Showing posts with label ရခိုင်ရေဘေး. Show all posts
Showing posts with label ရခိုင်ရေဘေး. Show all posts

Tuesday, 3 July 2018

မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်အချို့ ဖြိုဖျက်

လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး နံရံများ ပြိုကျလာနေသည်ကို ဇူလိုင်လ ပထမသီတင်းပတ်တွင် မြင်တွေ့ရစဉ် [ဓာတ်ပုံ - မင်းပြားမြို့မစာကြည့်တိုက်]

မင်းပြား၊ ဇူလိုင်လ ၂ ရက်။           ။ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျခဲ့ပြီး လူနေအိမ်အချို့ကို ဖြိုဖျက်လိုက်ရသည်။
ကမ်းပါးပြိုကျမှုကြောင့် ဖြိုဖျက်လိုက်ရသည့် လူနေအိမ်များမှာ ဦးစောတင့်ရပ်ကွက်နှင့် ပြည်တော်လှ ရပ်ကွက်တို့ရှိ မြစ်ကမ်းဘေးမှနေအိမ် (၅) လုံး ဖြစ်ပြီး မြေပြိုကျမှုမှာ ၇ ပေနှင့် ၈ ပေခန့်ထိ အကွက်လိုက် ပြိုကျလာနေခြင်းလည်း ဖြစ်သည်။
“ ဦးတို့အိမ်အပါဝင် အိမ်သုံးဆောင်ကို မနေ့က အနောက်တခြမ်း ဖြိုချလိုက်ရတယ်။ တခြားအိမ်တွေကလည်း ကမ်းနဲ့ ကပ်နေကြပြီ။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့မြစ် ရေစီးရေလာ ပြင်းထန်လာပါက ကမ်းပါးပြိုကျမှုများ ဆက်လက် ဖြစ်ပေါ်လာနိုင်ပြီး ပြည်တော်လှရပ်ကွက် မြစ်ကမ်းဘေးရှိ နောက်ထပ် နေအိမ် ၂၀ နီးပါးမှာလည်း ကမ်းပါးပြိုကျမှုတွင် ပါဝင်နိုင်သည့် အခြေနေရှိ၍ ဒေသခံများက စိုးရိမ်နေကြသည်။
နေအိမ်ကို ဖြိုဖျက်လိုက်ရသည့် မိသားစုများအနေဖြင့် နေအိမ် ဆုံးရှုံးနစ်နာမှုများနှင့် နေထိုင်စားသောက်ရေးအတွက် လက်ရှိတွင် ၎င်းတို့၏ မိသားစု ဆွေမျိုးများအိမ်၌ ယာယီ တည်းခိုနေထိုင်လျှက် ရှိကြသည်။
“သူတို့မှာက အိမ်တစ်ခြမ်းကို ဖြိုချလိုက်ရတာဆိုတော့ နောက်တစ်ခြမ်းမှာ နေကြတယ်။ လောလောဆယ်တော့ ရွှေ့ပြောင်းနေထိုင်ကြတာ မရှိသေးဘူး။ ကမ်းပါး အခြေနေကို ကြည့်နေကြတယ်ပေါ့။ အိမ်တစ်ဆောင်လုံး ဖြိုလိုက်ရမယ် ဆိုတော့ သူတို့က လက်လုပ်လက်စားတွေဆိုတော့ အခက်ခဲရှိတာပေါ့။” ဟု ပြည်တော်လှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဆက်ပြောသည်။
ဦးစောတင့် ရပ်ကွက်တွင်ကမ်းပါးပြိုကျမှုကြောင့် အိမ်တစ်ခြမ်း ဖြိုဖျက်လိုက်ရသည့် မိသားစုကို ငွေငါးသောင်းကျပ်နှင့် နေအိမ် တစ်ဆောင်လုံး ဖြိုဖျက်လိုက်ရသည့် မိသားစုတစ်စုကို ငွေတစ်သိန်းကျပ်နှုန်းဖြင့် မင်းပြားမြို့နယ် အုပ်ချုပ်ရေး ဦးစီးဌာနမှ လာရောက် ထောက်ပံ့ခဲ့သည် ဟု ဦးစောတင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“ ဦးစောတင့် ရပ်ကွက်မှာ နောက်ထပ် စိုးရိမ်ရတဲ့ အိမ်တွေလဲ ခြောက်ဆောင်လောက် ရှိပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထက်ကို တင်ပြထားပါတယ်။” ဦးစောတင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းက ဆိုသည်။
လက်ရှိမှာလည်း မင်းပြားမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းလျှက် ရှိနေသည်။
မင်းပြားမြို့နယ်တွင် မိုးရာသီ ရောက်တိုင်း လေးမြို့မြစ်ရေ တိုက်စားမှုနှင့် မြစ်ကမ်းပါး နံရံများ ပြိုကျမှုဒဏ်ကို ဒေသခံများက နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြရခြင်းဖြစ်ပြီး အစိုးရ တာဝန်ရှိသူများက ယင်းနေရာများတွင် ကမ်းထိန်းနံရံများ ပြုလုပ် ပေးစေလိုကြောင်းလည်း ဒေသခံများက ဆိုသည်။
ဒေသခံများ၏ စိုးရိမ်နေမှုနှင့် ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအစီစဉ် လုပ်ငန်းများကို သိရှိနိုင်ရန် မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ၎င်း၏ ဖုန်းမှာ စက်ပိတ်ထားသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးဦးရာသီ စတင်ချိန်၌ ရက်သတ္တပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းရှိ နေရာ တချို့တွင် မြေပြိုမှုများရှိခဲ့ကာ (၈) ဦးထက်မနည်း လူသေဆုံးမှုများလည်းရှိခဲ့သည်။
mizzimaburmese

