Wednesday, 18 February 2015

ရန်ကုန်မြို့ က ပဒိုမန်းရှာလားဖန်း စာအုပ်မိတ်ဆက်ပွဲ


ဖေဖောါဝါရီ - ၁၅ - ၂၀၁၅
သတင်း - ကရင်အမျိုးသား(မီဒီယာ)
ဓာတ်ပုံ - အောင်ကျော်ရဲ့ အဖေ။

၂၀၀၈ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းကျဆုံးခြင်း ၇ နှစ်ပြည့် အထိန်အမှတ်အနေနဲ့ထုတ်ဝေတဲ့ မန်းရှာ စာအုပ်မိတ်ဆက်ပွဲကို မနေ့ကရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး သူ့ကိုလေးစားချစ်ခင်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
စာအုပ်မိတ်ဆက်ပွဲမှာ သူမကျဆုံးခင်က - ကရင့်တော်လှန်ရေးနယ်မြေမှာ သူ့ရဲ့ လက်တွဲဖော်မိတ်ဆွေတွေဖြစ်ကြတဲ့ ကိုသံခဲ - ကိုမျိုးဝင်း - ကိုအောင်မိုးဇော် - ဒေါက်တာလွဏ်းဆွေ - ကိုလွမ်းဏီ - ကိုနေဇော်နိုင်(ကိုပုည) အပါအ၀င် ဧည့်သည်တော်အချို့ ကလည်း အမှတ်တရဂုဏ်ပြုစကားတွေပြောခဲ့ကြပါတယ်။

ဒီပွဲမှာ သူ့ကိုချစ်ခင်လေးစားသူတွေနဲ့အတူ မြန်မာ့အရေးဆောင်ရွက်နေတဲ့သူတွေနဲ့သတင်းသမားများလည်း တက်ရောက်ခဲ့ကြပါတယ်။
နန့်ကျင်ရွှေရဲ့ခင်ပွန်း စောစေးစေး - နန့်ဘွားဘွားဖန် - နန့်ဇိုယာဖန်း - စလုံဖန်း - တို့ရဲ့ဖခင်ဖြစ်တဲ့ ပဒိုမန်းရှာလားဖန်း ဘယ်လိုလူလဲ ဘယ်လိုအတွေးအခေါ်နဲ့နိုင်ငံရေးသမားလဲ - ကရင်အမျိုးသားတွေပါမကဘဲ မြန်မာလူမျိုးအတော်များများကပါ သူ့ကိုဘာကြောင့် လေးစားချစ်ခင်ရသလဲဆိုတာ မနေ့က စတင်မိတ်ဆက်တဲ့ မန်းရှာ စာအုပ်ကို မဖြစ်မနေဖတ်ကြည့်ဘို့လိုပါလိမ့်မယ် ။
မြန်မာတနိုင်ငံလုံးကို ယမန်နေ့ ကစတင်ဖြန့်ဝေတဲ့ မန်းရှာ စာအုပ်က တအုပ် ကျပ် (၃၀၀၀) ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မှာတော့ တအုပ်ကို ထိုင်းဘတ်ငွေ (၁၀၀) နဲ့ ရောင်းချမှာဖြစ်ပါတယ်။
ပုံစာ - ရန်ကုန်မြို့တွင် ယမန်နေ့ကကျင်းပခဲ့သည့် မန်းရှာ စာအုပ်မိတ်ဆက်ဖြန့်ချီသည့်ပွဲကို တက်ရောက်လာကြသော မန်းရှာလားဖန်းကို လေးစားချစ်ခင်သူများ။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate