Showing posts with label မုဒိန်းမှု. Show all posts
Showing posts with label မုဒိန်းမှု. Show all posts

Thursday, 11 January 2018

မိခင်မှ ပိုက်ဆံအိတ်ကျန်၍ ပြန်ယူခိုင်းလိုက်သော သမီးဖြစ်သူ၊ သားမယားပြု့ကျင့်ခံရ


ဇန္နဝါရီလ (၁၀)ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာနေသူ၊ မ---- (၂၅)နှစ်သည်၊ မိခင်ဖြစ်သူနှင့်အတူ ၎င်းတို့လယ်တဲနေအိမ်မှ၊ ချောင်းဝကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စနှင့် လာရောက်ခဲ့ရာ မိခင်ဖြစ်သူမှ ပိုက်ဆံအိတ် ၎င်းတို့တဲနေအိမ်တွင်၊ မေ့ကျန်၍၊ မိခင်မှ ပိုက်ဆံအိတ်ကျန်၍ ပြန်ယူခိုင်းလိုက်သော သမီးဖြစ်သူအား ဆိုင်ကယ်/ကယ်ရီမောင်းသမားက အတင်းအဓမ္မ သားမယားပြု့ကျင့် ခဲ့ရကြောင်း သိရပါသည်။

သမီးဖြစ်သူ မ ----- အား၊ လမ်းတွင်တွေ့ရတဲ့ တစ်ရွာတည်းနေ၊ ဆိုင်ကယ်/ကယ်ရီမောင်း ဇော်မင်းဦး (၂၄)နှစ်(ဘ)ဦးကြည်နိုင်၊ ချောင်းဝကျေးရွာ၊ ကျောက်တန်းမြို့နယ်နေသူနှင့် မေ့ကျန်ခဲ့ သော ပိုက်ဆံအိတ်အား၊ ပြန်ယူခိုင်းရာ၊ လယ်တဲနေအိမ်သို့ အရောက်တွင်၊ ဇော်မင်းဦးမှ တရား လို မ-----အား၊ နောက်မှပွေ့ဖက်ပြီး၊ တွန်းလှဲ၍၊ သားမယားအဖြစ်၊ တစ်ကြိမ်ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

နောက် မ-----၏ မိဘများအား၊ ပြန်ပြောလျင်၊ သတ်ပြစ်မည်ဟု ခြိမ်းခြောက်ကာ၊ မိခင်ဖြစ်သူထံပြန်လည်လိုက်ပို့ပေးခဲ့သဖြင့်၊ မ----မှ၊ ၎င်းအား သားမယားပြု့ကျင့်ခဲ့သူ၊ ဇော်မင်းဦး(ဘ) ဦးကြည်နိုင်အား၊ ဥပဒေအရအရေးယူပေးပါရန်၊ ကျောက်တန်းမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့်၊ တရားခံ ဇော်မင်းဦးအား ဖမ်းဆီး၍၊ ကျောက်တန်းမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဆွေမှ (ပ)၁၅ /၂၀၁၈၊ ပုဒ်မ-၃၇၆၊ အရ၊ အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

NoTwo Kyauktan

Saturday, 11 November 2017

ကျပ်ငွေ ၁၂ သိန်းယူကာ ကျေအေးသည့် အုန်းတောကြီးမြောက် သက်ငယ်မုဒိမ်းမှု အာဏာပိုင်များ စစ်ဆေးစေလို

နိရဉ္စရာ၊ နိုဝင်ဘာ ၁၁
 ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး(မြောက်) မူဆလင် ဒုက္ခသည်စခန်းတွင် အသက် (၁၂) အရွယ်မိန်းခလေး တစ်ဦးအပေါ် ကျူးလွန်ခဲ့သည့် သက်ငယ် မုဒိမ်းမှုကို ကျပ်ငွေ ၁၂ သိန်းယူပြီး ပြေလည်အောင်ဆောင်ရွက်ခဲ့မှု အပေါ် ဥပဒေအညီ ဖြစ်စေရန် အထက်အာဏာပိုင်များက ပြန်လည် စစ်ဆေး ပေးစေလိုသည်ဟု စခန်းတွင်းမှ လူကြီး တစ်ဦးက ပြောသည်။

“ ဒီသက်ငယ်မုဒိမ်းမှုကို ကျပ် ၁၂ သိန်းယူပြီး ပြေလည်စေခဲ့ပါတယ်။ ဒါဟာ မဖြစ်သင့်ပါ။ အခုလို လုပ်တာကို အရေးမယူနိုင်ဘူးဆိုရင် အဲဒီမိန်းခလေးလို တစ်ခြားမိန်းခလေးတွေကိုလည်း လုပ်လာနိုင်တဲ့ အတွက် ထုတ်ဖော်ပြောဆိုရတာပါ” ဟု စခန်းတွင်းမှ အဆိုပါ လူကြီးက ဖုန်းဆက် ပြောကြားသည်။

Wednesday, 14 December 2016

လောင်းလုံးမြို့ နယ်တွင် အသက် ၂နှစ်အရွယ် ကလေးငယ်ကို ၃၃နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မကျင့်မှုဖြစ်ပွား (ရုပ်သံ)

Eleven Broadcasting a12 December at · Yangon, Myanmar ·
လောင်းလုံးမြို့ နယ်တွင် အသက် ၂နှစ်အရွယ် ကလေးငယ်ကို ၃၃နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မကျင့်မှုဖြစ်ပွား (ရုပ်သံ)
ထားဝယ်ခရိုင် လောင်းလုံးမြို့ နယ်ရှိ သဘော့ဆိပ်ကျေးရွာတွင် အသက်

Thursday, 29 September 2016

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်သည့် ကျောင်းဆရာကို အရေးယူ


ကျိုက်လတ်မြို့မရဲစခန်း (ဓာတ်ပုံ- ဆလိုင်းသန့်စင်/ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ ၈ တန်းကျောင်းသူ ၂ ဦးကို စာသင်ကျောင်းအတွင်း၌ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်သည်ဟုဆိုကာ သမိုင်းဘာသာရပ်သင် ဆရာဦးရန်နိုင်အား ရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၇ ရက်နေ့ တွင် ဖမ်ဆီးအရေးယူထားကြောင်း သိရသည်။
ရွှေညောင်ပင် အလက(ခွဲ)မှ အသက် ၂၈ နှစ်အရွယ်ရှိသည့် သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်သည် ၎င်းစာသင်ကြားပေးနေသည့် အသက် ၁၅ နှစ် အရွယ်ကျောင်းသူတဦးကို ဆရာများနားနေခန်းအတွင်း ၅ ကြိမ် သားမယားပြုကျင့်ခဲ့ကြောင်း၊ အသက် ၁၄ နှစ်အရွယ်ကျောင်းသူတဦးကိုလည်း စာသင်ခန်းအတွင်း ၃ ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ထားကြောင်း ကျိုက်လတ်မြို့မ စခန်းမှူး ဒုရဲမှူး ထင်အောင်က ဧရာဝတီကို ပြောသည်။
“အဲဒီဆရာက သူသင်တဲ့သမိုင်းဘာသာအတွက် ကျောင်းပိတ်ရက်မှာ အချိန်ပိုခေါ်တယ်။ အဲလို အချိန်ပိုခေါ်ပြီးတော့ တခြားကျောင်းသားတွေကို အခန်းထဲမှာ စာကျက်ခိုင်းထားပြီး ပထမကောင်မလေးကို အမှတ်ခြစ်ဖို့ဆိုပြီး ဆရာများနားနေခန်းကို ခေါ်ပြီးတော့ ဆရာ့မှာ သွေးသားနဲ့ပတ်သက်တဲ့ အကူအညီ လိုနေပါတယ်ဆိုပြီး ကလေးမလေးကို ပြောတယ်။ ကလေးမလေးက ငြင်းတော့ ဒီတခါထဲပါဆိုပြီး သားမယားအဖြစ် အဓမ္မပြုကျင့်တယ်။ အဲဒီလိုနဲ့ ၅ ကြိမ်တိုင် သားမယားပြုကျင့်ခဲ့တယ်”ဟု သူက ပြောသည်။
ကျောင်းဆရာဦးရန်နိုင်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို ဇူလိုင်လအတွင်းက သားမယားအဖြစ် ၅ ကြိမ် ပြုကျင့်ခဲ့ပြီးနောက် ကညင်ကိုင်း ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ တဦးကိုလည်း သြဂုတ်လအစောပိုင်းတွင် ညနေကျောင်းဆင်းချိန်များ၌ သားမယားအဖြစ် ၃ ကြိမ် ပြုကျင့်ခဲ့သည်ဟု  စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း စခန်းမှူး ဒုရဲမှူး ထင်အောင်က ဆိုသည်။
“အဲဒီဆရာက ကညင်ကိုင်းရွာမှာနေတယ်။ ဒုတိယကလေးမလေးက သူနေတဲ့ ကညင်ကုန်းရွာကို တလမ်းထဲ ပြန်ကျတာဆိုတော့ ညနေကျောင်းဆင်းချိန်တွေမှာ ကျောင်းဆင်းချိန်မှာ စောင့်ပြီး အတူတူပြန်ကြတယ်။ အဲဒီမှာ ကလေးမလေးကို ၇ တန်းစာသင်ခန်းထဲကို ခေါ်ပြီးတော့ သားမယားအဖြစ်ပြုကျင့်တာဖြစ်တယ်”ဟု သူက ပြောသည်။
ဦးရန်နိုင်သည် ရွှေညောင်ပင်ရွာ အလက (ခွဲ) တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလက စတင်၍ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ယခင်က မအူပင်မြို့နယ် ရေနုတ်ချောင်း ကျောင်း၊ ဂင်္ဂါးကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
“သားမယားအကျင့်ခံရတဲ့ ကျောင်းသူလေး ၂ ယောက်အကြောင်းကို အချင်းချင်း ပြောပြရာကနေ ကညင်ကိုင်းရွာက သူတို့နဲ့အတူတူ ကျောင်းတက်နေတဲ့ ၈ တန်းကျောင်းသူက သိသွားပြီးတော့ အိမ်ရောက်တဲ့အခါမှာ ဒီလိုအကျင့်မကောင်းတဲ့ဆရာဆီမှာ စာမသင်ချင်ဘူးဆိုပြီး လူကြီးတွေကို ပြောတယ်။ အဲဒါနဲ့ လူကြီးတွေက ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့မှ သူ့သူငယ်ချင်း ၂ ယောက်ကို သမိုင်းစာသင်တဲ့ ဆရာဦးရန်နိုင်က ဒီလိုမျိုးတွေကျူးလွန်နေကြောင်း ပြောပြတော့မှ မိဘအချင်းချင်း ဖုန်းဆက်၊ ကလေးမတွေကို ချော့မေးတော့မှ ဒီအမှုက ပေါ်လာတာ”ဟု ကညင်ကိုင်းကျေးရွာမှ ဒေသခံတဦးက ပြောသည်။
ကျောင်းဆရာ ဦးရန်နိုင်မှ ကျောင်းသူ ၂ ဦးကို အကြိမ်ကြိမ် သားမယားပြုကျင့်ခြင်းကို အရေးယူပေးရန် ဖခင် ၂ ဦး၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း သိရသည်။
....

Sunday, 31 July 2016

ထိုင်းလူသတ်မှု DNA ဖမ်းဆီးခံ မြန်မာတွေနဲ့ မတူ


ထိုင်းနိုင်ငံ ရနောင်းမြို့မှာဖြစ်ပွားခဲ့တဲ့ ထိုင်းကျောင်းသူသေဆုံးမှုအတွက် ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားလေးဦးရဲ့  DNA မျိုးရိုးဗီဇ နဲ့ သေဆုံးသူဆီ မှာတွေ့ရတဲ့ DNA မျိုးရိုး ဗီဇတွေ တူညီမှုမရှိဖူးလို့ မနေ့က အဖြေထွက်ခဲ့ပါတယ်။

အသတ်ခံရတဲ့ကျောင်းသူရဲ့ လက်သည်းကြားမှာကျန်ရှိခဲ့တဲ့ အသားစနဲ့ မြန်မာလုပ်သား လေးဦးရဲ့ DNA ကို စစ်ဆေးရာမှာ အခုလို ကွဲလွဲမှုကို တွေ့ခဲ့ ရတာဖြစ်တယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက် ပေးနေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ ကွန်ရက်အဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။

"အစိုးရတင်ထားတဲ့ သက်သေတွေကိုလည်းမေးတယ်၊ လူ့အခွင့်ရေးကော်မရှင်နဲ့ ထိုင်းရှေ့နေတွေကနေပြီးတော့ တောင်းထားတဲ့ မျိုးရိုးဗီဇပေါ့၊ DNA

Tuesday, 24 May 2016

အမျိုးသမီး(၈)ဦးကို ရိုက်နှက်ပြီး မုဒိန်းကျင့်ခဲ့သူ ဖမ်းမိ


နောက်ဆုံးသက်သေ

Posted on 23May2016

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် စံစိုင်း မြို့ နယ်အတွင်းမှာ ညပိုင်း ဆိုင်ကယ်စီး အလုပ်ပြန်လာတဲ့ အမျိုးသမီး တွေကို မုဒိန်းကျင့်နေသူ တရားခံပြေးတဦးကို ဖယောင်မြို့ နယ်အတွင်းက စားသောက်ဆိုင်မှာ ဖမ်းမိခဲ့ပါတယ်။

တနှစ်အတွင်း အမျိုးသမီး(၈)ဦးကို မုဒိန်းကျင့်ခဲ့သူ ဖွန်ချိုင်း အသက် (၂၉) နှစ်က ညပိုင်းမှာ ဆိုင်ကယ်တစီးနဲ့ ချင်းမိုင် မြို့ ကိုပါတ်ပြီး တဦးထဲပြန်လာတဲ့ အမျိုးသမီးရဲ့ နောက်ကနေ ဆိုင်ကယ်နဲ့  လိုက်၊ လူပြတ်တဲ့နေ
ရာမှာ ဆိုင်ကယ်ချင်း ကပ်မောင်းပြီး လမ်းဘေးထိုးကျအောင်လုပ်ပြီးမှ အမျိုးသမီးတွေကို မြက်တောထဲဆွဲခေါ် ၊ရိုက်နှက်ပြီး လိင်ဆက်ဆံ ပါတယ်။

Thursday, 12 May 2016

စင်ကာပူမှာ ၆ နာရီအတွင်း ၂ ကြိမ် မုဒိမ်းကျင့်ခံရတဲ့ အသက် ၃၅ နှစ်ရှိ မြန်မာအိမ်အကူ

စင်ကာပူမှာ ၆ နာရီအတွင်း ၂ ကြိမ် မုဒိမ်းကျင့်ခံရတဲ့ အသက် ၃၅ နှစ်ရှိ မြန်မာအိမ်အကူ....
၂၀၁၃ ခုနှစ်က စင်ကာပူမှာ ဖြစ်သွားတဲ့ case ပါ။ ခုတလော စိတ်မကောင်းစရာတွေပဲ ကြားနေရတယ်။ ရေးမပြချင်ပေမယ့်လည်း ဆင်ခြင်တွေးဆနိုင်အောင်လို့ ရေးလိုက်မိပါတယ်။
၁၁/၀၅/၂၀၁၆ ဒီနေ့ ဆက်ကြားနာနေတယ်။
မုဒိမ်းသမားက အိမ်ရှင် အမျိုးသား၊ အသက် ၄၅ နှစ်၊ စင်ကာပူ PR card ကိုင်ထားတဲ့ မလေးရှားနိုင်ငံသား အရက် ဖြန့်ဖြူးသူ။ အိမ်အကူရဲ့ ပါမစ်ကို အဲ့ဒီအမျိုးသားရဲ့ မိန်းမက လျှောက်ပေးထားတာဖြစ်တယ်။ ခုတော့ အဲ့ဒီလင်မယားလဲ ကွဲနေတယ်။
မြန်မာအိမ်ဖော်လေးက အိမ်မှာ တစ်ယောက်တည်း အိပ်နေချိန် မဒိမ်းကောင်က စောစော ပြန်လာပြီး ကောင်မလေးက မလုပ်ဖို့တောင်းပန်တဲ့ကြားက နိုင်ထက်စီးနင်း မုဒိမ်းကျင့်တယ်။

Friday, 4 March 2016

ရဲအတုက တည်းခိုသည့်မိသားစုမှသမီးငယ်ကိုကြံ

 Posted by သတင်းအတင်းမီဒီယာ Posted
သာယာဝတီခရိုင်လက်ပံတန်း မြို့နယ် ရေငံကျေးရွာအုပ်စု ဂုံမင်း ရှိုးအစုနေ (ဘ)ဦး----၏ သမီး ဖြစ်သူ မ---- အသက် ၁၅ နှစ်ကို နယ်ထိန်းအမည်ခံ ကိုနေလင်းဦးဆိုသူက တောင်ပေါ်သစ် လှည်းများကို အခကြေးငွေတောင်းခံသည့် တည်းခိုနေထိုင်သော အိမ် ရှင်၏သမီးဖြစ်သူကို ဖေဖော်ဝါရီ ၂၈ရက်က အဓမ္မအလိုမတူ သား မယားပြုကျင့်ခဲ့ကြောင်း သိရ သည်။

အဆိုပါကိစ္စဖြင့် အဓမ္မပြုကျင့် ခံရသူ မ----၏ မိခင်ဖြစ်သူက ''ကျွန်မတို့နေထိုင်တဲ့တဲကို လွန်ခဲ့ တဲ့နှစ်ပတ်ကျော်ခန့်က လက်ပံ တန်းရဲတပ်ဖွဲ့မှဆိုပြီး နယ်ထိန်း နေလင်းဦးနဲ့ တင်ထွေးဆိုသူ နှစ်ဦး ရောက်ရှိလာတယ်။ သူတို့ဟာ လက်ပံတန်းရဲစခန်းအတွက် ဘတ် ဂျက်ငွေလိုနေသဖြင့် ဒီတဲမှာတည်း ခိုပြီး သစ်လှည်းတွေကို ငွေတောင်း ဖို့တာဝန်နဲ့လာကြောင်း ပြောပါ တယ်။ ကျွန်မတို့မှာ ရဲဆိုကြောက် သဖြင့် သူတို့ပြောတဲ့အတိုင်း ဘာမှ မပြောဘဲ လက်ခံထားလိုက်ပါ တယ်။ အဲဒီနောက် သူတို့တွေဟာ တောင်ပေါ်မှလာတဲ့သစ်လှည်းတွေ ကို သူတို့နှစ်ဦးဟာ နယ်ထိန်းလို့ ပြောပြီး အခကြေးငွေတောင်းပါ တော့တယ်။ ဒီလိုနဲ့ ကျွန်မတို့ အနေနဲ့ နောင်တစ်ချိန်မှာ သူတို့ တောင်းထားတဲ့ သစ်လှည်းတွေ ဟာ သူတို့မရှိရင် ကျွန်မတို့ကို ရန် လုပ်မှာကြောက်လို့ ဆရာတို့အနေ နဲ့ တခြားနေရာမှာတောင်းပါလို့ နယ်ထိန်းနေလင်းဦးနဲ့ တင်ထွေး ကိုပြောသောအခါ ကျွန်မတို့တဲ

Thursday, 4 February 2016

လက္ခဏာဆရာက သားမယားပြုကျင့်မှု အမှုဖွင့်အရေးယူ

မန္တလေးတိုင်းဒေသကြီး ချမ်း အေးသာစံမြို့နယ် ချမ်းအေးသာစံ အလယ်ရပ်ကွက်၂၈ လမ်း၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ လက္ခ ဏာဆရာ စံကျော်ဟန်ဝင်း အသက် (၅ဝ)၏ လက္ခဏာဟောခန်း၌ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က အလုပ်လုပ် လျက်ရှိသောမ----(၂၃နှစ်) ချမ်း အေးသာစံ အရှေ့ရပ်ကွက် ချမ်းအေး သာစံမြို့နယ်နေသူအား စံကျော် ဟန်ဝင်းက ၄င်း၏နေအိမ် အိပ်ခန်း အတွင်း သန့်ရှင်းရေးပြုလုပ်ပေးရန် ခေါ်ဆောင်ပြီး အလိုမတူသား မယားအဖြစ်ပြုကျင့်ခဲ့သည်။

Friday, 23 October 2015

တပ်မတော်သားတဦးမှ အဓမ္မပြုကျင့်ခြင်းခံရသည်ဆိုသော မိန်းကလေး၏ ဈာပန


------ ------ ------ ------ ------
ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ဓည၀တီ (က) ရပ်ကွက်တွင်
ဖြစ်ပွားခဲ့သော တပ်မတော်သားတဦးမှ အဓမ္မကျင့်သည်ဆိုသည့် မိန်းကလေးငယ် ရန်ကုန် ရန်ကင်းဆေးရုံကြီးတွင် အောက်တို ဘာလ ၂၁ ရက် မွန်းလဲ ၁နာရီ ၅ မိနစ်အချိန်တွင် အဟာရချို့တဲ့ရောဂါဖြင့် သေဆုံးသွားခဲ့သည်။
မိန်းကလေးငယ်သေဆုံးသွားရခြင်းမှာ နဂိုကတည်းက ရှိနေသည့်
အဟာရချို့တဲ့ရောဂါကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး ယင်းမိန်းကလေးငယ်၏ ရုပ်အလောင်းအား အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန် ရေဝေးသုဿန်တွင် မီးသဂြိုလ်ပြီးစီးသွားပြီဖြစ်သည်။ မိန်းကလေး၏ ကျန်းမာရေးအတွက် လိုက်လံဆောင်ရွက်ပေး နေသော ရခိုင်လူမှုအဖွဲ့ အစည်းများမှ အမှုမှန်ပေါ်ပေါက်အောင် ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်း သိရသည်။
၎င်း ၈ နှစ်အရွယ်မိန်းကလေးငယ်အား စစ်တွေပြည်သူ့ဆေးရုံကြီးမှတဆင့်
ရန်ကုန်မြို့ ရန်ကင်းကလေးအထူးဆေးရုံကြီးသို့ အောက်တိုဘာလ ၉ ရက်နေ့တွင်ပို့ဆောင်ပြီး ဆေးကုသမှုကို ခံယူနေစဉ် နဂိုရောဂါအခံ အဟာရ

Thursday, 24 September 2015

ဒုတပ်ကြပ်မှ အသက် (၈)နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်

၂၄..၉..၁၅
-စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က
အသက် (၈)နှစ်အရွယ် အမျိုးသမီးငယ်အား ဒုတပ်ကြပ်တစ်ဦးမှ အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားကြောင်း သိရသည်။-
ပြစ်မှုကျူးလွန်သည့် ဒုတပ်ကြပ်ကြီးမှာ( ၃၅၄ ) တပ်ရင်းမှ နေဝင်းအောင် ဗမာ / ဗုဒ္ဓဘာသာ - ဖြစ်ကြောင်း။ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်အား ယခုအခါ ဆေးရုံသို့ပို့ထားလိုက်ပြီး၊ ပြစ်မှုကျူးလွန်သည့် ဒုတပ်ကြပ်အား
စစ်တွေမြို့၊ မြို့မရဲစခန်းမှ စတ(ပ) ၂၀၃/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်
၂၀၁၅ စက်တင်ဘာလ ၂၃ ရက်နေ့ ၆ နာရီကျော်အချိန်တွင်

Tuesday, 22 September 2015

ကျူရှင်ဆရာက တပည့်ကို အဓမ္မကျင့်


      မိတ္ထီလာမြို့နယ်တွင် ကျူရှင်ဆရာမှ တပည့်ဖြစ်သူအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံမှ သိရသည်။

ယခုလ (၁၉) ရက်နေ့ ည (၉း၃၀) အချိန်တွင်. . . . .ကျေးရွာနေ မ. . . . . (၁၃) နှစ်သည် အ.ထ.က ခွဲ ကျောင်းအရှေ့ဘက်တွင် ရှိသော မောင်. . . . (၂၄) နှစ် (ကျူရှင် ဆရာ)နေထိုင်သည့် အခန်းသို့ စာသင်ရန် သွားရောက်စဉ် မောင်. . . . .(၂၄) နှစ်မှ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

Friday, 24 July 2015

ကိုယ်အင်္ဂါ ချို့ယွင်းသည်အထိ အဓမ္မပြုကျင့် ခံရသော ကလေးငယ်၏ အမှု တိုင်းရုံးက စတင်စစ်ဆေး

      ကသာမြို့တွင် ကိုယ်အင်္ဂါ ချို့ယွင်းသည်အထိ အဓမ္မပြုကျင့်ခံရသော ရှစ်နှစ်အရွယ် ကလေးငယ်၏ အမှုအား တိုင်းရုံးသို့ ဆက်လက် တိုင်ကြားခဲ့ရာ ယခုစတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း အဆိုပါ ကလေးငယ်၏ မိခင်ဖြစ်သူထံမှ သိရသည်။       ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့တွင် ကလေးငယ် အဓမ္မပြုကျင့်ခံရမှု အတွက် နစ်နာကြေး၊ ကလေးငယ်၏ ကျန်းမာရေး အတွက် ကုသစရိတ်များ ရယူလိုမှုဖြင့် ကသာခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ဇွန်လ (၁၇) ရက်နေ့ ရုံးချိန်းတွင် အခင်းဖြစ် ကာလနောက် တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် တရားစွဲဆို ပိုင်ခွင့် မရှိဟုဆိုကာ၊ ကသာခရိုင် တရားရုံးမှ ပလပ်ခံရသဖြင့် ဇူလိုင်လ (၁၃) ရက်နေ့တွင် တိုင်းတရားရုံးသို့ ဆက်လက် တိုင်ကြားခဲ့ရာ၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်း တရားရုံးက ခရိုင်တရားရုံးရှိ အမှုတွဲအား တောင်းယူသွားပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate