Sunday, 24 May 2015

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် အတွက် သံရုံးသို့ တရားဝင် အကြောင်းကြားထားရန်လိုအပ်

ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုလျှင် သံရုံးသို့ တရားဝင် အကြောင်းကြားထားရန် လိုအပ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အလုပ်သွားလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ မိမိနေရပ်ဒေသမှာ ရှိတဲ့ မဲဆန္ဒနယ်က ကိုယ်စားလှယ်တွေကို မဲပေးချင်တယ်ဆိုရင် သံရုံးကို ဆက်သွယ် အကြောင်းကြားထားဖို့လိုတယ်..”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထိန်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်လျှက်ရှိသော တာချီလိတ်မြို့မှ ဒေသခံများသည် မြန်မာနိုင်ငံသံရုံးသို့ အကြောင်းကြားထားလျှင် ရွေးကောက်ပွဲ၌ ဆန္ဒမဲဆုံးရှုံးမည် မဟုတ်ကြောင်း သိရသည်။

နိုင်ငံရပ်ခြားတွင် နေထိုင်သော်လည်း မိမိနေရပ်ဒေသအား ဆန္ဒမဲပေးလိုသူများ အနေနှင့် မိမိနေထိုင်ရာ ဒေသအတွင်း ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ၏ အခြေအနေများအား သိရန်လိုအပ်ပြီး မိမိနှစ်သက်ရာ ဆန္ဒမဲများ ထည့်နိုင်မည်ဖြစ်သည်။

“သံရုံးကို အကြောင်းကြားထားရုံနဲ့ နေရပ်ပြန်စရာမလိုဘဲ ဆန္ဒမဲထည့်လို့ ရတယ်ဆိုတော့ အဆင်ပြေပါတယ်၊ ဗီဇာသက်တမ်းတိုးဖို့ သံရုံးသွားတဲ့အချိန် တစ်ခါတည်း အကြောင်းကြားခဲ့လို့ အဆင်ပြေတာပေါ့..”ဟု တာချီလိတ်မြို့မှ ထိုင်းနိုင်ငံတွင်း အလုပ်သွားရောက်လုပ်ကိုင်နေသူ ကိုမင်းမင်းမြတ်မှပြောသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ (၄)သိန်းခန့်ရှိမည်ဖြစ်ကြောင်းကို နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ၏ စစ်တမ်းများအရသိရှိရပြီး တရားဝင်နေထိုင်သူများသာ ဆန္ဒမဲ ပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒနယ်(၅)ခုရှိပြီး တာချီလိတ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် မဲဆန္ဒနယ်(၂)နေရာရှိရာ လွှတ်တော် (၃)နေရာအတွက် နိုင်ငံရေးပါတီ (၇)ခုအထက် ၀င်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် နိုင်ငံရေးပါတီများမှာ အင်အားကြီးနိုင်ငံရေးပါတီများအပြင် ဒေသခံ ရှမ်း၊ “၀”၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားပါတီများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
http://www.tachileik.net/2015/05/elections.html

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate