Wednesday, 3 May 2017

ရခိုင်ပြည်နယ်မှ ထူးခြားအံ့ဖွယ် ဆရာတော်ကြီး နှစ်ပါး၏ ရုပ်ကလာပ်တော်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဇလွန် မဒေကျေးရွာ ဓမ္မသစ္စာကျောင်းတိုက်မှာ ဆရာတော်ကြီး ၂ ပါးရဲ့ ရုပ်ကလာပ်တော်ကို မပုပ်မသိုးဘဲ ထူးခြားအံ့ဖွယ်စွာ ဒီနေ့ထိတိုင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ဆရာတော်ကြီး ၂ ပါးမှ တပါးဖြစ်တဲ့ ဦးသုဇတ ရုပ်ကလာပ်တော်ဟာ ပျံလွန်တော်မူသွားတာ နှစ်ပေါင်း ၃၀ ကျော်တောင် ကြာလွန်ခဲ့ပေမယ့် ဒီနေ့အချိန်အထိ မပုပ်မသိုးဘဲ ခန္ဓာကိုယ်တခုလုံးမှာ ကြေးနီးရောင်အဆင့်နဲ့ ဖုံးလွှမ်းနေပါတယ်။
ဆရာတော် မပျံလွန်ခင်ရဲ့ သုံးလအလို ၁၃၄၆ ဝါခေါင်လကွယ်နေ့ ဥပုသ်နေ့မှာ တပည့်ဒကာ၊ ဒကာမတွေကို ခန္ဓာဝန်ချမယ် ဖြစ်တာကြောင့် ရုပ်ကလာပ်ထည့်နေရာ၊ မပုပ်မသိုးမယ့်အကြောင်းကို မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

ဆရာတော်ကြီး ဦးသုဇာတ တပည့်တပါးဖြစ်တဲ့ ဦးကဝိနန္ဒဆိုရင်လည်း ပျံလွန်တော်မှုသွားတာ ၂ နှစ်ကျော်ကြာခဲ့ပြီး ဖြစ်ပေမယ့် ပထမဆရာတော်ကြီးလို့ မပုပ်မသိုးဘဲ တည်ရှိနေတာပါ။
ဆရာတော်ကြီးနှစ်ပါးဟာ ဝိပဿနာကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့သူတွေ ဖြစ်သလို ပျံလွန်တော်မူပြီးတဲ့အချိန်မှာလည်း မပုပ်မသိုးဘဲ ကြေးနီရောင် ခန္ဓာကိုယ်သဏ္ဌာန် ရှိတာကြောင့် ဆရာတော်နှစ်ပါးကို ရဟန္တာနှစ်ပါးလို့ ယူဆကြပါတယ်။
သတင်း၊ ဓာတ်ပုံ-ဝဏ္ဏခွာညို
 http://tv.dvb.no/archives/41830
....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate