Thursday, 22 January 2015

‘ချိုး’ ရိုးရာယဉ်ကျေးမှု

K'CHO CULTURE 

 ချိုးတိုင်းရင်းသားလူမျိုးတို့၏ ထူခြားချက်မှာ ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှု ရှိခြင်း ဖြစ်သည်။ အမျိုး အနွယ်များဆင်းသက်လာပုံကို လေ့လာပါက တမျိုးတနွယ်တည်း ဖြစ်သည်ကို တွေ့ရှိရပေမည်။ အမျိုးမခြားသော် လည်း တတောင်ကွယ် တရွာခြားလျှင်ပင် ဘာသာစကား၊ ယဉ်ကျေးမှုတမျိုးတဖုံ ဆန်းပြားသွားသည်ကို တွေ့ရှိနိုင် ပါသည်။ တသွေး တသံ တမိန့် အုပ်ချုပ်လိုသော အာဏာရှင်တို့၏ ဓလေ့စရိုက်တွင်မူ တကျောင်းတကာထာတရွာ တပုဒ်ဆန်းသော ကွဲပြားမှုကို အလိုမရှိတတ်ကြဘဲ တသွေးတရောင် တဆင်တည်းဖြစ်ရန် ဘုံဆိုသော ပုံစံခွက်အ တွင်း ဇွတ်အတင်း သွတ်သွင်းမှုများ ရှိတတ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ရောင်စုံပန်းတို့ဖြင့် ဖူးပွင့်ဝေဆာနေသော ချိုးယဉ်ကျေးမှုများကို အရှိသဘာဝအတိုင်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါရန် ချိုးအမျိုးသား များသို့ ပန်ကြားပါသည်။ အ၀တ်အစား အဆင်အယင်၊ အတီးအမှုတ်၊ အဆိုအက၊ စကားလေသံ ကွဲသွားရုံဖြင့်လူက ခြားနားသွားခြင်း မဖြစ်စေဘဲအရှိအားလုံးကို ရှိနေသူအားလုံးက အတူတကွ လေးစားမြတ်နိုး ပိုင်ဆိုင်ကြကုန်သော တညီတညွတ်ရှိသည့် အမျိုးသားအစုအစည်းထု ဖြစ်စေရပါမည်။ ချိုး၏ ယဉ်ကျေးမှုကို အုပ်စုအားဖြင့် Mün, M'kang, Dai, Ukpu, NgGah စသည်ဖြင့် တွေ့ရှိနိုင်ပါသည်။ ထိုထိုသော မြတ်နိုးခုံမင်ဘွယ် သာယာနာပျော်ဘွယ် ရာများဖြင့် လှပတင့်တယ်နေသော ချိုးယဉ်ကျေးမှုများကို ကြည့်ရှု နားဆင်နိုင်ရန်အလို့ငှာ ဓါတ်ပုံများ၊ တေးသီချင်း များ၊ ဗီဒီယိုများဟူ၍ ကဏ္ဍသုံးခု ထားရှိပါသည်။ မိမိတင်ဆက်လိုသောအရာကို ပေးပို့ပါကလည်း ဖော်ပြပေးမည် ဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ချိုးတိုင်းရင်းသားကောင်စီ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate