Friday, 6 March 2015

ရခိုင်ပြည်နယ်တွင် တောင်ကုတ် တရားသူကြီး ပထမဆုံး ကန့်ကွက်ဆန္ဒပြခံရ

protest-on-court
နေဇော်
သံတွဲ၊ မတ်လ ၃
တောင်ကုတ်မြို့တွင်  တရားသူကြီးနှင့် ဥပဒေဝန်ထမ်းများအား ကန့်ကွက်သည့် ဆန္ဒပြပွဲ တစ်ခု မတ်လ ၃ ရက်နေ့က ပေါ်ပေါက်ခဲ့သည်။
တရားသူကြီးနှင့် တရားရေး ၀န်ထမ်းများအား တရားမျှတမှု မရှိသည့် အပေါ် ဆန္ဒပြကန့်ကွက်ခြင်း ဖြစ်ပြီး  ယခုကဲ့သို့ တရားသူကြီးကို ဆန္ဒပြခြင်းသည် ပထမဆုံးအကြိမ် ရခိုင်ပြည်နယ် အတွင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)မှ ကိုဇေယျကျော်က ပြောသည်။
ဆန္ဒပြပွဲကို ဦးဆောင်သူ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာနေ ဦးဝေသောင်းမှ ”တောင်ကုတ်မြို့နယ်မှာ တရားစီရင်ရေး မဏ္ဍိုင်ဟာ ယိုင်နှဲ့နေပြီး အမှား အယွင်းတွေ လုပ်နေတာကို ပြည်သူတွေဆီက ကြားနေရတာ ကြာပါပြီ။ ကိုယ်တိုင်လည်းကြုံခဲ့ရတယ်။ တရားခံဟာ ပြစ်မှု ထင်ရှားပြီး အထောက်အထား ခိုင်လုံပါလျက်နဲ့ မတရားသဖြင့် ဘက်လိုက်ဆုံးဖြတ်ပြီး ပုဒ်မကို လျော့လို့ ဒဏ်ငွေ နှစ်သောင်းနဲ့ ပြီးခဲ့တဲ့ အမှုတွေရှိတယ်။ ဆားပြင်ရွာ တစ်ရွာလုံးက မျက်မြင်သက်သေ ခိုင်ခိုင်မာမာ ထွက်ဆိုချက် ပေးပါလျက်နဲ့ တရားခံကို လွှတ်ပေးခဲ့တယ်” ဟု တရားရုံးမြို့နယ် တရားရုံးနှင့် ပတ်သက်ပြီး ပြောဆိုသည်။
ဆန္ဒပြရခြင်းမှာ အနိုင်ယူလိုသည့် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ တရားရုံးတွင် ကျင့်သုံးနေသော အစဉ်အလာ စနစ်ဆိုးကြီး ပျောက်ပျက်သွားစေလို၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ အနိုင်လိုချင်လို့ မဟုတ်ဘူး။ အနိုင်ရယူ လိုခြင်းထက် တရားမျှတမှုကို ပိုလိုလားတယ်။ အခုက မတရား ဆုံးဖြတ်တာပဲ။ ချို့တဲ့နွမ်းပါးသူတွေ မသိနားမလည်သူတွေဆိုရင် ပိုဆိုးတာပေါ့။ ဒါကြောင့် မတရားလုပ်တဲ့ အစဉ်အလာဆိုးကြီး ပပျောက်အောင် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်ရတာပါ” ဟု သူက ဆက်လက် ပြောဆိုသည်။
ဆန္ဒပြပါက နေပြည်တော် အထက်လူကြီးထိ သူတို့ မတရား လုပ်ရပ်ကို သိရှိသွားမည် ဖြစ်သဖြင့် ဆန္ဒပြပွဲ မလုပ်ဖြစ်အောင် တရားရုံးမှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  သို့သော်လည်း ဆန္ဒပြသူများက နောက်မဆုတ်ပဲ သူတို့သဘောထားကို ဆန္ဒပြ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
ယခု ဆန္ဒပြပွဲကို တောင်ကုတ်မြို့နယ်မှူးရုံးမှ စာအမှတ် ၁၀၁၇(၉)/၁၀၄/ဦး၁ ဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ခွင်ြ့ပုပေးခဲ့သည်ဟု သိရသည်။
ငြိမ်းစုစီတင်ရာတွင်ပါဝင်သော မမျှတတဲ့ တရားသူကြီး(အလိုမရှိ)၊ ဖောက်ပြန်သော ဥပဒေဝန်ထမ်း(အလိုမရှိ)  ဆိုသော ကြွေးကြော်သံများကိုမူ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ခွင့်ပြုချက်မပေးဘဲ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဆန္ဒပြသူများသည် တရားဥပဒေစိုးမိုးရေး(ဒို့အရေး) မတရားသော ဆုံးဖြတ်ချက်(အလိုမရှိ) ဥပဒေကို မမျှမတစီရင်မှု(အလို မရှိ)ဟုကြွေးကြော် ဆန္ဒပြခဲ့ကြသကဲ့သို့   ဥပဒေတွင် ဆွေမျိုးမရှိ၊ ဥပဒေကိုလေးစားပါ၊ တရားဥပဒေစိုးမိုးရေး(ဒို့အရေး)၊  တည်ငြိမ်မှုကို လိုလားပါက မျှတစွာ စီရင်ပေးပါ၊  မျက်နာကြီးရာ ဟင်းဖတ်မပါနဲ့၊  ဥပဒေ အထက်တွင်မည်သူမှ မရှိ ဟူသော ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ သူတို့လိုလားချက်များကိုတောင်းဆိုခဲ့ကြ သည်။
ဆန္ဒပြပွဲသို့ လူပေါင်း ၆၀ ခန့် ပူးပေါင်းပါဝင်ခဲ့ပြီး နေ့လယ် ၁၂ နာရီ အချိန် တွင် စတင် ၂ နာရီတွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။
http://www.narinjara.com/burmese/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate