Wednesday, 21 January 2015

ရှမ်းမောင်ရှင်လောင်း လှည့်လည်ပွဲ..ရှမ်းရိုးရာ ယဉ်ကျေးမှု

  
 
ရှမ်းရိုးရာ ယဉ်ကျေးမှု အတိုင်း  နှစ်စဉ် ကျင်းပလျက်ရှိသည့် ရှမ်းမောင်ရှင်လောင်း လှည့်လည်ပွဲကို ယနေ့ နံနက်က တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ခ) မိန်းလမ်း တလျှောက် စည်ကား စွာ တွေနွေရာသီ ကျောင်းပိတ်ရက် ရောက်တိုင်း မိမိတို့သား သမီးများအား သာသနာ့ ဘောင်အတွင်းသို့ သွပ်သွင်းပြီး
ကုသိုလ်ကောင်းမှုပြုကြကြောင်း၊  မောင်ရှင်လောင်း လှည့်ရာ တွင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် ကားပေါ်တင်ပြီး လှည့်လည်ခြင်း မပြုကြောင်း၊ မောင်ရင်လောင်းများ ကို လူအများက  ကုန်းပိုးပြီး လှည့်လည်ကြောင်း ရှမ်းတိုင်းရင်းသူ နန်းစံဟွမ်က ရှင်းလင်းပြောဆိုသည်။

 

ကွမ်းတောင်ကိုင် ရှမ်းပျိုဖြူများ၊  ရှမ်းအိုးစည်၊ ရှမ်းအက၊ ကိန္ဒရီ ကိန္ဒရာ အက၊တိုးနယားအက များဖြင့် နှစ်စဉ် လှည့်လည်ပြီး  အလှူတွင် စုပေါင်း ကုသိုလ်ယူကြကြောင်း၊ ယနေ့ နံနက် အလှူလှည့်ရာတွင် ၀တ်ဆင်ကြသည့် ၀တ်စုံများသည် အနယ်နယ် အရပ်ရပ်မှ ရှမ်းတိုင်းရင်းသူ၊ တိုင်းရင်းသားတို့၏  ရိုးရာ ၀တ်စုံများဖြစ်ကြောင်း ယင်းက ထပ်မံပြောကြားသည်။

အစဉ်အလာအတိုင်း မြို့လယ် ဓမ္မာရုံတွင် ဘုရားဝတ်ပြုကြကြောင်း၊ ထို့နောက် ရိုးရာကို ထိန်းသိမ်းသည့် အနေဖြင့် ကိုးမြို့ရှင် နတ်နန်းတွင် နတ်ပြမည်ဖြစ်ကြောင်း သိရသည်။
 


တောင်ကြီးဒေသခံ ဦးစိုင်းအိုက်မောင်းကလည်း - မောင်ရှင်လောင်း ကိုရင်မ၀တ်ခင် ရှင်လောင်း လည့်သည့်နေ့အား အလှူဝင်သည်ဟု ခေါ်ကြောင်း ရှင်းပြသည်။

မနက်ဖြန် မောင်ရင်လောင်းင်္သဃန်းစီးလျှင်အလှူကြီးရက်ဟု ခေါ်ကြောင်း၊ ယင်းနေ့တွင်  
 မောင်ရင်လောင်း အား လက်ဖွဲ့ချည်မျှင်စွပ်ခြင်း၊ အလှူပွဲလာ ပရိသတ်များ အား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း၊ ညပိုင်းတွင် အလုပ်အကိုင် အဖွဲ့များက အိုးစည် ဗုံမောင်းများဖြင့် အလှူရှင်ထံတွင် မီးရှူးခံခြင်း စသည့် အစီအစဉ်များ ပါဝင်သည့် တောင်ပေါ်ဒေသ၏ ရိုးရာယဉ်ကျေးမှု အမွေ အနှစ်ပွဲတော် တစ်ခုဖြစ်ကြောင်း ဦးစိုင်းအိုက်မောင်းက ရှင်းလင်းပြောဆိုသည်။

ဧရာဝတီဘလော့



















































0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate