Author: AGYO |
10:57:00 |
|
ရခိုင်မူ
ရခိုင်ဟန် ဘယ်ချ ဂေါင်းပေါင်း(ရစ်ပေါင်း
နှင့် အုပ်ပေါင်း)
ရခိုင်လူမျိုးတို့မှာ ဂေါင်းပေါင်းသုံးမျိုးရှိသည်ဟု
မြင်တွေ့ သိရှိရပါ သည်။ ၄င်းတို့မှာ ရစ်၍ပေါင်းရသောဂေါင်းပေါင်း ၊အုပ်၍ ပေါင်းရသောဂေါင်းပေါင်း၊ကြက်သရေဂေါင်းပေါင်း
ဟူ၍ ဖြစ်သည်။ ရစ်ပေါင်းကို လူငယ် လူလတ်များက ပေါင်းလေ့ရှိကြပြီး ၊အုပ်ပေါင်း နှင့်
ကြက်သရေပေါင်းကို လူလတ်ပိုင်းနှင့် သက်ကြီး ပိုင်းများက လူမှုရေး၊ဘာသာရေး၊နိုင်ငံရေး
အခမ်းအနားများ၊ တွင်ပေါင်းကြ သည်ကိုတွေ့မြင်ရပါသည်။ယနေ့ရခိုင်လူမျိုးတို့သည် ရခိုင်ဟန်
ရခိုင်မူ ဘယ်ချဂေါင်း ပေါင်းပုံစံကို ပိတ်စတစ်စပေးပြီး လုပ်ပြပါ ဆိုလျှင် များသောအားဖြင်
ရခိုင်ဂေါင်းပေါင်းပုံစံ မပေါင်း တတ်ကြ ချေ၊ ထိုကြောင့် ကျွန်ုပ်သည် အရိုး ကို အရွက်မဖုံးလိုသည်က
တစ်ကြောင်း၊ ရခိုင်အမျိုးသားရေး လက္ခဏာ ဟန်မူများ ကွယ် ပျောက် သွားမည်စိုးရိမ်၍၄င်း၊အစဉ်အလာ
ထိန်းသိမ်း လာသော ယဉ်ကျေး မှုအမွေအနှစ်တစ်ခု ထာဝစဉ် တည်တံ့ စေ လိုပါသည်..
0 comments:
Post a Comment