Friday, 15 June 2018

မင်းပြားမြို့နယ်မှ ရေလွှမ်းမိုးခံနေရသော ကျေးရွားများအတွက် စက်လှေနှင့် အစားအသောက်များလိုအပ်နေ












Credit: Narinjara

#Unicode Version#
ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မင်းပြားမြို့နှင့် ကျေးရွာများ ရေလွှမ်းမိုးခံနေရပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့နှင့် ကျေးရွာများမှ လူများ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများသို့ ရွှေ့ပြောင်းနေရပြီး သောက်ရေများလိုအပ်နေသည့်အပြင် တစ်ချို့ကျေးရွာများတွင် ရွှေ့ပြောင်းရန် စက်လှေများလည်း လိုအပ်နေသည်ဟု သိရသည်။

မင်းပြားတစ်မြို့လုံး ရေလွှမ်းမိုးခံနေရပြီး၊ ရေနိမ့်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များမှ လူများ ရွှေ့ပြောင်း နေရသည်ဟုဆိုသည်။

“ကျနော်တို့ မင်းပြားမှာ ဆင်ခြေဖုံးရပ်ကွက်တွေဖြစ်တဲ့ မင်းဗာကြီး၊ အောင်သာယာနဲ့ သပြေညို ရပ်ကွက်တွေမှာ ရေလွှမ်းမိုးမှုပိုများပြီး အိမ်တွေငယ်တော့ အိမ်ကြီးတွေကို ရွှေ့ကြတယ်၊ တစ်ချို့က ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့နေကြပါတယ်”ဟု မင်းပြားမြို့ခံ ဦးသိန်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ်တွင် ပန်းမြောင်းကြီးချောင်းနှင့် ဖုံသာချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ကျေးရွာပေါင်း ၃၀ ကျော်၌ ရေလွှမ်းမိုးမှု အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

“ပန်းမြောင်းကြီးချောင်း အနီးတဝိုက် ကျေးရွာတွေက လူတွေက ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်လို့ ပြောပါတယ်။ တစ်ချို့ရွာတွေမှာ လူတစ်ရပ်ကျော်လောက် မြုပ်နေပြီးတော့ ဖုံသာချောင်းတစ်လျှောက်မှာလေ့ ရေမြုပ်နေပါတယ်။ အခြေအနေ ဆိုးရွာတာကတော့ ပွဲရကန်ဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးနဲ့ အသေကာလ ကျေးရွာတွေမှာ အိမ်တွေအားလုံး မြုပ်နေပါတယ်”ဟု ဦးသိန်းစံကပြောသည်။

ရေလွှမ်းမိုးမှုကြောင့် ရေကန်များပါ နစ်မြုပ်နေပြီး သောက်ရေများ လိုအပ်နေသည်ဟု သိရသည်။

“ရေကတော့ ကျေးရွာတွေမှာ အနည်းဆုံး ၄ ပေလောက် တက်နေပါတယ်။ နိမ့်တဲ့ ကျေးရွာတွေမှာဆိုရင် ၅ ပေလောက်ရှိပါတယ်။ လူတွေကတော့ အိမ်တစ်ဆောင်မှာ တစ်ယောက်လောက် ကျန်နေခဲ့ပြီးတော့ ကျန်တဲ့လူတွေက အိမ်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောင်ခြေရင်းတွေကို ပြောင်းရွှေ့နေရပါတယ်။ အခုလောလောဆယ် အဓိကအခက်အခဲက သောက်ရေပါပဲ”ဟု ရေနစ်မြုပ်နေသည့် ကျေးရွာများဖြစ်သည့် အသေကာလ၊ ကုလားမတောင်၊ ချင်းဆိပ်၊ တောတန်းနှင့် ဒုံကြီးကျေးရွာများသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

ယင်းအပြင် တစ်ချို့ကျေးရွာများ၌ လူများရွှေ့ပြောင်းရန် စက်လှေများ အခက်အခဲရှိနေသည်ဟု သိရသည်။

“ပွဲရကန်ဆိပ်ကျေးရွာကလူတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ အိမ်ကြီးတွေကို ရွှေ့ပြောင်းနေရပါတယ်။ အခု အခက်အခဲတစ်ခု ရှိနေတာကတော့ လူတွေရွှေ့ပြောင်းဖို့အတွက် စက်လှေတွေ လိုအပ်နေပါတယ်”ဟု ပွဲရကန်ဆိပ်ကျေးရွာမှ ဦးမောင်သိန်းရွှေကပြောသည်။

ပန်းမြောင်းကြီးချောင်းအနီးရှိ ကပ်ပဲကျေးရွာတွင်လည်း ရေ ၁၀ ပေခန့်နစ်မြုပ်နေသည့်အတွက် ကျေးရွာသားများ ကျေးရွာကို စွန့်ခွာ၍ တောင်ခြေရင်းသို့ ထွက်ပြေးသွားခဲ့ကြရပြီး၊ ဘုန်ကြီးကျောင်းလည်း နောက်တစ်ပေလောက် ရေတက်လျှင် ရေနစ်မြုပ်တော့မည်ဖြစ်ကြောင်း၊ သိရသည်။

(ဓာတ်ပုံ- ကိုအမ်းသားကြီး)

Credit: Narinjara
https://www.facebook.com/Narinjara

Thursday, 14 June 2018

မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်

Min Byar water float 1
မြန်မာပြည် ဒေသအနှံ့အပြားမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး မြို့တွေ၊ နယ်တွေ အသီးသီးမှာ ရေကြီးမှုတွေနဲ့ တွေ့ကြုံနေရသလို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာလည်း  ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်နေပါတယ်။
မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “မနေ့က ရေစတက်နေတယ်။ ဒီကနေ့မှာ လေးမြို့မြစ်ရဲ့ စိုးရိမ်အမှတ်ကို ရောက်နေပြီခင်ဗျ။ ရွာကတော့ ၂၀ ကျော် ရေနစ်မြုပ်နေပြီ။ မင်းပြားမြို့ ရပ်ကွက်တချို့တွေနဲ့ ကျေးရွာတွေမှာ နစ်မြုပ်နေတာပါ။ မင်းပြားမြို့ထဲမှာဆိုရင် ရေ ၂ ပေကနေ ၃ ပေအထိ တက်နေတယ်။ မင်းပြားမြို့နယ်၊ လေးမြို့ချောင်းနဲ့ ပန်းမြောင်းကြီးချောင်းဘက်တွေမှာ ဆိုရင် ရေ ၄ ပေအထိ တက်နေတယ်” လို့ ပြောပါတယ်။
မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း ကျေးရွာတွေဖြစ်ကြတဲ့ ဒုံးသား၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ဝါးတောင်၊ မင်းဖူး၊ အသေကာလကျေးရွာနဲ့ ပုလဲတောင် ကျေးရွာတို့မှာလည်း ရေ ၄ ပေအထိ တက်နေတာပါ။
ဒါ့အပြင် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာလည်း မင်းတမ်းမ၊ လက်ခုပ်၊ စိတ္တရ၊ ကျောက်မော်၊ ဖုံသာချောင်း၊ သလူချောင်းကျေးရွာတွေမှာလည်း ရေ ၄ ပေကျော်ထိ တက်နေတယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ မင်းပြားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ သက်ဆိုင်ရာကတဆင့် ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကို ညွန်ကြားစာ ပို့ထားပြီးပြီ၊ အဲဒီမှာ ကျေးရွာမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့ထားဖို့ ပြောထားပါတယ်။ အဲ့ဒီမှာ တောင်ကုန်းထက်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ ရှိတယ်။ စာသင်ကျောင်းတွေ ရှိတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်း ရေကြီးမှုတွေကြောင့် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာလည်း စာသင်ကျောင်းတချို့ကို ပိတ်ထားရပါတယ်။
ဝဏ္ဏခွာညို

Wednesday, 13 June 2018

တောင်ကုတ်တွင် ဟွန်ဒါစက်လှေနစ်မြုပ်၍ လူ၂ ဦး ပျောက်ဆုံးနေ



၎င်းစက်လှေသည် တောင်ကုတ်မြို့ သဲဆိပ်မှ ပန်တင်းကျွန်းသို့ ထွက်ခွါလာစဉ် လိုင်းလေကြမ်း သဖြင့် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း လှေနစ်မြုပ်ရာသို့ သွားရောက်ပြီး ကယ်ဆယ်ခဲ့သူ ပန်းတင်းကျွန်းရွာနေ ဦးချစ်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။


အဆိုပါ ဟွန်ဒါစက်လှေငယ်မှာ တောင်ကုတ်မြို့သဲဆိပ်နေ ကိုတူး၏ စက်လှေဖြစ်ပြီး ၄င်းအပါအဝင် ခရီးသည် ၅ ဦးတင်ဆောင်ခဲ့ပြီး ပန်တင်းကျွန်းသိုက မောင်းလာခဲ့ရာ နေ့လယ် ၁၂ နာရီ ခန့်တွင် ကုလားရောင်မြစ်ကိုဖြတ် အကူးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။





#Unicode Version#
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က ဟွန်ဒါစက်လှေ တစ်စီး နစ်မြုပ်သွားခဲ့ရာ လူ ၃ ဦးအသက်ရှင်ပြီး ၂ ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

၎င်းစက်လှေသည် တောင်ကုတ်မြို့ သဲဆိပ်မှ ပန်တင်းကျွန်းသို့ ထွက်ခွါလာစဉ် လိူင်းလေကြမ်း သဖြင့် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း လှေနစ်မြုပ်ရာသို့ သွားရောက်ပြီး ကယ်ဆယ်ခဲ့သူ ပန်းတင်းကျွန်းရွာနေ ဦးချစ်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

"စက်လှေ နစ်မြုပ်တာ သိသိချင်းပဲ ကျွန်တော်တို့ ပန်းတင်းကစက်လှေ ၇ စီးနဲ့ သွားပြီးရှာဖွေ ခဲ့ပါတယ်။ နေ့လယ် တစ်နာရီကျော်ကတည်း ရှာဖွေနေတာ ၂ ဦးကို ခုချိန်ထိ ရှာမတွေ့သေးဘူး။ ၅ ဦးမှာ ၃ ဦးကတော့ ငတောက်တူပေါက် ကမ်းကိုပြန်လည် ကူးခတ်လာပြီးလွတ်မြောက်လာပါတယ်။ ကျန်နှစ်ဦးကို ညနေ ၆ နာရီဝန်းကျင်ထိ ရှာဖွေပေမယ့် မတွေ့ပါဘူး။ ညဘက် ရာသီဥတု ဆိုးဝါးလာတာနဲ့ ကျွန်တော်တို့လည်း အိမ်ကို ပြန်လာကြပါတယ်" ဟု ဦးချစ်ကျော်က ပြောကြားသည်။

အဆိုပါ ဟွန်ဒါစက်လှေငယ်မှာ တောင်ကုတ်မြို့သဲဆိပ်နေ ကိုတူး၏ စက်လှေဖြစ်ပြီး ၎င်းအပါအဝင် ခရီးသည် ၅ ဦးတင်ဆောင်ခဲ့ပြီး ပန်တင်းကျွန်းသိုက မောင်းလာခဲ့ရာ နေ့လယ် ၁၂ နာရီ ခန့်တွင် ကုလားရောင်မြစ်ကိုဖြတ် အကူးတွင် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဟွန်ဒါစက်လှေပိုင်ရှင် ကိုတူး(သဲဆိပ်)နှင့် ဦးမြင့်နိုင် (ဆိပ်ကမ်းသစ်)တို့ ဖြစ်ကြောင်းသိရသည်။

အသက်ဘေးမှ လွတ်မြောက်လာသူ သုံးဦးမှာ ကိုညီလေး (ပန်းတင်း)၊ ကိုဝင်းဇော်(မှိုဟင်းတော)၊ ဖိုးသောကြာ(ပန်းတင်း) တို့ ဖြစ်ကြသည်။

အဆိုပါစက်လှေငယ်မှာ တောင်ကုတ်မြို့မှ ထွက်ခွါခဲ့ရာတွင် ရာသီဥတု လှိုင်းလေအခြေအနေအရ လမ်းကြောင်းပြောင်းပြီး ရွာမချောင်းဘက်မှ ထွက်ခွါခဲ့သော်လည်း ကုလားရောင်မြစ်ကို ဖြတ်အကူးတွင် လှိုင်းပုတ်ပြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများကို ကိုးကားပြီး ဦးချစ်ကျော်က ပြောကြား သည်။

နစ်မြုပ်သွားသည့် စက်လှေငယ်အား နစ်မြုပ်သည့်နေရာမှ ကိုက် ၁၀၀၀ ခန့်အကွာမှ ဆယ်ယူရရှိလာခဲ့ပြီး ကံဆိပ်တောင်ဆိပ်ကမ်းတစ်နေရာတွင် သိမ်းဆည်းထားကြောင်း သိရသည်။
Credit: စိုးဇံအောင်(တောင်ကုတ်)

Wednesday, 23 May 2018

ပေါက်တောက ရွာ ၂၀ လောက် ရေရှားပါးနေ

ပေါက်တောမြို့နယ် ဖဒူချေကျေးရွာမှာ ရေခပ်ဖို့ စောင့်ဆိုင်းနေသူတွေကို တွေ့ရစဉ် / Photo: Kyaw Kyaw Lin's Facebook
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ လောက်ဟာ လတ်တလောရေရှားပါး မှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေရှားပါးမှုပြဿနာအတွက် ကျေးလက်ဒေသဖံွ့ဖြိုးမှုဦးစီးဌာနကို အကြောင်းကြားမှာဖြစ်သလို အစိုးရကိုလည်း တွန်းအားပေးသွားမယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။

ပေါက်တောမြို့နယ် တောင်ဘက်ပိုင်း ဖရုံကာကျွန်းသုံးကျွန်းထဲက ကြံခင်း၊ ငါးရီချိုင်၊ ငါးရပတ်ချိုင်၊ ဖဒူချေ၊ သဘောက်ချိုင် စတဲ့ ကျေးရွာပေါင်း ၂၀ လောက်မှာ ရေကန်တွေ ခန်းခြောက်နေတာကြောင့် သောက်သုံးရေ ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ဆိုပါတယ်။

ပေါက်တောမြို့နယ်မှာရှိတဲ့ ဖရုံကာကျွန်းသုံးကျွန်းထဲက ကျေးရွာတွေဟာနှစ်စဉ်ရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေ ရတာဖြစ်ပြီး တဖက်ပိတ်ဆည်တည်ဆောက်ပြီးရေပေးဝေဖို့ ပြည်နယ်အစိုးရကိုတင်ပြခဲ့ပေမယ့် ဒေသအနေ အထားအရ ဆည်တည်ဆောက်ဖို့မဖြစ်နိုင်ကြောင်း အစိုးရကပြန်လည်အကြောင်းပြန်ထားတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

လက်ရှိရေအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ကျေးရွာတွေကို အစိုးရဌာနဆိုင်ရာတွေဘက်က  ရေဖြန့်ဝေပေးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese

Saturday, 9 July 2016

ရေဘေးသင့် ရခိုင်ပြည်နယ် အရေးပေါ်အကူအညီ လိုအပ်

ရခိုင်ပြည်နယ်တွင်း ရေကြီးနေစဉ်။ သတင်းဓာတ်ပုံ- MOI
ရခိုင်ပြည်နယ်တွင်းက ရေလွှမ်းမှုဒဏ်ခံရတဲ့ မြို့နယ်တွေမှာ ရေပြန်ကျ လာနေပေမယ့်လည်း ၊ အကူအညီတွေတော့ လိုအပ်နေတုန်းပဲဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။ ရေကြီးမှုကြောင့် တံတား ၃ ခု အပါအ၀င် ကျိုးကျ ပျက်စီးသွားခဲ့ပေမယ့်လည်း၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ခဲ့တဲ့ အတွက် အရင်နှစ်ကလောက်တော့ သေဆုံးမှုမရှိဘူးလို့ သူကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးအဆတ်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေတွေကြီးပြီး ရခိုင်ပြည်နယ်အတွင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင် နဲ့ အမ်းမြို့နယ်တွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့လည်း အခုအခါမှာတော့ အဲဒီနေရာ အတော်များများမှာ ရေပြန်ကျ လာနေပြီး၊ ရေကြီး မှုနောက်ဆုံး အခြေအနေကိုတော့

Tuesday, 5 July 2016

ကချင်၊ စစ်ကိုင်း၊ ရခိုင်ဒေသအချို့တွင် ရေဖုံးလွှမ်းနိုင်သည့် အလားအလာများမြင့်မားနေဟု ဒေါက်တာထွန်းလွင် သတိပေး

ရန်ကုန်၊ ဇူလိုင် ၄ - တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုတွင် ရေဖုံးလွှမ်း နိုင် သည့်အလားအလာများမြင့်မား နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က သတိ ပေး ပြောကြားသည်။

ကချင်ပြည်နယ်အနောက်အ လယ်ပိုင်း ပူတာအိုအနီးတစ်ဝိုက် ဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီး အနီးတစ်ဝိုက်ဒေသ၊ ရခိုင်ပြည်နယ် စစ်တွေအနီးတစ်ဝိုက်ဒေသများနှင့် ကျောက်ဖြူအနီးတစ်ဝိုက်ဒေသများ တွင် ယခုရက်ပိုင်းအတွင်း ရေဖုံး လွှမ်း နိုင်သည့်အလား အလာများ မြင့်မား နေ သည့်အပြင် လက်ရှိအချိန်တွင် မိုးရေချိန်သုံးလက်မမှ ခုနစ်လက်မ အထိရွာသွန်း ခဲ့ပြီး မိုးကြီးခဲ့ကြောင်း သိရသည်။

Tuesday, 14 June 2016

ရေကြီးမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် သေဆုံးမှု ၁၉ ဦးအထိရှိလာ

ရေကြီးမှု
ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သော ကောလင်းမြို့တွင် ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သဖြင့် မြို့သူမြို့သားများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေပုံ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)
ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သော ကောလင်းမြို့တွင် ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်သဖြင့် မြို့သူမြို့သားများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေပုံ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)
မြန်မာနိုင်ငံတ၀န်း ရေကြီးမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် သေဆုံးသူ ၁၉  ဦးရှိလာကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနထံမှ သိရှိရသည်။
ဇွန်လ ၁ ရက်နေ့မှစတင်၍ ဇွန်လ ၁၃ ရက်နေ့အထိ  နိုင်ငံတ၀န်း သေဆုံး သူ ၁၉  ဦးရှိလာခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တွင်  ရေကြီးမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း၊  ပဲခူးတိုင်းဒေသကြီး နတ်တလင်းနှင့် ပေါင်းတည် မြို့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပိသေဆုံးသူ ၂ ဦး၊ ကချင်ပြည်နယ် ဖားကန့်တွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁ ဦး အပါအ၀င် မိုးကြိုးထိမှန်မှုကြောင့် ဘားအံ၊ သေနတ်ပင်၊ ပခုက္ကူ၊ ပဲခူးနှင့် အင်္ဂပူမြို့တို့တွင် စုစုပေါင်းသေဆုံးသူ ၅ ဦးရှိခဲ့ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောသည်။

Monday, 13 June 2016

သံတွဲမြို့ နယ်အတွင်းရှိ ရွာ(၂)ရွာကယ်ဆယ်ရေး ပစ္စည်းအရေးပေါ်လိုအပ်နေ

 ၁၁-၆-၂၀၁၆ နေ့ ကသံတွဲမြို့ နယ်အတွင်းရှိ ရွှေလှေ ချောင်းဖျားအထက်ပိုင်းတွင်မိုးသည်း
ထန်စွာရွာသွန်းမှုကြောင့်သူဌေးချောင်းရေလျှံ ကာကျေးရွာအများအပြားရေကြီးနစ်မြုပ်ခဲ့ရပါ
သည်၊ကျေးရွာများရေနစ်မြုပ်ရာတွင်
ရွှေလှေကျေးရွာမှအိမ်ခြေ- (၄) လုံး
ကျောင်းကုန်းကျေးရွာမှအိမ်ခြေ-(၁)လုံး
ရေကောက်ကျေးရွာတွင်အိမ်ခြေ-(၃၀)လုံး
ပုရစ်ကျေးရွာတွင်အိမ်ခြေ-(၇၈)လုံး ရေထဲမျောပါသွားခဲ့ပါသည်

Saturday, 11 June 2016

အမ်းမြို့နယ်မှာ ရေကြီးနေ

ရခိုင်မှာ မိုးကြီးလေပြင်းတွေ ကျ
ရခိုင်ပြည်နယ်မှာ မိုးတွေ အဆက်မပြတ် ရွာသွန်းနေတဲ့ အတွက် အမ်းမြို့နယ်က အချို့ ကျေးရွာတွေမှာ ရေတက် လာသလို ကားလမ်းတွေလည်း အပိုင်းပိုင်း ကျိုးပြတ် သွားတာတွေ ဖြစ်ပေါ်နေပါတယ်။

အမ်းမြို့နယ် အိမ်ခြေ တထောင်ကျော် ရှိတဲ့ ရူးကျေးရွာမှာ ဒီရေမဝင်ရအောင် တားတဲ့ တာကျိုးပေါက် သွားတဲ့ အတွက် ရွာထဲကို ရေတွေ ဝင်လာနေတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Monday, 3 August 2015

ထိုင်းနိုင်ငံ မဲဆောက် ရခိုင်အဖွဲ့အစည်းများစုပေါင်းအလှူငွေကောက်ခံ

Arakan generation youth Organization's photo.
ရခိုင်ပြည်နယ်ရေးဘေးဒုက္ခသည်များကို ကူညီပေးနိုင်အတွက် ယနေ့ ၂ - ၈ - ၂၀၁၅ နေ့ရက်တွင်
ထိုင်းနိုင်ငံမဲဆောက်ရောက် ရေဘေးကယ်ဆယ်ရေးအသင်းကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းများဖြစ်ကြတဲ့
All Arakan Students' and All Arakan Students' & Youths' Congress - AASYC- AASYC
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့လူငယ်ကွန်ဂယက်
Arakan Workers' Union - AWU
ရခိုင်အလုပ်သမားများ သမဂ္ဂ
Arakan Labour Campaign -ALC
ရခိုင်အလုပ်သမားလှုပ်ရှားမှု
Arakan generation youth Organization - AGYO
ရခိုင်မျိုးဆက်သစ်လူငယ် အစည်းအရုံး
Arakan Human Rights and Environmental Movement ( Movement).
AHREM
ရခိုင်လူ့ အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှု

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate