Tuesday, 3 March 2015

မိအိုမှာတမ်း ရိုးမနွယ်ချို....လူတွေဟာလူပါပဲ..

မိအိုမှာတမ်း ရိုးမနွယ်ချို
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
တောင်ရိပ်ခို
မိအိုရင်သွီး သားလှထွီး
ပျက်စီးလုလု ယဉ်ကျေးမှု
အနုလှစာပီ ဖော်ထုတ်လီ။
သန္တာရောင်လွှမ်း ရီပြာကမ်း
ရိုးပန်းငုံအာ သားသည်းချာ
လေးဖြာဝတီ လခြမ်းမြီ
ရှိမွီးကိုလည်း ထိမ်းကတ်လီ။
သဇင်ကိုချစ် မျိုးဆက်သစ်
မွီနှစ်အမှန် သားမြတ်မွန်
သမိုင်းကြွင်းကျန် မျိုးတာဝန်
ကျေပွန်အောင်လည်း ထမ်းကတ်လီ။
ရောင်နီဖြာသန်း ရိုးတောင်တန်း
ကျောက်သန္တာ သဇင်ပန်း
လန်းဆန်းဝီဝီ မွှီးလှစီ။
ဂစ္ဆပနဒီ ကြိုင်လှစီ။
လခြမ်းမြီ အီးလှစီ။
....................By:
လိုင်းလုံးကြားက စိန်ခေါ်သံရခိုင်သားတိစုပေါင်းရာ
လူတွေဟာလူပါပဲ
**********

သင် ဘယ်လောက်ချမ်းသာ ပါစေ တနေ့ ထမင်း ၂ နပ် အပြင် ပိုမစား
.နိုင်ပါဘူး..
သင့်မှာ အိမ်တွေ ဘယ်လောက်ပိုင်ပါစေ တစ် ည မှာ ကျောတခင်းထက်ပို မအိပ်နိုင်ပါဘူး
..
ကားတွေ ဘယ်နှစ်စီး ပိုင်ပါစေ
..
တခါမောင်းရင် တစီးထက်ပိုမမောင်းနိုင်ပါဘူး..
လက်ဝတ်ရတနာ တွေကြိုက်သလိုပေါပါစေ
..
သင့် တစ်ကိုယ်လုံး မှာဆန့်သလောက်ပဲ ဝတ်ရမှာပါ..
အဝတ်အထည်တွေ ဘယ်လောက်ပေါပါစေ
တခါဝတ်ရင် တစ်စုံထက် ပိုမဝတ်နိုင်ပါဘူး..
မျက်နှာလေးချောတယ်လှတယ်
ကိုယ်လုံး လှလေးလှတယ်ဆိုလဲ ..
အနှစ် ၃၀ မခံပါဘူး...
စိတ်လှတဲ့အလှတရားကသာ..တစ်သက်လုံးခံ မှာပါ.
ဖိနပ်ဘယ်လောက်တန်ပါစေ ခြေဖဝါးအောက် နေတာပါ..
ဦးထုတ်ဘယ်လောက်စုတ်ပါစေ ခေါင်းပေါ်မှာနေတာပါ..
ဘဝ မှာ အားလုံးက သူ့ နေရာနဲ့သူ နေရတာပါ..
လောကမှာ. သင့်ထက် ၁၀ ဆ..အဆ ၁၀၀ ပိုချောပိုလှ ..ပိုချမ်းသာ ..
ပို တတ်ပိုသိ ပိုတော် ပိုသြဇာ အာဏာ ရှိတဲ့ လူတွေ ရိုက်သတ် လို့မကုန်ပါဘူး..
ကဲ.သင်ဘာအတွက် ..မောက်မာ နေဦးမှာလဲ..
ဘာအတွက်ရင့်သီး နေကြဦးမှာလဲ
..
သူဖုန်းစား ရော သူဌေးရော
.ဘုရင်ရော လူတွေ ချည်းပါပဲ..
လူ့တန်ဖိုး က
..သင်တစ်ဘဝ လုံး..
ဘာအတွက်နေပြီး ဘာအတွက်သေခဲ့ရတာလဲ..
လောက ကဘာတွေယူသွားပြ်ီး
လောက ကို ဘာတွေချန်ထားခဲ့မှာလဲ..
ဆိုတဲ့ ချိန်ဂွင်လျှာမှာပဲ...တိုင်းပါတယ်..
ဘဝ အကြောင်းကို လမ်းမထွက်
..လူတွေကြားရပ် ပြ်ီး ကကြီးခခွေးကနေစ သင်လိုက်ပါဦး ..ရွှေရည်စိမ် ..မြေပေါ်စာ..လူတန်းစားတို့ရေ
မာန်အောင် ကိုရဲ
2.3.2015
17:00:18:00
DJ Zin Myo
ရခိုင်သားတိစုပေါင်းရာ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate