Showing posts with label အိမ်တွင်းမှု့. Show all posts
Showing posts with label အိမ်တွင်းမှု့. Show all posts

Monday, 9 May 2016

ကိုယ်ဝန်ဆောင်အမျိုးသမီးက ခင်ပွန်းနဲ့စကားများပြီး ကားမှန်ကွဲဖြင့် ဗိုက်ကိုလှီးဖြတ်

..

ဘာသာပြန်၊ မေလ(၉)

တာချီလိတ်မြို့အနီး၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မေလ(၈)ရက်နေ့ညက လီရှောလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့ စကားများရာကနေ ကားမှန်ကိုရိုက်ခွဲပြီး ဗိုက်ကိုလှီးဖြတ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ စကားများပြီးတဲ့အခါ ကျောက်တုံးနဲ့ ကားမှန်ကို ထုခွဲလိုက်ပြီး ကားပေါ်မှာ သွားထိုင်နေတဲ့ ဇနီးဖြစ်သူရဲ့ အော်သံကြောင့် သွားကြည့်တဲ့အခါမှာ ဗိုက်မှာ အလျားလိုက် ပြတ်ရှဒဏ်ရာနဲ့ ဇနီးသည်ကို တွေ့ရတယ်လို့ သူ့ခင်ပွန်းဖြစ်သူက ဆိုပါတယ်။

Friday, 27 February 2015

အရွယ်မရောက်သေးသူ ရခိုင်အမျိုးသမီးငယ်အား ဖျားယောင်းသွေးဆောင် အကြမ်းဘက် သားမယားအဖြစ်ပေါင်းသင်း

photo. တိုင်းရင်းသားချင်းစာနာ ကရင်အမျိုးသားတစ်ဦး
၂၃.၂.၂၀၁၅ 
 ထိုင်းမြန်မာနယ်စပ် မဲဆေက် မြို့နယ်တွင် အရွယ်မရောက်သေးသူ မိန့့်ကလေးငယ်အား ဖျားယောင်းသွေးဆောင် အကြမ်းဘက်ကာ သားမယားအဖြစ်ပေါင်းသင်း နေထိုင်သော ဖြစ်စဉ်တစ်ခုအား (AGYO)မှ သတင်းရရှိကာ ကူညီဆောင်ရွက်ခဲ့ပါသည် ......ယင်ဖြစ်စဉ်တွင် လွန်ခဲ့သော (၃) လ ခန့် က အရွယ်မရောက်သေးသူ မိန်းကလေးငယ် ( မ..........) အသက် (၁၆)နှစ် အား မောင်ရဲမာန်အောင်(ခ)စိုင်းမောင် အသက်(၂၃)နှစ်မှ ဖျားယောင်းသွေးဆောင် သိမ်းသွင်းကာ အကြမ်းဘက် သာမယားအဖြစ်ပေါင်းသင်း နေထိုင်ပြီး နေ့ စဉ်ညှင်းပန်နှိုက်စက် အကြမ်းဘက် ခံရခြင်းကြောင့် ဒါဏ်ရာများနှင့် ထွက်ပြေးလွက်မြောက်လာပြီး အမျီုးသမီးငယ်၏ ခန္ဓာကိုယ် အနှံ့တွင် နေ့စဉ်ညှင်းပန်းနှိပ်စက် အကြမ်းဘက် ခံရခြင်းကြောင့်  သွားကျိုးနေပြီး ထိခိုက်နာကျင် ဒါဏ်ရာများသက်သာစေရန် (AGYO)မှ မဲဆောက်မြို့ တော်ဝင်ဆေးရုံကြီးသို့  သွားရောက်ကုသမှု ခံယူခဲ့ပါသည်။ အမျိုးသမီးငယ်အား မေးမြန်းရာ အမျိုးသမီးငယ်မှာ (၃) လတာ အတူပေါင်းသင်းနေထိုင်စဉ်အတွင်း နေ့စဉ် ညှင်းပန်းနှိုပ်စက် တစ်ပါတ်မှာ အနည်းဆုံး (၅)ရက်သည် ပြင်းထန်စွာ အကြမ်းဖက်ခံရခြင်းကြောင့်နှင့် ဆက်လက် ၍ မခံနိုင်တော့ သဖြင့် ကြောက်လန့်ကာ ထွက်ပြေးလာကြောင်းပြောပြပါသည်။
အမျိုးသမီးငယ်သည် သူမ၏ အကြမ်းဖက် ပေါင်းသင်းခံရသူ လင်ယောင်္ကျား၏ ခြိမ်းခြောက် မှုကြောင့် ကြောက်လန့်နေသည် မလုံမခြုံ ခံစားနေရသည်ကို တွေ့နေရပါသည်။ သူမ၏ အကြမ်းဖက်သူလင်ယောင်္ကျားမှ နင့်လို မိန်းမကို မဆိုထားနဲ့ နင်တို့ ရခိုင် တပြည်လုံးကို မီးလောင်တိုက် သွင်းလိုက်လို့ရတယ် ငါက ဘယ်သူ့ကိုမှ ဂရုစိုက်တဲ့ကောင် မဟုတ်ဘူး လို့ ခြိမ်းခြောက် ခံရမှုကြောင့် အမျိုးသမီးငယ်မှာ အကြောက်တရာလွှမ်းမိုးနေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကြင် နေတာကို တွေ့မြင်နေရပါသည်။ အမျိုးသမီးငယ်အား အကြမ်းဖက် သားမယား အဖြစ် ပေါင်းသင်းသူ မောင်ရဲမာန်အောင်(ခ)စိုင်းမောင် အသက်(၂၃)နှစ် အား ထိုင်းနိုင်ငံ ဒေသဆိုင်ရာ အာဏာပိုင်းများနှင့် သွားရောက်ရှာဖွေရာ မောင်ရဲမာန်အောင်(ခ)စိုင်းမောင်သည် ထွက်ပြေးလွတ်မြောက်သွားပါသည်။ ၎င်းအား တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ အာဏာပိုင်များ ဥပဒေပညာရှင်များ အမျိုးသမီးရေးရာ အဖွဲ့အစည်းများ မြန်မာနိုင်ငံ သက်ဆိုင်ရာ လူမှုကွန်ယက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ (AGYO)မှ ကူညီဆောင်ရွက်နေပါသည်။

Photo. AGYO


 
Photo. AGYO

မဲဆောက်မြို့ တော်ဝင်ဆေးရုံကြီးသို့  သွားရောက်ကုသမှု ခံယူ
photo. တိုင်းရင်းသားချင်းစာနာ ကရင်အမျိုးသားတစ်ဦး
 ဖျားယောင်းသွေးဆောင် အကြမ်းဘက်သူ မောင်ရဲမာန်အောင်(ခ)စိုင်းမောင်
photo. တိုင်းရင်းသားချင်းစာနာ ကရင်အမျိုးသားတစ်ဦး
   ဖျားယောင်းသွေးဆောင် အကြမ်းဘက်သူ မောင်ရဲမာန်အောင်(ခ)စိုင်းမောင်
photo. တိုင်းရင်းသားချင်းစာနာ ကရင်အမျိုးသားတစ်ဦး
  ဖျားယောင်းသွေးဆောင် အကြမ်းဘက်သူ မောင်ရဲမာန်အောင်(ခ)စိုင်းမောင်

Wednesday, 25 February 2015

agyo.arakan ....ဘယ်လို ဆက်လုပ်ရမည်နည်း????


ရခိုင် အမျိုးသမီးငယ် အသက်မပြည့်သေးသော မိန်းကလေးအား ပေါင်းယူပြီး ၃ လ အကြာတွင် မတရား လူကျင့် မကျင့်ပဲ တရိတ္ဆာန်တစ်ကောင်လို နှိပ်စက်ထားသည်ကို AGYO မှ သတင်းရရှိ၍ လိုက်သွားရာ အမျိုးသမီးငယ်မှာ သွားကျိုး.. ကိုခန္ဒာ အနှံ့ ဒါဏ်ရာအပြည့်နဲ့ တွေ့ရှိရသည်..ကလေးငယ်မသည်လည်း အဆိုပါ သူမ၏ လင်ယောင်္ကျားအား ကြောက်လန့်ကာ တစ်ခြားတစ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရသည်. သူမအား လက်ခံထားသူတွေကိုပါ သတ်ပြစ်မည်ဟု ခြိမ်းခြောက်ကြောင်း လက်ခံထားသူ ကပြောသည် .ပြီးတော့ သူမ၏ လည်ပင်းကို ဓါးထောက်ကာ နင့်ကို မပြောနဲ့ နင်တို့ ရခိုင်တစ်မျိုးလုံးကို

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate