Showing posts with label ကယန်း သမိုင်း. Show all posts
Showing posts with label ကယန်း သမိုင်း. Show all posts

Tuesday, 21 June 2016

★ ကရင်နီအမျိုးသားနေ့၏ နောက်ခံသမိုင်း ★


ကရင်နီပြည်သည် သီးခြားလွတ်လပ်ခဲ့သော တိုင်းပြည် ဖြစ်သည်။ ဗမာဘုရင်အဆက်ဆက်တို့သည် ရှမ်းစော်ဘွားများနှင့် ပူးပေါင်းပြီး ကရင်နီပြည်ကို အမြဲတစေ ကျူးကျော်တိုက်ခိုက်ခဲ့သည်။ ကရင်နီစောဖျာများမှလည်း ဤပြည်ပရန်များကို အစဉ်သဖြင့် ပြန်လည် ခုခံ တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့သည်။ ရံဖန်ရံခါ အခွင့်သာသည့်အခါများတွင် ကရင်နီတပ်များသည် ရှမ်းပြည်၊ ဗမာပြည်သို့တိုင် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ ဤကဲ့သို့ တိုက်ခိုက်ကြရာတွင် ဗမာဘုရင်ဘက်မှ အင်အား ကြီးသောကြောင့် ကရင်နီစောဖျာများအနေဖြင့် မိမိကို ထောက်ခံမည့် မဟာမိတ် လိုအပ်ကြောင်း သိရှိလာကြသည်။ ဤကဲ့သို့ သိရှိလာသည်နှင့်အလျှောက် မဟာမိတ်ကို အမြဲတစေ ရှာဖွေခဲ့သည်။
၁၈၂၄-ခုနှစ်တွင် အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲ ဖြစ်ပွားပြီး အင်္ဂလိပ်က ရခိုင်ပြည်နှင့် မော်လမြိုင် အပါအဝင် တနင်္သာရီတိုင်းကို အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဤသတင်းကို ကရင်နီစောဖျာများ ကြားသိသည့်အခါ အနောက်ကရင်နီ စောဖျာကေးဖိုးဒူသည် မိမိသားတော် ခွန်ထီးကို မော်လမြိုင်သို့ဆင်း၍ အင်္ဂလိပ်တို့နှင့် မဟာမိတ်ဖွဲ့ရန် တာဝန်ပေးလိုက်သည်။ သားတော်ခွန်ထီးလည်း နွားထီး အကောင် (၉၀)၊

Sunday, 8 May 2016

ကယန်း လူမျိုး အမျိုးသမီးများ၏ များ ကြေးစွပ် ဓလေ့။

.
ကယန်းလူမျိုး များသည် အခြားမဟုတ်လည်ပင်းတွင် ခွေစွပ်ထားသော အမျိုးသမီးများ ကြောင့် ကမ္ဘာကပင် စိတ်ဝင်စားကြ သည်ကို လူတိုင်းသိရှိပြီး ဖြစ်လေသည်။ ကယန်း ဟူသောစကား သည် (ကမ်းယန့် )မှဆင်းသက် ပြောင်းလဲလာသော စကား ဖြစ်သည်။ (ကမ်း) ဟူသော အဓိပ္ပါယ်မှာ နယ်မြေဒေသ၊ နယ်ပယ်၊ ဧရိယာ သတ်မှတ်ထားသော မြေသား အကျယ်အဝန်း ဖြစ်၍ ၊(ယန့် ) ဆိုသည်မှာ စွဲစွဲ မြဲမြဲရှိခြင်း၊ အတည်တကျ ရှိခြင်းဟု အဓိပ္ပါယ် ဆောင်သည်။ သို့ ဖြစ်ပါ၍ ကယန်း၏ အဓိပ္ပါယ် မှာ နယ်မြေဒေသ တစ်ခုအတွင်းအတည်တကျ နေသော သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းတို့ အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့ မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။ ကယန်း ပဒေါင် တို့ သည် အခြားတိုင်းရင်းသာ များနည်းတူ မွန်ဂိုကုန်းမြင့် ဒေသမှ ရေကြည်ရာ မြက်နုရာ အရပ်သို့  တရွေ့ ရွေ့  ဆင်းလာကြရာ မှ ယန်းစီမြစ် နှင့် ဟန်ဟို မြစ်ဖျားတွင် နေထိုင်ခဲ့ ဖူး သဖြင့် ယင်းဒေသ များမှ ဆင်းသက်လာသည်ကို အစွဲပြု၍ ကယန်းဟု ခေါ်ခြင်းဖြစ်သည် ဟုယူဆခဲ့ ကြသည်။

Thursday, 24 September 2015

ကယန်း ဆိုတဲ့ လူမျိုးမှာ

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်၊  
ကယန်းသည် မြန်မာ နိုင်ငံရှိ တောင်ပေါ်ဒေသ တွင် နေထိုင်သော လူမျိုး တစ်ခုဖြစ်သည်။ ကရင်နီလူမျိုးစု နွယ်ဝင် ခုမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်း)၊ ကာကောင်း ဟူ၍ ကယန်းတွင် လူမျိုးစုခွဲ လေးခုရှိသည်။
သမိုင်းကြောင်း
ကယန်းတိုင်းရင်းသားများက မိမိတို့ လူမျိုး၏ မူလအမည်မှာ "ကန်ယန်" ဖြစ်သည်ဟု ဆိုသည်။ "ကန်"မှာ "ပိုင်နက်၊ နယ်မြေ" ဖြစ်ပြီး၊ "ယန်"မှာ "စွဲစွဲမြဲမြဲ ရှိခြင်း၊ အတည်တကျ ရှိခြင်း"ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် "ကန်ယန်"ဆိုသည်မှာ "နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ စွဲစွဲမြဲမြဲနေတတ်သည့် လူမျိုး"ဟု ဆိုလိုသည်။ ကာလရွေ့လျောလာသည့်အခါ "ကန်ယန်"မှ "ကယန်း" ဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ပြင် ကယန်းမျိုးနွယ်၌ မျိုးနွယ်ခွဲပေါင်း (၄)မျိုးရှိသည်ဟု ဆိုသည်။ ယင်းတို့မှာ-....

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate