Showing posts with label လူကုန်ကူးမှု. Show all posts
Showing posts with label လူကုန်ကူးမှု. Show all posts

Thursday, 18 January 2018

Mae Sot Anti-Human Trafficking Network ( မဲဆောက်လူကုန်ကူးမှုတိုက်ဖျက်ရေး ကွန်ယက်) လစဉ်​ အစည်းအ​ဝေး






Mae Sot Anti-Human Trafficking Network ( မဲဆောက်လူကုန်ကူးမှုတိုက်ဖျက်ရေး ကွန်ယက်) လစဉ်​ အစည်းအ​ဝေး - 15.1.2018 - IDC OFFICE - 9:00-12:00
www.agyo.org

Thursday, 23 November 2017

ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ ထိုင်းတောင်ပိုင်းပြည်နယ်များရှိ ငါးဖမ်းစက်လှေများပေါ် ပုံမှန်တက်ရောက်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိ


ကျော်စိုး(ကော့သောင်း) ကော့သောင်း နိုဝင်ဘာ ၂၃
===================
ကမ္ဘာနှင့်အဝန်း လူကုန်ကူးမှု ပြဿနာများကြီးထွားဖြစ်ပေါ် လျက်ရှိသဖြင့် လူကုန်ကူးမှုတိုက် ဖျက်ရေး လုပ်ငန်းများနှင့် ထိုင်း နိုင်ငံအတွင်း ငါးဖမ်းလှေများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် လှေ လုပ်သားများရပိုင်ခွင့် ဆုံးရှုံးနေမှု များဖြစ်ပေါ်မှုရှိမရှိ ထိုင်းအာဏာ ပိုင်တာဝန်ရှိအဖွဲ့အစည်းများ၊ ထိုင်း တောင်ပိုင်းဒေသများရှိ ငါးဖမ်း စက်လှေများပေါ်သို့ စဉ်ဆက်မပြတ် တက်ရောက်စစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိကြောင်း ယမန်နေ့က ထိုင်းနိုင်ငံမှလာသည့်သတင်းများ အရ သိရသည်။

အလုပ်သမားအခွင့်အရေးဆုံးရှုံး မှုကာကွယ်စောင့်ရှောက်ရေးအကြီး တန်းအရာရှိဖြစ်သူ ကြည်ဒါဖန် စီရိုဖကိုယ်တိုင်ဦးဆောင်ကာ ဒေသ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ပေါင်းစုံဖြင့် ငါးဖမ်းစက်လှေများ တွင် လုပ်ကိုင်လျက်ရှိသည့်လှေလုပ် သားများ တစ်ဦးချင်းစီကို တွေ့ဆုံ မေးမြန်းမှုများလုပ်နေကြောင်း၊ အထူးသဖြင့် တောင်ပိုင်းဒေသများ ရှိ ငါးဖမ်းစက်လှေအများစုတွင် မြန်မာနိုင်ငံသားအများစုဖြစ်ကြ ကြောင်း၊ လူပွဲစားလှေသူကြီး၏ ရောင်းစားမှု၊နှိပ်စက်ညှဉ်းပန်းမှုများ ရှိမရှိ စက်လှေများပေါ်တက်ရောက် စစ်ဆေးလျက်ရှိကြောင်း၊ ထို့အပြင် လှေလုပ်သားများရရှိသည့် လစဉ် ငွေကြေးလုပ်အားခ ရပိုင်ခွင့်များ သတ်မှတ်ထားသည့် လုပ်ခလစာ ရရှိခြင်းရှိမရှိ၊ လုပ်ငန်းခွင်လှေပေါ် တွင်ကျွေးမွေးသည့်အစားအသောက် များ စံချိန်စံညွှန်းကိုက်ညီမှုရှိမရှိ စသည့်ဖြစ်စဉ်များအား အလေး ထားစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အထူးသဖြင့် ထိုင်းနိုင်ငံသည် နိုင်ငံတကာလူကုန်ကူးမှု အဆိုး ရွားဆုံးဖြစ်စဉ်များ အများဆုံးဖြစ် ပေါ်လေ့ရှိသည့် တောင်ပိုင်း ဒေသ များတွင် လူမှောင်ခိုမှု၊လူရောင်းစား မှုကျူးလွန်သူအများစုမှာ ထိုင်း အရာရှိကြီးများနှင့် လှေသူကြီးများ ပါဝင်ပတ်သက်မှုများကြောင့် ထိုင်း တပ်မတော်ပိုင်း တချို့နှင့်အရပ် ဘက် တာဝန်ရှိသူများအား တရား စွဲအရေးယူခဲ့ရသည့်ဖြစ်စဉ်များရှိ ကြောင်း သိရသည်။

Thursday, 13 July 2017

ငါးဖမ်းလှေသို့ရောင်းစားခံရသည့် မြန်မာအလုပ်သမား ၁၆ ဦးကို ကယ်တင်

ငါးဖမ်းလှေမှ ပြန်ကယ်တင်နိုင်ခဲ့သည့် မြန်မာအလုပ်သမား ၁၆ ဦး / (ဓာတ်ပုံ - MAT)
Want create site? Find Free WordPress Themes and plugins.
ထိုင်းနိုင်ငံမှတဆင့် မလေးရှားပင်လယ်ပြင်ရှိ ငါးဖမ်းလှေသို့ ရောင်းစားခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၆ ဦးကို မလေးရှားနယ်စပ်မှ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရောင်းစားခံကြရသည့် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်အကိုင်၊ နေထိုင်စားသောက်ရေး အဆင်မပြေသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရန် လူပွဲစားများထံ အကူအညီတောင်းခံရာ ငါးဖမ်းလှေသို့ ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ထိုအလုပ်သမားများကို ကယ်ထုတ်ရာတွင်ပါဝင်ခဲ့သူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ( MAT ) မှ ဦးစိုင်းအေးက ဧရာဝတီကို ပြောသည်။
“ကိုယ့်နိုင်ငံကိုပြန်ဖို့ ပွဲစားနဲ့ ဆက်သွယ်တယ်။ ပွဲစားက ပို့ပေးမယ်ဆိုပြီး လှေပေါ်ကိုပို့လိုက်တာ။ လှေပေါ်မှာ အခြေအနေ မကောင်းတာကြောင့် ကျနော်တို့ဆီကို ဆက်သွယ်လာတဲ့အတွက် မြန်မာသံရုံးကို အကြောင်းကြားပြီး ထိုင်းနိုင်ငံ အာဏာပိုင်တွေရဲ့ အကူအညီတွေနဲ့ မလေးရှားနယ်စပ်မှာ သွားပြီးကယ်တင်နိုင်ခဲ့တာပါ” ဟု ၎င်းက ရှင်းပြသည်။
ငါးဖမ်းလှေသို့ ရောင်းစားခံရသူများသည် မလေးရှားနယ်စပ်မှတဆင့် ထိုင်းတောင်ပိုင်းသို့ ဇူလိုင်လ ၁၃ ရက်က ရောက်ရှိလာကြပြီး၊ ထိုင်းနိုင်ငံတောင်ပိုင်းရှိ နာရာသီဝနယ်မြေရှိ ရဲစခန်းတွင် ခေတ္တခေါ်ယူ စောင့်ရှောက်ထားကြောင်း သိရသည်။
ထိုအလုပ်သမားများသည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ ပင်လယ်ပြင်များရှိ ငါးဖမ်းလှေပေါ်တွင် နေထိုင်ခဲ့ရကြောင်း၊ လှေပေါ်၌ နေထိုင်စားသောက်ရေး အခက်အခဲများအပြင် ခြိမ်းခြောက်မှုများလည်းရှိကြောင်း လွတ်မြောက်လာသူ ဦးဦးကျော်ဝင်းက ဧရာဝတီကို ပြောသည်။
“ထိုင်းနိုင်ငံမှာ အလုပ်ကအဆင်မပြေ၊ ရဲက ခဏခဏဖမ်းတော့ အပြင်မထွက်ရဲတော့ဘူး။ ညဘက်တွေမှာလည်းပဲ ကောင်းကောင်း မအိပ်ရဲကြဘူး။ အဲဒါကြောင့် ကိုယ့်နိုင်ငံကိုပဲပြန်တော့မယ်ဆိုပြီး ပြင်ဆင်တာကတဆင့် မလေးနယ်စပ် ပင်လယ်ဘက်ကို ရောက်သွားကြတာပါ။ လွတ်မြောက်လာတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ်က ၎င်းတို့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ ပန်းရံအလုပ်ကို လုပ်ကိုင်ကြကြောင်း၊ ထိုင်းနိုင်ငံ၌ အဆင်မပြေ၍ မိမိတို့နိုင်ငံသို့ပြန်လာရန် ဆန္ဒရှိသော်လည်း ခရီးစရိတ်မလုံလောက်၍ ခရီးစရိတ် ရရှိရန်၊ အလုပ်ပေးမည်ဟု ပွဲစားကပြောဆိုပြီး၊ လှေပေါ်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ဦးဦးကျော်ဝင်းက ရှင်းပြသည်။
ငါးဖမ်းလှေပေါ်မှ လွတ်မြောက်လာသူများကို ထိုင်းတောင်ပိုင်းရှိရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးပါက၊ ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းများသို့ ပို့ဆောင်ခံရမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေအရ ထောင်ဒဏ် ၆ လ မှ ၈ လ အထိ ကျခံရနိုင်ကြောင် MAT အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
ဦးကျော်သောင်းက “ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုဥပဒေအရ ထောင် ၆ လကနေ ၈ လအထိ ကျခံရမယ်ဆိုပေမယ့် နှစ်နိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တွေနဲ့ မြန်မာအစိုးရက ကူညီမယ်ဆိုရင် သူတို့ဟာ ထောင်ထဲမှာ အကြာကြီးနေစရာ မလိုဘဲ ပြန်လည်လွတ်မြောက်နိုင်ပါတယ်” ဟု ဆိုသည်။
ငါးဖမ်းလှေပေါ်မှ ကယ်တင်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၁၆ ဦး အနက်၊ ၁၅ ဦးသည် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များမှဖြစ်ပြီး၊ ကျန်တဦးသည် ပဲခူးတိုင်းမှဖြစ်ကြောင်း MAT အဖွဲ့က ပြောသည်။
ထိုလူ ၁၆ ဦးအနက် အငယ်ဆုံးသည် အသက် ၁၄ နှစ် ရှိပြီး၊ ၁၇ နှစ်မှ ၄၇ နှစ် အထိပါဝင်ကြောင်း၊ ၎င်းတို့အား ကယ်တင်နိုင်ရန် အချိန် ၆ ရက် ကြာမြင့်ခဲ့ကြောင်း၊ ၁၆ ဦး စလုံးသည် ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် တရားဝင် လာရောက်ကြသူများ မဟုတ်ဘဲ ပွဲစားများဖြင့် ရောက်လာကြသူများဖြစ်ကြောင်း ဦးကျော်သောင်းက ဆက်ပြောသည်။
MAT အဖွဲ့သည် ထိုင်းနိုင်ငံ၌ လူကုန်ကူးခံခဲ့ရသူများအား ကယ်တင်ခဲ့ရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအထိ မြန်မာအလုပ်သမား စုစုပေါင်း ၁၃၀၀ ကျော် ကယ်တင်နိုင်ခဲ့ကြောင်း MAT အဖွဲ့က ပြောသည်။
burma.irrawaddy

Thursday, 9 February 2017

အသက်မပြည့် မိန်းကလေးများကို နိုင်ငံခြားသားများနှင့်လိင်ပျော်ပါးခိုင်းသူကို ထောင်ဒဏ် ၁၅ နှစ်ချ

နိုင်ငံခြားသားများနဲ့ လိင်ပျော်ပါးဖို့အတွက် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်အချို့ကို စေခိုင်းခဲ့တဲ့ အမျိုးသမီးကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ လူကုန်ကူးမှု ဥပဒေ ပုဒ်မ ၂၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၁၃ နှစ်သာရှိသေးတဲ့ မိန်းကလေး တဦးအပါအဝင် မိန်းကလေး ၅ ဦးကို ရန်ကုန်မြို့ရှိ ညကလပ်များကို လာရောက်လည်ပတ်တဲ့ (တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့) နိုင်ငံခြားသားများထံ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့တဲ့ အသက် ၅၂ နှစ်အရွယ်ရှိ မဝေ (ခ) ဝေဝေဦးကို လူကုန်ကူးမှုဖြင့် တောင်ဥက္ကလာပရဲစခန်းမှာ တရားလို ဒုရဲမှူးဝင်းနိုင်ဦးက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက အမှုဖွင့် အရေးယူထားတာပါ။

Friday, 27 January 2017

လက်ထပ်ပြီး တရုတ်နိုင်ငံကို ခေါ်သွားတဲ့အမှုတွေ တိုးလာနေ

တရုတ်မှာ အရွယ်ရောက်အမျိုးသားတွေအတွက် ဇနီးသည် ရှာရခက်နေ
မြန်မာ မိန်းကလေးတွေကို နိုင်ငံခြားသားနဲ့ တရားဝင်လက်ထပ် ခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့ ဖြစ်ရပ်မျိုးတွေကို စုံစမ်းဖော်ထုတ် တွေ့ရှိနေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆိုပါတယ်။

Thursday, 4 August 2016

ထိုင်းတောင်ပိုင်းတွင် ပိတ်လှောင်ခံ မြန်မာ ၆၂ ဦးကို ကယ်ထုတ်

EyWwB5WU57MYnKOuh3mo8u49U1dGYEtEra9tUHmGBJLyOJaCwkxGDy
အဲဒီနေရာကနေ ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီး ၂ ဦးရဲ့ အကူအညီတောင်းချက်အရ မြို့နယ်အုပ်ချုပ်ရေးပိုင်း၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ တာဝန်ရှိသူတွေဟာ သြဂုတ် ၂ ရက်နေ့ နေ့လယ် ၁၂ နာရီက ဆဒေါင်းမြို့နယ် ဗာဒန်ဘေဇာအုပ်စု ခုတ်ဆုမ့်အိုးရွာရှိ အိမ်ဟောင်းတလုံးကို

ထိုင်း-မလေးနယ်စပ်မှာ စွန့်ပစ်ခံရတဲ့ မြန်မာ ၆၀ တွေ့

အရင်နှစ်က ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ် တောထဲမှာ တွေ့ရတဲ့ လူကုန်ကူးခံရသူတွေရဲ့ သင်္ချိုင်း (Credit: ABC) 
Thursday, August 04, 2016
ထိုင်းနိုင်ငံနဲ့ ​မလေးရှားနိုင်ငံ ​နယ်စပ်အနားမှာ ​လူကုန်ကူးသူတွေက ​စွန့်ပစ်ထားတဲ့ ​မြန်မာနိုင်ငံသား ​အယောက် ​၆၀ ​ကို ​ရဲတွေက ​တွေ့ရှိခဲ့ပါတယ်။

အဲဒီလူတွေကို ​တဲစခန်းတစ်ခုမှာ ​လူကုန်ကူးသူတွေက ​ချန်ထားပြီး ​တစ်ပတ်လောက် ​အကြာမှာ ​မြန်မာနှစ်ဦးက ​Padang ​Besar ​ကို ​လာပြီး ​ရဲတွေကို ​အကူအညီလာတောင်းတာ ​ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ​အမျိုးတွေ ​ရှိကြတဲ့အတွက် ​အားလုံးက ​မလေးရှားနိုင်ငံကိုပဲ ​သွားချင်နေကြတယ်လို့ ​ရဲတွေက ​ပြောပါတယ်။

Saturday, 11 June 2016

ဘန်ကောက် အနှိပ်ခန်းအမှုဆောင် ၅ ဦးကို လူကုန်ကူးမှုဖြင့် တရားစွဲ

1816901_620x413
ထိုင်းနိုင်ငံ ဘန်ကောက် ဟွေ့ခွမ်မြို့နယ် ရာ့ခ်ျဒါးဖိဆစ်နယ်မြေရှိ Nataree ဖျော်ဖြေရေး အနှိပ်ခန်းကို ၀င်ရောက်စီးနင်းခဲ့ပြီး အမှုဆောင် ၅ ဦးကို လူကုန်ကူးမှု၊ တရားမ၀င် အလုပ်သမားတွေကို ခိုလှုံခွင့်ပေးမှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
စွဲဆိုခံရသူ ၅ ဦးလုံးက အနှိပ်ခန်းကို စီမံခန့်ခွဲနေတဲ့သူတွေလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။
ဇွန် ၇ ရက်က အနှိပ်ခန်းကို စီးနင်းစဉ် လိင်လုပ်သမား ၁၂၁ ဦးကို ဖမ်းဆီးခဲ့ရာမှာ ၇၇ ဦး ဟာ မြန်မာနဲ့ လာအိုက ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ပါတယ်။

Monday, 23 May 2016

မြန်မာအမျိုးသမီးသုံးဦးအား တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်၍ တရုတ်မယားအဖြစ် လက်ထပ်စေရန် ကြံစည်သူလေးဦးကို အမှုဖွင့်


___ မြင့်သူ - Eleven Media Group
မြန်မာအမျိုးသမီးသုံးဦးအား တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု လိမ်လည်
ခေါ်ဆောင်၍ တရုတ်မယားအဖြစ် လက်ထပ်စေရန် ကြံစည်သူလေးဦးကို သက်ဆိုင်ရာရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရသည်။

အမှတ် (၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (စစ်တွေ) မှ တာဝန်ရှိသူ များသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကားကြီးဝင်းအတွင်း မန္တလေး-စစ်တွေ ရိုးမမန္တလာကားဖြင့် လိုက်ပါလာသည့် ကျောက်ဖြူမြို့နယ်နေ မ....ပါ သုံးဦး အား တွေ့ရှိမေးမြန်းရာ ၎င်းတို့သုံးဦးမှာ တရုတ်နိုင်ငံမှ ပြန်လည် ထွက်ပြေးလာခြင်းဖြစ်သည်ကို သိရှိခဲ့ရသဖြင့် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ မ....အား ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက်နေ ဒေါ်စံစံ (ခ) စန်းစန်းအေးမှ တရုတ်နိုင်ငံရှိ ဘောင်းဘီ စက်ရုံနှင့် ဖိနပ်စက်ရုံတို့တွင် အလုပ်လုပ်မည်ဆိုပါက မြန်မာကျပ်ငွေ တစ်သိန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ရရှိမည်ဖြစ်ပြီး ခရီးစရိတ်လည်း ကျခံပေး မည်ဟု ပြောဆိုခဲ့သဖြင့် တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် သဘောတူခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၆ ခုနှစ် ဧပြီ ၃၀ တွင် မ....အား ဒေါ်စံစံနှင့် ကျောက်ဖြူမြို့

Tuesday, 17 May 2016

အရောင်းစားခံ မြန်မာ ငါးဖမ်းသမားများ နေရပ်ပြန်


ငါးဖမ်းလှေပေါ်ကနေ လူကုန်ကူးသူတွေကို ကယ်ဆယ်စဉ်ပုံများ။ ဓါတ်ပုံ - (MAT) ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ။
ငါးဖမ်းလှေပေါ်ကနေ လူကုန်ကူးသူတွေကို ကယ်ဆယ်စဉ်ပုံများ။ ဓါတ်ပုံ - (MAT) ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ။
ဘန်ကောက်မြိုနဲ့ ကီလိုမီတာ ၇၀၀ ကျော်ကွာဝေးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း စူရာတ်ဌာနရီ ခရိုင်ထဲက ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့ မြန်မာ ၁၃ ဦး ဟာ လှေပိုင်ရှင်ကို အမှူ စွဲဆိုတာ မလုပ်တော့ပဲ နစ်နာကြေး ယူပြီး နေရပ်ရင်းကိုပြန်ဖို့ အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလို့ နစ်နာကြေးယူပြီး နေရပ်ရင်းကို အမြန်ဆုံး ပြန်ခွင့်ရတာဟာ ၁၂နှစ်တာ လူကုန်ကူးမှု တွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲအနေနဲ့ပထမဦးဆုံးအတွေအကြုံဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ် မအေးမာသတင်းပေးပို့ထားပါတယ်။
အနည်းဆုံးတနှစ်ကျော်ကနေ ၃နှစ်ကျော်ထိ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံထားရတဲ့မြန်မာ၁၃ဦးကတော့ ထိုင်းနိုင်ငံဥပဒေအရ အမူစွဲဆိုတဲ့အခါမှာကယ်ဆယ်ရေးစခန်းမှာ နှစ်ရှည်နေရပြိးအမူရင်ဆိုင်ရမှာတွေကိုမလုပ်ချင်တာကြောင့် လှေပိုင်ရှင်ထံကနေ သူုတို့ ရသင့်တဲ့လုပ်အားခကိုယူပြီး နေရပ်ရင်းကို ပြန်ကြတော့မှာဖြစ်ပါတယ် ဒီလို ဆုံးဖြတ်ချက်ချရတာဟာ အမူရင်ဆိုင်ပြီး နစ်နာနေတဲ့မြန်မာလူကုန်ကူးခံရသူတွေ

Friday, 23 October 2015

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံထားရသည့် မြန်မာ ၁၂ ဦးကို ကယ်ထုတ်


By ကျော်ခ | October 23, 2015

ထိုင်းငါးဖမ်းလှေပေါ်တွင် လူကုန်ကူးသူများ၏ ရောင်းစားခံထားရသည့် မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၂ ဦးကို ထိုင်းအထူးစုံစမ်း စစ်ဆေးရေးဌာန(DSI) နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ တို့က ပူးပေါင်း ကယ် တင် နိုင်လိုက်ကြောင်း သတင်းရရှိသည်။

ဘန်ကောက်မြို့မှ ကီလိုမီတာပေါင်း ၈၀၀ ကျော်ကွာဝေးသည့် ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် တရန်ပြည်နယ် ကတန်မြို့ ငါးဖမ်းလှေဆိပ်တွင် ယခုလ ၂၀ ရက်နေ့က ဝင်ရောက် ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူးဖြစ်သည့် ဦးကျော်သောင်း က ဧရာဝတီသို့ ပြောသည်။

Friday, 2 October 2015

လှိုင်သာယာမြို့နယ်မှ ၁၀တန်းကျောင်းသူ ကျောင်းသား၅ဦးပျောက်ဆုံး




၂၈ ၉ ၂၀၁၅ မွန်းလွဲ ၂နာရီခွဲတွင်
လှိုင်သာယာမြို့နယ် အ ထ က (၁)မှ ၁၀တန်းကျောင်းသူ
မသဲစုလှိုင်
မနိုင်နိုင်စိုး
ဆုလဲ့ဖုန်းနှင့်
အထက(၄)မှ ကျောင်းသူမပွင့်ဖြူ သင်း
၎င်းကျောင်းသူ ၄ဦး အထက(၁) မှ
ကျောင်းသားဖြစ်သူ မောင်သော်ဇင်နှင့်အတူ
ပေါင်း၅ဦးတို့သည် မန္တလေးမှတဆင့်
ပြင်ဦးလွင်ဘက်သို့ တက်သွားကြောင်း
သိရှိရသည်
လှိုင်သာယာရဲစခန်းမှ အချိန်မှီ မန္တလေးရဲစခန်းသို့

Thursday, 2 July 2015

နှစ်၂၀ ကျော် ကျွန်ပြုခံရသူ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနှင့်ပြန်ဆုံ

ကျွန်ပြုခဲ့ရတဲ့ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနဲ့ပြန်ဆုံ။
ကျွန်ပြုခဲ့ရတဲ့ ရေလုပ်သား ကိုမြင့်နိုင် မိသားစုနဲ့ပြန်ဆုံ။
ငါးဖမ်းလှေတွေ ပေါ်မှာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံခဲ့ ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈၀၀ လောက် အင်ဒိုနီးရှား ကနေ မြန်မာပြည် ကို ပြန်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီထဲက အနှစ် ၂၀ ကျော် ငါးဖမ်းကျွန် ဘဝ နဲ့ လှုပ်ရှား ရှောင်တိမ်းခဲ့ရတဲ့ ကိုမြင့်နိုင်အကြောင်း အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြပါမယ်။
အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုတွေပေါ်မှာ မြန်မာရေလုပ်သားတွေ အပါအဝင် အိမ်နီးချင်း နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေထားတဲ့ သတင်းကို အေပီ သတင်းဌာန က ဖော်ထုတ်ပြီးတဲ့နောက်မှာ မြန်မာ ရေလုပ်သား ၈၀၀ နီးပါး လောက်ဟာ ကျွန်ဘဝက လွှတ်မြောက်ပြီး မြန်မာပြည်ကို ပြန်ရောက်လာကြပြီ ဖြစ်ပါတယ်။
အဲ့ဒီ အထဲ က အနှစ် ၂၀ ကျော် လောက် ကျွန်ပြုတာနဲ့ အဲဒါကို ပုန်းရှောင်ခဲ့တဲ့ ကိုမြင့်နိုင် အကြောင်းကို ပြောပြပါမယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းမှု ကို ဖြေရှင်းဖို့ အတွက် ထိုင်းကို အလုပ်ရှာဖို့ ထွက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် ကို မြင့်နိုင်ဟာ ထိုင်း ငါးဖမ်းလှေပေါ် ရောင်းစားခံရပြီး လခမပေးပဲ ကျွန်လို ခိုင်းခဲ့ရတာပါ။ သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

Friday, 12 June 2015

တောနက်ထဲက လူကုန်ကူး စခန်းမှာ ကလေးတွေပါ နေခဲ့ရ

လူကုန်ကူးခံရသူတွေ နေထိုင်ခဲ့ရတဲ့ နေရာထိုင်ခင်း (Credit: ABC) 
ထိုင်းနိုင်ငံ ​တောနက်အတွင်းက ​လူကုန်ကူးခံရသူတွေကို ​ထားတဲ့ ​စခန်းတွေမှာ ​ကလေးငယ်တွေလည်း ​နေထိုင်ခဲ့ရတယ်ဆိုတာကို ​အေဘီစီ ​သတင်းဌာနက ​တွေ့ခဲ့ရပါတယ်။

အဲဒီ ​စခန်း ​တွေကို ​လေ့လာတဲ့ ​အခါမှာ ​မြေပြင်ပေါ်မှာပဲ ​မိုးကာတွေ ​ခင်းပြီး ​အိပ်စက်ရတာတွေ၊ ​ဝါးတွေနဲ့ ​ပြုလုပ်ထားတဲ့ ​နေရာမှာ ​ခက်ခက်ခဲခဲ ​နေထိုင်ရတယ် ​ဆိုတာကို ​မြင်နိုင်တယ်လို့ ​သတင်း ​ယူခဲ့တဲ့ ​အေဘီစီ ​သတင်းထောက် ​Samantha ​Hawley ​က ​ပြောပါတယ်။

ထိုင်းနိုင်ငံ ​တောင်ပိုင်းစွန်းမှာ ​ရှိပြီး ​မလေးရှားနိုင်ငံနဲ့ ​နီးတဲ့ ​Padang ​Besar ​ဆိုတဲ့ ​မြို့အနားက ​တောနက်ထဲမှာ ​လူကုန်ကူးသူတွေ ​အသုံးပြုတဲ့ ​စခန်းကို ​ထားရှိတာ ​ဖြစ်ပါတယ်။

ထိုင်းရဲတွေ ​ဝင်စီးမယ်လို့ ​ကြိုတင်သတင်းရလို့ ​ပစ္စည်းသိမ်းချိန် ​မရလိုက်ပဲ ​ထွက်ပြေးခဲ့ရတယ်ဆိုတာကိုတော့ ​ကျန်ခဲ့တဲ့ ​ပစ္စည်းကို ​ကြည့်ပြီး ​သိနိုင်ပါတယ်။

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate