Friday, 15 May 2015

မောင်တောမြို့ထဲတွင်မီးလောင်၊ ဆိုင်းခန်း ၂၁ ခန်းပျက်စီး

Fire-in-Maungdaw

မေလ ၁၃ရခိုင်ပြည်နယ် မောင်တောမြို့ထဲတွင် ယမန်နေ့က ညဉ့်က မီးလောင်မှု ဖြစ်ပွားရာ ဆိုင်ခန်း ၂၁ ခန်း မီးထဲပါသွားသည်ဟု သတင်းရရှိသည်။
“ ဟုတ်ပါတယ်။ဆိုင်ခန်း ၂၁ ခန်း မီးထဲပါသွားပါတယ်။ နှစ်ထပ် ဆိုင်ခန်းတွေပါ။ အကုန်လုံး လောင်တာတော့ မဟုတ်ပါဘူး။ တစ်ဝက် တစ်ပျက် ပျက်စီးသွားတာပါ။ ညနေ ၈ နာရီကနေ လောင်တာ  နံနက် အစောကြီး ၃ နာရီခန့်မှာ မီးညွှန့် ကျိုးသွားပါတယ်” ဟုမောင်တောမြို့နယ် ရဲမှူးက နိရဉ္စရာသို့ အတည်ပြုကြားသည်။
ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၄၈၃ ခန့်ရှိသည်ဟု မြို့နယ် ရဲမှူးက ပြောဆိုသည်။

“ လောင်တာကတော့ ပေါ့ဆမီးလို့ ယူဆရပါတယ်။ ခြင်ဆေးခွေ ထွန်းထားရာကနေ လောင်တာလို့ ယူဆရပါတယ်။ မူဆလင်တွေ ပိုင်တဲ့ ဆိုင်ခန်းတွေပါ။ အခု ဘယ်ဆိုင်ခန်းက စလောင်တယ်ဆိုတာ စုံစမ်း စစ်ဆေးနေပါတယ်” ဟု သူက ပြောဆိုသည်။
မီးလောင်မှုကြောင့် လူပေါင်း ၂၀ ခန့်ကို ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်နေသော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း စုံစမ်း စစ်ဆေးနေသည့် အဆင့်တွင်သာ ရှိသေးကြောင်း မြို့နယ်မှူးက ဖြည့်စွက်ပြောဆိုသည်။
၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်မီ မေလ ၁၃ ရက်နေ့တွင် မောင်တောမြို့တွင် နေထိုင်သူ ဘင်္ဂလီလူမျိုးအချို့မှ မောင်တောမြို့တစ်ခုလုံးကို သိမ်းပိုက်ရန် ကြံစည်ကြိုးစားခဲ့သော နှစ်ပတ်လည် နေ့ဖြစ်သဖြင့်  မောင်တောတွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။ ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့်ထားချိန်တွင် မီးလောင်မှုဖြစ်ပွားရာ ရှို့မီး မဖြစ်နိုင်ဘူးလားဟု မေးမြန်းရာ မြို့နယ်မှူးမှ ပေါ့ဆမီးဟု ယူဆကြောင်း၊ သို့သော် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောဆိုသည်။
ယခု မီးလောင်သော ဆိုင်ခန်းများသည် မောင်တော ဗလီကြီးရှေ့တွင် တည်ရှိသော ဆိုင်ခန်းများ ဖြစ်ကြပြီး ယင်းဆိုင်ခန်းများတွင် အိမ်ဆောက် ပစ္စည်းများ၊ ငါးဖမ်းပိုက်များ၊ ပလစတစ် ကြိုးများနှင့် လူသုံး အလှကုန် ပစ္စည်းများ ရောင်းချကြသည်ဟု သိရသည်။
မီးလောင်နေစဉ်အတွင်း မောင်တောမှ မီးသတ်ကား နှစ်စီးနှင့် ဘူးသီးတောင်မှ မီးသတ်ကား နှစ်စီးမှ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။
ယခုအခါ မီးလောင်မှုကို စုံစမ်းနေပြီး မီးလောင်မှုနှင့် ဆက်စပ်သူများကို ဥပဒေနဲ့ အညီ ဆောင်ရွက်သွားပါမည်ဟု သိရသည်။
http://www.narinjara.com/burmese/?p=14310

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate