Monday, 18 May 2015

မိုးရွာသွန်းနေစဉ် မိုးကြိုးပစ်ခံရသဖြင့် သေဆုံး/ဒဏ်ရာရ

နေပြည်တော်၊ မေ ၁၈
၂ဝ၁၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ အရှေ့ဘိုကုန်းကျေးရွာနေ ဦးနေဝင်း(၅၆)နှစ်၏ လယ်တဲအား မိုးကြိုးပစ်သဖြင့် လူများထိခိုက် ဒဏ်ရာရရှိကြောင်း သတင်းအရ အုတ်ဖိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဦးနေဝင်းသည် လယ်ထဲ၌ အလုပ်သမားများနှင့်အတူ စပါးချွေလှေ့ရိတ်သိမ်းနေစဉ် မိုးရွာသွန်းမှုကြောင့် တဲအတွင်းသို့ဝင်ရောက်မိုးခိုရာ တဲခေါင်မိုးပေါ်ရှိ TV အင်တာနာတိုင်အား မိုးကြိုးပစ်သဖြင့် တဲအတွင်းရှိ ဦးနေဝင်း ပါ(၈)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သောကြောင့် တောင်ငူပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ ဟောင်တုံးကျေးရွာနေ ဦးသိန်းဝင်း(၄ဝ)နှစ်၏ မြေပဲစိုက်ခင်းအတွင်း မိုးကြိုးပစ်သဖြင့် သေဆုံး၊ ဒဏ်ရာများရရှိကြောင်း သတင်းအရ နန့်စီးအောင်ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဦးသိန်းဝင်းသည် လယ်ထဲ၌ အလုပ်သမားများနှင့်အတူ မြေပဲချွေနေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ရာ ဒေါ်ခင်စန်းဝင်း(၃၈)နှစ်တွင် ဒဏ်ရာများရရှိ သေဆုံးသွားခဲ့ပြီး ဦးသိန်းဝင်း ပါ(၆)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရှိရ၍ မိုးညှင်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက်၍ မော်လူးနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/၂ဝ၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate