Tuesday, 10 March 2015

ကွာလာလမ်ပူမြို့တွင် ကျင်းပတဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်

 

Tuesday, April 17, 2012

မလေးရှားနိုင်ငံ၊ စလန်းဂေါ (Selangor) ပြည်နယ်၊ ပတ္တလင်းဂျာယာ (Petaling Jaya) အရပ်တွင် တည်ရှိသော စရိယာရာမ ဆန်းဒေးစကူး (Sunday School) ကျောင်းရဲ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို အဝေးရောက် တိုင်းရင်းသားများ စုပေါင်းကာ ကွာလာလမ်ပူမြို့ တရုတ်တန်း ခန်းမကြီးတွင် ဧပြီ ၁၅ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
ထို သင်္ကြန်ပွဲတော်တွင် စင်ကာပူနိုင်ငံ ကိုဇော်ထက်နဲ့ အဖွဲ့ရဲ့ ဘုရားယိမ်း အက၊ အပျိုတော်အက၊ ရေခပ်ဆင်းချိန် တေးသရုပ်ဖော် အကနဲ့ သင်္ကြန်အကများ၊ မလေးရှား နိုင်ငံရောက် မွန်တိုင်းရင်းသားများရဲ့ မွန်ရိုးရာ အဆို အကများ၊ ကရင်တိုင်းရင်းသားများရဲ့ ကရင်ရိုးရာ အဆိုအကများ၊ ရှမ်းတိုင်းရင်းသားများရဲ့ ရှမ်းရိုးရာ အဆိုအကများ၊ တနင်္ဂနွေနေ့ ယဉ်ကျေးမှု သင်တန်း (ဆန်းဒေးစကူး - Sunday School) မောင်မယ်များရဲ့ မြန်မာ့ရိုးရာသင်္ကြန် အဆိုအကများ၊ ရွဲကုန်သည် ပြဇာတ်၊ ရိုးရာသံချပ် စသည်ဖြင့် မြန်မာ့ရိုးရာ၊ မြန်မာတိုင်းရင်းသား ရိုးရာ အဆို အကများစွာနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
Copy from - burmatoday.net

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate