Friday, 6 March 2015

မာန်အောင်မြို့နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ကမ်ပိန်းစာရွက်များကို ရဲက ခွာချ

Man-Aung township

မတ်လ ၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး လှုပ်ရှားရာတွင် အသုံးပြုနေသော ပိုစတာများကို မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မတ်လ ၅ ရက်နေ့ ညနေက ခွာယူသွားခဲ့သည်ဟု သိရသည်။
“ ဘယ်သူ့ကိုမှလည်း အကြောင်းကြား အသိပေးတာ မရှိဘဲနဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အတွက် လှုပ်ရှားနေတဲ့ ပိုစတာ ကမ်ပိန်းစာရွက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ ခွာယူသွားပါတယ်။ မြို့ပေါ် ရပ်ကွက်တွေမှာ ကပ်ထားတဲ့ စာရွက်တွေရော၊ ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ ခြံဝမှာ ကပ်ထားတဲ့ စာရွက်တွေကိုရော ဖြုတ်ချ ခွာယူသွားပါတယ်” ဟု မာန်အောင်ဒေသခံ ကိုသန်းနိုင်က ပြောသည်။

မာန်အောင်မြို့နယ်သည် ကျွန်းပေါ်တွင် တည်ရှိသော မြို့နယ် တစ်ခုဖြစ်သဖြင့် ရခိုင်ပြည်နယ်အား မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမည့် အစီအစဉ်တွင် မပါဝင်ဘဲ ချန်လှပ်ခံထားရသည်ဟု သိရသည်။ သို့အတွက် နိုင်ငံတော် သမ္မတထံ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် ဒေသခံ ပြည်သူ လက်မှတ် နှစ်သောင်းစုဆောင်ပြီး တင်ပြတောင်းဆိုမည့်  Campaign တစ်ခုကို လုပ်ဆောင်နေသည်ဟု သိရသည်။
“ ပိုစတာထဲမှာလည်း ဘာမှ အစိုးရကို ဆန့်ကျင်တာ မပါဘူး။ မာန်အောင်မြို့နယ် မီးလင်းဖို့ တစ်မြို့နယ်လုံး လက်မှတ်ထိုးကြစို့ ဆိုပီး ရေးသားထားတာပါ။ ဒါကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရဲက ခွာယူ သွားတယ်ဆိုတာက နားမလည်နိုင်ဘူး” ဟု သူက ဆိုသည်။
မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်ရာ သူတို့အနေနှင့် မသိရှိသေးကြောင်း၊ အရာရှိများမှာ အစည်းအဝေး လုပ်နေသဖြင့် နောက်မှ ဆက်သွယ်ရန် ပြောကြားခဲ့သည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate