေပေါ်လာတယ်။ အရင်တုံးက လက်နက်ကိုင်တော်လှန်မှုပဲ လုပ်ရဲရင်လုပ်ပေါ့ဆိုတာကနေ နိုင်ငံရေးစုဖွဲ့မှု၊ ဟောပြောမှုတွေ (အကန့်အသတ်ရှိတယ်ဆိုဦးတော့)အတွက် space ပေါ်လာတယ်။ အဲဒီမှာ နိုင်ငံရေးသမားကော၊ စာပေနယ်ကော၊ သြဇာတိက္ကမရှိသူတွေ ဦးစီးဦးဆောင်ပြုသူတွေကြားမှာ အမျိုးသားရေးကိုဦးတည်စည်းရုံးမှုတွေ သိသိသာသာတိုးလာခဲ့တယ်။
ကိုယ့်မင်းကိုယ့်ချင်းဆိုတဲ့ ရွှေရောင်နေ့ရက်များ နောက်ခံသမိုင်းကြောင်းကလည်းရှိတော့ သူတို့ အသုံးချတဲ့ space က ထိရောက်လာခဲ့တယ်။ ရခိုင်မှာဟောပြောပွဲတွေကို နားထောင်ကြည့်ရင် ဗမာတစ်ယောက်အတွက် ဗြိတိသျှလက်အောက် ၁၃၀၀ ပြည့်အရေးတော်ပုံကာလတွေနဲ့ ဆင်တူသလို ခံစားရတယ်။ ရခိုင်က စာပေ ယဉ်ကျေးမှုအားကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်တော့ ခံစားချက်တွေလည်း မီးမြင့်တယ်။
ဗဟိုအစိုးရအတွက်၊ တပ်မတော်အတွက် ဒါမှမဟုတ် အုပ်ချုပ်သူအမြင်ဘက်က ကြည့်ပြန်တော့ ရခိုင်ဒေသရဲ့ ခွဲထွက်ရေးလှုပ်ရှားမှုကို ပြောရရင် ရွံကြောက်ကြီး။ နိုင်ငံ့အချုပ်အခြာအာဏာ ပြိုသွားမှာကို စိုးတယ်။ ဟို ဥရောပ ယူကေ အောက်က ဝေလတို့၊ အိုင်ယာလန်တို့၊ စပိန် ကတ်တလန်တို့မှာတော့ ဒီအရေးကို မဲနဲ့ အဖြေရှာဖို့ ကြိုးစားကြတယ်။ ကိုယ်တွေဆီမှာက သူတို့တွေ ရူးနေလားလို့တောင် ထင်တာ။ ကိုယ့်အခြေအနေ ကိုယ့်မှာလည်း ကိုယ့်အားနည်းချက်နဲ့ကိုယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးမှာ ဒါဟာ ထဲ့မစဉ်းစားလို့ကို မရတဲ့အဖြစ်။ ရခိုင်က ခွဲထွက်ရင် လုံခြုံပ့ါမလားဆိုတာက တကဏ္ဍ။ AA ကော၊ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေကော ဒါကို ဇောင်းတင်နေတာ။ အရင်တုံးက မော်ဒရိတ်ဖြစ်တဲ့ ဦးဦးလှစောဆိုလူတောင် မီးမြင့်လာတာ။ ဒေါက်တာအေးမောင်တော့ မပြောနဲ့တော့၊ အောက်ကိုပြန်မဆင်းတော့ဘူး။
သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူတို့။ ရခိုင်နိုင်ငံရေးသမားလုပ်မယ်ဆိုရင် အခုအခြေအနေက အမျိုးသားရေး ရယ်ဒီကယ်ဖြစ်မှကို ရတဲ့အဖြစ်၊ အဲသလိုမဟုတ်လို့ကတော့ ဒကာမရှိတဲ့ ဘုန်းကြီးလို၊ နောက်လိုက်မရှိတဲ့ ဆရာလိုပဲ။ အဲသလိုနဲ့ကို ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ပဲ။
သံယံဇာတခွဲဝေဖို့အတွက် လိုအပ်တယ်ဆိုတာ ပြည်မ သို့မဟုတ် အများစု ဗမာတွေလည်း သိလာပါတယ်။ ဒါက သီအိုရီ။ တကယ်တန်းအကောင်အထည်ဖော်ဖို့ကြတော့ အာဏာကိုလွှဲအပ်ခြင်းလုပ်ရင်လည်း မထိန်းနိုင်ဘဲ လွတ်ထွက်သွားမှာလည်း စိုးရိမ်ရပြန်။ ဒါ့အပြင် ပြည်မနိုင်ငံရေး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပြဿနာကလည်းရှိသေး။ ကိုယ့်အရှုတ်နဲ့ကိုယ်။ လွှတ်တော်ထဲ ဘတ်ဂျတ်တွေပိုခွဲဖို့ဆိုပြန်တော့လည်း လက်ရှိမှာတောင် ဝေစုမလောက်ဘူး။
ပထ၀ီနိုင်ငံရေးတို့ သမိုင်းနိုင်ငံရေးတို့ကလည်း ပါလာတာပေါ့။
အဲဒီတော့ ရခိုင်နဲ့ ပြည်မအဖြစ်က ရှင့်မှာလည်း ကလေးတွေနဲ့ ကျွန်မမှာလည်း အကြွေးတွေနဲ့ ဖြစ်နေတာ။

Friday, 12 January 2018

သားဖြစ်သူ ရိုက်သတ်၍ ဖခင်သေဆုံး


၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့် က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့အိမ်ဆိုင် ကျေးရွာ၌ သားဖြစ်သူမှ စိတ်ဖောက်ပြန်ကာ ၀ါးရင်းပိုင်းအစိုဖြင့် ရိုက်နှက်၍ ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ သွား ရောက်စစ်ဆေးရာ ဦးဖေတင်(၆၀)နှစ်တွင် နဖူးကွဲကြေ၊ နှာခေါင်း ချိုင့်ဝင်၊ မျက်လုံး ၂ လုံး ပေါက်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ လှိုင်းဘွဲမြို့ ပြည်သူ့ ဆေးရုံသို့ ပို့အပ်ခဲ့ပါသည်။

 အဆိုပါဖြစ်စဉ်အား မေးမြန်းရာ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင် ဦးဖေတင်(သေဆုံး)သည် မောင်ထက်ပို၊ ဦးဟာလိန်း(၅၀)နှစ်၊ မရင်သောင်း(၄၄)နှစ်တို့နှင့်အတူ ၎င်း၏ ခြံဝင်းအတွင်း ရိုးရာနတ်စားအိမ်ဆောက်လုပ်နေစဉ် ၎င်း၏သား ကျော်ပေါင်ကျီ(၂၉)နှစ် ရောက်ရှိ လာပြီး စိတ်ဖောက်ပြန်ကာ ဦးဖေတင်အား နတ်စင်အနီးရှိ ဝါးရင်းပိုင်းအစိုဖြင့် ရိုက်နှက်၍ အိမ်လှေကားထိပ်တိုင်တွင် ခြေ၊ လက် တို့အား နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ သစ်သား တုတ်ဖြင့် ထပ်မံရိုက်နှက် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအား ညနေ ၄ နာရီ ၅၀ အချိန်တွင် နောင်မြလွှဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဝင်းထွန်း(၄၆)နှစ်မှ တိုင်တန်း၍ ကျော်ပေါင်ကျီ (ဖမ်းမမိ)အား ပိုင်ကျုံနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

Thursday, 23 November 2017

ဇနီးကိုလည်ပင်းညှစ်ပြီးဓားနဲ့ထိုးသက်တဲ့မြန်မာအလုပ်သမား


================================
နိုဝင်ဘာ ၂၃၊၂၀၁၇-မဟာချိုင် |သတင်း-အလုပ်သမားဟစ်တိုင်
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့နယ် ဘန်ယာ့ဖဲ့ ရပ်ကွက် နယ်မြေ (၃)တွင်နေထိုင်သည်မြန်မာနိုင်ငံသားအလုပ်သမားဖြစ်သူ မချမ်းဝင်း(၁၈နှစ်)ကို ခင်ပွန်းဖြစ်သူ နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)က နေအိမ်ရှေ့တွင် သတ်ဖြတ်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။
အမှုဖြစ်စဉ်မှာ ၂၂ရက်နေ့ ည၁၀နာရီ၃၀မိနစ်အချိန်၌ သေဆုံးသူသည် လူမှုရေးဖောက်ပြန်နေသည်ဟု ခင်ပွန်းဖြစ်သူ နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)က စွပ်စွဲပြောဆိုရာမှ တစ်ယောက်တစ်ခွန်းစကားအချေတင်ဖြစ်ကြပြီးနောက်ဇနီးဖြစ်သူမချမ်းဝင်း(၁၈နှစ်)ကိုလည်ပင်းညှစ်ပြီးဓားဖြင့်ထိုးသတ်သဖြင့် ဒဏ်အပြင်းထန်းရရှိခဲ့ရာနယ်မြေခံထိုင်းလူမှုကူညီရေးအဖွဲ့များက စမွတ်ဆာခွန်ဆေးရုံးကြီးသို့အချိန်မီပို့ဆောင်းဆေးကုသမှုပေးခဲ့သော်လည်း
မချမ်းဝင်း(၁၈နှစ်)သည် အခင်းဖြစ်ပွားရာမှရရှိသည့်ဒဏ်ရာများဖြင့် ညတွင်းချင်း ကွန်လွန်ခဲ့ကြောင်းသတင်းရရှိပါသည်။
သေဆုံးသူမချမ်းဝင်း(၁၈နှစ်)၏ဆွေးမျိုးသားချင်းများသည် အမှုဖြစ်စဉ်နှင့်ပက်သက်၍ ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရှိမြန်မာသံရုံးမှအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်ထံဆက်သွယ်အကူညီတောင်းခံခဲ့ရာ အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်က ကျန်ရစ်သည့် မိသားစုဝင်များကို အားပေးစကားပြောကြားပြီး လိုအပ်သည်အကူညီများပေးအပ်ခဲ့ကြောင်း သေဆုံးသူမချမ်းဝင်း(၁၈နှစ်)၏ မိသားစုဝင်တစ်ဦးပြောကြားချက်အရသိရသည်။
ကနဦး၌ လူသတ်တရားခံဖြစ်သူ နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)ကို ထိုင်းနိုင်ငံသားတစ်ဦးဟု ပြောဆိုသဖြင့်စမွတ်ဆာခွန်ရဲတပ်ဖွဲ့မှ နိုင်ဖတ်စမောကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားမှတ်ပုံတင်ကိုစစ်ဆေးခဲ့ရာ ထိုင်းမှတ်ပုံတင်အစားထိုးပြုလုပ်ထားကြောင်းစစ်ဆေးတွေ့ရှိသဖြင့် နိုင်ဖတ်စဖေါ(ခ)အထည်(၂၂နှစ်)ကို လူသက်မှုအပြင်မှတ်ပုံတင်အတုပြုလုပ်ကိုင်ဆောင်ထားမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်းအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်ကပြောသည်။
သေဆုံးသူ မချမ်းဝင်း(၁၈နှစ်)သည် မြန်မာနိုင်ငံ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ နှစ်ကရင်ကျေးရွာမှလာရောက်အလုပ်လုပ်သူတစ်ဦးဖြစ်ကြောင်းသတင်းရရှိပါသည်။













မြန်မာအိမ်အကူ အမျိုးသမီး သေဆုံးမှု သံသယ ဖြစ်စရာ အချက်အလက်များကို သက်ဆိုင်ရာ ထိုင်းဌာနများသို့ ပေးပို့ th

ချင်းမိုင်၊ နိုဝင်ဘာလ ၂၃ ။      
 ။ ထိုင်းနိုင်ငံတွင် မြန်မာအိမ်အကူအမျိုးသမီး တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ သံသရဖြစ်စရာအချက်များ ဖော်ထုတ်ထားသော စာကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သေဆုံးသူ၏ မိသားစုများ၊ မြန်မာသံရုံးနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများသို့ သွား ရောက်ပေးပို့လိုက်ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ လတ်ဘူရီခရိုင် ဘန်ပုံဒေသတွင် အသက် ၁၇ နှစ် မညိုညိုအေးသည် ထိုင်းအလုပ်ရှင်၏ နေအိမ်ခန်းတွင် ဦးခေါင်း၌ သေနတ် ဒဏ်ရာ ၂ ချက်နှင့် သေဆုံးခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်ရန်အတွက် သံသယရှိသော အချက် ၂၀ ကျော်ကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI)၊ အမှတ် (၇) နယ်မြေ၊ ရဲစခန်းဌာနချုပ်၊ ထိုင်းနိုင်ငံ တရားမျှတရေး မှုခင်းဌာန၊ မှုခင်းဆိုင်ရာဌာနဗေဒ စစ်ဆေးရေးအဖွဲ့ စသည့် ဌာန ၅ ခုသို့ သွားရောက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“ဌာန ၅ ခုကို ပို့ခဲ့ပါတယ်။ ဒီအမှုအပေါ်မှာ သံသယရှိတဲ့ အချက် ၂၀ ကျော်ကို ထိုင်းလိုနဲ့ မြန်မာလို ရေးထားတာပါ။ ဒီဟာကို DSIဘက်ကလည်း တကယ် လိုက်လိုက်လဲလဲ ကြိုဆိုလက်ခံပါတယ်။ အကြံဥာဏ်လည်း ပေးပါတယ်။ ထို့အတူဘဲ ထိုင်းတော်ဝင် ရဲတပ်ဖွဲကလည်း ဒါကို သေချာ အကြံဥာဏ်ပေးပြီးတော့ ဆက်လက် ဆောင်ရွက်ဖို့အတွက်လည်း ပြောပါတယ်။ သူတို့ဘက်က စာကို လက်ခံရရှိကြောင်းနဲ့ စစ်ဆေးတွေ့ရှိချက်အပေါ်မှာ အကြောင်းပြန်မယ်ဆိုတဲ့အကြောင်းကို ပြန်စာပေးလိုက်ပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
သံသယဖြစ်ဖွယ်အချက်များထဲတွင် မညိုညိုအေး သေဆုံးသည့်နေ့တွင် မိသားစုများ သွားခွင့် မရခြင်း၊ မိသားစု မပါဘဲ အမှုကို ပိတ်သိမ်းလိုက်ခြင်း၊ အလောင်းကို ထိုင်းနယ်စပ်ရှိ မိတ်ဆွေများ နေအိမ်သို့ ပို့လိုက်ခြင်း၊ သဂြိုလ်ခွင့်ပြုမိန့် ပါမလာခြင်း၊ သေဆုံးသူ၏ သေမှုသေခင်း မှတ်တမ်းများ မတွေ့ရခြင်း၊ မညိုညိုအေး သေဆုံးစဉ် ကျည်ဆံ ၂ ခု တွေ့ရခြင်း၊ သေသူသည် သေနပ်ထည့်သည့် ဇစ်ပါသော အိတ်အတွင်းက သေနတ်ကို ထုတ်ယူခဲ့သည်ဟု ပြောဆိုသော်လည်း ထိုအိတ်ကို စစ်ဆေးရာ မည်သူ့လက်ဗွေရာမှ မတွေ့ရခြင်း စသည့် သံသယဖြစ်စရာ အချက်ပေါင်း ၂၀ ကျော်ကို ဖော်ထုတ်ရေးသားထားသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။
အစောပိုင်းက မညိုညိုအေး သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံ သေဆုံးသည်ဟုဆိုကာ အမှုကို နယ်မြေခံ ခရိုင်ရဲတပ်ဖွဲ့က အမှု ပိတ်သိမ်းခဲ့သည်။သို့သော် သေဆုံးသူ၏ မိခင်နှင့် အစ်မဖြစ်သူတို့က အမှုမှန်ဖော်ထုတ်ပေးရန် ထိုင်းမှုခင်း တိုက်ဖျက်ရေးအထူးအဖွဲ့ (CSD)သို့ တောင်းဆိုခဲ့သဖြင့် နိုဝင်ဘာလ၂ ရက်နေ့မှ စတင်၍ မညိညိုအေးကို ဂူသွင်း သဂြိုလ်ထားသည့် အလောင်းကို ပြန်လည် ဖော်ထုတ်၍ ထိုင်းအမျိုးသားရဲဆေးရုံတွင် စစ်ဆေးပေးနေခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/article/34570

Wednesday, 23 August 2017

ထိုင်းနိုင်ငံ ဆမွတ်ဆုန်ခန်းခရိုင်တွင် မြန်မာလုပ်သားချင်း သတ်မှုဖြစ်ပွား

Untitled-1

ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း  ဆမွတ်ဆုန်ခန်းခရိုင်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ညက မြန်မာအလုပ်သမားချင်း သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ မဒီချွန်းထိုင်းတီဗွီသတင်းမှာ ဖော်ပြ ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ည ၈ နာရီခွဲလောက်မှာ ဘန်ခွန်းထိမြို့နယ် ဘန်ဖရူမ်းအုပ်စုရှိ အုန်းခြံတွင်း လူသေမှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှာ အလုပ်သမားတန်းလျားတခုတွင်း လည်ပင်းမှာ ပြတ်ရှရာ၊ နောက်ကျောမှာ ဓားထိုးဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၀ နှစ်ရွယ် လူရွယ်တဦးနဲ့ မနီးမဝေးမှာ သွေးစွန်းနေတဲ့ တစ်ပေ အရှည်ခန့်ရှိ ဓားတစ်ချောင်းကိုပါ တွေ့ရတယ်လို့ ဘန်ခွန်းထိနယ်မြေရဲစခန်း တာဝန်ကျရဲမှူး ဖိဆင်နူဖိနစ်က သတင်းထောက်ကို ပြောပါတယ်။
စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၀ နှစ်ရှိ မင်းထူးဆိုသူ မြန်မာအလုပ်သမားတဦး ဖြစ်ပြီး မျက်မြင်သက်သေ အလုပ်သမားတွေပြောပြချက်အရ သူ့ကိုဓားနဲ့ထိုးခဲ့သူဟာ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်တဲ့ အသက် ၂၄ နှစ်ရွယ်ရှိ ရွှေထူးဆိုသူ မြန်မာအလုပ်သမား တဦးဖြစ်ကြောင်း၊ သူတို့ ၂ ဦးဟာ အဲဒီနေ့ခင်းကဘဲ နှစ်ယောက်အတူ အုန်းသီးဆွတ်ပြီး အတူသယ်ဆောင်ခဲ့ကြောင်း၊ အလုပ်ပြီးလို့ မင်းထူးက သူ့အိပ်ခန်းထဲ လာရောက်အနားယူ လဲလျောင်းစဉ် ရွှေထူးက ရုတ်တရက်အခန်းထဲဝင်လာပြီး မပြောမဆို မင်းထူးရဲ့လည်ပင်းကို ဓားနဲ့ခုတ်ခဲ့သလို မင်းထူးလဲကျသွားတဲ့အခါ နောက်ကျောကို ဓားနဲ့စိုက်ထိုးပြီး အမြန်ထွက်ပြေး သွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေကတော့ သူတို့ နှစ်ဦးစကားများခဲ့ပြီး ရွှေထူးက မကျေနပ်လို့ လာသတ်သွား တာလို့ ထင်မြင်ချက်ပေးပါတယ်။
တာဝန်ရှိသူတွေက ရွှေထူးကို လိုက်လံရှာဖွေစဉ် မကြာခင်ချိန်တွင်းမှာဘဲ  အမ်ဖ၀ါး လမ်းမကြီးေ ပ်ါမှာ စက်ဘီးစီးနေတဲ့  ရွှေထူးဟု ယူဆရသူ အရက်မူးနေတဲ့ မြန်မာလူရွယ်တဦးကို ဖမ်းဆီး ထားပြီး စစ်ဆေးမေးမြန်းနေပါတယ်။
လူရွယ်ကတော့ ထိုင်းစကားမတတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာကိုမှ မေးမြန်းလို့မရ၊ ၀န်ခံတာလည်းမရှိလို့ မနက်ဖန်ကျရင် ဘာသာပြန်ရှာဖွေပြီး အမြန်ဆုံး စစ်ဆေးဖို့ လုပ်နေတယ်လို့ မြို့နယ်ရဲမှူးက ပြောပါတယ်။   
ကိုးကားသတင်း  – www.matichon.co.th

Monday, 3 July 2017

မြန်မာနိုင်ငံသား စုံတွဲလူငယ် နှစ်ဦး ဇွဲကြိုးချ သေဆုံး


ဇူလိုင်လ (၂) ရက် နေ့ က ထိုင်းနိုင်ငံ Phetchaburi ဖက်ချဘူရီ ပြည်နယ်မှာ မြန်မာနိုင်ငံသား စုံတွဲလူငယ် နှစ်ဦး ဇွဲကြိုးချ သေဆုံးခဲ့ကြောင်း ၁၉၁ ရဲတပ်ဖွဲ့  က သတင်းထုတ်ပြန်ခဲ့ပါတယ်။


သေဆုံးသူနှစ်ဦးမှာ မောင်သော်ဇင်ဖြိုး (ပုံပါ)နဲ့  ဝေနှင်းဖြူ (ပုံပါ ) နှစ်ဦးဖြစ်ပါတယ်။ ခုလို မိမိကိုယ်သတ်သေသွားကြတဲ့ အကြောင်းအရင်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။။

Wednesday, 1 March 2017

လိပ်ကျွန်းအမှု သေဒဏ်ကျခံရန် အယူခံတရားရုံး အမိန့်ချ

ရန်ကုန်၊ မတ် ၁
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံတရားရုံးက လည်း သေဒဏ်ဟု ယနေ့ (မတ်လ ၁ ရက်)တွင် စီရင်ချက်ချလိုက်ကြောင်း အဆိုပါအမှုတွင် မြန်မာနှစ်ဦးအတွက် လိုက်ပါ ဆောင်ရွက်နေပေးနေသည့် ဦးစိန်ဌေးက ပြောကြားသည်။ 

ကော့စမွေတရားရုံးတွင် တရားလိုဖြစ်သည့် ခရိုင်ဥပဒေအရာရှိကို အယူခံတရားရုံး တရားသူကြီးများက ခေါ်ယူပြီး အယူခံတရားရုံး၏ စီရင်ချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။ 

“အယူခံတရားရုံးဟာ စာရွက်စာတမ်းတွေ အကုန်မဖတ်ဘဲ အချိန်တိုအတွင်းမှာ စီရင်ချက် မြန်မြန်ချလိုက်တယ်။ ပြီးတော့ စီရင်ချက်ချတဲ့အခါမှာလည်း တရားခံရဲ့ ရှေ့နေတွေကို လုံးဝ အသိမပေးပဲ လုပ်သွားတယ်။ ထိုင်းသတင်းမှာပါလာမှ ရှေ့နေတွေက သိရတာပါ”ဟု ဦးစိန်ဌေးက ပြောဆိုသည်။

Friday, 16 December 2016

ရွှေ့ပြောင်းမြန်မာအလုပ်သမားလူငယ်တစ်ဦးက ထိုင်းတက္ကစီမောင်းသမားကိုသေနတ်ဖြင့်ပစ်သတ်






รวบแล้วแรงงานเมียนมา ฆ่าโชเฟอร์แท็กซี่
ရွှေ့ပြောင်းမြန်မာအလုပ်သမားလူငယ်တစ်ဦးက ထိုင်းတက္ကစီမောင်းသမားကိုသေနတ်ဖြင့်ပစ်သတ်

ရွှေပြောင်းမြန်မာဆောက်လုပ်ရေးအလုပ်သမား လူငယ် ကိုမင်းရီအောင် အသက် ၂၂နှစ်ဆိုသူက ထိုင်းတက္ကစီမောင်းသမား မစ်စတာ စစ်ထိစတ် အသက် ၅၃နှစ်ဆိုသူကိုပစ်သတ်လိုက်တယ်လို့
ဒီနေ့ မဟာချိုင်ခေဘယ်တီဗွီသတင်းဌာန၏ ဖေ့ဘွတ်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်

အခင်းဖြစ်ပွားရာနေရာမှာတော့ ဘန်းဘော် - ကစာခေါင်လမ်း အမှတ်၁ ရပ်ကွက် စမွတ်စာခွန်မြို့
ဖြစ်ပါတယ် ဖြစ်ပွားချိန်တိကျတော့ဖော်ပြမထားပါဘူး မနေ့ညကပဲဖြစ်ပုံရပါတယ် ဘာအကြောင်းကြောင့်
ပစ်သတ်တာကိုလည်းအသေးစိတ် ဖော်ပြမထားပါဘူး အခုတော့ဖမ်းမိသွားပါပြီ တကယ်ပစ်သတ်ရကြောင်း ၀န်ခံတယ်လို့ဆိုပါတယ် သတင်းစာမျက်နှာအောက်ကခေါ်မန့်တွေမှာ

Thursday, 3 November 2016

ထိုင်းတောင်ပိုင်း ခရိုင် ၃ ခုတွင် တညတည်း ၁၀ နေရာ ဗုံးကွဲ၊ ၃ ဦးသေဆုံး

 By DVB 3 November 2016
ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီ၊ ဆုန်ခလာနဲ့ နရာသီဝပ်ခရိုင်တွေမှာ နိုဝင်ဘာ ၂ ရက်နေ့ညက နေရာ ၁၀ ခုမှာ ဗုံးပေါက်ကွဲမှု၊ သေနတ်ပစ်ခံရမှုတွေ ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေမှာ (၁) နရသီဝပ်ခရိုင် ကရော့မာသီမြို့ အုပ်ချုပ်ရေးရုံးရှေ့မှာ ၁ ကြိမ် ၊ ထိခိုက်သူ မရှိ။ (၂) နရသီဝပ်ခရိုင် ရီးဆော့တ်မြို့ ဆာပူလဟန်ရပ်ကွက်မှာ တပ်ဖွဲ့ဝင် ၁ ဦး အပစ်ခံရ။ (၃) ဆုန်ခလာခရိုင် ထေဖာမြို့နယ်မှာ

Friday, 24 June 2016

ကျောက်တော်မြို့နယ် ကြာညိုပြင်ရွာတွင် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သတ်ရန် ကြိုးပမ်းမှု ဖြစ်ပွား

Kyar-Nyo-Byin

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၂၃

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ ၄ တန်းအရွယ် ကျောင်းသူတစ်ဦးအား လည်ပင်းညှစ်သစ်ရန် ကြိုးပမ်း တစ်ခု ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း အပေါက်ဝရဲစခန်းက အတည်ပြုသည်။
ဖြစ်စဉ်မှာ ကြာညိုပြင်ကျေးရွာနေ ဦးလှဖြူ၏သမီး မ ———- (၁၂)နှစ်သည် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က အဆိုပါကျေးရွာရှိ အလယ်တန်းကျောင်း၏ အနောက်ဘက်ရှိ အိမ်သာတွင် အပေါ့စွန့်၍ ပြန်လာစဉ် သူမ၏နောက်ဘက်မှ ဘင်္ဂါလီ တစ်ဦးက သူ့မအား ပါးစပ်ပိတ်ကာ လည်ပင်း ညှစ်သတ်ရန် ကြိုးပမ်းခဲ့ကြောင်း ကာယကံရှင်ကျောင်းသူနှင့် သူမ၏ မိသားစုဝင်များက ပြောသည်။
“သမီးလေးက ငိုပြီး ရုန်းလိုက်တော့ အဲဒီ ဘင်္ဂါလီက

Wednesday, 22 June 2016

သေဒဏ်ကျ မြန်မာ လုပ်သားနှစ်ဦးက ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်အတွင်း လွတ်မြောက်ရေး အတွက် တောင်းဆိုပေး စေလိုကြောင်း ပြောကြား



သေဒဏ်ကျ မြန်မာ လုပ်သားနှစ်ဦး အကျဉ်းကျ နေသော ထိုင်းနိုင်ငံရှိ ဘန်ခွမ် ဗဟို အကျဉ်းထောင် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

လိပ်ကျွန်း လူသတ် မှုကြောင့် သေဒဏ် ကျခံနေရ သော မြန်မာ လုပ်သား နှစ်ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် ၎င်းတို့ မတရား ဖမ်းဆီး ခံရမှုကို လွတ်မြောက်ရေး တောင်းဆိုပေးရန် ပြောကြား လိုက်သည်။

ဘန်ကောက်မြို့ ဘန်ခွမ်အကျဉ်းထောင်၌ လိပ်ကျွန်းလူသတ်မှုကြောင့် အကျဉ်းကျခံနေရသော မြန်မာလုပ်သား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ အား 7Day သတင်းထောက်က ဇွန်လ ၂၁ ရက်တွင် သွားရောက် တွေ့ဆုံစဉ် ၎င်းတို့နှစ်ဦးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

‘‘အမေစုလာမယ်ဆိုတာ သိထားတယ်။ သူလာမယ်ဆိုလို့ပျော်တယ်။ ဖြစ်နိုင်ရင် အမေစုနဲ့ တွေ့ချင်တယ်။ ကျွန်တော်တို့က အပြစ်မကျူးလွန်ဘူးဆိုတာ ပြောချင်တယ်။ နောက်ပြီး အပြစ်မကျူး လွန်ဘဲ ဖမ်းဆီးခံနေရတာကို အမြန်ဆုံးလွတ်မြောက်အောင် လုပ်ပေးပါလို့ တောင်းဆိုချင် တယ်။ အဲဒီလိုပြောချင်တယ်’’ဟု သေဒဏ်အပြစ်ပေးခံရသူ ဝင်းဇော်ထွန်းက 7Day သတင်း ထောက်အား ပြောကြားသည်။

Tuesday, 21 June 2016

သင်္ဃန်းကျွန်းမြို့နယ်၌ဖြစ်ပွားသော လူသတ်မှုအား လာရောက်တိုင်တန်း ခဲ့သည့်အချိန်မှ ၄ နာရီ(အချိန်တို)အတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိ



ရန်ကုန်၊ ဇွန် ၂၁

၂၀.၆.၂၀၁၆ ရက်နေ့ ၀၈၃၀ အချိန်တွင် ကိုကျော်ရဲနိုင်၊ (၂၅)နှစ်၊ အကြီးတန်း စာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး၊ (ဘ)ဦးသိန်းနိုင်၊ အမှတ်(၁၃၁-A)၊ (ပ)ထပ်(ယာ)၊ (၅)လမ်း၊ စံပြ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် နေသူသည် အလုပ်သို့သွားရောက်ခဲ့ပြီး ၁၇၃၀ အချိန်တွင် နေအိမ်သို့ ပြန်လာ ရာ နေအိမ်တိုက်ခန်းအောက်သို့ရောက်ရှိစဉ် မိခင်ဖြစ်သူ ဒေါ်ခင်မြ၀င်း၊
(၅၃)နှစ်အား တိုက်အ၀င်လှေကားတံခါးသော့တောင်းရန် ဖုန်းဆက်သွယ်ရာ မရရှိသဖြင့် အိမ်နီးချင်းဖြစ်သူထံမှ သော့အားတောင်း၍နေအိမ်သို့ဝင်ရောက်ခဲ့ ရာ နေအိမ်နောက်ဖေး
 ရေချိုးခန်းအတွင်း၌ မိခင်ဖြစ်သူအား မျက်နှာဝဲဘက် ပြတ်ရှ၊ ဦးခေါင်းသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ ပြစ်မှုကျူးလွန်သူအား စုံစမ်းအရေးယူပေးရန် သင်္ဃန်းကျွန်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် (ပ)၅၇၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊
အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှတပ်ဖွဲ့ဝင်များနှင့် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များပူးပေါင်း၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ အခင်းဖြစ်ရပ်နှင့်
ပတ်ဝန်းကျင်အား စုံစမ်းခဲ့ရာ ယင်းနေ့ ၁၀၀၀ အချိန်ခန့်က အခင်းဖြစ်တိုက်ခန်း
ပေါ်တွင် ဆူညံသံများကြားရပြီး “ဆရာမရယ်မလုပ်ပါနဲ့”ဟု အော်ဟစ်ပြောဆို
သံများကြားရကြောင်း၊ တိုင်တန်းသူအား ဆရာမဆိုသူများနှင့် ဆက်စပ်သည့်
သတင်းအား မေးမြန်းစုံစမ်းခဲ့ရာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်ခန့်မှစတင်၍
ကျောင်းဆရာမ ဒေါ်အေးအေးမော်ဆိုသူနှင့် အဆက်အသွယ်ရှိကြောင်း
သတင်းအတည်ပြုရရှိခဲ့ပါသည်။

အမှုစစ်အဖွဲ့မှ ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၏လိပ်စာအား အဖွဲ့များခွဲ၍
စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည် ၂၀၀၇ ခုနှစ်တွင် အထက(၂)ပုဇွန်တောင်မှ
လှည်းကူးမြို့နယ်သို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် လှည်းကူး
မြို့နယ်မှ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ အမှတ်(၇)မူလွန်ကျောင်းအုပ်ကြီး
အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး
ရပ်ကွက်၊ အနော်ရထာလမ်းတွင်နေထိုင်ကြောင်းသိရှိရ၍ ၂၂၃၀ အချိန်တွင်
သွားရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်တွင်မတွေ့ရှိဘဲ တစ်လမ်းတည်းနေ
၎င်း၏မွေးစားသမီးဖြစ်သူနေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ သမီးဖြစ်သူ
မကျော့ကေခိုင်(ခ)ချစ်ပုနှင့် သားမက်ဖြစ်သူ ညီညီလင်းတို့ကိုသာတွေ့ရှိခဲ့ပြီး
မကျော့ကေခိုင်(ခ)ချစ်ပု၏ ယာဘက်ချောင်းများတွင် ဒဏ်ရာအနည်းငယ်ရရှိ
ထားသည်ကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်အားစစ်ဆေးစဉ် ပြစ်မှု
ကျူးလွန်သူကျန်ရစ်ခဲ့သော ကြယ်ပုံ ၂ ခုပါ ဘဲဥပုံ(ရွှေအတု)လော့ကက်သီး
အား မွေးစားသမီးဖြစ်သူ မကျော့ကေခိုင်ထံပြသရာ ၎င်းပစ္စည်းမှာ မွေးစား
မိခင် ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၏ပစ္စည်းဖြစ်ကြောင်း ၀န်ခံပြောဆို
သဖြင့် ဒေါ်အေးအေးမော်သွားလာတတ်ရာ နေရာများအားမေးမြန်းရာ ၎င်း၏
မိခင်ဖြစ်သူ ဒေါ်အေးအေးမော်မှာ တောင်ဥက္ကလာပမြို့နယ်၊ စိန်တောင်ကြီး
ဟိုတယ်သို့ သွားရောက်တည်းခိုလေ့ရှိကြောင်းသိရှိရသဖြင့် ၂၃၃၀ အချိန်
တွင် ပူးပေါင်းအဖွဲ့မှ ၎င်းဟိုတယ်သို့ သွားရောက်ရှာဖွေရာ အခန်းအမှတ်
(၂၁၅)တွင် ဒေါ်အေးအေးမော်အား အင်ကြင်းခိုင်အမည်ဖြင့် ကျော်ကျော်
ဆိုသူနှင့်အတူ တည်းခိုနေထိုင်လျက်ရှိကြောင်း တွေ့ရှိရ၍ ၎င်းတို့အား
ရဲစခန်းသို့ခေါ်ယူ စစ်ဆေးခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်၊ မကျော့ကေခိုင်
(ခ)ချစ်ပုနှင့် ညီညီလင်းတို့ အားစစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၀.၆.၂၀၁၆
ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် နေအိမ်မှထွက်လာခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊
ငမိုးရိပ်စံပြ(၅)လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် သားမက်ဖြစ်သူ ညီညီလင်း
အားထားခဲ့ကာ စံပြ(၅)လမ်း၊ အခင်းဖြစ်တိုက်ခန်းရှိ ဒေါ်ခင်မြ၀င်းထံ အကြွေး
သွားတောင်းမည်ဟုပြောဆို၍ သမီးဖြစ်သူ ကျော့ကေခိုင်(ခ)ချစ်ပုနှင့်အတူ
ထွက်ခွာသွားခဲ့ကြောင်း၊ နေအိမ်ပေါ်အရောက်တွင်ရရန်ရှိသော အကြွေးငွေ
သိန်း(၃၀)တောင်းခံရာမှ တစ်ဦးနှင့်တစ်ဦး အချေအတင်စကားများကြပြီး
ဒေါ်အေးအေးမော်(ခ)အင်ကြင်းခိုင်မှ ဒေါ်ခင်မြ၀င်းအား စတင်ရိုက်နှက်ရာ
ဒေါ်ခင်မြ၀င်းမှ ဖုန်းအားသွင်းကြိုးဖြင့် လည်ပင်းအားရစ်ပတ်ဆွဲသဖြင့်
မကျော့ကေခိုင်(ခ)ချစ်ပုမှ ၀င်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ဒေါ်ခင်မြ၀င်းမှ
နောက်ဖေးမီးဖိုမှ ဓားမအား ယူဆောင်၍ခုတ်ရာ မကျော့ကေခိုင်(ခ)ချစ်ပု၏
ယာဘက်လက်ချောင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဒေါ်အေးအေးမော်(ခ)
အင်ကြင်းခိုင်မှ ဒေါ်ခင်မြ၀င်းအား ရေချိုးခန်းအတွင်းသို့တွန်းလှဲကာ လည်ပင်း
နှင့်ပါးများကို ဓားမဖြင့်ထိုးခုတ်ခဲ့ကြောင်း၊ ယင်းနောက် သမီးဖြစ်သူအား
အိပ်ခန်းအတွင်းမှ ခေါင်းအုံးယူခိုင်းကာ ဒေါ်ခင်မြ၀င်း၏မျက်နှာအား အသက်ရှူ
ရပ်သည်အထိဖိထားပြီး ဒေါ်ခင်မြ၀င်းဝတ်ဆင်ထားသော ရွှေဆွဲကြိုးနှင့်
လက်ကောက်(၃)ကွင်းအားဖြုတ်ယူ၍ လက်ဖက်ရည်ဆိုင်မှ သားမက်ဖြစ်သူ
အား ခေါ်ဆောင်ပြီး နေအိမ်သို့ပြန်လာခဲ့ကြကြောင်း၊ ရွှေဆွဲကြိုးနှင့် ရွှေလက်
ကောက်တို့အား ၁၄၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄)
ရပ်ကွက်၊ စည်ပင်လမ်း၊ အမှတ်(၉၉)ရှိ “ပို့ပို့” အပေါင်ဆိုင်နှင့် ငွေချေးလုပ်ငန်း
သို့သွားရောက်၍ မကျော့ကေခိုင်၊ သားမက်ဖြစ်သူ ညီညီလင်းတို့နှင့်အတူ
ငွေကျပ် (၂၁)သိန်းဖြင့် ပေါင်နှံခဲ့ခြင်းဖြစ်ကြာင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှသက်သေခံရွှေထည်ပစ္စည်းများအား မူလပုံမပျက်
ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ ဒေါ်အေးအေးမော်(ခ)
အင်ကြင်းခိုင်၊ (၄၆)နှစ်နှင့် မကျော့ကေခိုင်(ခ)ချစ်ပု၊ (၂၆)နှစ်တို့အား အခင်း
ဖြစ်ပွားပြီး လာရောက်တိုင်တန်းသည့် ၁၉၃၀ အချိန်မှစတင်၍ ၄ နာရီအတွင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖြင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
........
....

Monday, 6 June 2016

တက္ကသိုလ်ကထိက ဆရာမနှင့် ရည်းစား ကျောင်းသား စကားများရာမှ ဓားထိုးမှုဖြစ်

စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ကထိက ဆရာမနှင့် ရည်းစားဖြစ်သူ နည်းပညာတက္က သိုလ်ကျောင်းသားတို့ စကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။
စမ်းချောင်းမြို့နယ် ညောင် တုန်းလမ်း တိုက် (၄၅) ပထမထပ် ရှိ နေအိမ်လှေကားအနီးတွင် ဇွန် လ ၄ ရက် ညနေ ၅ နာရီခန့်က သမီးရည်းစားနှစ်ဦး စကားများရာ မှ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုး
ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းတောအ လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။
‘‘ဓားနဲ့ထိုးခံရတဲ့ကောင်မ လေးက ပခုက္ကူ တက္ကသိုလ်က ကထိက။ နာမည်က မခင်မျိုးမျိုး အေး။ ကောင်လေးက ရန်ကုန် နည်းပညာတက္ကသိုလ်က ကျောင်းသား မောင်မင်းခန့်ကျော်။ သူတို့ သွားရင်းလာရင်းနဲ့ စကားများပြီး  အခင်းဖြစ်တဲ့ အိမ်ရှေ့မှာ ဓားနဲ့ ထိုးသွားတာလို့ သိရတယ်။ ဖြစ်တဲ့အိမ်က သူတို့နဲ့ ဘယ်လိုမှ မပတ် သက်ဘူး’’ဟု ကျွန်းတောအလယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်း မြင့်က ပြောသည်။

Monday, 23 May 2016

NLD ပါတီဝင် အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နှင့် ပစ်သတ်ခံရ


ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ ဆိမ်မူ (ဆိုင်းတောင်) ကျေးရွာမှာ အမျိုးသမီး ရပ်ကွက် အုပ်ချုပ်ရေးမှူး အား၂၂.၅.၂၀၁၆ နေ့ ညနေ ၅:၀၀ ခန့်တွင် သေနတ်သမား (၂) ဦးမှ နေအိမ်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ မိသားစုတွေက ပြောပါတယ် ။

လိပ်ကျွန်းအမှု အယူခံ လက်ခံဖို့ မျှော်လင့်

လိပ်ကျွန်းလူသတ်မှု တရားခွင်စစ်ဆေးစဉ်လိပ်ကျွန်းလူသတ်မှု တရားခွင်စစ်ဆေးစဉ်
မအေးအေးမာ
ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့ က သေဒဏ်ပေးခြင်း ခံရတဲ့ မြန်မာရွေ့ပြောင်းလူငယ်၂ ဦး အတွက် အယူခံကို ၅ ကြိမ်မြောက် အဖြစ် ရက်ထပ်တိုးပြီးတဲ့နောက် မေလ ၂၃ ရက်မှာ အယူခံတရားရုံးကနေ ဆုံးဖြတ်ချက်ချတော့မှာဖြစ်ပါတယ်။ သက်သေအထောက်အထား ခိုင်လုံစွာနဲ့ တင်ပြထားတဲ့အတွက် ဒီအယူခံကို အယူခံတရားရုံးက လက်ခံလိမ့်မယ်လို့ အခိုင်အမာယူဆကြောင်း တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေက ဆိုလိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှ လူငယ် ၂ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားရွေ့ပြောင်းလုပ်သား ၂ဦးကို ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချပြီးတဲ့နောက်မှာတော့ သူတို့ အတွက်အယူခံကို တလချင်းအလိုက် ရက်တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာမှာ ၅လမြောက်အဖြစ် ထိုင်းအယူခံတရားရုံးက ခွင်ပြုပေးခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ နောက်ဆုံးထပ်တိုးပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အယူခံတရားရုံးက ပြောဆိုထားတာပါ။ မြန်မာလူငယ်၂ ဦး အတွက်

Thursday, 19 May 2016

လိပ်ကျွန်း လူသတ်မှုအယူခံတွင် DNA နှင့် သက်သေကိစ္စများ ဖြည့်သွင်းထား


ရဲလွင်
ရန်ကုန်၊ မေ ၁၆
လာမည့် မေလ ၂၃ ရက်နေ့ တွင်တင်မည့် လိပ်ကျွန်းအမှုအတွက် အယူခံလွှာတွင် DNA ကိစ္စ၊ သက်သေကိစ္စများကို ဖြည့်သွင်းထားပြီး အယူခံဝင်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း မြန်မာသံရုံးစုံစမ်းရေးအထူးအဖွဲ့ ဥပဒေအကြံပေး ဦးအောင်မျိုးသန့်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။
သေဒဏ်ချမှတ်ခံထားရသော ထိုင်းလိပ်ကျွန်းလူသတ်မှုမှ မြန်မာလုပ်သားနှစ်ဦးအမှုတွင်အယူခံလွှာတင်ရန် ထိုင်းအစိုးရက ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့မှ စတင်ကာ တစ်လအချိန်ပိုပေးခဲ့ပြီးလာမည့် မေလ ၂၃ ရက်နေ့တွင် အချိန်ပြည့်ပြီဖြစ်ကာ အယူခံတင်ရတော့မည် ဖြစ်သည်။
အဆိုပါ အယူခံတင်မည့် ကိစ္စနှင့် ပတ်သက်၍အယူခံလွှာကို အဆင်သင့် ပြင်ဆင်ထားပြီ ဖြစ်ကြောင်းနှင့် အယူခံလွှာတွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာ လုပ်သားနှစ်ဦး ပြဿနာတွင် DNA ရယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်း ၊ အဖြေထုတ်ခြင်းစသည့် လုပ်ငန်းများသည် လျော်ညီမှန်ကန်မှုမရှိကြောင်း၊ လူသတ်လက်နက်အဖြစ် ပေါက်တူးကို အသုံးပြုခဲ့သည်ဟု သုံးသပ်ထားသော်လည်း ပေါက်တူးပေါ်ရှိ DNA

Tuesday, 17 May 2016

ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ မူရွင်းကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွား


ကျောက်ဖြူ
မေလ ၁၆ ရက်၊ ၂၀၁၆
မေလ ၁၆ ရက်နေ့ နံနက်(၉)နာရီကျော်ခန့်က ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု မူရွင်းကျေးရွာတွင် ဓားခုတ်ခံရ၍ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။
မေလ ၁၆ ရက်နေ့ နံနက်(၉)နာကျော်အချိန်မှာ 'ခိုင်ဇော်ထွန်း' မိခင်ဖြစ်သူ ဒေါ်ဝေစိန်မ၏နေအိမ်တွင် တင်နိုင်စိုးနှင့် ၄င်းနှင့်တို့နှစ်ယောက်အတူ ရှိနေစဉ်တွင် တစ်ရွာတည်းနေသူ မိုးဇော်က အသင့်ယူဆောင်လာသော ဓားဖြင့်ဝင်ခုတ်ရာ ဦးအောင်စံထွန်း၏သား ခိုင်ဇော်ထွန်း(ခ)၀ါကြီး အသက် (၂၉)နှစ်မှာ အခင်းဖြစ်ပွားသည့်နေရာတွင်သေဆုံးသွားခဲ့ကာ၊ ဦးသံချမ်းမောင်ရဲ့သားဖြစ်သူ တင်နိုင်စိုး(ခ)ကိုက်ကောင်၊(၂၉)နှစ်မှာ ဓားခုတ်ဒဏ်ရာ တစ်ချက်ရရှိသွားကာ ရွာထဲသို့ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

လိပ်ကျွန်းလူသတ်မှု အယူခံဝင်ဖို့ အဆင်သင့်ဖြစ်ပြီ

စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ မူရင်းအမှုတွဲနဲ့ အယူခံဝင်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင်မှာဖြစ်ခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် အယူခံဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
အချိန်ယူ လေ့လာရေးသားခဲ့တဲ့အယူခံလွှာ ပြီးစီးသွားလို့လာမယ့် မေလ ၂၃ ရက်နေ့မှာ ကောစမွီ ခရိုင်တရားရုံးကို စာမျက်နှာ ၃၀၀ ကျော်ရှိတဲ့ မူရင်းအမှုတွဲနဲ့ အယူခံဝင်မှာဖြစ်ပါတယ်။

Sunday, 24 April 2016

ပျောက်ဆုံးနေတဲ့ သာကေတက ကလေးကို ဦးခေါင်းပြတ်နဲ့ ပြန်တွေ့

ကလေးဦးခေါင်းလိုယူဆရတဲ့ ဦးခေါင်းခွံကိုလည်း တွေ့ရှိထားပြီး ဟုတ်မဟုတ် စစ်ဆေးနေတယ်လို့ ကလေးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
သာကေတမြို့နယ်က ပျောက်ဆုံးသွားတဲ့ကလေးငယ်တစ်ဦးကို ဒေါပုံမြို့နယ် ပုဇွန်တောင် ချောင်းမှာ ဦးခေါင်းပြတ်လျက်နဲ့သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
 7Day Daily ရဲ့ဖော်ပြချက်အရ  သာကေတမြို့နယ် ၂/ မြောက်ရပ်ကွက် သဒ္ဓါရုံ (၁) လမ်းက အသက် ခြောက်နှစ်အရွယ် ကလေးတစ်ဦး ပျောက်ဆုံးခဲ့ပြီး ဒေါပုံမြို့နယ် ပုဇွန်တောင်ချောင်းထဲမှာ ဦးခေါင်းပြတ်နဲ့ ပြန်လည်တွေ့ရှိတာ ဖြစ်ပါတယ်။  ကလေးဟာ ဧပြီ ၁၁ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သတင်းစာထဲမှာလည်း လူပျောက်ကြော်ငြာနှစ်ခါထည့်ခဲ့တယ်လို့ သိရပါတယ်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate