Friday, 15 May 2015

ပေါက်တောမြို့နယ်တွင် လူတစ်ဦး အသတ်ခံရ

--------facebooki
စံမောင်သန်း စစ်တွေ၊ မေ ၁၃ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြင့်ဂါကျေးရွာအုပ်စု တောင်ရင်းချောင်ကျေးရွာတွင် မေ လ ၁၁ ရက်နေ့ညက လူတစ်ဦး
သေဆုံးသူမှာ ဦးကျော်ညွန့် အသက် ၄၉ နှစ်ဖြစ်ပြီး၊ ဇနီးလည်း ဒဏ်ရာရရှိကာ ပေါက်တောဆေးရုံတွင် ဆေးကုသ ခံယူနေရကြောင်း သိရသည်။
အခင်းဖြစ်ပွားပုံမှာ မေလ ၁၁ ရက်နေ့ည ၁၁ နာရီ ခွဲခန့်က မျက်နှာဖုံးစွပ်ထားသော လူသုံးယောက်က ၀င်ခုတ်သွားသည်ဟု ပေါက်တောမြို့မရဲစခန်းမှ ရဲအုပ်   မောင်အေးက ပြောသည်။
“ဦးကျော်ညွန့်ဟာ သူ့ဇနီးနဲ့ သားတစ်ယောက်နဲ့အတူ  အိပ်နေစဉ် ၀င်ခုတ်သွားတာပါ။ သူ့ဇနီးကိုလည်း အော်ပြီး အကူအညီမတောင်းရအောင် လည်ပင်းညှစ်ထားပါတယ်။ ဦးကျော်ညွန့်ဟာ
ဓါးခုတ်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ သူ့ဇနီးလည်း ခေါင်းမှာ ဓါးခုတ်ဒဏ်ရ တစ်ချက်နဲ့ ပေါက်တောဆေးရုံမှာ တင်ထားရပါတယ်။ ဒဏ်ရာက မပြင်းပေမယ့် သွေးလန့်သွားတော့ အခုထိ သတိမရသေးပါဘူး”ဟု ရဲအုပ်ကပြောသည်။
ဦးကျော်ညွန့်တွင် နောက်ကျောတွင် ဓါးထိုးဒဏ်ရာ သုံးချက်၊ ဘေးတွင်တစ်ချက်၊ ခေါင်းတွင် ဓါးခုတ်ဒဏ်ရာ ၃ ချက် စုစုပေါင်း ဒဏ်ရာ ၇ ချက် ရရှိပြီး သေးဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
တရားခံကို ယခုထက်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ ဖမ်းဆီးနိုင်အောင် ကျောက်တောင်ရဲစခန်းနှင့် ပူးတွဲလုပ်ဆောင်နေသည်ဟု သိရသည်။
ဦးကျော်ညွန့်သည် ကျွဲ၊ နွားအရောင်းအ၀ယ် လုပ်နေသူတစ်ဦးဖြစ်ပြီး၊ အနီးအနားရှိ ဘင်္ဂလီများကိုလည်း ကျွဲ၊ နွားရောင်းနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate