Monday, 11 May 2015

တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်သည့် ညီလာခံမကြာမီကျင်းပမည်

Conference
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ ညီလာခံတခုကို မေလ ၂၀ ရက်ဝန်းကျင်မှာ ကျင်းပဖို့ရှိတယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ခေါင်းဆောင် နိုင်ဟံသာက ဒီဗွီဘီကို ပြောပါတယ်။
အန်စီစီတီအဖွဲ့ဝင်တွေရော အဖွဲ့ဝင်မဟုတ်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအားလုံး ပါဝင် တက်ရောက်မယ့် ဒီညီလာခံမှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်း (အန်စီအေ)ကို အဓိက တင်ပြဆွေးနွေးပြီး အတည်ပြု ချက်ရယူမှာဖြစ်တယ်လို့ နိုင်ဟံသာက ပြောပါတယ်။
“ဒါက အန်ကယ်တို့ အန်စီစီတီ နဲ့ ယူပီဒဗလျူစီ ကြားမှာ လက်မှတ်ထိုးထားတဲ့ အန်စီအေမူကြမ်း ကိစ္စအပေါ်မှာ ထိပ်သီးခေါင်းဆောင်တွေကို အန်ကယ်တို့ ဖိတ်ပြီးတော့မှ သူတို့ကို ရှင်းပြရမယ်။ သူတို့ရဲ့ အမြင်သဘောထား ဆန္ဒတွေကို ရယူရမယ်။ လိုရင်လိုသလို ပြင်မယ်၊ဖြည့်မယ်ပေါ့နော်။ အဲဒါတွေလုပ်ဖို့ပါ။ ဒီလို သူတိုရဲ့ သဘော ထားဆန္ဒတွေ ရယူပြီးတော့မှ အန်ကယ်တို့ကတော့ ယူပီဒဗလျူစီ နဲ့သွားပြီးတော့ပြန်ညှိရဦးမယ်။”

ညီလာခံကို ပန်ဆန်း၊ မိုင်းလားနဲ့ လော်ခီးလာ တစ်နေရာရာမှာ ကျင်းပဖို့ လျာထားတာဖြစ်ပြီး နိုင်ဟံသာကတော့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပဖို့ ဖြစ်နိုင်ချေများ တယ်လို့လည်း ပြောပါတယ်။
ဒီညီလာခံပြီးရင်တော့ အန်စီစီတီအဖွဲ့ဝင်တွေအနေနဲ့ လိုအပ်ရင် နောက်ထပ်အစည်း အဝေးထပ်လုပ်ပြီးမှ ယူပီဒဗလျူစီ နဲ့ ဆွေးနွေးမှာဖြစ်တယ်လည်း ပြောပါတယ်။
“အဲဒီထိပ်သီး အစည်းအဝေးမှာ ခေါင်းဆောင်များ ပြုပြင်ထားတဲ့မူကတော့ အတည်ဖြစ်မယ် လေ။ အဲဒါကို ယူပီဒဗလျူစီ နဲ့ ထပ်မံဆွေးနွေးဖို့ ဆိုတဲ့နေရာမှာတော့ အန်ကယ်တို့ အန်စီစီတီအတွင်းမှာ လိုအပ်ရင်လည်းလိုအပ် သလိုပေါ့လေ။ ပြန်ထိုင်ရမှာပေါ့။”လို့ နိုင်ဟံသာက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့က ခေါင်းဆောင်တွေ ဆွေးနွေးပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး တိုင်းရင်းသား အခွင့်အရေးတွေ တရားဝင်ရနိုင်ရေး အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားဖို့ အပါအ၀င် ၁၂ ချက်ကို သဘောတူညီမှုရခဲ့ပါတယ်။
ပန်ဆန်းညီလာခံ အပြီး မေလ ၉ ရက် မှာတော့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တချို့နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ၊ နိုင်ငံရေးပါတီတွေ က ကိုယ်စားလှယ်တွေတွေဆုံဆွေးနွေးပွဲ တခု ကျင်းပပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ညှိနှိုင်း အဖွဲ့ ဖွဲ့စည်းဖို့ မူအားဖြင့် သဘော တူညီမှုရရှိခဲ့ ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပေမယ့် ဆွေးနွေးပွဲမူလ အစီအစဉ်မှာ မပါ ၀င်တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်း အဖွဲ့ဖွဲ့စည်းရန် ကိစ္စ ထုတ်ပြန်ကြေညာ ရာမှာ ပါဝင် ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ မေလ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate