Showing posts with label ကရင်သတင်း. Show all posts
Showing posts with label ကရင်သတင်း. Show all posts

Friday, 12 January 2018

သားဖြစ်သူ ရိုက်သတ်၍ ဖခင်သေဆုံး


၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့် က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကော့အိမ်ဆိုင် ကျေးရွာ၌ သားဖြစ်သူမှ စိတ်ဖောက်ပြန်ကာ ၀ါးရင်းပိုင်းအစိုဖြင့် ရိုက်နှက်၍ ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်းဘွဲမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ သွား ရောက်စစ်ဆေးရာ ဦးဖေတင်(၆၀)နှစ်တွင် နဖူးကွဲကြေ၊ နှာခေါင်း ချိုင့်ဝင်၊ မျက်လုံး ၂ လုံး ပေါက်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ လှိုင်းဘွဲမြို့ ပြည်သူ့ ဆေးရုံသို့ ပို့အပ်ခဲ့ပါသည်။

 အဆိုပါဖြစ်စဉ်အား မေးမြန်းရာ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင် ဦးဖေတင်(သေဆုံး)သည် မောင်ထက်ပို၊ ဦးဟာလိန်း(၅၀)နှစ်၊ မရင်သောင်း(၄၄)နှစ်တို့နှင့်အတူ ၎င်း၏ ခြံဝင်းအတွင်း ရိုးရာနတ်စားအိမ်ဆောက်လုပ်နေစဉ် ၎င်း၏သား ကျော်ပေါင်ကျီ(၂၉)နှစ် ရောက်ရှိ လာပြီး စိတ်ဖောက်ပြန်ကာ ဦးဖေတင်အား နတ်စင်အနီးရှိ ဝါးရင်းပိုင်းအစိုဖြင့် ရိုက်နှက်၍ အိမ်လှေကားထိပ်တိုင်တွင် ခြေ၊ လက် တို့အား နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကာ သစ်သား တုတ်ဖြင့် ထပ်မံရိုက်နှက် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လူသတ်မှုအား ညနေ ၄ နာရီ ၅၀ အချိန်တွင် နောင်မြလွှဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဝင်းထွန်း(၄၆)နှစ်မှ တိုင်တန်း၍ ကျော်ပေါင်ကျီ (ဖမ်းမမိ)အား ပိုင်ကျုံနယ်မြေရဲစခန်း (ပ)၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ပြီး စုံစမ်းလျက်ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

Monday, 16 May 2016

ကရင့်အနာဂတ်အရေး ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ ဒေါနတောင်ခြေတွင် ၅ ရက်ကြာဆွေးနွေးကြမည်

.


 မေ - ၁၅ - ၂၀၁၆
သတင်း - ကရင်အမျိုးသား မီဒီယာ

ကရင်အမျိုးသားများ လက်ရှိမြန်မာအစိုးရနှင့်နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် အထောက်အကူပြုနိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ အလွှာအသီးသီးမှ ကရင်အမျိုးသားများ ဒေါနတောင်ခြေရှိ လေးဝါးစခန်းတွင် ၅ ရက်ကြာ နှီးနှောဖလှယ်ကြမည်ဖြစ်သည်။

Wednesday, 11 May 2016

ဂူအတွင်း ၀င်ရောက်ပုန်းအောင်းသူ တရားခံပြေးအား မီးခိုးမှိုင်းတိုက် ပစ်ခတ်ဖမ်းဆီး

၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ထုံးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးအမှုမှ ကွင်းဆက်တရားခံစုံစမ်းရန် ကော့မရမ်း ရွာအနီး ကျောက်ဖြူတောင်ခြေ၌ သွားရောက်စောင့်ဆိုင်းနေစဉ် လူငယ်အချို့အား မူးယစ်ဆေးဝါး ရောင်းချနေသူ ဘားအံမြို့၊ (၉)ရပ်ကွက်နေ စောအောင်ထွဋ်(ခ)တောင်ကြီး(၁၉)နှစ်ကို တွေ့ရှိ ဖမ်းဆီးရမိစစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ကျောက်ဖြူတောင်ခြေဂူအတွင်း နေထိုင်သည့် တစ်ရပ်ကွက်တည်းနေ မူးယစ်ဆေးဝါးအမှုမှ တရားခံပြေး ဇာနည်(၃၁)နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဝယ်ယူကာ တစ်ဆင့်ပြန်လည်ဖြန့်ဖြူး ရောင်းချနေကြောင်းသိရှိရသည်။

Tuesday, 9 February 2016

အမျိုးသားနေ့တွင် ကရင်အလံလွှင့်ထူထားရန်နှင့် ရိုးရာဝတ်စုံဝတ်ဆင်ရန် ကေအဲန်ယူတိုက်တွန်း

DSC08141

ဖေဖော်ဝါရီ ၉ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ- ကအေိုငျစီ - KIC News

ယခု ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက်ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် အနယ်နယ် အရပ်ရပ်ရှိ ကရင်အမျိုးသားများနေထိုင်သည့် အိမ်တိုင်းတွင် ကရင့်အမျိုးသားအလံ လွှင့်ထူခြင်းနှင့် ကရင်ရိုးရာဝတ်စုံကို ထိုနေ့ တစ်နေ့လုံး ဝတ်ဆင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဗဟိုဌာနချုပ်က ဖော်ဖော်ဝါရီလ ၆ရက်နေ့တွင် စာထုတ် ပြန်ကာ တိုက်တွန်းလိုက်သည်။
ထိုသို့ တိုက်တွန်းရခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ကရင်အမျိုးသားနေ့ဆို တာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထဲ မဟုတ်ဘဲ ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်တဲ့အတွက် ရောက်ရာဒေသ ကရင်တွေ ရှိတဲ့နေရာမှာလည်း အားလုံးနိုးနိုးကြားကြားရှိပြီး သတိထားနိုင်ဖို့ နိုးဆော်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူသည် တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို လက်မှတ်ထိုးထားသည့်အတွက် အစိုးရက ခွင့်ပြုပါက တနိုင်ငံလုံးရှိ ကရင်အမျိုးသားများကို စုရုံးပြီး ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို လိုက်လံဟောပြောလိုသော်လည်း မလုပ် ဆောင်နိုင်သေးသည့်အပေါ် အိမ်တိုင်း အလံလွှင့်ထူခြင်းနှင့် ရိုးရာဝတ်စုံဝတ်ဆင်ခြင်း နိုးကြားမှုသင်္ကေတကို ပြသစေလို၍ တိုက် တွန်းခြင်းဖြစ်သည်ဟုလည်း

Saturday, 6 February 2016

KNU ဖွဲ့စည်းခြင်း (၆၉)နှစ်မြောက် အထိမ်းအမှတ် KNU ထိန်းချုပ်နယ်မြေအသီးသီးတွင် ကျင်းပ


IMG_0077

ဖေဖော်ဝါရီ ၅ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့် ကအေိုငျစီ - KIC News >

ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ကို ဖွဲ့စည်းခြင်း (၆၉) နှစ်မြောက် အထိမ်းအမှတ်အနေ့ကို ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေ သထုံ၊ တောင်ငူ၊ ညောင်းလေးပင်၊ ဘိတ်ထားဝယ်၊ မူတရော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံခရိုင်တို့တွင် အသီးသီး ကျင်းပခဲ့ကြသည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၁)ပဒိုစောသောသီဘွဲက ပြော သည်။
၎င်းက “ကရင်အမျိုးသားအစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ရတဲ့ ရည်ရွယ်ချက်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်၊ လူထုတွေကို အားပေးစကားတွေ ပြောဖို့အတွက်ဖြစ်စေ ဒီနေ့ ကျရောက်တဲ့ ကရင်အမျိုးသားအစည်းအရုံးနေ့မှာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အသီးသီးတွေမှာ ကျင်းပဖို့ ညွှန်ကြားထားပြီးသားဖြစ်သလိုပဲ သူတို့ အစီအစဉ်နဲ့ သူတို့ ကျင်းပကြတယ်״ဟု ကေ အိုင်စီသို့ ပြောသည်။
KNU သည် ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ချစ်ခင်ရင်းနှီးရေး၊ တစ်ပြည်ထဲ အတူနေထိုင်နိုင်ရေးတို့ကို ပြန်လည်စု စည်းသည့် အဖွဲ့အစည်းဖြစ်၍ ကရင်တစ်မျိုးသားလုံးအတွက်အရေးကြီးကြောင်း၊ ၎င်းကရင်အမျိုးသားအစည်းအရုံး ဖြစ်ပေါ်လာ ရေးအတွက် ကြိုးပမ်းခဲ့ကြသော ခေါင်းဆောင်များကို အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်သည်ဟုလည်း ပဒိုစော သောသီဘွဲက ဖြည့်စွက်ပြောဆိုသည်။

Friday, 6 November 2015

ဘားအံတွင် မဲရုံတွင်း ပါတီလက်ကမ်းစာစောင်ဝေ

ဘားအံမြို့ အမှတ် ၁ ရပ်ကွက်ရုံးတွင် နိုဝင်ဘာ ၆ရက် နံနက်က ဆယ်အိမ်မှူး ဦးအေးနိုင်က မဲရုံအတွင်း အမျိုးသားတိုးတက်ရေးပါတီ၏ ဘားအံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ လက်ကမ်းစာစောင်ကို အခြားသူများအား လက်ဆင့်ကမ်းခဲ့သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကရင်ပြည်နယ် ဗမာလူမျိုးစု ကိုယ်စားလှယ်လောင်း ဦးဇော်ရဲထက်က ပြောသည်။
ယင်းသို့ ပြုမူသည်ကို မဲရုံအတွင်း ကြိုတင်မဲပေးရန် စောင့်ကြည့်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကရင်ပြည်နယ် ဗမာလူမျိုးစု ကိုယ်စားလှယ် ဦးဇော်ရဲထက်က ရပ်ကျေး ကော်မရှင် ဥက္ကဋ္ဌအား တားမြစ်ပေးရန် တောင်းဆိုခဲ့သည်ကို အပြင်မှာ သွားရှင်းရန် ပြန်လည်

Friday, 23 October 2015

မြန်မာ-ထိုင်း နယ်စပ်ကျေးရွာများတွင် ဝမ်းရောဂါကြောင့် ၁၂ဦးသေဆုံး

KDHW logo

အောက်တိုဘာလ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း

ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်မြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်မှ ကျေးရွာပေါင်း ၆၁ရွာတွင် ၀မ်းပျက်ဝမ်း လျှောရောဂါကြောင့် အောက်တိုဘာလအထိ သေဆုံးသူ ၁၂ဦးရှိသွားပြီးဖြစ်သည်ဟု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW)က ကေအိုင်စီသို့ ယနေ့ ပြောသည်။
အဆိုပါဝမ်းရောဂါမှာ အစိုးရကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမှီသည့် နယ်စပ်ကျေးရွာများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ယခုအထိ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ရှိနေဆဲဖြစ်ကြောင်း ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန KDHW ၏ Monitoring evaluation staff နော်ချာ့အယ်ဖောက ပြောသည်။
သူမက “ရောဂါဖြစ်ပွားတာတော့ တစ်ချို့ရွာတွေမှာ နည်းသွားပြီးတစ်ချို့ရွာတွေကျတော့ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် အရင်လတွေထက်စာရင် နည်းနည်း လျော့ကျသွားတဲ့ အခြေအနေရှိတယ်။ ဒီလအတွင်းမှာ အခုထိ သေဆုံးသူတစ်ဦး ရှိသေး တယ်”ဟု ပြောသည်။
လက်ရှိအခြေအနေများအရ ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားရာနေရာတွင် ကျန်းမာရေးဆိုင်ရာ

အရှိန်မထိန်းနိုင်သော ကုန်တင်ယာဉ်တောင်နံရံဝင်တိုက်တိမ်းမှောက်


ကော့ကရိတ် အောက်တိုဘာ ၂၂

အောက်တိုဘာ ၂ဝ ရက် ညနေ ၃ နာရီခန့်က မြဝတီမှ ကော့ကရိတ် သို့ ယာဉ်မောင်းကျော်မင်းဦး(၄ဝ နှစ်) မောင်းနှင်လာသော ၁၂ ဘီးကုန်တင် ယာဉ် ဖြူ/နက်ပြာယာဉ်မှာ မြဝတီ မြို့မှ ကော့ကရိတ်မြို့သို့ ကုန်ပစ္စည်း များ တင်ဆောင်မောင်းနှင်လာစဉ် ချောင်းမပူးတံတား (၅)တန်အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်တောင်နံရံအား ဝင် ရောက်တိုက်မိခဲ့ပြီး တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

Saturday, 17 October 2015

မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံး ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးနေဟု ဆို

ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးခဲ့သည့် မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံးကို တွေ့ရစဉ်
ကရင်ပြည်နယ် မြ၀တီမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မြို့နယ်​ရုံး ​ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းများ ထည့်ထားသည့်ဖိုင်တွဲ ပျောက်ဆုံးနေကြောင်း မြို့နယ် (NLD) အတွင်းရေးမှူး ဦးသန့်ဇင်အောင်က ပြောကြားသည်။

NLD မြို့နယ်ရုံး ဖောက်ထွင်းခံရသည်ကို အောက်တိုဘာ ၁၂ ရက် နံနက်က သိရှိခဲ့ခြင်းဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ခံနေသည့်အတွက် မည်သည့်အချိန်က ဖြစ်ပွားခဲ့သည်ကို တိတိပပ မပြောနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြ၀တီမြို့ NLD  မြို့နယ်ရုံး အနောက်ဘက် အိမ်သာ တံခါးအား ဖောက်ထွင်း ၀င်ရောက်ခဲ့သော်လည်း အပိတ်ဖြစ်နေ၍ နောက်တံခါးပေါက်ကို ဖျက်ဆီးဖောက်ထွင်းခဲ့သည်။ နောက်တံခါးပေါက်အနီး ဗီရိုပေါ်ရှိ စာရွက်စာတမ်းများ ထည့်ထားသည့် ဖိုင်တွဲမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

Friday, 24 July 2015

လော်ခီးလာညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အဆို တင်သွင်း ထားသည့် အချက် ၁၃ ချက်လုံး ဒုတိယနေ့အစည်းအဝေးတွင် ဆွေးနွေးနိုင်

lawkhilar
ရန်ကုန် ဇူလိုင် ၂၃
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့အဖြစ် ယနေ့နံနက် ၁ဝ ရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် ဆက်လက် ကျင်းပခဲ့သည်။
အစည်းအဝေးမစတင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် တို့ က အဖွင့်မိန့်ခွန်း ပြောကြားသည်။
ယနေ့ ပြုလုပ်သော (UPWC) နှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေး

Friday, 12 June 2015

လော်ခီးလာအစည်းအဝေးမှ ပြင်ဆင်လိုက်သော အပစ်ရပ်စာချုပ်ပါ အချက်များကို MPC အား ပေးအပ်

ဓာတ်ပုံ-ညိုအုန်းမြင့် ဖေ့စ်ဘွတ်

ဓာတ်ပုံ-ညိုအုန်းမြင့် ဖေ့စ်ဘွတ်

ဇွန် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)က လော်ခီးလာအစည်းအဝေးမှ ပြင်ဆင် လိုက်သော အပစ်ရပ်စာချုပ်(မူကြမ်း)ပါ အချက်များကို မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)အား ယနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တွေ့ဆုံပွဲတွင် ပေးအပ်လိုက်သည်ဟု (NCCT)အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ ပြင်ဆင်ချက်တွေကို သူတို့ကို ပေးလိုက်တယ်။ ပြီးတော့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့တယ်ဆိုတာကိုလည်း ပြောလိုက်တယ်။ လော်ခီးလာအစည်းအဝေးရဲ့ အခြေအနေကို သူတို့ သိချင်တာပါ။ အဲဒီအချက်တွေကို ဦးအောင်မင်းတို့ကို တင်ပြမှာပေါ့ဗျာ။ ပြီးတော့မှ နောက်ထပ် တွေ့ဆုံနိုင်ရေး အစီအစဉ် လုပ်နိုင်အောင် တွေ့ဆုံတဲ့သဘောပါ”ဟု ကေအိုင်စီသို့ ပြောသည်။

Saturday, 6 June 2015

ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်း ဇွန် ၈ ရက်နေ့တွင် စတင်ကြေညာမည်

ဇွန် ၃ ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
၂၀၁၅ ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းကို ယခုလ ဇွန် ၈ ရက်နေ့တွင် ပြည်နယ် အတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်ဝင်းမောင်က ယနေ့ ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကရင်ပြည်နယ် မြို့နယ် ၇ ခုစလုံးရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းကို ဇွန် ၈ ရက်နေ့မှ ၂၁ရက်နေ့အထိ ထုတ်ပြန်ပေးသွားမယ်။ အဲဒီမဲစာရင်းမှာ နာမည် မပါတာ၊ နာမည်စာလုံးပေါင်း သတ်ပုံတွေ မှားတာ၊ သေဆုံးသူ တွေပါ နေတာ စတာတွေကို ပြင်ဆင်ပေးဖို့ ပုံစံသုံးမျိုးရှိတယ်။ မှားယွင်းမှုတွေရှိခဲ့ရင် ပြင်ဆင်ပေးသွားမယ်။ ပြည်သူ တွေအနေနဲ့လည်း စာရင်းမှာ ပါမပါ၊ မှားမမှား သွားကြည့်ကြပါလို့ ပြောချင်တယ်”ဟု ပြောသည်။

Wednesday, 3 June 2015

ကရင်ပြည်နယ်တွင် လူဦးရေ ၁၅ သိန်းကျော်ရှိကြောင်း ထုတ်ပြန်

Myanmar Census 2014 logo

ဇွန် ၁ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ်က ကောက်ခံသည့် သန်းခေါင်စာရင်းပင်မအစီရင်ခံစာအရ မြန်မာတစ်နိုင်ငံလုံးရှိ စုစုပေါင်း လူဦးရေမှာ (၅၁,၄၈၆,၂၅၃)ဦးရှိပြီး ထိုအထဲ၌ ကရင်ပြည်နယ်၏ လူဦးရေမှာ (၁,၅၇၄,၀၇၉)ဦး ရှိကြောင်း မေ ၂၉ရက်နေ့က နေပြည်တော်တွင် ထုတ်ပြန်ခဲ့သည်။
ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဖာပွန်၊ မြ၀တီ၊ ကော့ကရိတ် စသည့် ခရိုင်တို့တွင် စာရင်းကောက်ခံရရှိသော လူဦးရေမှာ ၁,၅၀၄,၃၂၆ ဦးနှင့် စာရင်းမကောက်ယူနိုင်သည့် လူဦးရေ ၆၉,၇၅၃ ဦးရှိပြီး အမျိုးသားဦးရေ ၇၇၅,၂၆၈ ဦး နှင့် အမျိုးသမီးဦးရေ ၇၉၈,၈၁၁ ဦးရှိသည်ဟု ယင်းသန်းခေါင်စာရင်း ပင်မအစီအရင်ခံစာတွင် ဖော်ပြထားသည်။
အစီအရင်ခံစာအရ ပြည်နယ်လူဦးရေများဖော်ပြရာတွင် ကချင် ၁,၆၈၉,၄၄၁ ဦး၊ ကယား(ကရင်နီ) ၂၈၆,၆၂၇ဦး၊ ကရင် ၁,၅၇၄,၀၇၉ ဦး၊ ချင်း ၄၇၈,၈၀၁ ဦး၊ မွန် ၂, ၀၅၄,၃၉၃ ဦး၊ ရခိုင် ၃,၁၈၈,၈၀၇ ဦး၊ ရှမ်း(သျှမ်း) ၅,၈၂၄,၄၃၂ ဦးနှင့် တိုင်းဒေသကြီးများလူဦးရေမှာ ရန်ကုန် ၇,၃၆၀,၇၀၃ ဦး၊ ဧရာဝတီ ၆,၁၈၄,၈၂၉ ဦး၊ စစ်ကိုင်း ၅,၃၂၅,၄၃၇ ဦး၊ တနင်္သာရီ ၁,၄၀၈,၄၀၁ ဦး၊ ပဲခူး ၄,၈၆၇,၃၇၃ ဦး၊ မကွေး ၃,၉၁၇,၀၅၅ ဦး၊ မန္တလေး ၆,၁၆၅,၇၂၃ ဦးအပြင် နေပြည်တော် ဧရိယာတွင် ၁,၁၆၀,၂၄၂ ဦး ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တိုင်းရင်းသားခေါင်းဆောင်များ လက်ထဲ၌သာ ရှိဟု ကုလအတွင်းရေးမှူး အကြံပေးပုဂ္ဂိုလ် ပြော

ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ(Mr. Vijay Nambiar)
ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ(Mr. Vijay Nambiar)
ဇွန် ၂ရက်၊ ၂၀၁၅ခုနှစ်။ စောခါးစူးညား
မြန်မာနိုင်ငံ၏ အနာဂါတ် ငြိမ်းချမ်းရေးရရှိရေးသည် လော်ခီးလာအစည်းအဝေးသို့ တက်ရောက်သည့် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးထိပ်သီးခေါင်းဆောင်များ၏ လက်ထဲ၌သာ ရှိသည်ဟု ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ(Mr. Vijay Nambiar)က ဇွန် ၂ရက်နေ့တွင် ပြောကြားလိုက်သည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ၊ လော်ခီးလာ၌ ယနေ့ ဇွန် ၂ရက်နေ့၌ စတင်ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် မစ္စတာ ဗီဂျေ နမ်ဘီယာက မိန့်ခွန်းသည့်အခါ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Sunday, 31 May 2015

ငှက်ပစ်သူ ကရင်သုံးဦးအမှု ဘာသာစကားခက်ခဲ

ကျေးငှက်သားကောင်များ ပစ်ခတ်ဖမ်းဆီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူထားသော ကရင်အမျိုးသား သုံးဦး ဖြစ်ပါသည်။ (ဝဲ မှ ယာ) ဆာဝါး (၆၀ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ပက်တီ ပူး (၅၄ နှစ်)
ကျေးငှက်သားကောင်များ ပစ်ခတ်ဖမ်းဆီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူထားသော ကရင်အမျိုးသား သုံးဦး ဖြစ်ပါသည်။ (ဝဲ မှ ယာ) ဆာဝါး (၆၀ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ပက်တီ ပူး (၅၄ နှစ်)
မက်ဆာချူးဆက်ပြည်နယ်၊ စပရင်းဖီးလ်မြို့ရှိ အများပြည်သူ ပန်းခြံတစ်ခုအတွင်း လေးခွဖြင့် ငှက်ပစ်သောကြောင့် ဖမ်းဆီးအရေးယူခံထားရသော ကရင်အမျိုးသားသုံးဦးအမှုသည် ဘာသာစကား အခက်အခဲကြောင့် တရားသူကြီးက ကြားနာစစ်ဆေးမှုကို ရက်ရွှေ့ဆိုင်းလိုက်ရပါသည်။
အမှုဖြစ်ပွားပုံမှာ မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့က စပရင်းဖီးလ်မြို့၊ ဖောရက်စ်ပတ်ခ် အများပြည်သူပန်းခြံတွင် အမျိုးသားသုံးဦးသည် ကျေးငှက်တိရစ္ဆာန်များကို လောက်လေးခွဖြင့် ပစ်ခတ်သတ်ဖြတ်နေကြောင်း ပန်းခြံသို့ လာသူများက တွေ့ရှိသဖြင့် နေ့လယ် ၂း၁၅ နာရီတွင် ရဲထံ ဖုန်းဆက်တိုင်ကြားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းလာသူများ ဖြစ်သော ပက်တီ ပူး (၅၄ နှစ်)၊ ခဲနီ မူး (၃၈ နှစ်) နှင့် ဆာဝါး (၆၀ နှစ်)

Monday, 25 May 2015

Thai Queen Naw Mu Yeh Peh ထိုင်းမိဖုရား ကရင်သူလေး မုယယ်ဖဲ



ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်ဝင်ဘုရင်ရဲ့ (၅)ဆက်မြောက် ဘုရင်လက်ထက် မှာပါ။ ခုနှစ်အားဖြင့် 1870-1910 (ဒီအကြောင်းအရာဟာ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက် သမိုင်းရာဇ၀င်ပါ။ ဒီကနေ့ ထိ မုယယ်ဖဲ သက်ရှိထင်ရှားရှိစဉ်တုန်းက သူမယက်ကန်းယက်တဲ့ အသုံး အဆောင်ပစ္စည်းတွေ သူ့ မရဲ့ ဆွေစဉ်မျိုးဆက်တွေက သိမ်းဆည်းထားတာရှိသေးတယ်)။ မုယယ်ဖဲဆိုတဲ့ သူက ကရင်အမျိုးသမီး တောသူမတဦးပါ။ နေရပ်ကတော့ ယခုအခေါ်အရ ကရင်ပြည်နယ် ဖါပွန်ဒေသက ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပပြီး မိန်းမကောင်း၊
မိန်းမမြတ်တို့ ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်ပါတယ်။
ထိုင်း(ယိုးဒယား)ဘုရင်ရဲ့  (၅)ဆက်မြောက်ဘုရင်လက်ထက်မှာ… ဘုရင့်အနားမှာ ခစားတဲ့ ပုရောဟိတ်ပုနားတွေရဲ့ တွက်ချက်ဟောကိန်းအရ ထိုင်းနိုင်ငံရေရှည်တည်တံ့ခိုင်မြဲအောင်၊ မိန်းမကောင်း မိန်းမမြတ်တဦးဦးရဲ့ သွေးနဲ့  ယိုးဒယားဘုရင်ပိုင်မြေတွေကို ယာဇ်ပူဇော်ရမယ်။ ၄င်းမိန်းမမြတ်ကို ဘယ်အရပ်ဒေသက သွားရှာရင်ရနိုင်တယ်ဆိုတာလည်း တွက်ချက်ထားပါတယ်။ ယခင့်ယခင်က ယိုးဒယားဟာ ကိုလိုနီနယ်ချဲ့ တွေရဲ့ ကျူးကျော်ရန်စမှု၊

Thursday, 21 May 2015

တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ KNU နယ်မြေမှာ ကျင်းပမည်

  ---------------------------------------------------------------------------------------------------
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဇွန်လ ၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေမှာကျင်းပဖို့ ရှိနေပြီး ဒီညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA နဲ့ တနိုင်ငံလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ အဓိက ဆွေးနွေးနေတဲ့ NCCT ခေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညှိနှိုင်းကော်မတီ အဖွဲ့ဝင်တွေ ဦးဆောင်ကျင်းပမယ့် ထိပ်သီးညီလာခံကို ဇွန်လဆန်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေမှာ ကျင်းပဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။

Sunday, 17 May 2015

မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသ

eyes
ဘားအံ မေ ၁၆
မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ကြီးမှူးကျင်းပသော မျက်စိဝေဒနာ ရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသခြင်း အခမ်းအနား ကို မေ ၁၅ ရက် နံနက် ၈ နာရီခွဲက ကရင်ပြည်နယ် ပြည်နယ်ပြည်သူ့ ဆေးရုံကြီး သုံးထပ် တိုးချဲ့လူနာဆောင် ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်း က မျက်စိရောဂါဝေဒနာရှင်များ အတွက် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုး သမီးရေးရာ အဖွဲ့ချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းရာ မျက်စိရောဂါ ဝေဒနာရှင် ၅၂ ဦးအတွက် ၂၃ သိန်း၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအတွက် ငွေကျပ် ၁ဝ သိန်းနှင့် ဆေးဝါးပစ္စည်း များ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ညွန့်ညွန့်ဝေ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

Monday, 11 May 2015

ကေအင်န်ယူက အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်စီစဉ်

Monday, May 11, 2015
ကေအင်န်ယူတပ်ဖွဲ့ဝင် များ ရပ်တည်ရေးအတွက် စီးပွား ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အထည်ချုပ်လုပ်ငန်း၌ ရင်းနှီးမြှုပ် နှံရန် စီစဉ်နေကြောင်း ကေအင်န် ယူ ရန်ကုန်စီးပွားတာဝန်ခံကပြော သည်။
‘‘နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားရင် တပ်ဖွဲ့ဝင်တွေ ရပ် တည်ဖို့အတွက် စီးပွားရေးတွေ လုပ်ဖို့ စီစဉ်နေတာပါ။ အခုတပ် ဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းကြီးတစ် ခုဖြစ်ဖို့ ရည်ရွယ်ထားတယ်။ အ ထည်ချုပ်လုပ်ငန်းက တစ်ပိုင်းအ ပါအ၀င်ပါ’’ဟု ကေအင်န်ယူရန်ကုန် စီးပွားတာဝန်ခံဗိုလ်မှူးမိုက်ကယ် ကပြောသည်။
အထည်ချုပ်လုပ်ငန်းအ တွက် ကရင်ပြည်နယ်နှင့် ရန်ကုန် မြို့ မြောက်ဒဂုံတို့တွင် လုပ်ကိုင်ရန်စီစဉ်ထားပြီး ပထမဦးဆုံးစက်ရုံနှစ်ခု တည်ဆောက်ထားသည်ဟု ဆိုသည်။ မြေနေရာများမှာ ကေ

Sunday, 10 May 2015

၂၀၁၄ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု နော်ဆာမူးရရှိ

DSC09829

မေ ၁၀ ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ဖန်းဖောင်ဒေးရှင်းမှ ပေးအပ်သော ၂၀၁၄ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို လက်ရှိ ကရင်သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုကွန်ရက်(KESAN)၌ လူထုအကျိုးပြု ဆောင်ရွက်နေသည့် နော်ဆာမူး ရရှိသွားပြီး မေလ ၉ ရက်နေ့တွင် ဆုပေးအပ်ချီးမြှင့်ခဲ့သည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)ရှိ လေးဝါးစခန်း၌ ပြုလုပ်သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲတွင် ဖန်းဖောင်ဒေးရှင်းမှ စောစေးစေးဖန်းနှင့် စလုံ့ဖန်းတို့ ကိုယ်တိုင် နော်ဆာမူးကို ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate