Wednesday, 8 June 2016

ရခိုင်ပြည်ကြီး အောင်စည် တီးနိုင်တော့မည်လော

Rakhine Party (cover) copy
ပြီးခဲ့သည့် မေလ ၃ဝ ရက်နေ့ တွင် ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုး ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ကို လုပ်ဆောင်ရန် ရည်ရွယ်ပြီး တည်ငြိမ်ေ အးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီများကို နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းခဲ့ သည်။
ယင်းကော်မတီကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာ ဝန်ယူထားကာ ပြည်ထဲရေး၊ ကာ ကွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ အားလုံး    နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီး၊ ဥပဒေ ချုပ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ် သည်။
ထို့ကြောင့် ကော်မတီသည် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများကို အကောင်အထည်   ဖော်ရာတွင် ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဦး ဆောင်မှုဖြင့် လုပ်ဆောင်ရတော့ မည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ငြိမ်း ချမ်းရေးလုပ်ငန်းဟု ဆိုရာတွင် ပြီး ခဲ့သည့်အစိုးရ လက်ထက်ကတည်း က လိပ်ခဲတည်းလဲ ကိုင်တွယ်ဖြေ ရှင်းရခက်ခဲသည့် ဘင်္ဂါလီပြဿနာ အပါအဝင် မြန်မာ့တပ်မတော်နှင့် ဗဗ အဖွဲ့တို့၏ ငြိမ်းချမ်းရေးကိစ္စ တို့ ပါဝင်လာမည်ဖြစ်သည်။
ထိုကဲ့သို့သော ရခိုင်ပြည်နယ် မှ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲသည့် အထူးသဖြင့် ဘင်္ဂါလီပြဿနာကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်   ဖြေရှင်းရာတွင် အနောက်နိုင်ငံ များ၏ ဖိအားနှင့်အမျိုးသားရေး လှုပ်ရှားသူများ၏ ဖိအားတို့ကြား တွင် စိန်ခေါ်မှုများစွာက ဆီးကြို လျက်ရှိသည်။ ထို့ပြင် ရခိုင်ပြည် နယ်မှ ဘင်္ဂါလီအရေး ဒေါ်အောင် ဆန်းစုကြည် ဖြေရှင်းရမည့်အပေါ် တွင်လည်း ဝေဖန်မှုများက ရှိနေ ပြန်သည်။
ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့်  ပဋိပက္ခ များကြောင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှု မရှိခြင်းများကို အ ကောင် အထည်ဖော် ဆောင်ရွက် ရန်အတွက် ယခုကဲ့သို့ ပြည်ထောင် စုအစိုးရက ကော်မတီများဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း ရခိုင် အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ဒေါ်အောင် ဆန်းစုကြည်၏ ရခိုင်အရေးကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်း အ ပေါ် မှတ်ချက်ပြုပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နေဖြင့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နေရာအများစု ရှုံး နိမ့်ခဲ့ခြင်း၊ ၂ဝ၁၅ နှစ်ကုန်ပိုင်းမှစ၍ တပ်မတော်နှင့် ဗဗတို့၏ တိုက်ပွဲ များကြောင့် စစ်ပြေးဒုက္ခသည်များ ရှိခဲ့ပြီး အဆိုပါ ဒုက္ခသည်များအ တွက် ရခိုင် အမျိုးသားပါတီက လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ သော်လည်း ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရက ထိရောက်သည့် ကူ ညီထောက်ပံ့ မှုများ ဆောင် ရွက်ပေး ခြင်း မရှိသေးကြောင်း၊ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ဘင်္ဂါလီအ ရေး ဖြေရှင်းရာတွင် မြေပြင်အခြေ အနေ ကျွမ်းကျင်မှုရှိရန် လိုအပ်ပြီး လုပ်ငန်းစဉ်များကို တိတိကျကျအ ကောင်အထည်ဖော်နိုင်ရန် လိုအပ် ကြောင်း ၄င်းက ပြောသည်။
”ဘင်္ဂါလီပြဿနာကို ဖြေရှင်း ဖို့အတွက် မြေပြင်အခြေအနေကို ကျွမ်းကျင်ဖို့လိုတယ်။ ရခိုင်တွေ့ရဲ့ စိတ်နေသဘောထားကို သိဖို့လို တယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ ပညာသင်စအစိုးရပဲ ရှိ သေးတယ်။ ပြီးခဲ့တဲ့ အစိုးရတွေနဲ့ မတူဘူး ပြီးခဲ့တဲ့ အစိုးရတွေက အတွေ့အကြုံရှိတယ်။ ဘင်္ဂါလီ အ ရေးကို ဖြေရှင်းမယ်ဆိုရင် နောက် တစ်ခုက အမျိုးသားရေး စိတ်ဓာတ် ခံအား ပြင်းဖို့လိုတယ်။ အကောင်း ဆုံးဖြေရှင်းနိုင်ရင်တော့ ကျွန်တော် တို့ ချီးမွမ်းမှာပါ။ ဒေါ်စုအနေနဲ့ အခုလိုလုပ်တာဟာ နိုင်ငံတကာကို မျက်နှာချို သွေးပြချင် တဲ့ပုံ ပေါက် တယ်။ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်ချင်လို့ဖြစ်မယ်။ ဒါကြောင့် ဒီ ဟာကို ကျွန်တော်တို့က အမြဲတမ်း စောင့်ကြည့်ဖို့ လိုပါတယ်။ စောင့် ကြည့်နေမှာပါ”ဟု ၄င်းက ပြော သည်။
ဘင်္ဂါလီပြဿနာကို ဖြေရှင်း ရာတွင် နည်းလမ်းတကျ သေချာ မဖြေရှင်းပါက လက်ရှိ ရင်ဆိုင်နေ ရသော ထိုင်းနိုင်ငံတောင်ပိုင်းမှ   ပြဿနာကဲ့သို ဖြစ်လာနိုင်ကြောင်း ကိုလည်း ¤င်းက ထပ်လောင်း သတိပေးသွားသေးသည်။
ကော်မတီဖွဲ့စည်းပြီး နှစ်ရက် အကြာ ဇွန်လ ၁ ရက်နေ့တွင် အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်း   ဆွေအပါအဝင် ပြည်ထောင်စုဝန် ကြီးများသည် စစ်တွေမြို့ မြို့မိ မြို့ဖ၊ ဒေသခံအရပ်ဘက်အဖွဲ့အ စည်းများနှင့် စစ်တွေမြို့၌ တွေ့ဆုံ ခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် ဦးသိန်း ဆွေက အစိုးရသစ် ရက်တစ်ရာ စီ မံကိန်းအတွင်း ရခိုင်ပြည်နယ်အပါ အဝင် တစ်နိုင်ငံလုံးအတိုင်းအတာ   ဖြင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပ ဒေအရ နိုင်ငံသားစိစစ်ရေးလုပ် ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ် ငန်းကော်မတီ ဗဟိုကော်မတီအဖွဲ့ သည် စစ်တွေ့မြို့မှ မြို့မိမြို့ဖများ နှင့်တွေ့ဆုံပြီး ဇွန်လ ၂ ရက်နေ့ တွင် ကျောက်ဖြူမှ မြို့မိမြို့ဖများ အရပ်ဘက် အဖွဲ့အစည်းများနှင့်   တွေ့ဆုံခဲ့ကာ ရခိုင်ဒေသအတွက်ဦး စားပေး လုပ်ဆောင်ပေး သင့်သည့်ကဏ္ဍများကို မေးမြန်းဆွေးနွေးခဲ့ ကြောင်း ကျောက်ဖြူဒေ သခံများ ထံမှ သိရသည်။
ထို့အပြင် အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင် အားဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံ ချက်တွင်လည်း ဘင်္ဂါလီအရေးဖြေ ရှင်းရာတွင် ၁၉၈၂ နိုင်ငံသားဖြစ် ခွင့် ဥပဒေကို အသုံးပြုပြီးဖြေရှင်း သွားမည်ဟု ဖော်ပြပါရှိထားသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအ ရေးကို ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရဖြေရှင်းရာတွင် စိန်ခေါ် မှုများစွာရှိနေပြီး စာရင်းကောက် ယူမှု အောင်မြင်၊ မအောင်မြင်ခြင်း သည် ဘင်္ဂါလီများပေါ်တွင်မူတည် နေကြောင်း ရခိုင်အမျိုးသားပါတီ မှ မြေပုံမြို့နယ် ပြည်သူ့လွှတ်ေ တာ်  ကိုယ်စားလှယ် ဦးဖေသန်းက ဆို သည်။
အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနနှင့်ယူနီဆက်တို့ ပူးပေါင်း ပြီး ၂ဝ၁၄ ခုနှစ်တွင် ရခိုင်ပြည် နယ်မှ ဘင်္ဂါလီများကို ၁၉၈၂ ဥပ ဒေအတိုင်း စာရင်းကောက်ယူမှုပြု လုပ်ခဲ့ရာတွင်လည်း ဘင်္ဂါလီများ က ရိုဟင်ဂျာအသုံးအနှုန်းဖြင့်သာ စာရင်းကောက်ယူစေပြီး ဘင်္ဂါလီ အသုံးအနှုန်းအား အသုံးမပြုစေ လိုသောကြောင့် ပြဿနာများ ဖြစ် ပွားခဲ့ကာ စာရင်းကောက်ယူမှု မ အောင်မြင်ခဲ့ကြောင်း ၄င်းက ပြော သည်။
”အဲဒီတုန်းက ပြဿနာတွေ ဖြစ်ပြီး စာရင်းကောက်တာ မ အောင်မြင်ခဲ့ဘူး။ စာရင်းကောက် တဲ့အခါ ဘင်္ဂါလီတွေက ဘင်္ဂါလီ အသုံးအနှုန်းမသုံးနဲ့ သူတို့ကို ရို ဟင်ဂျာနာမည်နဲ့ပဲ သုံးပါ။ ဘင်္ဂါလီ နာမည်ကို သုံးမယ်ဆိုရင် စာရင်း အကောက်မခံဘူးဆိုပြီး ကန့်ကွက် ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဘင်္ဂါလီ တွေက စာရင်းကောက်သူတွေကို တုတ်တွေ ဓားတွေနဲ့ ခုတ်ရိုက်တာ တွေအထိ ဖြစ်ခဲ့ပါတယ်”ဟု သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သော တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေးလုပ်ငန်း ကော်မ တီများသည် ရခိုင်ပြည်နယ် ဒေသ ဖွံ့ဖြိုးရေးအတွက် ကျပ်ငွေ  ၇ ဘီ လျံ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
 အဆိုပါ ကော်မတီမှ ရခိုင် ပြည်နယ်ဒေသဖွံ့ဖြိုးရေး အတွက် အသုံးပြုမည့် ငွေကြေးပမာဏ ကျပ်ငွေ ၇ ဘီလျံသည် အလွန် နည်းပါး လွန်းကြောင်း၊ ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းလက်ထက်တွင်ပင် ကျပ်ငွေ ၁၅ ဘီလျံ အသုံးပြုခဲ့ကြောင်း ဦးဖေသန်းက   ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ကော်မတီများဖွဲ့စည်းပြီး ရခိုင်အရေးအား ဖြေရှင်းခြင်း သည် ကောင်းသော လုပ်ရပ်တစ်ခု ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အကြံပေး ဦးကိုနီက ပြော သည်။
”ဒါက ကောင်းပါတယ်။ ရခိုင် က မြန်မာနိုင်ငံမှာ ဒုတိယ အဆင်း ရဲဆုံးပြည်နယ်တစ်ခုကို ဒီလိုလုပ် ပေးမယ်ဆိုတော့ ပိုကောင်းတာ   ပေါ့”ဟု ၄င်းကဆိုသည်။
မြန်မာနိုင်ငံမှ ဘင်္ဂါလီများကို အမေရိကန်အပါအဝင် အနောက် နိုင်ငံများက မြှောက်ပင့်ပေးနေကြ ပြီး လူ့အခွင့်အရေးဖြင့် တိုက်ခိုက် မှုများရှိနေကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့်လည်း အနောက် နိုင်ငံများ၏ ဖိအားပေးမှုကို ခံနေ ရကြောင်း၊ ဆက်လက်ခံရ ဦးမည် ဖြစ်ကြောင်း  နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။
”ဘင်္ဂါလီအရေး ဖြေရှင်းတဲ့အ ခါ အလျှော့ပေးလို့မရဘူး။နည်း နည်းအလျှော့ပေးရင် မူဆလင် နိုင်ငံ ဖြစ်သွားလိမ့်မယ်။ ဒီပြဿ နာက   လေးနက်တယ်၊ ခက်ခဲတယ်၊ သိမ်မွေ့တယ်။ ဒေါ်စု နားလည်ပါ တယ်။ ဒေါ်စု လုပ်တတ်ပါတယ်။ ဒေါ်စုကို ထောက်ခံပါတယ်။ မြန် မာလူ ထုရဲ့ သဘောထားကို ဒေါ်စု သဘောပေါက်ပါတယ်။ ဒါကြောင့် လည်း သူတင်းခံနေတာပေါ့” ဟု သူက သုံးသပ်သည်။
ဘင်္ဂါလီပြဿနာ ဖြေရှင်းရာ တွင် ဖြစ်လာနိုင်သည့် လုံခြုံရေး ပြဿနာများကို အစိုးရက ပေါ်လ စီချမှတ်ကာ တားဆီးကာကွယ် နိုင်ပြီး ၁၉၈၂ နိုင်ငံသားပြုရေး ဥပဒေကို ပြင်ဆင်ခြင်းမပြုရန်သာ အလွန်အရေးကြီးကြောင်း ၄င်းက ပြောသည်။
၁၉၈၂ နိုင်ငံသားပြုရေး ဥပ ဒေဖြင့် စာရင်းကောက်ယူပြီးရာ တွင် နိုင်ငံသားဖြစ်ခွင့်ရသူများကို နိုင်ငံသားအခွင့်အရေး အပြည့် အဝပေးပြီး နိုင်ငံသားဖြစ်ခွင့် မရ သူများကို နိုင်ငံမှ နှင်ထုတ်စေလို ကြောင်း ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ်အနှံ့မှ ဘင်္ဂါလီ များကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် စိစစ်ရန် ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏားကျွန်း စသည့်မြို့ နယ်တို့ တွင် လုံခြုံရေးအင်အား ၃ဝဝ ခန့်စီဖြင့် ရဲတပ်ရင်း ၃ ခုကို ဇွန်လ ၅ ရက်နေ့မှစတင်ကာ တိုး မြှင့်ချထားခဲ့ပြီး ယခု ဇွန်လအ တွင်း စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး မှုတိုးတက်ရေး အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီက ဖြေ ရှင်းရမည့် AA အဖွဲ့နှင့် ငြိမ်းချမ်း   ရေး ကိစ္စပတ်သက်ပြီး ဦးဘိုဘို ကျော်ငြိမ်းက  ”မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေက တရုတ် လက်အောက်မှာပဲ တရုတ်နဲ့ အ ဆင်ပြေရင် ငြိမ်းချမ်းရေးကရပြီ” ဟု ဆိုသည်။
အချုပ်ဆိုရသော် ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းရေး ဟူ သော ပြဿနာသည် လွန်စွာ ထိ လွယ်ရှလွယ်ဖြင့် ယခင် ဦးသိန်းစိန် အစိုးရ သက်တမ်း တစ်ခုလုံးကို တောက်လျှောက် စိန်ခေါ်နိုင်ခဲ့ သည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် အစိုးရ သက်တမ်းတစ်ခုထက်
ပိုမို အသက်ရှည်ခဲ့သည့် အဆိုပါ ဗြဟ္မ ဦးခေါင်းအား ဒေါ်အောင်ဆန်းစု ကြည် မည်ကဲ့သို့ ဦးဆောင်၍ မည် သည့် နည်းလမ်းများဖြင့်   ဖြေရှင်း သွားမည်ဟူသည်ကိုတော့ မကြာမီ အဖြေသိရတော့မည် ဖြစ်သည်။
လင်းဟိန်း

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate