Showing posts with label ပအိုဝ်း သမိုင်း. Show all posts
Showing posts with label ပအိုဝ်း သမိုင်း. Show all posts

Wednesday, 30 July 2014

ပအိုဝ်းအမျိုးသားနေ့

  
          အမျိုးသားနေ့သည် လူမျိုးတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ပင် ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည် မှတ်တမ်းတင်ခြင်းပင် ဖြစ်သည်။ လူမျိုးတိုင်းသည် အမျိုးသားနေ့တွင် ဇာတိသွေး ဇာတိမာန် စိတ်ဓါတ်များ အမျိုးသားရေးစိတ်ဓါတ်များ ပြန်လည်နုပျိုလန်းဆန်းရေး ၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓါတ်များ ကိန်းအောင်းခံယူလာရေး ၊ အမျိုးသားစာပေ ယဉ်ကျေးမှု ၊ ဂီတ ၊ အနုသုခုမပညာရပ်များ ဖော်ထုတ် ထိန်းသိမ်းမြင့်တင်ရေး စသည်တို့ကို ဖန်တီးလှုံ့ဆော်သည့် သဘောပင်ဖြစ်ပါသည်။
          အမျိုးသားနေ့တွင် မိမိတို့သည် မည်သည့်အချက်တွင် အားနည်းချက် ၊ ချို့ယွင်းချက်ရှိသည်ကို ပြန်လည်သုံးသပ်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် ထူးခြားသောအင်္ဂါရပ်ဖြစ်။ ထို့ပြင် နိုင်ငံနှင့် လူမျိုးကို ရှေ့သို့တိုးတက်အောင် ချီတက်ရာတွင် အထောက်အကူပြုနိုင်စွမ်းမည့် အာနိသင်ကို ပေးစွမ်းနိုင်သည့် နေ့လည်း ဖြစ်ပေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ထူးခြားသည့် သမိုင်းအစဥင်္်အလာကို အကြောင်းပြုပြီး တပေါင်းလပြည့်နေ့ရောက်တိုင်း ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပကြသည်။ ဤတွင် ပအိုဝ်းအမျိုးသားနေ့ကို တပေါင်းလပြည့်နေ့တွင် ကျင်းပရသည်ကို ဖော်ပြလိုပါသည်။

ပအိုဝ်းအမျိုးသားနေ့ ဆိုသည့် ဝေါဟာရ ပေါ်ပေါက်လာပုံ

မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများအနက် ပအိုဝ်းတိုင်းရင်းသားသည် နှစ်စဉ်တပေါင်းလပြည့်နေ့တွင် ပအိုဝ်းအမျိုးသားနေ့အဖြစ် ကျင်းပကြသည်။ တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခြင်းနှင့် ပအိုဝ်းအမျိုးသားနေ့ ဆိုသည့်ဝေါဟာရက ဘယ်လိုစတင်ပေါ်ပေါက်လာသည် ကို မေးခွန်းထုတ်စရာဖြစ် လာပါသည်။
 မဟာသက္ကရာဇ် (၂)ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀)တွင် သုဝဏ္ဏဘုမ္မိသထုံပြည့်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေ၀ီတို့မှ သားတော်တပါးဖွာမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေတွက်လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။ ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်းအုပ်စိုးသည့် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်း သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့် ၌ ရွှေဆံရီစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုနှစ်မှစ၍ ပအိုဝ်းလူမျိုးတို့သည် ဗုဒ္ဓဓမ္မ တရားရေစက်ကို စတင်ကြားနာရရှိပြီး ဗုဒ္စဘာသာကို စတင်ကြည်ညိုကြသည်။ သူရိယစန္ဒာမင်း လက်ထက်တွင် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၀ တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သထုံပြည်သို့ ကြွလာခဲ့သည်။

ပအိုဝ်းတိုင်းရင်းသားပေါ်ပေါက်လာပုံ

    ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိကိုယ်ကို နဂါးအမျိုးအနွယ်မှ ပေါက်ဖွားလာသည်ဟု ယူဆကြ၏။ မိခင်မှာ နဂါးမ ဖြစ်ပြီး ဖခင်မှာ ဇော်ဂျီ ဟုယူဆကြသည်။ သက်ကြီးရွယ်အိုများကလည်း မိမိတို့မှာ နဂါးမျိုးနွယ်ဖြစ်ကြောင်းနှင့် နဂါးမှ ပေါက်ဖွားဆင်းသက်လာပုံကို လူငယ်များအား ယနေ့တိုင် ပြောဆိုနေကြသေး၏။
    ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ-
    သက်ကရာဇ် ၄၀၀ ခန့်လောက်တွင် တိုင်းပြည်တစ်ပြည်မှ မင်းနှင့်မိဖုရားတွင် သားတော်နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်း စိတ်ဓါတ်များရှိကြသည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ ခမည်းတော် မယ်တော်ထံ ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာ တောထွက်သွားကြ၏။
    တစ်နေ့သောအခါ နဂါးမသည် လူ့ပြည်သို့ ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး တောထဲတွင် လှည့်လည်နေထိုင်ရင်း ဟေမ၀န်၏ စိမ်းစိုသာယာမှုကြောင့် ထိုတောထဲတွင် နေထိုင်လိုသော စိတ်ဖြစ်ပေါ်လာ၏။ မိန်းမဖန်ဆင်းပြီး တောထဲတွင် လှည့်လည်ခဲ့ရာ

Friday, 25 May 2012

တိုင်းရင်းသားလူမျိုးစုတစ်စုကို ပြန်လည်ဖော်ထုတ်ခြင်း


တောင်ရိုးတိုင်းရင်းသားလို့ ဆိုလိုက်ရင် လူတော်တော်များများ ကြားသိကြမယ်ဆိုပေမယ့် သူတို့တွေ ဘယ်လိုဝတ် စားဆင်ယင်သလဲ၊ သူတို့ရဲ့ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ စာပေတွေက ဘယ်လို ရှိတယ် ဆိုတာကိုတော့ လက်တွေ့မြင် ဖူးမယ့်သူ ရှားပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ တောင်ရိုးလူ မျိုးစုတွေက ဓနု၊ ပလောင်၊ ပအိုဝ်း စတဲ့ လူမျိုးစုတွေနဲ့ ရောယှဉ်နေထိုင်ကြတဲ့ အတွက် သူတို့ရဲ့ ၀တ်စား ဆင်ရင်မှု ဓလေ့ ထုံးစံတွေ ကွယ်ပျောက်လုနီးနီးဖြစ်ခဲ့ရ တာ နှစ်ပေါင်း ၉၀ နီးပါး ကြာပါပြီ။
ဒါတွေကို ၂၀၁၀ ပြည့်နှစ်က တောင်ရိုး တိုင်းရင်းသား
တောင်ရိုးတိုင်းရင်းသူများကို ရိုးရာပွဲတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ-ယုယုမော်
ဦးသောင်းရွှေ ခေါင်း ဆောင်ပြီး တောင်ရိုးတိုင်းရင်းသား ယဉ်ကျေးမှုကို ပြန်လည် ဖော်ထုတ်ခဲ့ပါ တယ်။
အဲဒီနေ့က သူတို့ရဲ့သမိုင်းမှတ် တမ်းဝင်တဲ့နေ့ တစ်နေ့ပါပဲ။
"ခေတ်စနစ်တွေ ပြောင်းလာတာနဲ့ အမျှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေ တဲ့ အချိန်ဖြစ်တဲ့အတွက် ကိုယ်လုပ်ချင် တာတွေကို ဥပဒေဘောင်အတွင်းကနေ လုပ်လို့ရနေပါပြီ။ အခုကျတော့ လွတ် လပ်လာပြီး ကိုယ့်ယဉ်ကျေးမှုကို ဖော် ထုတ်လို့ရလာပါတယ်"လို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ တောင်ရိုး တိုင်းရင်းသား ဦးသောင်းရွှေက ပြောပါတယ်။
"တောင်ရိုးတိုင်းရင်းသားတွေရဲ့ ကိုယ် ပိုင်ဝတ်စုံဟာလည်း တိမ်ကောလုနီးပါး ဖြစ်ခဲ့တဲ့အတွက် ရှေးမူမပျက်တဲ့ ခေတ် သစ်တောင်ရိုး ၀တ်စားဆင်ယင်မှုကို ထပ်မံဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအပြင် တောင်ရိုးစာပေကိုလည်း ပြန်လည်ဖော် ထုတ်ဖို့ ဘုန်းတော်ကြီးတွေနဲ့ တိုင်ပင် ပြီးပါပြီ"လို့ တောင်ရိုးတိုင်းရင်းသား ပွဲတော် ဖြစ်မြောက်ရေးကော်မတီက ဒုဥက္ကဋ္ဌဖြစ်တဲ့ ၎င်းကပြောပါတယ်။
အရင်ပုံစံက ဂျပ်ခုတ်အထည်ဖြစ် တဲ့အတွက် တစ်ထည်ကို ကျပ်သုံး သောင်းလောက် ပေးရပါတယ်။ အခု အချိန်မှာ တောင်ရိုး တိုင်းရင်းသားလူမျိုး စုအဖြစ် သီးသန့်ရပ်တည်နေနိုင်ဖို့ အစပျိုးရာမှာ စရိတ်နည်းပြီး ရှေးမူမပျက် တဲ့ က္ကတ္တီပါစတောင်ရိုးဝတ်စုံကို သတ်မှတ် ထားတာကို တွေ့ရပါတယ်။
ခေတ်သစ်တောင်ရိုးတိုင်းရင်းသား ၀တ်စုံက ကတ္တီပါအနက်ပိတ်စပေါ်မှာ စီးကွင့်လေးတွေထိုးထားပြီး ခေါင်းပေါ် မှာ ကတ္တီပါ ခေါင်းပတ်လေးတွေ ပေါင်း ထားပါတယ်။
ဒါကိုကြည့်ပြန်တော့ တကယ်ရိုးရာဝတ်စုံအစစ် တိမ်ကောနေ တာကို စိတ်မကောင်းဖြစ်မိပါတယ်။
"ကျွန်တော်တို့ အမေခေတ်က ရှေး တောင်ရိုးတိုင်းရင်းသားလူမျိုးစုဝတ်စုံ မြင်ဖူးပါတယ်။ တအားလည်း ရုပ်ဆိုး တယ်။ ၀တ်စုံက ပေါင်လယ်လောက်ပဲရှိ ပြီး ပတ်ရတဲ့ ခေါင်းပေါင်းရဲ့အရှည်က လည်း လေးပေလောက်ရှိတယ်။ နောက် ပြီး ခြေထောက်မှာ တစ်ရစ်ပြီး တစ်ရစ် အ၀တ်နဲ့ ပတ်ထားပါသေးတယ်။ အခု တော့ အဲဒီဟာကို ၀တ်တဲ့သူ တအားရှား သွားပြီ။ အရင်နှစ်တုန်းက အဲ့ဒါကို ၀တ် ထားတဲ့ အဘွားအိုညီအစ်မနှစ်ယောက် ဒီတောင်ရိုးပွဲကိုလာသွားတယ်" လို့ တောင်ရိုး ယဉ်ကျေးမှုဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌက ပြောပြပါတယ်။
အခုဆိုရင် တောင်ရိုးတိုင်းရင်းသား တွေကို လူဦးရေစာရင်းကောက်ခံနေ ပါပြီ။ တောင်ရိုးလူမျိုးစုတွေဟာ ပအိုဝ်း၊ ပလောင်စတဲ့ လူမျိုးတွေနဲ့ နီးကပ်စွာ နေထိုင်ရင်း ကိုယ်ပိုင်လူမျိုးစု ယဉ်ကျေးမှု မှေးမှိန်ခဲ့ရပါတယ်။
ဒါကြောင့် လူဦးရေ စာရင်း တကယ်တမ်းကောက်ခံမယ်ဆို ရင် တစ်သိန်းနီးပါးလောက်ရနိုင်ပါ တယ်။ အခုတော့ သုံးသောင်းနီးပါး လောက် စာရင်းကောက်ခံထားပါ တယ်။ ပင်လောင်းနဲ့ ကလောမြို့နယ်တွေမှာပဲ စာရင်းထပ်မံကောက်ခံဦးမယ်လို့ ဦးသောင်းရွှေက ဆိုပါတယ်။
"အခုအချိန်မှာ ကျွန်တော်က ကလော မြို့နယ်

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate