Thursday, 22 January 2015

ခန္ဓာကိုယ် မသန်စွမ်း၍ ခြေထောက်ဖြင့် ကွန်ပျူတာ အသုံးပြုပြီး အွန်လိုင်း စာရေးဆရာမဖြစ်လာသူ


Cerebral Palsy လို့ ခေါ်တဲ့ မွေးစဉ်က ဦးနှောက် ချွတ်ယွင်းသွားသောကြောင့် ကိုယ်အင်္ဂါအချို့ မလှုပ်ရှားနိုင်တဲ့ ရောဂါခံစားနေသူတစ်ဦးဟာ ခြေထောက်နဲ့ စာရေးနိုင်တဲ့ အွန်လိုင်းစာရေးဆရာမတစ်ဦး ဆိုတာ တကယ်ကို မယုံနိုင်စရာပါ။
တရုတ်နိုင်ငံ အရှေ့ပိုင်း Anhui ပြည်နယ်၊ Liu'an မြိုမှာနေတဲ့ အသက်(၂၂)နှစ်အရွယ် အမျိုးသမီး“Hu” ဟာ သူမရဲ့ မလျှော့တဲ့ စိတ်ဓါတ်နဲ့ ဘ၀ကိုကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းတဲ့ ကြိုးစားမှုကြောင့် စာရေးစာဖတ် တတ်လာခဲ့ပါတယ်။
သူမဟာ ကွန်ပြူတာကီးဘုတ်ကို အသုံးပြုပြီး စာလုံးပေါင်း (၆)သောင်းကျော်ကို တစ်လုံးချင်းစီ ရိုက်နှိပ်နိုင်ပါတယ်။


သူမကို ၁၉၉၃ ခုနှစ် ဇွန်လမှာ မွေးဖွားခဲ့ပြီး ဆရာဝန်ဟာ သူမကို သူမရဲ့ခန္ဓာကိုယ်ဟာ အလေးချိန်ပေါင် မပြည့်မှီတာကြောင့် ဆက်လက်ရှင်သန်ဖို့ မျှော်လင့်မရှိနိုင်ဘူးလို့တောင် ထင်ခဲ့ပါတယ်။

သူမ ခန္ဓာကိုယ်တစ်ဖက်နဲ့တစ်ဖက် လှည့်ဖို့ အတော်ကြိုးစားရပြီး ဦးခေါင်းဟာ ပုံမှန်မဟုတ်ဘဲ ဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ လအနည်းငယ်ကြာတဲ့ အချိန်မှာတော့ သူမဟာ Cerebral Palsy လို့ခေါ်တဲ့ ရောဂါခံစားနေရတာ မိဘများ သိရှိသွားပါတယ်။


“ကျွန်မဟာ ပါရမီရှင် မဟုတ်ပါဘူး ဒါပေမယ့် အမြဲတမ်းသင်ကြားဖို့ လေ့လာတယ်၊ ကျွန်မငယ်စဉ်က TV ကြည့်ရင် စာတမ်းထိုးထားတဲ့ စာလုံးတွေကို ကြည့်ပြီး စာလုံးအသစ်ကို သင်ကြားဖို့ အမြဲကြိုးစားတယ်”ဟု Hu ကပြောပါတယ်။

သူမရဲ့မိခင် Zhang Junhua ဟာ သူမကို စကားပြောနိုင်ဖို့ သင်ကြားပေးခဲ့ပြီး သူမ မိသားစုဟာလဲ လုံးဝဘ၀ကို အရှုံးမပေးအောင် ကူညီပေးခဲ့ပါတယ်။

သူမကို စာရေးသားတဲ့ အကြောင်းမေးရင် သူမဟာ တရုတ်နိုင်ငံနာမည်ကြီး အဆိုတော် HuoZun ရဲ့ ကာရာအိုကေ သီချင်းတွေကို နားထောင်ရင်း လိုက်ဖတ်ရင်းရေးနိုင်လာတာလို့ ပြောပါတယ်။

သူမဟာ အမြဲတမ်းကြိုးစားပြီး သင်ယူမှုအတွက် ကိုယ့်ကိုယ်ကို လှုံ့ဆော်နေသူတစ်ဦးပါ၊ အခုဆိုရင် သူမ ဟာ အွန်လိုင်းပေါ်မှာ အချစ်အကြောင်း ဇာတ်လမ်းတွဲတွေ ရေးသားနေတဲ့ စာရေးဆရာမတစ်ဦး ဖြစ်ပါတယ်။

ဘာသာပြန် ။  ။ ဇက်(Z)
Ref;CCTVNEWS
Photo: CCTVNEWS
 Tachileik Online News ( www.tachileik.net  )  

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate