Thursday, 19 February 2015

ဘူးသီးတောင်မြို့နယ်တွင် ဘင်္ဂလီဓါးပြအဖွဲ့တစ်ခု၏ ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံး

Buthidaung
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တစ်ဘက်နိုင်ငံမှ ၀င်ရောက်လာသည်ဟု ယူဆရသော ဘင်္ဂလီ ဓါးပြအဖွဲ့တစ်ခု၏ ဓါးပြတိုက်မှု ဖြစ်စဉ် တစ်ခုတွင် လူနှစ်ဦး သေဆုံးပြီး အနည်းဆုံး လူတစ်ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ ဒီလ ၁၅ ရက်နေ့ ညဥ့်အချိန်မှာ ဖြစ်တာပါ။ ဘူးသီးတောင်မြို့နယ်၊ ငရံ့ချောင်း ကျေးရွာအုပ်စု၊ ကျီးနှုတ်သီး ဘင်္ဂလီရွာမှာ ဖြစ်တာပါ။ နှစ်ဦးသေပြီး လူ တစ်ဦး ဒဏ်ရာ ရရှိပါတယ်။ အခု ဖြစ်ပွားတာက နယ်ခြားစောင့်တပ်ဖွဲ့ပိုင် နယ်မြေဆိုတော့ အသေးစိတ် သိချင်ရင် သူတို့ကို မေးပါ” ဟု ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိရဉ္စရာ သတင်းဌာနမှ ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးအား ဆက်သွယ်မေးမြန်းရာ မိမိမှာ နေပြည်တော်တွင် တာဝန်ကျနေပြီး ဘူးသီးတောင်တွင် မရှိတော့ဟု ပြောဆိုသည်။
ဘူးသီးတောင်မြို့နယ်  ANP ပါတီ ကော်မတီဝင် ဦးသန်းလိုင်ကို ဆက်သွယ်မေးမြန်းရာ သေဆုံးသူနှစ်ဦးမှာ ကျီးနှုတ်သီးကျေးရွာနေ အဒူကော်နီ၏ သားများ ဖြစ်ကြသော အသက်(၂၁) နှစ်အရွယ် ရာမောက်အူလာနှင့် အသက် (၁၇) နှစ်အရွယ် အန်န၀ါမူလာတို့ ဖြစ်ကြောင်း ပြောဆိုသည်။
တစ်ဒါဇင် နီးပါးခန့်ရှိသော ဘင်္ဂလီ ဓါးပြများသည် တူးမီး လုပ်သေနတ်များကို ကိုင်ဆောင်ကာ အိမ်ထဲသို့ ၀င်ရောက်လာပြီး ခုခံရန် ကြိုးစားသူ အိမ်သားများကို ပစ်ခတ်ရာမှ အဒူကော်နီ၏ သားငယ်နှစ်ဦးမှာ သေဆုံးသွားသည်ဟု သူက ဆက်လက်ပြောကြားသည်။
ဓါးပြများသည် အဒူကော်နီအိမ်မှ ကျပ် (၁၀) သိန်းခန့်တန်ဖိုးရှိ ရွှေငွေများအား လုယူသွားပြီးနောက်၊ နောက်ထပ် ၎င်းရွာထဲမှ ဦးဘာဆာမျှာ၏ နေအိမ်ကိုလည်း လက်ဝတ်ရတနာများကို ဓါးပြတိုက်ပြီး လုယူသွားသည်ဟု သိရသည်။
ယခု ဓါးပြတိုက်သူများမှာ တစ်ဘက်နိုင်ငံသို့ ထွက်ပြေးနေသော ဘီဒီပြေးများ ဖြစ်ပြီး မကြာခဏ တစ်ဘက်နိုင်ငံမှ ၀င်ရောက်ပြီး ဓါးပြတိုက်မှုများကို ကျူးလွန်နေသည် ရဲတာဝန်ရှိသူက ပြောကြားသည်။
ယခုအခါ အဒူကော်နီမှ တောင်ဘဇားရဲစခန်းတွင် အမှုဖွင့်ထားပြီး တာဝန်ရှိသူများက ဓါးပြများကို လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate