Showing posts with label နိုင်ငံတကာ သတင်း. Show all posts
Showing posts with label နိုင်ငံတကာ သတင်း. Show all posts

Monday, 7 May 2018

ရိုဟင်ဂျာရေးရာ ကော်မတီ OIC ဖွဲ့စည်း

OIC အထူးကော်မတီတရပ်ဖွဲ့စည်း (Organization of Islamic Cooperation)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပတဲ့ OIC အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ၂ ရက်ကြာအစည်းအဝေးကနေ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းပြေလျော့စေရေး ဆောင်ရွက်ဖို့ အထူးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာအစိုးရကို နိုင်ငံတကာ ဖိအားပေးဖို့လည်း OIC အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံပေါင်း ၅၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြတဲ့ အဲဒီညီလာခံမှာ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို အရေးယူဖို့အတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေရအောင် စည်းရုံးမယ့် ကော်တီတရပ်ကို ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့က ဖွဲ့စည်းလိုက်တာပါ။

ဒါဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင် ၇၀၀, ၀၀၀ လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ကြီးမားလှတဲ့ ပြဿနာကို အဆုံးသတ်စေဖို့ အဓိက အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း OIC အတွင်းရေးမှူးချုပ် Yousef bin Ahmed Al-Othaimeen က ခေါ်ဆိုခဲ့ပါတယ်။

"ရိုဟင်ဂျာအသိုင်းအ၀ိုင်းအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယှူုမှုရှိအောင် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေးအရ ထောက်ခံအားပေးမှုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မယ့် အထူးကော်မတီတရပ်ကို ဖွဲ့စည်းဖို့ ဒါကာ ညီလာခံကနေ သဘောတူလိုက်ပါပြီ။ ဒါဟာ ရိုဟင်ဂျာ ပြဿနာ ပြေလျော့စေဖို့ ခိုင်မာတဲ့ ခြေလှမ်းရပ်တွေထဲက တခုဖြစ်ပြီး ဒါဟာ သိပ်ကိုအရေးပါပါတယ်။"

အခုလို မွတ်စလင်နိုင်ငံတွေအနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို မဖြစ်မနေဖိအားပေးရတာဟာ ဘာသာရေးအရမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကတည်းက ခံစားလာရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေရဲ့ အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ဖြစ်တယ်လို့ လည်း Al-Othaimeen ကပြောပါတယ်။

ဒါကာညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းမယ့် အထူးကော်မတီမှာ Gambia နိုင်ငံဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါဝင်မှာဖြစ်ပါတယ်။ အဲဒီကော်မတီအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့ မူတွေကို ဆိုးဆိုးရွားရွားချိုးဖောက်မှုအတွက် တာဝန်ခံမှုနဲ့ တရားစီရင်နိုင်ဖို့ သေချာအောင် ချိတ်ဆက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း အဲဒီကော်မတီအနေနဲ့ အထောက်အထား သတင်းအချက်အလက်တွေကို စုဆောင်းသွားမှာဖြစ်သလို ကုလသမဂ္ဂနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ညီလာခံအပြီး ထုတ်ပြန်တဲ့ ဒါကာ ကြေညာစာတမ်းမှာဖေါ်ပြထားပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ အတင်းအဓမ္မပြုကျင့်ခံရမှု စွပ်စွဲချက်တွေကို ICC နိုင်ငံတကာရာဇ၀တ်ခုံရုံး အနေနဲ့ စုံစမ်းစစ်ဆေးနိုင်ရေး ဆုံးဖြတ်ချက်ချဖို့ ICC ရှေ့နေချုပ် ကိုယ်တိုင်လည်း မေတ္တာရပ်ခံထားတာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သံတမန်ရေးအရ အကြီးအကျယ် ကြိုးပမ်းအားထုတ်နေတာဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ OIC ညီလာခံမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmud Ali က အခုလို ပြောသွားပါတယ်။

"ဒုက္ခသည် တသန်းလောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ပြဿနာကို အင်မတန်မှစိုးရိမ်မကင်းဖြစ်ကြောင်း ကိုယ်စားလှယ်အဖွဲ့အသီးသီးက တညီတညွတ်တည်း ထုတ်ဖေါ်ခဲ့ကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံထားတဲ့အတွက် ကိုယ်စားလှယ်အဖွဲ့တွေက အလွန်ပဲကျေးဇူးတင်ကြောင်း ပြသခဲ့တဲ့အပြင် မြန်မာအစိုးရကို ပြင်းပြင်းထန်ထန်အရေးယူဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။"

ဒုက္ခသည်တွေ နေရပ်ပြန်ရေး ၂၀၁၇ခုနှစ် နိုဝင်ဘာလကတည်းက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် အခုချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိနေတဲ့ ဒုက္ခသည်တွေ မပြန်နိုင်ကြသေးပါဘူး။

 

ဒါကြောင့်လည်း ဒီကိစ္စကို နိုင်ငံတကာအနေနဲ့ မဖြစ်မနေပါဝင်ဆောင်ရွက်ဖို့ ညီလာခံတက်ရောက်လာတဲ့ Arakan Rohingya Union အမှုဆောင်ညွန်ကြားရေးမှူးချုပ် Dr. Walker Uddin က အခုလိုပြောသွားပါတယ်။

"နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မဖြစ်မနေပါဝင်ရတဲ့ အကြောင်းအရင်းဟာ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံမှုရှိဖို့အတွက် ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအတွက် နေရေးထိုင်ရေး လုပ်ပေးမယ်ဆိုပေမယ့် ရခိုင်ပြည်နယ်ကို ပြန်သွားမယ့်သူတွေအနေနဲ့ အရင်ကလို အခြေအနေမျိုး ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ သိထားလို့။"

ပြီးခဲ့တဲ့ လကုန်ပိုင်းက ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှု့ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ သံတမန်အဖွဲ့ကတော့ ရိုဟင်ဂျာတွေ လုံလုံခြုံခြုံနေရပ်ပြန်နိုင်ရေးနဲ့ သူတို့အပေါ် ခွဲခြားဆက်ဆံမှုတွေကို အဆုံးသတ်ရေး မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အတွက် အသင့်ပြင်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အင်ကြင်းနိုင်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Tuesday, 1 May 2018

မေလ 1 ရက် အလုပ်သမားနေ့တွင် အလုပ်သမားဝန်ထမ်းများကို အလုပ်နားခွင့်မပြုသောအလုပ်ရှင်များအား ထောင်ဒဏ် 6 လ နှင့် ဒဏ်ငွေ 100‚000 ဘတ်ထိ အရေးယူခံရနိုင်ကြောင်း ထပ်လောင်းပြောကြား

မေလ 1 ရက်နေ့ဆိုတာ လူမှုရေးပတ်ဝန်းကျင်အသိုင်းအဝိုင်းများက အလုပ်သမားများရဲ့ အခန်းကဏ္ဍအရေးပါရှိမှုကိုသိရှိနိုင်စေရန်နှင့် အလုပ်သမားများက အလုပ်သမားနေ့တွင် အနားယူအပန်းဖြေပြီး ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်စေရန်အတွက် အလုပ်ရှင်များအား ထုံးတမ်းစဉ်လာနေ့ရက်များအတိုင်း အားလပ်ရက်အဖြစ်ကြေညာရန် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေက ပြဌာန်းထားပါတယ် ဒီထဲတွင် အလုပ်သမားနေ့အပါအဝင်ဖြစ်ပြီး ၎င်းနေ့ကို အလုပ်ရှင်များက အလုပ်သမားများနားရက်အတွက် ပုံမှန်အလုပ်ဆင်းရက်အတိုင်း လုပ်အားခပေးရမည် ဖြစ်ပါတယ်။
.
အလုပ်သမားနေ့တွင် အဆက်မပြတ်လုပ်ငန်းလည်ပတ်မှုစနစ်ကို မထိခိုက်စေလိုရန်အတွက် အလုပ်သမားများကို ရပ်နားခွင့်မပြုနိုင်သည့် အလုပ်ရှင်များအနေဖြင့် ဤကိစ္စဟာ အလုပ်ရှင်နှင့်အလုပ်သမားများအကြား နားရက်ခွင့်ပြုခြင်းကို ပြန်အစားထိုးပေးခြင်း (သို့) လုပ်အားခပေးဆောင်ခြင်းကို နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရယူရမည်ဖြစ်ပါတယ် 
.
အလုပ်သမားများ၏ နေ့စဉ်ပုံမှန်လုပ်အားခအတိုင်း အလုပ်နားရက်နေ့အတွက် 1 ဆထက်မလျှော့သော လုပ်အားခသော်၎င်း ပုံမှန်နားရက်နေ့တွင် လုပ်အားခရခွင့်ရှိသော အလုပ်သမားများအတွက် နေ့စဉ်ပုံမှန်လုပ်အားခအတိုင်း အလုပ်နားရက်နေ့အတွက် 2 ဆထက်မလျှော့သော လုပ်အားခသော်၎င်း အကယ်၍ အချိန်ပိုအလုပ်ဆင်းပါက နေ့စဉ်ပုံမှန်လုပ်အားခအတိုင်း တစ်နာရီလျှင် 3 ဆထက်မလျှော့သော လုပ်အားခများကို အလုပ်သမားများအတွက် အလုပ်ရှင်များမှ လုပ်အားခပေးဆောင်ရမည် ဖြစ်ပါတယ်။
.
ဥပဒေအတိုင်းမလိုက်နာပဲ ချိုးဖောက်သည့်အလုပ်ရှင်များအတွက် 6 လထက်မပိုသောထောင်ဒဏ် ဘတ် 100‚000 ထက်မပိုသောဒဏ်ငွေများ (သို့) နှစ်မျိုးစလုံး အရေးယူခံရနိုင်ပါတယ် အလုပ်သမားများအနေဖြင့် အကယ်၍ ရှင်းလင်းမှုမရှိသေးပါက ဘန်ကောက်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးရုံးအမှတ် 1-10 နှင့် ခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးနှင့်လူမှုဖူလုံရေးရုံးတွင် စုံစမ်းမေးမြန်းနိုင်ပြီး hotline 1506 ဖုန်းသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
.
အချက်အလက်နှင့်ဓါတ်ပုံများအတွက်ကျေးဇူးတင်ပါသည်: Ministry of Labour
.
#Myanmarlivenews #Myanmarlive #Myanmar #Thailand #journal#freecopy #mahachai #samutsakorn #betterlife #news

Sunday, 29 April 2018

ရိုဟင်ဂျာပြန်ခေါ်ရေး ဆက်လက်ဖိအားပေးမယ်လို့ သြစတြေးလျ ပြောကြား


သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull မဲလ်ကမ် တန်းဘူးလ် က ဆစ်ဒနီမြို့ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် sheik Hasina ရှိတ် ဟာစီနာနဲ့ စနေနေ့ ညနေက တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာအစိုးရကို သူတို့နိုင်ငံက ဆက်လက်ဖိအားပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ကိုင်ဆောင်ရွက်နေတာတွေကို သြစတြေးလျနိုင်ငံက ထောက်ခံပြီး ဒုက္ခသည်စခန်းတွေကို အကူအညီတွေ ပိုမိုထောက်ပံ့မယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

ဒီအတောအတွင်း အာဆီယံညီလာခံက စနေနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ သူတို့နေရပ်ကို ဆန္ဒအလျှောက် လွတ်လပ်စွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

Thursday, 17 August 2017

မြန်မာအိမ်အကူရဲ့လစာကို တစ်နှစ်နီးပါးမပေးတဲ့ စင်ကာပူအိမ်ရှင် အမှုဖွင့်ခံရ

စင်ကာပူအိမ်အကူအေဂျင်စီတစ်ခုမှာ တွေ့ရတဲ့ ပြည်ပ အိမ်အကူဝန်ထမ်းများ
သြဂုတ် ၁၇ – အသက် ၃၀ အရွယ် စင်ကာပူအမျိုးသမီးတစ်ယောက်ဟာ မြန်မာအိမ်အကူရဲ့လစာကို တစ်နှစ်နီးပါး ပေးဖို့ပျက်ကွက်မှုနဲ့ အင်္ဂါနေ့က စွဲချက်တင်ခံခဲ့ရပါတယ်။
လီဂျန်းဟာ မတ် ၇၊ ၂၀၁၆ ကစပြီး ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇ အထိ စုစုပေါင်းလစာ စင်ကာပူဒေါ်လာ ၅၇၀၀ပေးဖို့နဲ့ နားရက်ပေးဖို့ ပျက်ကွက်မှုစွဲချက် ၁၃ ခုနဲ့ ရင်ဆိုင်နေရကြောင်း စင်ကာပူလူ့စွမ်းအားဝန်ကြီးဌာန (MOM) က ကြာသပတေးနေ့က ထုတ်ပြန် ခဲ့ပါတယ်။
အခုဆိုရင် သူဟာ ပြည်ပအိမ်အကူခေါ်ခွင့် ပိတ်ပင်ခံရပြီးဖြစ်ကြောင်း MOM က ဆက်ပြောပါတယ်။
လီရဲ့အမှုကို စက်တင်ဘာ ၁၂ ရက်မှာ ကြားနာမှာဖြစ်ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားရင် သူဟာ စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိ ဒဏ်တပ်ခံရမှာဖြစ်ပြီး အမှုတစ်ခုစီအတွက် အမြင့်ဆုံး ၁၂ လစီ ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။
MOM ရဲ့အဆိုအရ ပြည်ပအိမ်အကူတစ်ယောက်ကို လစာထုတ်ပေးရာမှာ လစာထုတ်ပေးတဲ့ကာလ (တစ်လထက်မကျော်ရ) ရဲ့နောက်ဆုံးနေ့အပြီး ၇ ရက် ထက်ပိုပြီး နောက်ကျလို့ မရပါဘူး။
အလုပ်ရှင်တွေဟာ လစဉ် လစာပေးစာရင်းကို သိမ်းဆည်းထားရမှာဖြစ်ပြီး ပြည်ပအိမ်အကူတွေကနေ လစာလက်ခံရရှိကြောင်း စာနဲ့သဘောတူချက်ကို ရယူထားရပါမယ်။
ပြည်ပအိမ်အကူတွေအနေနဲ့ လစာမရရင် ဒီကိစ္စကို အကူအညီတောင်းခံသင့်ပြီး အလုပ်ရှင်ကို ချက်ခြင်းပြောသင့်တယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။ တကယ်လို့ ပြဿနာက ဆက်လက်ဖြစ်ပေါ်နေရင် MOM ကို တိုင်ကြားနိုင်သလို အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီဆီက အကူအညီကို ရယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လစာမရတဲ့ ပြည်ပအိမ်အကူတစ်ယောက်ယောက်အကြောင်း သိရှိသူမှန်သမျှဟာ MOM ကို အီးမေးလ်ကတဆင့်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းလည်း သိရပါတယ်။

စုပြည့်စုံ
ref: CNA, Aug 17th
http://www.kumudranews.com/news/

Sunday, 30 April 2017

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေသော အာစီယံခေါင်းဆောင်များအစည်းအဝေးနေရာအနီး ဗုံးပေါက်ကွဲ




ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ အာစီယံအစဉ်းအဝေးပွဲ လက်ခံပြုလုပ်နေရာနှင့် ၅ ကီလိုမီတာခန့်သာ ဝေးသော ဘုရားရှိခိုးကျောင်းတစ်ခုအနီးတွင် ဧပြီလ ၂၈ ရက် မနေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။
မနီလာမြို့ရှိ Quiapo Church တွင် အိမ်သုံးပိုက်ဖြင့် ပြုလုပ်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ၁၃ ဦး အပြင်အထန် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဗုံးပေါက်ကွဲမှုသည် အာဆီယံအစည်းအဝေးနှင့် ပက်သက်ဆပ်နွယ်ခြင်းမရှိဟု ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Ernesto Abella က ထုတ်ပြန်ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် အာစီယံဥက္ကဋ္ဌတာဝန်ယူထားပြီး မနီလာနိုင်ငံတွင် ကျင်းပပြုလုပ်သော အာစီယံအစည်းအဝေးတွင် နိုင်ငံပေါင်းကိုးနိုင်ငံက ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံမှ ​ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းဝေးများမစတင်မီ အကြမ်းဖက်သမားများက ဗုံးဖောက်ခွဲတတ်သည့် အလေ့အထရှိခြင်းကြောင့် အာစီယံအစည်းအဝေးကျင်းပရာနေရာ ပတ်ဝန်းကျင်တွင် လုံခြုံရေးတင်းကျပ်စွာ ချထားခဲ့ကြောင်း သိရှိရသည်။
http://www.popolay.com/
....

Friday, 27 January 2017

လက်ထပ်ပြီး တရုတ်နိုင်ငံကို ခေါ်သွားတဲ့အမှုတွေ တိုးလာနေ

တရုတ်မှာ အရွယ်ရောက်အမျိုးသားတွေအတွက် ဇနီးသည် ရှာရခက်နေ
မြန်မာ မိန်းကလေးတွေကို နိုင်ငံခြားသားနဲ့ တရားဝင်လက်ထပ် ခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့ ဖြစ်ရပ်မျိုးတွေကို စုံစမ်းဖော်ထုတ် တွေ့ရှိနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုပါတယ်။

Thursday, 10 November 2016

ရခိုင်အမျိုးသားပါတီ(ANP)မှ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်လ်ထရန့်အနိုင်ရ၍ ရခိုင်အမျိုးသားပါတီ(ANP)က ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့လိုက်ကြောင်း ပါတီ၏ facebook စာမျက်နှာတွင် နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၈ နာရီက ဖော်ပြထားသည်။
မာန်ယုကျော် (ရွှေဝမြေ)
ဝ၉၁၁၁၆....

Saturday, 11 June 2016

ဆယ်နှစ်ကလေးကို အဓ္ဓမကျင့်ပြီး နှလုံးဖောက်ထုတ်သတ်သွားသည့် တရားခံကို ဖမ်းမိ -

By — BaHuThuTa

ဆယ်နှစ်ကလေးကို အဓ္ဓမကျင့်ပြီး နှလုံးဖောက်ထုတ်သတ်သွားသည့် တရားခံကို ဖမ်းမိ
- -- - - - - - -
ဒေသခံတွေက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ ပြန်လည်ခေါ်ထုတ်ခဲ့ရပါတယ်။
ဘရာဇီးနိုင်ငံအတွင်း ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးကို အဓ္ဓမပြုကျင့်ရုံသာမက ရင်ခွဲပြီး နှလုံးဖောက်ထုတ်သတ်သွားတဲ့ တရားခံကိုဖမ်းဆီးရမိခဲ့ပြီဖြစ်ပါတယ်။ ဘရာဇီးမြို့တော် ရီယိုဒီဂျနေးယိုးမြို့နဲ့ မိုင် ၄၄၀ လောက်ဝေးကွာတဲ့ မီနေ့စ်ဂီရေ့စ်အရပ်မှာ ဖြစ်ပွားခဲ့တာပါ။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate