Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

Monday, 2 April 2018

မြန်မာအလုပ်သမား လိုက်နာရမယ့်အချက်တွေ သံရုံးထုတ်ပြန်


2018-04-01
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သင်္ကြန်ကာလအတွင်း နေရပ်ပြန်ကြတဲ့အခါ လိုက်နာရမယ့် အချက်တစ်ချို့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်လိုက်ပါတယ်။
မနှစ်က တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေအပေါ်အခြေခံပြီး ဒီနှစ်မှာ အလုပ်သမားတွေ အဆင်ပြေစေဖို့အတွက် အုပ်ချုပ်မှုအပိုင်းတွေမှာ ညှိနှိုင်းဆောင်ရွက်ထားတာတွေကို တရားဝင်ကြေညာပေးထားတာဖြစ်တယ်လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။
"နဂိုထဲကတော့ ဒီပုံစံအတိုင်းပဲ သွားရမှာပေါ့။ ဥပမာပြောရရင် မြ၀တီက ပြန်ရင် မြ၀တီကပဲ ပြန်ဝင်လာပေါ့၊ ဘာလို့ဆိုတော့ Record က အဲမှာပဲရှိတာကိုး၊ မနှစ်ကတုန်းက အခက်အခဲလေးတွေ တွေ့ကြတာပေါ့၊ ပြန်တော့ မြ၀တီက ပြန်သွားတယ်၊ ပြန်လာတော့ ရနောင်းက ပြန်ဝင်တယ်၊ ကော့သောင်းက ပြန်ဝင်တယ်ပေါ့၊ အဲတာမျိုးတွေမဖြစ်အောင် ဒီနှစ်ကတော့ တရားဝင် ကြေညာပေးတာပေါ့လေ။ အုပ်ချုပ်မှုအဖွဲ့အစည်းတွေ ကနေပြီးတော့ ၂ ဘက်စလုံးမှာ အလုပ်သမားတွေ အားလုံးအဆင်ပြေဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက် ထားတယ်"
ဒီနှစ်မှာ နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတွေနဲ့ ထိုင်းအစိုးရတို့ အဆင်ပြေစေဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကိုယ်တိုင် ၀န်ကြီးအဆင့် အစည်းအဝေးလုပ်ပြီး ညှိနှိုင်းပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဧပြီလ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ဖို့အတွက် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ရက်သတ်မှတ်ပေးထားပါတယ်။
နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းမှုအရ အဲဒီကာလအတွင်း နေရပ်ပြန်မယ့်သူတွေအနေနဲ့ ဘတ်ငွေ တစ်ထောင်ပေးရတဲ့ Re-entry လို့ခေါ်တဲ့ အိမ်ပြန်တံဆိပ်တုံးကြီး ထုစရာမလိုအောင် ဖြေလျှော့ပေးထားတယ်လို့လည်း ဦးစန်းမောင်ဦး က ပြောပါတယ်။
ထိုင်းဥပဒေအရ အလုပ်သမားတွေ ခေတ္တနေရပ်ပြန်ပြီး ပြန်လာမယ်ဆိုရင် Re-entry တုံးထုရပြီး စာရွက်စာတမ်း ကုန်ကျစရိတ် ဘတ် ၁၀၀၀ လောက် ကုန်ကျတာဖြစ်ပါတယ်။ Re-entry တုံး မထုသွားဘူးဆိုရင် ဗီဇာ သက်တမ်းကုန်တာမျိုးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံကူးလက်မှတ် အပါအ၀င် အရေးကြီးစာရွက်စာတမ်းတွေကို ပြည့်စုံစွာယူဆောင်သွားကြဖို့၊ ရေစိုပျက်စီးတာ၊ ပျောက်ဆုံးတာတွေမဖြစ်အောင် ဂရုစိုက်ကြဖို့နဲ့ စာရွက်စာတမ်းအားလုံးကို မိတ္တူကူးထားတာမျိုး၊ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး သိမ်းထားတာမျိုးတွေနဲ့ နိုင်ငံကူးလက်မှတ်မှာ ဆက်သွယ်ရန်လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ဖြည့်သွင်းထားဖို့ စတာတွေကို အလုပ်သမားသံအရာရှိရုံးက သတိပေးထားပါတယ်။ သတ်မှတ်ထားတဲ့ ဧပြီ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း မပျက်မကွက် ပြန်လည်ဝင်ရောက်ကြဖို့၊ သတ်မှတ်ရက်ထက် စောပြန်တာ ဒါမှမဟုတ် နောက်ကျမှပြန်ဝင်ရောက်မယ် ဆိုရင် Re-entry တုံး နှိပ်ကြဖို့လည်း သတိပေးချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးတွေ မသယ်ဆောင်ကြဖို့နဲ့ နှစ်နိုင်ငံ သတ်မှတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေကသာ ၀င်/ထွက်ကြဖို့၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေက ရိုက်နှိပ်တဲ့ အ၀င်တုံး၊ အထွက်တုံး နှစ်တုံး ပြည့်စုံမှုရှိ/မရှိ စစ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
Labour Hittai
www.agyo.org

Thursday, 18 January 2018

မြောက်ဦးအကြမ်းဖက်မှုဝမ်းနည်းကြောင်း အမေရိကန်သံရုံးထုတ်ပြန်


၁၇. ၁.၂၀၁၈ U.S. Embassy Rangoon

ယမန်နေ့ညက မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု သတင်းကြောင့် အမေရိကန်သံရုံးက ဝမ်းနည်းမိကြောင်း ပြောကြားလိုပြီး ယင်းဖြစ်ရပ်တွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်းအပါအဝင် ထိုအကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ခံစားခဲ့ရသည်အတွက် များစွာစိုးရိမ်မိကြောင်းကိုလည်း ပြောကြားလိုပါသည်။

တရားဥပဒေစိုးမိုးမှုကိုလေးစားသည်နှင့်အညီ ပြည်သူများငြိမ်းချမ်းစွာစုဝေးခွင့်သည် မည်သည့်ဒီမိုကရေစီစနစ်၌မဆို အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါသည်။ ဤကြေကွဲဖွယ်ရာဖြစ်ရပ်များအကြောင်းနှင့် ယင်းတို့မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို ပိုမိုကောင်းမွန်စွာနားလည်ပြီး နောင်တွင် ဆင်ခြင်တုံတရားနှင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခြင်းအားဖြင့် နောက်ထပ်အကြမ်းဖက်မှုဖြစ်ရပ်များကို ကာကွယ်တားဆီးနိုင်မည်ဟု မိမိတို့မျှော်လင့်ပါသည်။

The U.S. Embassy wishes to express its distress at reports of violence last night in Mrauk-U and its deep concern for all innocent people affected by the violence, including condolences to the families of those killed. The right of a people to peacefully assemble is a cornerstone of any democracy, as is respect for the rule of law. We hope that reason and restraint will prevail and that, with a better understanding of these tragic events and how they unfolded, future incidents of violence can be prevented.

Tuesday, 27 December 2016

မောင်တောဒေသအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့မှုအခြေအနေများအား အများပြည်သူသိရှိစေရန်ထုတ်ပြန်ခြင်း (ဗီဒီယိုသတင်း)


ဒီဇင်ဘာ ၂၆၊ ၂၀၁၆

ရခိုင်ပြည်နယ်မောင်တောမြို့နယ် အတွင်းရှိ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ကျီးကန်းပြင်၊ ကိုးတန် ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးများအား အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အကြမ်းဖက် စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး လက်နက်မျိုးစုံ ၅၁ လက် ဆုံးရှုံးခဲ့ကာ ကျည်မျိုးစုံဆုံးရှုံးခဲ့ပါသည်။

Thursday, 10 November 2016

ရခိုင်အမျိုးသားပါတီ(ANP)မှ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်လ်ထရန့်အနိုင်ရ၍ ရခိုင်အမျိုးသားပါတီ(ANP)က ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့လိုက်ကြောင်း ပါတီ၏ facebook စာမျက်နှာတွင် နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၈ နာရီက ဖော်ပြထားသည်။
မာန်ယုကျော် (ရွှေဝမြေ)
ဝ၉၁၁၁၆....

Friday, 24 June 2016

တိုက်ပွဲ ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၏ သဘောထား ထုတ်ပြန်ချက်


ရက်စွဲ (၂၀၁၆)ခု ဇွန်လ (၂၃)ရက်
၁။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ ALA) အမှတ်(၉) တပ်ရင်းမှ စစ်ကြောင်း တစ်ကြောင်းသည် ဗဟိုဌာန ချုပ်သို့ အပြန်ခရီးတွင် ရက္ခိုင်တပ်မတော် (AA) ဘက်မှ စတင် ပစ်ခတ်မှုကြောင်း နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားရခြင်း ဖြစ်သည်။
၂။ တိုက်ပွဲအတွင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA)မှ ရဲဘော်တစ်ဦး ဖမ်းဆီးခြင်း ခံရပြီး အခြားရဲဘော်တစ်ဦးမှာ ပျောက်ဆုံးနေပါသည်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate