မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာတွင် သိန်းခြောက်ထောင်တန် တိုက်နယ်ဆေးရုံတည်ဆောက်
သတင်း
Rakhine News Agency (မြောက်ဦး၊ ဖေဖော်ဝါရီ ၁၉)
ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် ဖြစ်သော မြောက်ဦးမြို့နယ်
အတွင်းရှိ တိန်ညို စံပြကျေးရွာတွင် တိုက်နယ်ဆေးရုံ တစ်ခုကို
တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ဆေးရုံ၏ တန်ဖိုးမှာ ကျပ်သိန်း ခြောက်ထောင် တန်ဖိုးရှိပြီး၊ ယခုအခါ
တည်ဆောက်ရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း
တာဝန်ယူတည်ဆောက်နေသည့် မေဃ၀ရဇိန် ဆောက်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ရှိသူ
တစ်ဦး ကပြောသည်။
“တိန်ညိုစံပြကျေးရွာအတွက် အခုလို တိုက်နယ်ဆေးရုံတစ်ရုံ ရတာ တော်တော်ကို
ဝမ်းသာမိပါတယ်။ ဖြစ်လည်း ဖြစ်သင့် ပါတယ်။ ရွာမှာကျန်းမာရေးနဲ့
ပတ်သက်လာလို့ ဆေးရုံတက်ရမယ်ဆိုရင် မြောက်ဦးမြို့ကို သွားတက်ရပါတယ်။
ရွာနဲ့ ခရီးဝေးတဲ့ အတွက် လူနာဆေးရုံတက်ရလို့ရရင် လူနာစောင့်တွေအတွက်
ကုန်ကျစရိတ်များတာတွေ၊ ဆွေးမျိုးမရှိတဲ့သူတွေအတွက်
နေရာထိုင်ခင်းအဆင်မပြေတာတွေ ကြုံတွေ့ခဲ့ရပါတယ်။ အခုတော့
ရွာသားကျန်းမာရေးအတွက် ဆေးရုံကောင်းတစ်ခုရသွားပါပြီ” ဟု
တိန်ညိုစံပြကျေးရွာမှ ဒေါ်ကြည်ဌေး ကပြောသည်။
တိန်ညို စံပြကျေးရွာတွင် တည်ဆောက်ပြီးစီးတော့မည့် တိုက်နယ်ဆေးရုံမှာ
၁၆ကုတင်ဆံ့ ဆေးရုံဖြစ်ပြီး၊ အလျား ၁၂၆ပေ၊ အနံ ၈၉ပေ၊ အမြင့် ၁၄ပေ
ကျယ်ဝန်းကာ ယခုနှစ် မတ်လအတွင်း ပြီးစီးအောင်
တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ကျန်းမာရေးဆိုင်ရာ
အထောက်အပံ့များ လိုအပ်လျက်ရှိသည်။ ကျေးရွာများတွင် နေထိုင်သူများမှာ
ကျန်းမာရေးအတွက် မြို့ကြီးများရှိ ဆေးရုံ၊ ဆေးခန်းများကိုသာ
အားကိုးနေရပြီး၊ ရေကြောင်းခရီးကိုသာ အားထားနေရသော ကျေးရွာများတွင်
မြို့တက်၍ ဆေးကုသမှု ခံယူရန် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
မောင်သန့်ရှင်း
Rakhine News Agency (မြောက်ဦး၊ ဖေဖော်ဝါရီ ၁၉)
ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် ဖြစ်သော မြောက်ဦးမြို့နယ်
အတွင်းရှိ တိန်ညို စံပြကျေးရွာတွင် တိုက်နယ်ဆေးရုံ တစ်ခုကို
တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ဆေးရုံ၏ တန်ဖိုးမှာ ကျပ်သိန်း ခြောက်ထောင် တန်ဖိုးရှိပြီး၊ ယခုအခါ
တည်ဆောက်ရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း
တာဝန်ယူတည်ဆောက်နေသည့် မေဃ၀ရဇိန် ဆောက်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ရှိသူ
တစ်ဦး ကပြောသည်။
“တိန်ညိုစံပြကျေးရွာအတွက် အခုလို တိုက်နယ်ဆေးရုံတစ်ရုံ ရတာ တော်တော်ကို
ဝမ်းသာမိပါတယ်။ ဖြစ်လည်း ဖြစ်သင့် ပါတယ်။ ရွာမှာကျန်းမာရေးနဲ့
ပတ်သက်လာလို့ ဆေးရုံတက်ရမယ်ဆိုရင် မြောက်ဦးမြို့ကို သွားတက်ရပါတယ်။
ရွာနဲ့ ခရီးဝေးတဲ့ အတွက် လူနာဆေးရုံတက်ရလို့ရရင် လူနာစောင့်တွေအတွက်
ကုန်ကျစရိတ်များတာတွေ၊ ဆွေးမျိုးမရှိတဲ့သူတွေအတွက်
နေရာထိုင်ခင်းအဆင်မပြေတာတွေ
ရွာသားကျန်းမာရေးအတွက် ဆေးရုံကောင်းတစ်ခုရသွားပါပြ
တိန်ညိုစံပြကျေးရွာမှ ဒေါ်ကြည်ဌေး ကပြောသည်။
တိန်ညို စံပြကျေးရွာတွင် တည်ဆောက်ပြီးစီးတော့မည့် တိုက်နယ်ဆေးရုံမှာ
၁၆ကုတင်ဆံ့ ဆေးရုံဖြစ်ပြီး၊ အလျား ၁၂၆ပေ၊ အနံ ၈၉ပေ၊ အမြင့် ၁၄ပေ
ကျယ်ဝန်းကာ ယခုနှစ် မတ်လအတွင်း ပြီးစီးအောင်
တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် ကျန်းမာရေးဆိုင်ရာ
အထောက်အပံ့များ လိုအပ်လျက်ရှိသည်။ ကျေးရွာများတွင် နေထိုင်သူများမှာ
ကျန်းမာရေးအတွက် မြို့ကြီးများရှိ ဆေးရုံ၊ ဆေးခန်းများကိုသာ
အားကိုးနေရပြီး၊ ရေကြောင်းခရီးကိုသာ အားထားနေရသော ကျေးရွာများတွင်
မြို့တက်၍ ဆေးကုသမှု ခံယူရန် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။
မောင်သန့်ရှင်း



0 comments:
Post a Comment